Monday, July 31, 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Image may contain: 12 people, people sitting and indoor
ဧရာဝတီ ဇူလိုင် ၃ဝ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်း တွင် သာပေါင်းမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သာပေါင်းမြို့နယ်အတွင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တလုပ်ကုန်းကျေးရွာ အုပ်စု နွားတောင်ကျေးရွာရှိ မင်္ဂလာ ရာမကျောင်းတိုက်သို့ ရောက်ရှိကြပြီး နွားတောင်၊ ဘုရားကုန်း၊ ကျိန္တလိ၊ ကမ်းပါးနီကျေးရွာများမှ ရေဘေးရှောင် ပြည်သူများနှင့် တွေ့ဆုံကာ အားပေး စကားပြောကြားပြီး ဘုရားကုန်းရွာ၊ ကျိန္တလိကျေးရွာများမှ ရေဘေးသင့် ပြည်သူ ၃၉၉ ဦးအတွက် ဆန်ရိက္ခာ တစ်ပတ်စာတန်ဖိုး ငွေကျပ် ၈၃၇၉ဝဝ၊ မသန်စွမ်း ငါးဦးအတွက် ထောက်ပံ့ ကြေးငွေကျပ် ၁၅ဝဝဝဝ၊ ရေဘေးသင့် ပြည်သူများ ညပိုင်း လျှပ်စစ်မီးရရှိရေး အတွက် စက်သုံးဆီဖိုးငွေကျပ် ၄၇၆ဝဝ$၊ ရေဘေးရှောင် အိမ်ထောင်စု ၁၄၂ စု အတွက် ကုလားပဲ ၁၄၂ ဒသမ ၅ ပိဿာ၊ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်း စည်းအခု ၄ဝဝ နှင့် ဆပ်ပြာ အပိုင်း ၂ဝဝ၊ ကလေးကစားစရာ အရုပ် နှင့် အာဟာရမုန့်များကို ထောက်ပံ့ သည်။
ထို့ပြင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ဘက်စုံသုံး အဆောက် အအုံတစ်လုံး ထောက်ပံ့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့် မြို့ရှိ မဟာသီရိမင်္ဂလာရာမပရိယတ္တိ စာသင်တိုက်တွင် ခေတ္တရေဘေးရှောင် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးကာ ရေဘေးသင့်ပြည်သူ ၇၇၆ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၆၂၉၆ဝဝ၊ ဖိုက်ဘာစက်တပ်လှေ သုံးစင်းနှင့် အသက်ကယ်အင်္ကျီအထည် ၃ဝ အတွက် ငွေကျပ် ၆၉ သိန်း၊ ကူးစက် ရောဂါကာကွယ်ရေးအတွက် နှာခေါင်း စည်း အခု ၄ဝဝ နှင့် ဆပ်ပြာ အပိုင်း ၂ဝဝ၊ မိခင်တစ်ဦး အာဟာရဖြည့်တင်း ရေးအတွက် ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment