Thursday, February 28, 2019

e-Government စနစ် အမြန်ဆုံးထူထောင်ရန် အလွန်အရေးကြီးကြောင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Image may contain: 4 people, indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ န-ွသလနမညာနညအ ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သတ်မှတ်ထားသည့် စီးပွားရေး ရည်ရွယ်ချက် ၁၂ ရပ်ထဲတွင် e-Government ကိစ္စပါဝင်ပါ ကြောင်း၊ ၄င်းတို့ မှီာေ Data ID Card System၊Digital Government
Strategy နှင့် e-Government System ထူထောင်ရန်ဖြစ်ပါကြောင်း၊ ထိုသို့ ထူထောင်ခြင်းအားဖြင့် မိမိတို့နိုင်ငံသည် တိုးတက်နေသည့် က္ဘာကြီးထဲ သို့ ဝင်လာရုံတင်မကဘဲ မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာများအတွက်ပါ ကျော်လွှားနိုင်မည့် အခွင့်အရေးများရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် e-Government စနစ်ကို အမြန်ဆုံးထူထောင်ရန် အလွန်အရေးကြီးပါကြောင်း။
အဘက်ဘက်ကစဉ်းစားရ
ယခုဆိုလျှင် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် လုပ်ငန်းများကို သွက်သွက်လက်လက် အရှိန်အဟုန်ဖြင့် ရှေ့ကိုဆက်တက်နိုင် မည်ဟု ထင်ပါကြောင်း၊ e-Government အတွက် အခြေခံကျသည့်ကိစ္စမှာ e-Government Integrated Data Center(e-GIDC) ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး အဘက်ဘက်က စဉ်းစားရပါကြောင်း၊ ယင်ီးေData Center တွင် ပြည်သူပြည်သားများနှင့်ပတ်သက်သည့် သတင်းအချက် အလက်များနှင့်ီအေေ များရှိမည်ဖြစ်သည့်အတွက် လုံခြုံရေးသည် အရေးကြီး ပါကြောင်း၊ ယနေ့ဒစ်ဂျစ်တယ်ခေတ်ကြီးတွင် ဆက်သွယ်ရေးစနစ်များ အင်မတန်တိုးတက်နေသည့် တစ်ချိန်တည်းတွင် စိန်ခေါ်မှုများသည်လည်း ပို၍များလာပါကြောင်း၊ ယင်းတိုးတက်မှုများကို အပြုသဘောဆောင်သည့် တိုးတက်မှုများဖြစ်အောင် အစဉ်တစိုက် ထိန်းသိမ်းသွားရမည်ဖြစ်ပါကြောင်း။
e-Government Master Plan တွင် ပါဝင်နေသည့် အစိုးရ၏ နူနခအမသညငခ ဝန်ဆောင်မှုများကို ပြည်သူအားလုံး သိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာ ဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ပါကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard
Organization 10646 နှင့် ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါကြောင်း၊ နောင်တွင် တိုင်းရင်းသားဘာသာစကားများ ဖြင့်ပါ e-Government System ထိထိရောက်ရောက်သုံးနိုင်မည့် အခြေ အနေကို ရောက်ရှိမည်ဖြစ်သည့်အတွက် ယင်းစနစ်ကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း။
မိမိတို့နိုင်ငံ၏Tele Density မှာ ၁၀ဝ ရာခိုင်နှုန်းကျော်ရှိပြီး DInternet အသုံးပြုမှုမှာ ၈၀ ရာခိုင်နှုန်းကျော်ရှိပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူပြည်သား များသည် ခေတ်နှင့်အညီလိုက်၍ နည်းပညာများကိုအသုံးပြုနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏စနစ်များသည်လည်း ခေတ်နှင့်အညီဖြစ်ရန် အရေးကြီးပါ ကြောင်း၊Data Security၊Data Privacy၊ Data Sharing စသည့် ကိစ္စရပ်များတွင် ပြည်သူပြည်သားများနှင့် နိုင်ငံ၏လုံခြုံမှုကို ကာကွယ်သည့် အနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Cyber Law and Policy အပေါ်တွင် အများပြည်သူ၏ သဘောထားများကိုတောင်းခံပြီး ပြည်တွင်းပြည်ပ က အသိပညာရှင်များက ဝိုင်းဝန်းအကြံပြုနေသည်ဟု သိရပါကြောင်း၊ ယင်းအကြံပြုချက်များထဲမှ မိမိတို့နိုင်ငံအတွက် သင့်တော်သည့် အကောင်းဆုံး နည်းလမ်းများကို ရွေးချယ်ပြီး အနာဂတ်အတွက် ပြင်ဆင်သွားရမည်ဖြစ်ပါ ကြောင်း။
ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ
မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုရှိမှ သာ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်နေသည့် မိုလ်ဘိုင်းအော်ပရေတာများနှင့် ကုမ္ပဏီအသီး သီးကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပြောကြားထားပြီးဖြစ်ပါကြောင်း၊ အလုပ်လုပ်ရာတွင် လွယ်ကူအောင် ဆောင် ရွက်ပေးခြင်းသည် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေလို၍ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများတိုးတက်စေလို၍ ဖြစ်ပါကြောင်း၊ သို့သော် စည်းကမ်းရှိရမည်ဖြစ်ပါကြောင်း၊ တိုးတက်စေလိုသည်၊ ရင်းနှီးမြှုပ်နှံစေလိုသည် ဆိုသည့် စိတ်တစ်ခုတည်းဖြင့် "လုပ်ချင်တာလုပ်ပါစေ"ဟု အားလုံးအလိုလိုက် နေပါက ရေတိုတွင် အကျိုးအမြတ်ရှိနိုင်သော်လည်း ရေရှည်တွင် ပြဿနာ များစွာပေါ်လာနိုင်သည်ကို မိမိတို့အနေဖြင့် သတိပြုရန်အရေးကြီးပါကြောင်း။
ယခုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ဖွဲ့ နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထိခိုက်ဆုံးကိစ္စတစ်ခုဖြစ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အချင်းချင်းအကြားတွင် ပူးပေါင်းဆောင်ရွက်မှု ရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရ အကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုရှိရမည်ကို သတိပေးလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ မြန်မြန်ဆန်ဆန် တိုးတက်နိုင်မည်ဖြစ်ပါကြောင်း။
အဓိကထား ဆွေးနွေးစေလို
e-Governmentအကောင်အထည်ဖော်ရာတွင် ID ကတ်များသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြဿနာတချို့သည် ID စနစ် ရှိခြင်းအား ဖြင့် များစွာသောပြဿနာများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းကို သတိပြုစေလိုပါကြောင်း၊ ယင်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်စေလို ပါကြောင်း၊ e-Government စနစ် စတင်အသုံးပြုနေသည့်ဌာနများနှင့် မသုံးရသေးသည့် ဌာနများအကြားတွင် ဆွေးနွေးစေလိုပါကြောင်း၊ အသုံး ပြုခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များရှိသည်၊ မည်သည့်အားနည်းချက် များရှိသည်ကို အဓိကထား ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် e-Government ဦးဆောင် ကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ်ဦးဆောင်၍ လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနှင့် e-ID စနစ်လုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ(၈)ခု၊ e-ID စနစ်လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ (၆)ခုနှင့် နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ် ဦးဆောင်ကြီးကြပ်မှု အဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့ တွင် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အချိန်တစ်ခုသတ်မှတ်၍ ပြီးစီးအောင်ဆောင်ရွက်
ပထမအကြိမ်အစည်းအဝေးတွင် e-Government ဦးဆောင်ကော်မတီ နာယက က "e-Government စနစ် မြန်မြန်တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အချက်(၃)ချက် ဖြစ်သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပူးပေါင်း ဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင်ရန်နှင့် အစိုးရဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း"လမ်းညွှန်ခဲ့မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပထမအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၅)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှု(၂) ချက်ရှိခဲ့ပြီး ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက် (၃)ချက်အပေါ် အချိန်တစ်ခုသတ်မှတ်၍ ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၂၁)ချက်ချမှတ်ခဲ့ရာ (၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက် ဆဲ(၁၆)ချက်အပေါ်တွင်လည်း သက်ဆိုင်ရာဌာန၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများကလည်း အမြန်ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
အလျင်အမြန်အကောင်အထည်ဖော်နိုင်မည်
ဆောင်ရွက်ဆဲလုပ်ငန်းများအနက် တစ်ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Fund (EDCF) မှ ချေးငွေအမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းဖြင့် တည်ဆောက်မည့် e-Government Integrated Data Center (e-GIDC) အကောင် အထည်ဖော်နိုင်ရန်အတွက် အချိန်ကာလ ၃ နှစ်ကျော်ခန့်ကြာမြင့်မည်ဟု သိရှိ ရပါကြောင်း၊ ချေးငွေရရှိရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government စနစ်ကို အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ အဆင့်မီသည့် ပုဂ္ဂလိကီအေေ ဃနညအနမ တစ်ခုကိုငှားရမ်း အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ငှားရမ်းအသုံးပြု နိုင်ရေးအတွက် "အဆင့်မီပုဂ္ဂလိက Data Centerငှားရမ်းနိုင်ရေးစိစစ်ရေး ကော်မတီ" (၁)ခုကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ e-Government ဆောင်ရွက်ရာတွင် အဓိကအရေးကြီးသည်မှာ Data Center ဖြစ်ပါကြောင်း၊ ချေးငွေရရှိရန် စောင့်ဆိုင်းစဉ်ကာလအတွင်း ပြည်တွင်းတွင် အဆင့်မီသည့် Data Centerကို ငှားရမ်းသုံးစွဲပါက e-Government စနစ်ကို အလျင်အမြန်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါ ကြောင်း။
ထို့ပြင် ISO (International Standard Organization) 10646 ဖြင့် ကိုက်ညီသည့် မြန်မာ့ ညငခသိန ကိုစံစနစ်အဖြစ် "အမျိုးသားစံချိန်စံòန်း ကောင်စီ"က၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီအသုံးပြုနိုင်ရေး လိုက်နာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ (Information Technology)နှင့်ပတ်သက်ပြီး ဥပဒေ၊ နည်း ဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆိုက်ဘာ ဥပဒေထွက်ရှိအောင် ဆောင်ရွက်နေခြင်းအပေါ် လိုအပ်သည့်အကြံဥာဏ်များ ပေးကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတစ်ခုချင်းအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက အခြားဆပ်ကော်မတီများဖြင့် ညှိနှိုင်း ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီတင်ပြပြီး ဆုံးဖြတ်ချက်ရယူကာ ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အချိန်မီပေးပို့တင်ပြ
e-Government ဦးဆောင်ကော်မတီအနေဖြင့်လည်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော်သမ္မတရုံးသို့ လစဉ်တင်ပြနေရသည့်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် e-Government လုပ်ငန်းများအား အလေး အနက်ထားဆောင်ရွက်ကြပြီး တိုးတက်မှုအစီရင်ခံစာကို ဦးဆောင်ကော်မတီသို့ လစဉ်မပျက်မကွက် အချိန်မီပေးပို့တင်ပြသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးသာဦး က e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သက်ဆိုင်ရာဌာနများနှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများက Radio Frequency Identif ication (RFID )စနစ် အသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ H Unicode p ISO 10646 ဖြင့် ကိုက်ညီသော Fon စနစ်နှင့် Fon တို့ကို အစိုးရရုံးဌာနများ၌ လက်ရှိအသုံးပြုနေသော Myanmar3 Font နေရာတွင် အစားထိုးအသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့် ကိုက်ညီသော မြန်မာ Unicode စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်မည့် Migration အစီအစဉ်၊ ဝန်ကြီးဌာနများ၊ နိုင်ငံတော်အဖွဲ့အစည်းများအတွက်Domain Name နှင့် e-mail လိပ်စာသတ်မှတ်နိုင်ရေးကိစ္စတို့ကို ရှင်းလင်းတင်ပြကြပြီး e-Government ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ရယူကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဖိတ်ကြားထားသူ များက e-Government လုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ယင်းနောက်e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အ¸ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နာယက ဦးသောင်းတင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment