Thursday, February 28, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ တရုတ် နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မစ္စတာ စွန်းဂေါ်ရှန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုရန် လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် မင်းကန်ကျေးရွာ တို့သို့ သွားရောက်ခဲ့သည်။ သတင်းစဉ်

No comments:

Post a Comment