Monday, July 31, 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Image may contain: 12 people, people sitting and indoor
ဧရာဝတီ ဇူလိုင် ၃ဝ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်း တွင် သာပေါင်းမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သာပေါင်းမြို့နယ်အတွင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တလုပ်ကုန်းကျေးရွာ အုပ်စု နွားတောင်ကျေးရွာရှိ မင်္ဂလာ ရာမကျောင်းတိုက်သို့ ရောက်ရှိကြပြီး နွားတောင်၊ ဘုရားကုန်း၊ ကျိန္တလိ၊ ကမ်းပါးနီကျေးရွာများမှ ရေဘေးရှောင် ပြည်သူများနှင့် တွေ့ဆုံကာ အားပေး စကားပြောကြားပြီး ဘုရားကုန်းရွာ၊ ကျိန္တလိကျေးရွာများမှ ရေဘေးသင့် ပြည်သူ ၃၉၉ ဦးအတွက် ဆန်ရိက္ခာ တစ်ပတ်စာတန်ဖိုး ငွေကျပ် ၈၃၇၉ဝဝ၊ မသန်စွမ်း ငါးဦးအတွက် ထောက်ပံ့ ကြေးငွေကျပ် ၁၅ဝဝဝဝ၊ ရေဘေးသင့် ပြည်သူများ ညပိုင်း လျှပ်စစ်မီးရရှိရေး အတွက် စက်သုံးဆီဖိုးငွေကျပ် ၄၇၆ဝဝ$၊ ရေဘေးရှောင် အိမ်ထောင်စု ၁၄၂ စု အတွက် ကုလားပဲ ၁၄၂ ဒသမ ၅ ပိဿာ၊ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်း စည်းအခု ၄ဝဝ နှင့် ဆပ်ပြာ အပိုင်း ၂ဝဝ၊ ကလေးကစားစရာ အရုပ် နှင့် အာဟာရမုန့်များကို ထောက်ပံ့ သည်။
ထို့ပြင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ဘက်စုံသုံး အဆောက် အအုံတစ်လုံး ထောက်ပံ့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့် မြို့ရှိ မဟာသီရိမင်္ဂလာရာမပရိယတ္တိ စာသင်တိုက်တွင် ခေတ္တရေဘေးရှောင် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးကာ ရေဘေးသင့်ပြည်သူ ၇၇၆ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၆၂၉၆ဝဝ၊ ဖိုက်ဘာစက်တပ်လှေ သုံးစင်းနှင့် အသက်ကယ်အင်္ကျီအထည် ၃ဝ အတွက် ငွေကျပ် ၆၉ သိန်း၊ ကူးစက် ရောဂါကာကွယ်ရေးအတွက် နှာခေါင်း စည်း အခု ၄ဝဝ နှင့် ဆပ်ပြာ အပိုင်း ၂ဝဝ၊ မိခင်တစ်ဦး အာဟာရဖြည့်တင်း ရေးအတွက် ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

မိုင်ယာမီ ဂလက်စီကိုမှာ ဘာစီလိုနာက ရီးယဲလ်ကို အနိုင်ကစားပြီးနိုင်ငံတကာချန်ပီယံရှစ်ဖလားကို ရယူ

Image may contain: 12 people, people smiling, text
အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ဂလက်စီကို ပွဲစဉ်မှာ ဘာစီလိုနာက သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူကာ နိုင်ငံတကာ ချန်ပီယံရှစ်ဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းက တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်ပိုင်းမှာလည်း ဆာဂျီယို၊ အင်နီယေစတာ၊ ရာကီတစ်တို့ ပွဲထွက်လာခဲ့ပြီး ရီးယဲလ် ကလည်း သူတို့ရဲ့ ပထမပွဲထွက်အခင်းအကျင်းမှာ ပါဝင် နေကျ စီရိုနယ်လ်ဒိုနဲ့ တိုနီခရူးစ်ကလွဲရင် ကျန်တဲ့ ကစား သမားအစုံအလင်နဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် မဟာပြိုင်ဘက် ဘာစီလိုနာကိုတော့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပွဲအစ ၃ မိနစ်နဲ့ ၇ မိနစ် တို့မှာ မက်ဆီနဲ့ ရာကီတစ်တို့ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ စောစောစီးစီး နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့် ရီးယဲလ်အတွက် ကိုဗာဆစ်နဲ့ အဆန်စီယိုတို့က ချေပဂိုးတွေ ပြန်သွင်းလို့ ပထမပိုင်းမှာ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၅ဝ မှာ နောက်ခံလူ ပီကေးက သူဂိုးသွင်းနေကျ ပုံစံအတိုင်း ဘာကာအတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် ရီးယဲလ်တို့ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါ တယ်။ ရီးယဲလ်ကတော့ နိုင်ငံတကာချန်ပီယံရှစ်အမည်နဲ့ ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှ ရရှိခဲ့ခြင်းမရှိခဲ့သလို ပုံစံကောင်းတစ်ရပ်ကိုလည်း တစ်ပွဲတလေမျှ ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘာစီလိုနာဟာ ယခုပွဲမှာ ရီးယဲလ်ကိုပါ ထပ်မံ အနိုင်ရခဲ့တာကြောင့် သုံးပွဲကစား ပွဲတိုင်းအနိုင်ရပြီး ရမှတ် ကိုးမှတ်နဲ့ နိုင်ငံတကာ ချန်ပီယံရှစ်ဖလားကို ရယူသွားခဲ့တာ ဖြစ်ပါတယ်။ အခြား နိုင်ငံတကာချန်ပီယံရှစ် ပွဲစဉ်တစ်ပွဲမှာ တော့ မန်စီးတီးက ပရီမီယာလိဂ်ပြိုင်ဘက် စပါးကို သုံးဂိုးပြတ်နဲ့ အနိုင်ကစားခဲ့ပေမယ့် ဘာစီလိုနာက ရီးယဲလ် ကို အနိုင်ရခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
မေလဲ့သင်း

တရုတ်ခရီးစဉ်တွင် ဘာစီလိုနာ အသင်းနှင့် လိုက်ပါမည်ဟု နေမာ အတည်ပြု

Image may contain: 1 person, standing and outdoor
အမေရိကားခြေစမ်းပွဲများအပြီး တရုတ်တွင် ဆက်လက် ကျင်းပမည့် ရာသီကြိုခြေစမ်းပွဲများတွင် ဘာစီလိုနာ နှင့်အတူ လိုက်ပါသွားမည်ဖြစ်ကြောင်း တိုက်စစ်မှူး နေမာက ဝီဘိုမှတစ်ဆင့် တရုတ်ပရိသတ်များထံ သတင်း ပေးခဲ့သည်။ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့မည်ဟူသော သတင်း များထွက်နေသဖြင့် နေမာမှာ တရုတ်ခရီးစဉ်ကို ရှောင်လွှဲကျန်ရစ်မည်ဟု အများက ယူဆခဲ့ကြသော် လည်း နေမာက ''တရုတ်ပရိသတ်တွေကို ကျွန်တော် နှုတ်ဆက်စကားပြောကြားလိုပါတယ်။ ကျွန်တော်က နေမာပါ။ ဒါက ကျွန်တော့်ရဲ့ ဝီဘိုအကောင့်ပါ။ ကျွန်တော်တို့ တနင်္လာနေ့ရောက်ရင် ရှန်ဟိုင်းမှာ တွေ့ကြရအောင်ပါ''ဟု သူ၏ ဝီဘိုမှတစ်ဆင့် ပြောကြား ခဲ့သည်။ နေမာ၏ တရုတ်ခရီးစဉ် အတည်ပြုမှုကြောင့် ပီအက်စ်ဂျီနှင့် အပြောင်းအရွှေ့မှာ ခေတ္တအရှိန် ကျလာခဲ့ပြီဖြစ်သည်။ အမေရိကားခြေစမ်းပွဲများအပြီး တရုတ်တွင် ဆက်လက် ကျင်းပမည့် ရာသီကြိုခြေစမ်းပွဲများတွင် ဘာစီလိုနာ နှင့်အတူ လိုက်ပါသွားမည်ဖြစ်ကြောင်း တိုက်စစ်မှူး နေမာက ဝီဘိုမှတစ်ဆင့် တရုတ်ပရိသတ်များထံ သတင်း ပေးခဲ့သည်။ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့မည်ဟူသော သတင်း များထွက်နေသဖြင့် နေမာမှာ တရုတ်ခရီးစဉ်က
ို ရှောင်လွှဲကျန်ရစ်မည်ဟု အများက ယူဆခဲ့ကြသော် လည်း နေမာက ''တရုတ်ပရိသတ်တွေကို ကျွန်တော် နှုတ်ဆက်စကားပြောကြားလိုပါတယ်။ ကျွန်တော်က နေမာပါ။ ဒါက ကျွန်တော့်ရဲ့ ဝီဘိုအကောင့်ပါ။ ကျွန်တော်တို့ တနင်္လာနေ့ရောက်ရင် ရှန်ဟိုင်းမှာ တွေ့ကြရအောင်ပါ''ဟု သူ၏ ဝီဘိုမှတစ်ဆင့် ပြောကြား ခဲ့သည်။ နေမာ၏ တရုတ်ခရီးစဉ် အတည်ပြုမှုကြောင့် ပီအက်စ်ဂျီနှင့် အပြောင်းအရွှေ့မှာ ခေတ္တအရှိန် ကျလာခဲ့ပြီဖြစ်သည်။
မေလဲ့သင်း

အပိုဆုကြေး ညှိနှိုင်းမရသေးခြင်းက မာတစ်၏ မန်ယူအပြောင်းအရွှေ့ကို နှောင့်နှေးစေခဲ့

Image may contain: 2 people
မာတစ်၏ ပေါင်သန်း ၅ဝ တန် မန်ယူအပြောင်းအရွှေ့မှာ သဘောတူညီချက်ရထားပြီးဖြစ်သော်လည်း အပိုဆု ကြေးငွေကိစ္စညှိနှိုင်း၍ မရသေးခြင်းကြောင့်သာ ကြန့်ကြာနေရခြင်းဖြစ်သည်။ မာတစ်က မန်ယူသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး သဘောတူညီချက်ပေးထား ပြီးဖြစ်သော်လည်း မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ကြား အပိုဆုကြေးကိစ္စမပြေလည်သေးခြင်းက မာတစ်၏ အပြောင်းအရွှေ့ကို နှောင့်နှေးစေတဲ့ အဓိကအကြောင်း တရား ဖြစ်ခဲ့သည်။ မန်ယူက ဝင်ရောက်ကစားသည့် ပွဲအရေအတွက်၊ ရပ်တည်မှုအဆင့်အလိုက် အပိုဆုကြေး ပေးရမည်ဖြစ်သည်။
မော်ရင်ဟိုမှာ မာတစ်၏ ပရိသတ်တစ်ဦးဖြစ်ပြီး မာတစ်ကို ပြန်လည်ခေါ်ယူရန် နွေဈေးကွက် စတင် ဖွင့်လှစ်ချိန်ကတည်းက ခေါ်ယူခွင့်ရရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ မာတစ်သည် ချယ်လ်ဆီး၏ စင်ကာပူခရီးစဉ် ကို လိုက်ပါသွားခြင်းမရှိခဲ့သောကြောင့် ယခု ရက်သတ္တ ပတ်အတွင်းမှာပင် မာတစ်၏ မန်ယူအပြောင်းအရွှေ့ကို မြင်တွေ့ဖွယ်ရှိသည်ဟု အများစုက ယူဆခဲ့ကြခြင်းဖြစ် သည်။ သို့သော် မန်ယူအသင်းက လာမည့်ရက် သတ္တပတ်အတွင်း အပြောင်းအရွှေ့ကိစ္စရပ်ကို အပြီးသတ် နိုင်မည်ဟု မျှော်လင့်ထားသည်။ မာတစ်သည် ဒဏ်ရာရ ကစားသမားများဖြစ်သည့် ဟာဇက်၊ ပက်ဒရိုတို့နှင့်အတူ ကော့ဟမ်ကွင်းတွင် လေ့ကျင့်မှုများပြုလုပ်နေသည်။ မန်ယူအသင်း၏ ပထမအကြိမ် ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက ပယ်ချခဲ့ပြီးနောက် ပေါင်သန်း ၅ဝ ဖြင့် သဘောတူညီချက်ရရှိခဲ့သော်လည်း အပိုဆုကြေးကိစ္စရပ်ကြောင့် ယခုထိ အပြီးမသတ်နိုင် သည့် အနေအထားပင်ဖြစ်သည်။
မေလဲ့သင်း

အာဆင်နယ်ပရိသတ်များကို သောကဝေစေခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ ရာသီတုပ်ကွေး

Image may contain: 1 person, dog and indoor
အာဆင်နယ်တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်က ဖျားနေပြီဟု သူ့ရဲ့အင်စတာဂရမ်စာမျက်နှာထက် တင်ခဲ့ရာ အာဆင်နယ်ပရိသတ်များက အာဆင်နယ်သို့ ပြန်မလာချင် သဖြင့် ဆန်းချက်ဇ် အကြောင်းပြနေခြင်းဖြစ်မည်ကို စိုးရိမ် နေသည်။ သို့သော် ဝင်းဂါးက ဆန်းချက်ဇ်မှာ လာမည့် အင်္ဂါနေ့တွင် အာဆင်နယ်နှင့် လေ့ကျင့်ရေး ပြန်ဆင်းမည် ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရေးကို ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ဆန်းချက်ဇ်မှာ ချီလီအသင်းနှင့်အတူ ကွန်ဖက် ဒရေးရှင်းဖလားနွှဲခဲ့သောကြောင့် ဝင်းဂါးက နားရက် ပိုပေးထားသော်လည်း ဇူလိုင် ၃ဝ ရက်တွင် အာဆင်နယ် နှင့်အတူ လေ့ကျင့်ရေးဆင်းရန် အချိန်စေ့နေပြီဖြစ်သည်။
ဆန်းချက်ဇ်၏ အေးဂျင့်ဖြစ်သူက ဆန်းချက်ဇ်မှာ ရာသီတုပ်ကွေးကြောင့် ဖျားနေခြင်းဖြစ်သည်ဟု အတည်ပြု ခဲ့သော်လည်း အာဆင်နယ်အသင်း၏ တစ်ပတ်လုပ်ခ ပေါင် ၂၇၃ဝဝဝ တန်စာချုပ်သစ်ကို ဆန်းချက်ဇ်က ပယ်ချ ထားခဲ့ပြီးဖြစ်သဖြင့် အာဆင်နယ်နှင့် ဆန်းချက်ဇ်လမ်းခွဲကို မြင်တွေ့ရမည်ကို ပရိသတ်များက စိုးရိမ်နေခြင်းဖြစ်သည်။ ဆန်းချက်ဇ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ပီအက်စ်ဂျီအသင်းနှင့် ဆွေးနွေးရန် ပဲရစ်မြို့သို့ ရောက်ရှိ နေခဲ့ပြီး လစာကိစ္စညှိနှိုင်းမရခြင်းကြောင့်သာ အပြောင်း အရွှေ့မှာ ဖြစ်မြောက်မလာသေးခြင်းဖြစ်သည်။
မေလဲ့သင်း

လာမည့်ရာသီ စပါးရုန်းကန်ရမည် ဖြစ်ပြီး ပရီမီယာလိဂ်ဖလားမှာ မန်စီးတီးအတွက်သာ ဖြစ်မည်ဟု ရက်ပ်နက်ပ် ဟောကိန်းထုတ်

Image may contain: 1 person, playing a sport
လာမည့်ရာသီတွင် ပရီမီယာလိဂ်ဆုဖလားကို မန်စီးတီး သာရယူရန် အလားအလာကောင်းနေပြီး စပါးအသင်း မှာမူ ယာယီအိမ်ကွင်း ဝင်ဘလေတွင် ရုန်းကန်ရနိုင် ကြောင်း စပါးနည်းပြဟောင်း ရက်ပ်နက်ပ်က ဟောကိန်း ထုတ်ခဲ့သည်။ ရက်ပ်နက်ပ်က ဂွါဒီယိုလာ၏ အရည် အသွေးပိုင်းအပေါ်ယုံကြည်သူ သူ့အတွက် မန်စီးတီးသာ ပရိသတ်များကို စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံး ကလပ် အသင်းအဖြစ်သာမက လာမည့်ရာသီ ဗိုလ်စွဲရန် အလားအလာ အကောင်းဆုံးအသင်းဟု မှတ်ချက်ပြု ခဲ့သည်။ မန်စီးတီး၊ မန်ယူ၊ စပါး၊ အဲဗာတန်၊ အာဆင်နယ်၊ လီဗာပူးနှင့် ချယ်လ်ဆီးတို့သာ ထိပ်ဆုံး ခုနစ်နေရာအတွင်းဝင်မည်ဖြစ်ပြီး ချန်ပီယံဆုအတွက် ဆိုလျှင်မူ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးနှင့် လီဗာပူး တို့ထဲကသာ ရယူနိုင်ခြေရှိကြောင်းလည်း ရက်ပ်နက်ပ် က အဖြေထုတ်ခဲ့သည်။
မေလဲ့သင်း

ပဲခူးရိုးမ သဘာဝသစ်တောအတွင်းရှိ သဘာဝအခြေခံခရီးစဉ်အသစ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုသိရှိစေရန် ဈေးကွက်တင်

Image may contain: house, tree, sky, bridge and outdoor

နေပြည်တော် ဇူလိုင် ၃ဝ
ပဲခူးရိုးမ ဖြတ်လမ်းတစ်ခုဖြစ်သည့် အုတ်တွင်း-ပေါက်ခေါင်း မိုင်တိုင်အမှတ် (၄၃)၌ ဖြိုးစည်သူကုမ္ပဏီက တည် ဆောက်ထားသည့် BagoYoma Eco Resort ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့ တက်ရောက်ကြ သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်တို့က အမှာစကား များ ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် ၁၉၉၆ ခုနှစ်တွင် သဘာဝ အခြေခံခရီးသွားစခန်း ၁၅ ခု သတ်မှတ် ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် သဘာဝနယ်မြေ ၁၉ ခုနှင့် ဆင်စခန်းနှစ်ခု စုစုပေါင်း ၂၁ ခုအထိ တိုးချဲ့သတ်မှတ်ခဲ့ကြောင်း၊ဝန်ကြီးဌာနအနေဖြင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ရာတွင် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးတွင် အထောက်အကူပြုစေရန်၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိရေးကို အထောက်အကူပြု စေရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်းမှတစ်ဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးလုပ်ငန်းများတွင် ဒေသခံများ ပူးပေါင်းပါဝင်မှုမြှင့်တင်ရန် စသည့် ဦးတည်ချက် များဖြင့် လူမှုဘဝဖွံ့ဖြိုးရေးတို့တွင် ဒေသခံများ ပူးပေါင်းပါဝင် လာရေးတို့ကို ဦးတည်ချက်များချမှတ် ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သဘာဝအခြေခံ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်း၊ သတ်မှတ်ထားပြီးဖြစ်သော သဘာဝအခြေခံ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများချမှတ်အကောင် အထည်ဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် အရေးကြီးသော ကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်နေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုများတွင်လည်းကောင်း၊ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်၊ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်၊ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ တောရိုင်းတိရ္ဆာန် ဘေးမဲ့တော စသည့် သဘာဝအခြေခံခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် သတင်းမီဒီယာများအနေဖြင့် ယခုဖွင့်လှစ်သည့် ပဲခူးရိုးမသဘာဝသစ်တောအတွင်းရှိ သဘာဝအခြေခံခရီးစဉ် အသစ်ကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုသိရှိ စေရန် ဈေးကွက်တင်ရောင်းချခြင်း၊ ခရီးစဉ်မြှင့်တင်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တောင်လည်တိုက်နယ်ဆေးရုံသို့ ခွဲစိတ်ခန်းအထောက်အကူ ပြုပစ္စည်းများ လှူဒါန်းပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တောင်လည် တွဲဖက် အ.ထ.ကကျောင်းသို့ စာရေးခုံများ လှူဒါန်းသည်။
ဆက်လက်၍ ဖြိုးစည်သူကုမ္ပဏီစိုက်ခင်း မန်နေဂျာက ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ဆုငွေကျပ် $ ငါးသိန်းအား မြို့နယ်ပညာရေးမှူးထံ ပေးအပ်ခဲ့သည်။
ထို့နောက် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင် များ၊ သတင်းမီဒီယာများအားWild Wings Photography Group မှ ဦးစိန်မျိုးမြင့်က ဖြိုးစည်သူကျွန်းစိုက်ခင်းနှင့် သဘာဝတောကျန်အကြောင်း ရှင်းလင်းခြင်းနှင့် Myanmar Birds & Nature Socity ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က သဘာဝတောကျန်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်း ရေရှည်တည်တံ့ရေးအကြောင်း ရှင်းလင်းပြောကြား ကြပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြား ကြသည်။
Bago Yoma Eco Resort ၌ Deluxe၊ Superior၊ Standard၊ Honeymoon Villa အခန်းအမျိုးအစားများ ဖြင့် သဘာဝအခြေခံများကို ပျက်စီးယိုယွင်းမှုမရှိစေရန် ဖွဲ့စည်း တည်ဆောက်ထားပြီး လာရောက်သော ဧည့်သည်များအတွက် တောတွင်းခရီးကြမ်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဆင်စီးခြင်း၊ ငှက်ကြည့်ခြင်း၊ ကရင်တိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာထွက်ကုန်များကို လေ့လာခြင်း၊ ဆင်များ၏ ဓလေ့စရိုက်များ ကို လေ့လာခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ပြင်ဆင်ထား ကြောင်း သိရှိရသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခရီးစဉ်များ သွားရောက် လေ့လာနိုင်သည့် ပြည်မြို့ရှိ သီရိခေတ္တရာပြတိုက်နှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းသို့ လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)