Thursday, February 28, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးနှင့် မြင်းခြံရှိ တပ်မတော်အကြီးစားစက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေး




Image may contain: 11 people, people standing
နေပြည်တော် ဖေဖော်ဝါရီ ၂၇



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မကွေးတပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံသို့ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်ခဲ့သည့် TATA Truck မော်တော်ယာဉ်များ နှင့် မော်တော်ယာဉ်ထုတ်လုပ်ရန် တပ်ဆင်ထားရှိသည့်Truck Assembly Lineများအား လည်းကောင်း၊ City Bus နှင့်Innlay Jeep ကားများအတွက်လိုအပ်သည့်Gear Box များ ထုတ်လုပ်တပ်ဆင်နေမှု အခြေအနေများအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး စက်ရုံ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်း၍ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံမှ Innlay Jeep အတွက် Gear Box များ ထုတ်လုပ်နိုင်ခြင်း အတွက် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။ ထို့နောက် မြင်းခြံတပ်နယ်ရှိ တပ်မတော် အကြီးစားစက်ရုံ သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက မော်တော်ယာဉ်များအတွက် လိုအပ်သည့် Light Truck Axle ၊ Heavy Duty Truck နှင့် Innlay Jeep Axle များ ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံ အတွင်း မော်တော်ယာဉ်များအတွက် လိုအပ်သည့် Axle များ တပ်ဆင် ထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ Innlay Jeep အတွက် Axle များ ထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် စက်ရုံများရှိ ဝန်ထမ်း များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment