Thursday, February 28, 2019

ကျား၊ မ အခြေပြုအကြမ်းဖက်ခံရသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာနဖွင့်လှစ်





Image may contain: one or more people
 နေပြည်တော် ဖေဖော်ဝါရီ ၂၇ 



ကျား၊ မ အခြေပြုအကြမ်းဖက်ခံရသူများ အတွက် တစ်နေရာတည်းတွင် ဝန်ဆောင် မှုများ ရရှိနိုင်သောဌာန (One Stop Crisis Center (OSCC) for Gen-der Based Violence) ကို နေပြည် တော် ပြည်သှူဆေးရုံကြီး ခုတင် ၁၀၀၀ ၌ ယနေ့ ဖွင့်လှစ်သည်။
ထိုကဲ့သို့ ဖွင့်လှစ်သည့် အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပခဲ့ပြီး အကြမ်းဖက်မှုခံစားရသူများ တွင် စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိခိုက်ခံစားရပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေးပြဿနာများသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများထက် ကုသမှု ပေးရန် ပိုမိုခက်ခဲခြင်းတို့ကြောင့် ထိုသို့ မဖြစ်ပွားစေရန် စောစီးစွာဖြင့် နှစ်သိမ့် ဆွေးနွေးပေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုအပ်သည့် ကုသမှုများနှင့် အကူအညီ များ ပေးအပ်ရန်မှာ အရေးကြီးသည့် အတွက် ယခုကဲ့သို့ ဖွင့်လှစ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
၂၀၁၅-၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ လူနေမှုဘ၀နှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက် စစ်တမ်းတွေ့ရှိချက် များအရ စစ်တမ်းဖြေဆိုသူ အမျိုးသမီး ခုနစ်ဦးတွင် တစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံစားခဲ့ရခြင်း၊ အိမ်ထောင် သည် အမျိုးသမီးငါးဦးတွင် တစ်ဦးသည် ခင်ပွန်းဖြစ်သူမှ အကြမ်းဖက်မှုကိုခံစား ခဲ့ရခြင်းနှင့် ရုပ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံစားခဲ့ရဖူးသူများ၏ ၂၂ ရာခိုင်နှုန်းကသာ အကူအညီများ ရယူခဲ့ ခြင်းတို့ကို တွေ့ရှိရသဖြင့် ကျား၊ မ အခြေ ပြုအကြမ်းဖက်ခံရမှုဆိုင်ရာ ပြဿနာများ သည် ကြီးမားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အခမ်း အနား အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော် ပြည်သှူဆေးရုံကြီး ခုတင် ၁၀၀၀ တွင် ကျား၊ မ အခြေပြုအကြမ်း ဖက်ခံရသူများအတွက် တစ်နေရာတည်း တွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာန ဖွင့်လှစ်ဆောင်ရွက်ခြင်းကို နမူနာရယူ၍ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် အကြမ်းဖက်မှုခံစားရသူများသည် ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစွာ ဆက်သွယ်ခံယူကြမည် ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍမှ ကျင့်ဝတ်များနှင့် အညီစေတနာပြည့်ဝစွာဖြင့် စနစ်တကျ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ပြည်သူများအတွက် ပြုစုထုတ်ဝေ ထားရှိသော ကျား၊ မ အခြေပြု အကြမ်း ဖက်မှုဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို လူစည်ကားရာနေရာ များ၊ ဈေးဝယ်စင်တာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်၊ ပညာရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့၏ စာသင်ကျောင်းများ၊ သင်တန်းကျောင်းများ၊ လေ့ကျင့်ရေး ကျောင်းများနှင့် တက္ကသိုလ်များတွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သော အချက်အလက်မှန်များ၊ အသိပညာများ ဖြန့်ဝေပေးရန်နှင့် စက်ရုံ အလုပ်ရုံများတွင် ဟောပြောပွဲများ ပြုလုပ်သွားရန်လည်း ပြည်ထောင်စု ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
ကျား၊ မ အခြေပြုအကြမ်းဖက်ခံရ သူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများ ရရှိနိုင်သော ဌာနကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ နေပြည်တော် ကောင်စီဝင်ဦးတင်ထွန်း၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင် ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာပပတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ ဌာနအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ကျား၊ မ အခြေပြုအကြမ်းဖက်ခံရ သူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများ ရရှိနိုင်သောဌာနတွင် ဂုဏ်သိက္ခာကို လေးစားခြင်း၊ သတင်း အချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်း ပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစေခြင်းနှင့် ခွဲခြားဆက်ဆံမှု မရှိခြင်း စသည့် လမ်းòန်သဘောတရား များဖြင့် ကျား၊ မ အခြေပြု အကြမ်းဖက် ခံစားခဲ့ရသူများအတွက် ဆေးကုသစောင့် ရှောက်မှု၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ အကူအညီ၊ ဥပဒေရေးရာအကူအညီနှင့် ဘေးကင်းလုံခြုံစိတ်ချမှု အကူအညီများ ကို နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများ၊ INGO/ NGO များ၊ လူမှုအဖွဲ့အစည်း များ စသည်တို့နှင့် ပူးပေါင်းချိတ်ဆက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် နေပြည်တော် ပြည်သှူ ဆေးရုံကြီး ခုတင် ၁၀၀၀ တွင် အကြမ်း ဖက်ခံစားရသူများ လွယ်ကူချောမွေ့စွာ ဝန်ဆောင်မှုများ ရယူနိုင်ရန် စနစ်တကျ စီစဉ်ထားရှိပြီး လုပ်ငန်းများ ပိုမိုကောင်း မွန်စေရန်အတွက် မျက်ခြည်မပြတ် ဆန်းစစ်မှုများ ဆောင်ရွက်ကာ မွမ်းမံ ပြင်ဆင်လုပ်ဆောင်ခြင်းနှင့် အသုံးချ သုတေသနများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment