Monday, July 31, 2017

အပိုဆုကြေး ညှိနှိုင်းမရသေးခြင်းက မာတစ်၏ မန်ယူအပြောင်းအရွှေ့ကို နှောင့်နှေးစေခဲ့

Image may contain: 2 people
မာတစ်၏ ပေါင်သန်း ၅ဝ တန် မန်ယူအပြောင်းအရွှေ့မှာ သဘောတူညီချက်ရထားပြီးဖြစ်သော်လည်း အပိုဆု ကြေးငွေကိစ္စညှိနှိုင်း၍ မရသေးခြင်းကြောင့်သာ ကြန့်ကြာနေရခြင်းဖြစ်သည်။ မာတစ်က မန်ယူသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး သဘောတူညီချက်ပေးထား ပြီးဖြစ်သော်လည်း မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ကြား အပိုဆုကြေးကိစ္စမပြေလည်သေးခြင်းက မာတစ်၏ အပြောင်းအရွှေ့ကို နှောင့်နှေးစေတဲ့ အဓိကအကြောင်း တရား ဖြစ်ခဲ့သည်။ မန်ယူက ဝင်ရောက်ကစားသည့် ပွဲအရေအတွက်၊ ရပ်တည်မှုအဆင့်အလိုက် အပိုဆုကြေး ပေးရမည်ဖြစ်သည်။
မော်ရင်ဟိုမှာ မာတစ်၏ ပရိသတ်တစ်ဦးဖြစ်ပြီး မာတစ်ကို ပြန်လည်ခေါ်ယူရန် နွေဈေးကွက် စတင် ဖွင့်လှစ်ချိန်ကတည်းက ခေါ်ယူခွင့်ရရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ မာတစ်သည် ချယ်လ်ဆီး၏ စင်ကာပူခရီးစဉ် ကို လိုက်ပါသွားခြင်းမရှိခဲ့သောကြောင့် ယခု ရက်သတ္တ ပတ်အတွင်းမှာပင် မာတစ်၏ မန်ယူအပြောင်းအရွှေ့ကို မြင်တွေ့ဖွယ်ရှိသည်ဟု အများစုက ယူဆခဲ့ကြခြင်းဖြစ် သည်။ သို့သော် မန်ယူအသင်းက လာမည့်ရက် သတ္တပတ်အတွင်း အပြောင်းအရွှေ့ကိစ္စရပ်ကို အပြီးသတ် နိုင်မည်ဟု မျှော်လင့်ထားသည်။ မာတစ်သည် ဒဏ်ရာရ ကစားသမားများဖြစ်သည့် ဟာဇက်၊ ပက်ဒရိုတို့နှင့်အတူ ကော့ဟမ်ကွင်းတွင် လေ့ကျင့်မှုများပြုလုပ်နေသည်။ မန်ယူအသင်း၏ ပထမအကြိမ် ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက ပယ်ချခဲ့ပြီးနောက် ပေါင်သန်း ၅ဝ ဖြင့် သဘောတူညီချက်ရရှိခဲ့သော်လည်း အပိုဆုကြေးကိစ္စရပ်ကြောင့် ယခုထိ အပြီးမသတ်နိုင် သည့် အနေအထားပင်ဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment