Monday, July 31, 2017

တရုတ်ခရီးစဉ်တွင် ဘာစီလိုနာ အသင်းနှင့် လိုက်ပါမည်ဟု နေမာ အတည်ပြု

Image may contain: 1 person, standing and outdoor
အမေရိကားခြေစမ်းပွဲများအပြီး တရုတ်တွင် ဆက်လက် ကျင်းပမည့် ရာသီကြိုခြေစမ်းပွဲများတွင် ဘာစီလိုနာ နှင့်အတူ လိုက်ပါသွားမည်ဖြစ်ကြောင်း တိုက်စစ်မှူး နေမာက ဝီဘိုမှတစ်ဆင့် တရုတ်ပရိသတ်များထံ သတင်း ပေးခဲ့သည်။ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့မည်ဟူသော သတင်း များထွက်နေသဖြင့် နေမာမှာ တရုတ်ခရီးစဉ်ကို ရှောင်လွှဲကျန်ရစ်မည်ဟု အများက ယူဆခဲ့ကြသော် လည်း နေမာက ''တရုတ်ပရိသတ်တွေကို ကျွန်တော် နှုတ်ဆက်စကားပြောကြားလိုပါတယ်။ ကျွန်တော်က နေမာပါ။ ဒါက ကျွန်တော့်ရဲ့ ဝီဘိုအကောင့်ပါ။ ကျွန်တော်တို့ တနင်္လာနေ့ရောက်ရင် ရှန်ဟိုင်းမှာ တွေ့ကြရအောင်ပါ''ဟု သူ၏ ဝီဘိုမှတစ်ဆင့် ပြောကြား ခဲ့သည်။ နေမာ၏ တရုတ်ခရီးစဉ် အတည်ပြုမှုကြောင့် ပီအက်စ်ဂျီနှင့် အပြောင်းအရွှေ့မှာ ခေတ္တအရှိန် ကျလာခဲ့ပြီဖြစ်သည်။ အမေရိကားခြေစမ်းပွဲများအပြီး တရုတ်တွင် ဆက်လက် ကျင်းပမည့် ရာသီကြိုခြေစမ်းပွဲများတွင် ဘာစီလိုနာ နှင့်အတူ လိုက်ပါသွားမည်ဖြစ်ကြောင်း တိုက်စစ်မှူး နေမာက ဝီဘိုမှတစ်ဆင့် တရုတ်ပရိသတ်များထံ သတင်း ပေးခဲ့သည်။ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့မည်ဟူသော သတင်း များထွက်နေသဖြင့် နေမာမှာ တရုတ်ခရီးစဉ်က
ို ရှောင်လွှဲကျန်ရစ်မည်ဟု အများက ယူဆခဲ့ကြသော် လည်း နေမာက ''တရုတ်ပရိသတ်တွေကို ကျွန်တော် နှုတ်ဆက်စကားပြောကြားလိုပါတယ်။ ကျွန်တော်က နေမာပါ။ ဒါက ကျွန်တော့်ရဲ့ ဝီဘိုအကောင့်ပါ။ ကျွန်တော်တို့ တနင်္လာနေ့ရောက်ရင် ရှန်ဟိုင်းမှာ တွေ့ကြရအောင်ပါ''ဟု သူ၏ ဝီဘိုမှတစ်ဆင့် ပြောကြား ခဲ့သည်။ နေမာ၏ တရုတ်ခရီးစဉ် အတည်ပြုမှုကြောင့် ပီအက်စ်ဂျီနှင့် အပြောင်းအရွှေ့မှာ ခေတ္တအရှိန် ကျလာခဲ့ပြီဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment