Thursday, February 28, 2019

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများကီုငါငအေူ စနစ်သို့ ပြောင်းလဲပြီး ရုပ်ရှင်ပြသမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဝယ်ယူသူများအား အကြောင်းကြားခဲ့ပြီးဖြစ်
Image may contain: 2 people, hat and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်း၊ ဥပဒေကြမ်း (၁)ခု အတည်ပြုခြင်းနှင့် အဆို (၁) ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
မင်းဘူးမြို့ရှိ လှသီရိ ရုပ်ရှင်ရုံကို လတ်တလောတွင် အဆင့်မြင့် ရုပ်ရှင်ရုံသစ် အဖြစ် တည်ဆောက်ပေးနိုင်ခြင်း မရှိသေး
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက် ဦးဩဘာသလမ်းမပေါ် ရှိ အ္တရာယ်ရှိ အဆောက်အအုံဖြစ်သော လှသီရိရုပ်ရှင်ရုံ အဟောင်းအား ဖျက်သိမ်းပြီး အဆင့်မြင့်ရုပ်ရှင်ရုံ အသစ် တစ်ခု တည်ဆောက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ "လှသီရိ"ရုပ်ရှင်ရုံကို ပြည်ထောင်စုမြန်မာ နိုင်ငံတော် တော်လှန်ရေးအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန ၏ ၁၉၆၉ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂၈)ဖြင့် ပြည်သူပိုင်သိမ်းယူပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံအဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ထို့နောက် အဆိုပါရုပ်ရှင်ရုံကို ပုဂ္ဂ လိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၂၀ဝ၂ ခုနှစ် ဇူလိုင် ၂၆ ရက်စွဲပါ အမိန့်အမှတ် (၁၀/၂၀ဝ၂) အရ ပုဂ္ဂလိကလုပ်ငန်း ရှင် ဒေါ်ခင်ဥမ္မာကျော်သို့ ငွေ$ကျပ် (၅ ဒသမ ဝ၅) သန်းဖြင့် အပြီးအပိုင် ရောင်းချခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံကို လွှဲပြောင်းရောင်းချခြင်း သဘောတူစာချုပ်တွင် ပါရှိသည့် စည်းကမ်းသတ်မှတ်ချက်များအရ ဝယ်ယူသူအနေဖြင့် မူလရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရမည် ဖြစ်ပြီး ရုပ်ရှင်ရုံအဟောင်းကိုလည်း ရုပ်ရှင်ပြသနိုင်သည့် အဆောက်အအုံအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
၂၀၁၀ ခုနှစ် ဧပြီ ၅ ရက်တွင် ယင်းရုပ်ရှင်ရုံ အဆောက် အအုံ၏ အနောက်ဘက်ခြမ်း အလျား (၁၄၇)ပေ၊ အမြင့် (၂၀ ပေ)ခန့်မှာ ပြိုကျခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံ အဆောက်အအုံသည် ဧရာဝတီမြစ်နှင့်ကိုက် (၃၀ဝ - ၄၀ဝ) ခန့်သာ ကွာဝေးခြင်းကြောင့် နှစ်စဉ် မြစ်ရေတက်မှုနှင့် သက်တမ်းကြာမြင့်မှုတို့ကြောင့် ဆွေးမြည့်နေပြီဖြစ်သည့် အတွက် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရုံး အမိန့်အမှတ်၊ (၁၅/၂၀၁၀)ဖြင့် အ္တရာယ်ရှိ အဆောက် အအုံအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းအမိန့်စာထုတ်ပြန် ချက်အရ ယခင်ရုပ်ရှင်ပြသမှုစနစ်ဟောင်း (Analogue) စနစ်ဖြင့် ရုပ်ရှင်ပြသခြင်းကို ရပ်ဆိုင်းခဲ့ပါကြောင်း။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အပြီးအပိုင် ရောင်းချခဲ့သည့် နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် မူလရုပ်ရှင် ပြသခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် စည်းကမ်း သတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံများကီုငါငအေူ စနစ်သို့ ပြောင်းလဲပြီး စာချုပ်ပါ ကတိကဝတ်များအတိုင်း ရုပ်ရှင် ပြသမှုလုပ်ငန်း ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ယခင် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနက ရုပ်ရှင်ရုံ ဝယ်ယူသူများအားလုံးကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပါကြောင်း။
ထို့နောက် ရှေ့လုပ်ငန်းစဉ်ဖြစ်သည့်ီငါငအေူ စနစ် ဖြင့် ပြသသည့် ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲတည်ဆောက် နိုင်မည့် အဆိုပြုချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်မှစ၍ (၁)လအတွင်း တင်ပြရန်နှင့် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁ ရက်မှ လုပ်ငန်းစတင်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရုပ်ရှင်ရုံ ဝယ်ယူသူအားလုံးကို ၂၀၁၅ခုနှစ် ဇူလိုင် ၁၄ ရက်စွဲပါစာဖြင့် ထပ်မံအကြောင်းကြားခဲ့ပါကြောင်း၊ လှသီရိ ရုပ်ရှင်ရုံ ဝယ်ယူသူကိုလည်း မူလလုပ်ငန်းဖြစ်သည့် ရုပ်ရှင်ပြသခြင်း လုပ်ငန်းကီုငါငအေူ စနစ်ဖြင့် ပြောင်းလဲပြီး ဆက်လက် ဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါကြောင်း။
ယင်းရုပ်ရှင်ရုံဝယ်ယူသူက ရုပ်ရှင်ရုံပြန်လည်ပြုပြင် တည်ဆောက်ရန်နှင့် အဆင့်မြင့်ီငါငအေူ ရုပ်ရှင်ပြသမှု စနစ်တပ်ဆင်ရန် ငွေကြေးအခက်အခဲကြောင့် အကျိုးတူ လုပ်ကိုင်မည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများသို့ ဆက်သွယ်နေပါကြောင်း ၂၀၁၅ခုနှစ် ဩဂုတ် ၂၀ ရက်စွဲပါ စာဖြင့် ပြန်လည်တင်ပြခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံ၏ မူလလုပ်ငန်းဖြစ်သည့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ စီမံ ဆောင်ရွက်ထားရှိမှုကို ပြန်လည်တင်ပြရန် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပိုင်ရှင်ထံ ၂၀၁၈ခုနှစ် ဧပြီ ၃ ရက်စွဲပါစာဖြင့် ထပ်မံအကြောင်းကြားခဲ့ ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ခုနှစ် ဧပြီ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၈) အရ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည့် နိုင်ငံပိုင် ရုပ်ရှင်ရုံ (၂၇)ရုံနှင့် ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက် ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံ(၉၄) ရုံ၊ စုစုပေါင်း ရုပ်ရှင်ရုံ (၁၂၁) ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ များသို့ လွှဲပြောင်းပေးအပ် လျက်ရှိပါကြောင်း၊ မင်းဘူးမြို့ရှိ လှသီရိ ရုပ်ရှင်ရုံ အပါအဝင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံ (၉)ရုံကိုလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် အပြီးအပိုင် လွှဲပြောင်းပေးအပ် ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မင်းဘူးမြို့ရှိ လှသီရိ ရုပ်ရှင်ရုံကို လတ်တလောအခြေအနေတွင် အဆင့်မြင့်ရုပ်ရှင်ရုံအသစ် တစ်ရုံအဖြစ် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း နှင့် ဝယ်ယူသူ ဒေါ်ခင်ဥမ္မာကျော်အနေဖြင့် ယင်းရုပ်ရှင်ရုံကီုငါငအေူ အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည်တည်ဆောက် နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်သာ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာ ခင်မကြီး၏ ယိုယွင်းပျက်စီးပြီး အ္တရာယ်ရှိ အဆောက် အအုံဖြစ်သော ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း အိမ်ရာအဆောက်အအုံအား အသစ်ပြန်လည်ဆောက်လုပ် ပေးရန်နှင့် ရုံးဝင်းအတွင်းရှိ မြေကွက်လပ်တွင် ကလေး ကစားကွင်းပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လွှတ်တော်ကိုယ်စားလှယ် မေးခွန်းတွင်ပါရှိသည့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုးကောင်းမြို့နယ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အအုံကို အသစ်ပြန်လည် ဆောက်လုပ်ရန် လိုအပ်သည်မှာ မှန်ကန်ပါကြောင်း၊ အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အအုံကို ၁၉၅၁ ခုနှစ် က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ၁၉၉၃ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် မြေနေရာနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါ ကြောင်း။
အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အအုံယိုယွင်း ပျက်စီးမှုများ ပြင်ဆင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီး နားလည်တတ်ကျွမ်းသည့် အင်ဂျင်နီယာ များဖြင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်လျက်ရှိပါ ကြောင်း၊ ယခုအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ ရုံးအဆောက်အအုံများကို ဦးစားပေးပြုပြင် တည်ဆောက်နေရပါသဖြင့် အဆိုပါဝန်ထမ်းအိမ်ရာ အဆောက်အအုံကို အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်မရှိဘဲ လိုအပ်သည့် ပြင်ဆင်မှုများကိုသာ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဘဏ္ဍာငွေ ကန့်သတ်ချက်အရ ယင်းရုံးဝင်းအတွင်းရှိ မြေကွက်လပ် တွင် ကလေးကစားကွင်း တည်ဆောက်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် စေတနာ ရှင်/ အလှူရှင် သို့မဟုတ်ြဥွှ စနစ်ဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ ပေါ်ပေါက် လာမှသာလျှင် တည်ဆောက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဂွမြို့ လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ရန် အစီအစဉ် မရှိသေး
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ ၁၉၈၂ခုနှစ်ကပင် ရပ်နားထားခဲ့သည့် ရခိုင်ပြည်နယ် ဂွမြို့ လေယာဉ်ကွင်းမှ လေယာဉ်ခရီးစဉ်များကို မည်သည့် အချိန်မှစတင်၍ ပျံသန်းပြေးဆွဲသွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လက်ရှိဂွလေယာဉ် ကွင်း မြေနေရာတွင် ပြည်တွင်းလေကြောင်းလိုင်းများ လက်ရှိ အသုံးပြုနေသော ATR-72 a လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ရေးအတွက် လေယာဉ်ကွင်းကို အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ဂွလေယာဉ်ကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း သည် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) က ၂၀၁၄ ခုနှစ်တွင် ရေးဆွဲပေးခဲ့ သော မြန်မာနိုင်ငံ National Transport Master
Planနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနက ဆောင်ရွက်မည့် လျာထားစီမံကိန်းလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမရှိသောကြောင့် လေယာဉ်ခရီးစဉ်ပျံသန်းမှု များပြားခြင်း၊ လေယာဉ်ကွင်းများတွင် လေယာဉ်များ ဘေးအ္တရာယ်ကင်းရှင်းစွာ ဆင်းသက်အသုံးပြုနိုင်ရေး အတွက် နှစ်စဉ်ခွင့်ပြုရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့် အဆင့် မြှင့်တင်ခြင်း၊ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသဖြင့် ဂွလေယာဉ်ကွင်းကို အဆင့်မြှင့်တင်ရန် အစီအစဉ်မရှိသေးပါကြောင်း။
သို့ရာတွင် အနာဂတ်ကာလ၌ မြန်မာနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်တင်ပြသွားသည့် ဂွမြို့နယ်၏ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် နိုင်ငံတော်က ချမှတ်သည့် မူဝါဒအရ ဂွလေယာဉ်ကွင်းကို တိုးချဲ့တည်ဆောက်ရန် လိုအပ် လာသည့် အချိန်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် သို့မဟုတ် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ပြီး PPP စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိအချိန်တွင် လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရန် လျာထားအစီ အစဉ် မရှိပါသဖြင့် ဂွလေယာဉ်ကွင်းသို့ လေယာဉ်ခရီးစဉ် များ ပျံသန်းပြေးဆွဲရန် ပြန်လည်စတင်နိုင်မည့် အချိန်ကို ခန့်မှန်း၍ မရသေးပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ကြသည်။
မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသာဦးက အဆိုပါဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုပေးရန် အဆို တင်သွင်းရာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇော်ဟိန်းက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆို ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့် အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေး တို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါ သဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသား မြေဥပဒေ(National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာ စီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချမှုမဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များ အလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်မေသန်းနွဲ့က အမျိုးသားမြေအသုံးချမှုကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ချိတ်ဆက်မှုလွန်စွာအားနည်း သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အမျိုးသား မြေအသုံးချမှုကော်မတီနှင့် ဝန်ကြီးဌာနတို့ ချိတ်ဆက်မှု၊ ပေါင်းစပ်မှုအားကောင်းစွာဆောင်ရွက်မှသာ မြေနှင့် ပတ်သက်သော သတင်းအချက်အလက်ရယူမှု၊ သဟဇာတ မဖြစ်မှုများနှင့် မြေအတန်းအစား ခွဲခြားသတ်မှတ်မှုများက အဆင်ပြေချောမွေ့မည်ဖြစ်ပါကြောင်း၊ အမျိုးသား မြေအသုံး ချမှုကော်မတီကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း၊ မြေအမျိုးအစားများ သတ်မှတ်ရာတွင်လည်း အုပ်ချုပ်မှုကို အခြေခံသည့် အမျိုးအစား၊ အသုံးချမှုကို အခြေခံသည့် အမျိုးအစား၊ ပိုင်ဆိုင်မှုကိုအခြေခံသည့် အမျိုးအစားဟူ၍ ခွဲခြားပြဋ္ဌာန်းပေးမှသာလျှင် ပိုမိုထိရောက်ကောင်းမွန်သည့် မြေယာစီမံမှုမျိုး ဖြစ်ပေါ်နိုင်မည်ဖြစ်ပါကြောင်း။
အမျိုးသားမြေဥပဒေရေးဆွဲမည်ဆိုပါက မူကြမ်းကို ရေးဆွဲပြီးမှ ပြည်သူကို ချပြခြင်းမျိုး မဟုတ်ဘဲ အများ ပြည်သူ ပါဝင်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍ၊ တောင်သူဦးကြီးများ၏ သဘောထား၊ အမျိုးသမီးများပါဝင်မှု အချိုးအစားတွင် ပညာရှင်များ၏ အမြင်ကို ထည့်သွင်းဆောင်ရွက်သင့်သည်ကို အကြံပြု လိုပါကြောင်း၊ သို့မှသာ ဒီမိုကရေစီစနစ်ကို ပြုပြင် ပြောင်းလဲနေသည့် လက်ရှိအစိုးရ၏ ရည်မှန်းချက်များ နှင့် ထပ်တူကျနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုရှင် က နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအခြေအနေတွင်သာမက နောင်အနာဂတ် အတွက်ပါ စဉ်းစားတွေးခေါ်ပြီး မြေမူဝါဒများကို ပြန်လည် သုံးသပ်၍ မြေယာဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် အတွက် ကာလလတ်၊ ကာလရှည် မူဘောင်ချမှတ်ဆောင် ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းခြင်းသည် ယခုအချိန်အခါနှင့် များစွာသင့်လျော်သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက နိုင်ငံတစ်ခုတွင် မြေယာကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အရေးကြီးပါကြောင်း၊ အစိုးရက စီမံခန့်ခွဲနိုင်သည့်မြေ သည် ပိုင်ရှင်မရှိသေးသည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်း နှင့် အပိုင်အငှားမချထားရသေးသည့် မြေများအပေါ် တွင်သာ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည် မှာ အခြေခံစည်းမျဉ်းများကို လိုက်နာရမှန်းမသိဘဲ အသာစီးရယူလိုသည့် အချက်များကို ဥပဒေထဲတွင် ထည့်သွင်းရေးဆွဲ၍ လူတစ်ဦး၏ ဒေသအလိုက် အခြေခံ ပိုင်ဆိုင်မှုများကို မျက်ကွယ်ပြုခဲ့ကြသည့်အပြင် ကိုယ်ကျိုးပါ ရှာခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံ၏ မြေယာစနစ်သည် လူထုအခက်အခဲ ဖြစ်ခဲ့ရပါကြောင်း၊ လက်ရှိအစိုးရအနေ ဖြင့် လွဲချော်နေသည့် မြေယာစီမံခန့်ခွဲမှုစနစ်ကို အမြန်ဆုံး တည့်မတ်ပေးနိုင်ရန်အတွက် အစီအစဉ် ချမှတ်လုပ်ဆောင် ပေးရန် အချိန်ကျရောက်နေပြီဖြစ်သည့်အတွက် တိုက်တွန်း ရင်း အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းတို့က ဆက် လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို မတ် ၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်(သတင်းစဉ်)
=====

No comments:

Post a Comment