Monday, July 31, 2017

လာမည့်ရာသီ စပါးရုန်းကန်ရမည် ဖြစ်ပြီး ပရီမီယာလိဂ်ဖလားမှာ မန်စီးတီးအတွက်သာ ဖြစ်မည်ဟု ရက်ပ်နက်ပ် ဟောကိန်းထုတ်

Image may contain: 1 person, playing a sport
လာမည့်ရာသီတွင် ပရီမီယာလိဂ်ဆုဖလားကို မန်စီးတီး သာရယူရန် အလားအလာကောင်းနေပြီး စပါးအသင်း မှာမူ ယာယီအိမ်ကွင်း ဝင်ဘလေတွင် ရုန်းကန်ရနိုင် ကြောင်း စပါးနည်းပြဟောင်း ရက်ပ်နက်ပ်က ဟောကိန်း ထုတ်ခဲ့သည်။ ရက်ပ်နက်ပ်က ဂွါဒီယိုလာ၏ အရည် အသွေးပိုင်းအပေါ်ယုံကြည်သူ သူ့အတွက် မန်စီးတီးသာ ပရိသတ်များကို စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံး ကလပ် အသင်းအဖြစ်သာမက လာမည့်ရာသီ ဗိုလ်စွဲရန် အလားအလာ အကောင်းဆုံးအသင်းဟု မှတ်ချက်ပြု ခဲ့သည်။ မန်စီးတီး၊ မန်ယူ၊ စပါး၊ အဲဗာတန်၊ အာဆင်နယ်၊ လီဗာပူးနှင့် ချယ်လ်ဆီးတို့သာ ထိပ်ဆုံး ခုနစ်နေရာအတွင်းဝင်မည်ဖြစ်ပြီး ချန်ပီယံဆုအတွက် ဆိုလျှင်မူ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးနှင့် လီဗာပူး တို့ထဲကသာ ရယူနိုင်ခြေရှိကြောင်းလည်း ရက်ပ်နက်ပ် က အဖြေထုတ်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment