Monday, July 31, 2017

အာဆင်နယ်ပရိသတ်များကို သောကဝေစေခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ ရာသီတုပ်ကွေး

Image may contain: 1 person, dog and indoor
အာဆင်နယ်တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်က ဖျားနေပြီဟု သူ့ရဲ့အင်စတာဂရမ်စာမျက်နှာထက် တင်ခဲ့ရာ အာဆင်နယ်ပရိသတ်များက အာဆင်နယ်သို့ ပြန်မလာချင် သဖြင့် ဆန်းချက်ဇ် အကြောင်းပြနေခြင်းဖြစ်မည်ကို စိုးရိမ် နေသည်။ သို့သော် ဝင်းဂါးက ဆန်းချက်ဇ်မှာ လာမည့် အင်္ဂါနေ့တွင် အာဆင်နယ်နှင့် လေ့ကျင့်ရေး ပြန်ဆင်းမည် ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရေးကို ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ဆန်းချက်ဇ်မှာ ချီလီအသင်းနှင့်အတူ ကွန်ဖက် ဒရေးရှင်းဖလားနွှဲခဲ့သောကြောင့် ဝင်းဂါးက နားရက် ပိုပေးထားသော်လည်း ဇူလိုင် ၃ဝ ရက်တွင် အာဆင်နယ် နှင့်အတူ လေ့ကျင့်ရေးဆင်းရန် အချိန်စေ့နေပြီဖြစ်သည်။
ဆန်းချက်ဇ်၏ အေးဂျင့်ဖြစ်သူက ဆန်းချက်ဇ်မှာ ရာသီတုပ်ကွေးကြောင့် ဖျားနေခြင်းဖြစ်သည်ဟု အတည်ပြု ခဲ့သော်လည်း အာဆင်နယ်အသင်း၏ တစ်ပတ်လုပ်ခ ပေါင် ၂၇၃ဝဝဝ တန်စာချုပ်သစ်ကို ဆန်းချက်ဇ်က ပယ်ချ ထားခဲ့ပြီးဖြစ်သဖြင့် အာဆင်နယ်နှင့် ဆန်းချက်ဇ်လမ်းခွဲကို မြင်တွေ့ရမည်ကို ပရိသတ်များက စိုးရိမ်နေခြင်းဖြစ်သည်။ ဆန်းချက်ဇ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ပီအက်စ်ဂျီအသင်းနှင့် ဆွေးနွေးရန် ပဲရစ်မြို့သို့ ရောက်ရှိ နေခဲ့ပြီး လစာကိစ္စညှိနှိုင်းမရခြင်းကြောင့်သာ အပြောင်း အရွှေ့မှာ ဖြစ်မြောက်မလာသေးခြင်းဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment