Thursday, February 28, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း-မြန်မာ သံတမန်ဆက်သွယ်မှု (၂၅)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်





 နေပြည်တော် ဖေဖော်ဝါရီ ၂၇


 

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ် မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း- မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ် မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်း အနားကို ယနေ့ ည ၇ နာရီတွင် နေပြည် တော်ရှိKempinski Hotel ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rah-mani Dato Basir နှင့် ဇနီး၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်ခံပွဲ အခမ်းအနားကျင်းပမည့် Kempinski Hotel သို့ ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rah-mani Dato Basir နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E. Pehin Dato Abdu’r Rah-mani Dato Basir နှင့် ဇနီးတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမှတ်တရ ပန်းစည်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ သံရုံးဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း - မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံ ပွဲအခမ်းအနားကိုကျင်းပရာ မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်အလေးပြုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rah-mani Dato Basir က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
နှုတ်ခွန်းဆက်စကား ပြောကြား
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ် မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း-မြန်မာ သံတမန်ဆက်သွယ်မှု (၂၅)နှစ် မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအထိမ်း အမှတ် နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ညစာကို အတူတကွ သုံးဆောင်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်ခံပွဲသို့တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
သတင်းစဉ်

No comments:

Post a Comment