Sunday, July 28, 2019

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းစည်းဝေး






Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၂၇ 




ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်း စဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ် များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဦးစီးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ တက်ရောက်ကြသည်။
ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစေရန်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် မြန်မာနိုင်ငံ အတွင်း သမိုင်းအစဉ်အဆက် မှီတင်း နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကို တစ်နေရာတည်း၌ တစ်စုတစ်စည်း တည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင် ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာ စေပြီးတိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ တည် ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
နိုင်ငံအကြီးအကဲများက တိုင်းရင်း သားကျေးရွာ ထူထောင်ခြင်း၏ မူလ ရည်ရွယ်ချက်မပပျောက်စေရန် ကလေး များ၊ အမျိုးသား အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအတွက် အပန်းဖြေ ရန် သီးသန့်နေရာများ စီစဉ်ပေးသကဲ့သို့ မသန်စွမ်းသူများ၊ အမြင်အာရုံ ချို့တဲ့သူ များအတွက်လည်း စီစဉ်ပေးရန်နှင့် အမြန် ပြီးစီးနိုင်မည့်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်၍ ပြီးစီးမှုအခြေအနေများကို ပြည်သူများသိရှိအောင် ကြေညာပေးရန် မှာကြားခဲ့ကြောင်း၊ ထို့ပြင် ဝင်ငွေပိုမို တိုးတက်ရရှိရေးထက် တိုင်းရင်းသား ကျေးရွာ၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုတိုးတက်ရေး ကို အလေးပေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် ယခု အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့် Master Plan သည် မူလရည်ရွယ်ချက် ကို အထောက်အကူပြုရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာသည် တိုင်းရင်းသားအားလုံး၏ မူလပြယုဂ် ဖြစ်သည်နှင့်အညီ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို မြန်မာတွင် သာမက တစ်က္ဘာလုံး သိရှိနိုင်အောင် ထုတ်ဖော်ပြသနိုင်မည့် နေရာတစ်ခုဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း၌ တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို ဒီထက်မက စုံလင်စွာပြသ နိုင်ပါက တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း အကျိုး ကျေးဇူးရရှိသည့်အပြင် အခြားတစ်ဖက် တွင်လည်း က္ဘာလှည့်ခရီးသွားလုပ်ငန်း အတွက် လည်ပတ်စရာ ခရီးစဉ်တစ်ခု တိုးလာမည်ဖြစ်ပါကြောင်း။
ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရန်
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး ရှိ စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ရေရှည်တည်တံ့ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းပြောကြား လိုပါကြောင်း။
က္ဘာလှည့်ခရီးသွားများ လေ့လာနိုင်
ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတွင် ယခုပြသထားသည့် တိုင်းရင်းသား မျိုးနွယ်စု ရှစ်မျိုးနှင့် ဆလုံတိုင်းရင်းသား ပြခန်းများအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများမှ တိုင်းရင်းသားများ၏ ပြခန်းများ တိုးချဲ့ ပြသနိုင်ရန် စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြတိုက်ကိုလည်း ခေတ်မီ နည်းပညာများကို အသုံးပြုပြီး ခင်းကျင်း မှုများကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ၏ ရည်ရွယ်ချက်ကို မပျောက် ပျက်စေဘဲ အများပြည်သူ လေ့လာအပန်း ဖြေရာ နေရာသာမကကမ္ဘာလှည့်ခရီး သွားများအတွက်ပါ လေ့လာနိုင်သည့် နေရာဖြစ်လာစေရန် ကြွရောက်လာ ကြသည့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် ဧည့်သည်တော်များ အားလုံးက ကောင်းမွန်သည့်အကြံဉာဏ် များ ပေးကြစေလိုပါကြောင်း ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်များမှ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌများနှင့် ဧည့်သည် တော်များက ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးနှင့် ပတ်သက်၍ ဆွေးဆွေးတင်ပြ ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြော ကြားသည်။
ကြည့်ရှုလေ့လာ
အခမ်းအနားအပြီးတွင် တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်း ၁၆ ကျောင်း၏ စာကြည့်တိုက်များ ဖွင့်ပွဲကျင်းပ





Image may contain: 7 people, people smiling, people standing
ရန်ကုန် ဇူလိုင် ၂၇




ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုး မှုဖြင့် ဖွင့်လှစ်သော ကျောင်းစာကြည့် တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လူမှု ရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေး မောင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံး ဒုတိယòန်ကြားရေးမှူးချုပ် ဒေါ်ခင် မာဆွေနှင့် မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန့် သော်ကောင်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ် ကြပြီး စာကြည့်တိုက်ကို လှည့်လည်ကြည့် ရှုကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ရှိပြီးသော ကျောင်းစာကြည့်တိုက် များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရန်၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ အပါအဝင် ကျောင်းစာကြည့်တိုက်များကို အသုံးချလျက် ကိုယ့်အားကိုယ်ကိုးပြီး အသိပညာ၊ တွေးခေါ်မှု ကောင်းလာစေရန် အတွက် ပညာရှာတတ်စေရန်၊ ကျောင်း သားလူငယ်များ အားလပ်ချိန်ကို တန်ဖိုး ရှိစွာ အကောင်းဆုံး အသုံးချတတ်စေရန်၊ ကျောင်းစာကြည့်တိုက် အသုံးချခြင်းမှ တတ်သိပညာဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် ပါဝင်မည့်ပညာ တတ်များ ပေါ်ပေါက်စေရန် စသည့်ရည် ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း တို့ပူးပေါင်း၍ ''စာဖတ်ကြစို့'' အစီအစဉ် ကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုအခြေစိုက်Room to Read အဖွဲ့၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ Max Power Co.Ltd., တို့မှ MBAPE အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၉ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းစုစု ပေါင်း၃၃ ကျောင်းတွင် စာကြည့်တိုက် များဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MBA -PF အဖွဲ့တို့ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျောင်း ၁၆ ကျောင်းဖြစ်သည့် အထက(ခွဲ) မင်္ဂလာဒုံ၊ အထက (ကျူတော)ထန်းတပင်၊ မူလွန် (၂၄)ဒဂုံ(မြောက်)၊ အထက(၃)မင်္ဂလာ တောင်ညွန့်၊ အထက(စိုက်မွေး)ဒဂုံ (တောင်ပိုင်း)၊ အထက(၂)သန်လျင်၊ အထက(ကော့မှူး)၊ အထက(၁)ခရမ်း၊ အထက(၁) သုံးခွ၊ အထက (၆)ဗိုလ်တ ထောင်၊ အထက(ထန်းမနိုင်)ကော့မှူး၊ အလက(၁)ဒဂုံ၊ အထက(၁)လသာ၊ အထက(၁) မရမ်းကုန်း၊ အထက(၁) ရန်ကင်း၊ အလကခွဲ(၁၈)သာကေတတို့ တွင် စာကြည့်တိုက် အခန်း(သို့မဟုတ်) အဆောင်အား ဥပဓိရုပ်ကောင်းမွန်စေရန် ပြင်ဆင်ပြီး စာကြည့်တိုက်များ ဖွင့်လှစ် ပေးခဲ့ကြောင်း၊ စာအုပ်အမျိုးအစားမျိုး စုံဖြည့်ဆည်းဆောင်ရွက်ခြင်း၊ စားပွဲဝိုင်း များ၊ စာအုပ်စင်များ စသည့်ပရိဘောဂ များ ဖြည့်ဆည်းပေးခြင်းနှင့် ကျောင်း များရှိ ဆရာ ဆရာမများအား စာကြည့် တိုက်ပညာသင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည့် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က စာကြည့်တိုက်များအား ပံ့ပိုးကူညီ ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး ပရဟိတအဖွဲ့ အမှု ဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော် ကောင်းက စာကြည့်တိုက်များ ပြင်ဆင် ဆောင်ရွက်ပေးခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယòန်ကြားရေးမှူးချုပ်တို့က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင် များ ပေးအပ်လှူဒါန်းကြသည့် အခြေခံ ပညာကျောင်း ၁၆ ကျောင်း၏ စာကြည့် တိုက်များအတွက် စာကြည့်တိုက်သုံး စာအုပ်စာပေများကို လက်ခံခဲ့ကြသည်။
သတင်းစဉ်

ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ





နေပြည်တော်   ဇူလိုင်   ၂၇ 


  ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့  နေပြည်တော်၊  ပျဉ်းမနားမြို့၊  မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ကြီး၏  ပဓာနနာယက၊   နိုင်ငံတော်ဩဝါဒါစရိယ၊   အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာဂ္ထဝါစကပဏ္ဍိတ၊  သာသနဓဇသိရီပ၀ရဓမ္မာစရိယ ဘဒ္တကဝိသာရ ဆရာတော်ကြီးအမှူးပြုသော သံဃာတော်အရှင်မြတ်တို့ ကြွရောက် ကြသည်။
အခမ်းအနားတွင် မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက အ္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္စျာယ်တော် မူကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။   
အဆိုပါအခမ်းအနားသို့   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ   ဦးတီခွန်မြတ်၊   ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစု များ တက်ရောက်ခဲ့ကြသည်။                     သတင်းစဉ်

ပြုဖွယ်အမှုတို့ ဥပဒေနှင့်အညီ




မြန်မာ့အလင်းအယ်ဒီတာအာဘော်




မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက်လုံးမှသည် ယနေ့အချိန်အထိ စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည်လည်း လယ်ယာကုန်ထုတ် စီးပွားရေးအပေါ် အားထားနေ ကြရဆဲ။ အသက်မွေးဝမ်းကျောင်းမှုအတွက် မြေနှင့် ရေဟူသော သဘာ၀သယံဇာတတို့ကို အားထားဖက်တွယ်နေကြရသည့်အလျောက် အမှုအခင်းပြဿနာတို့တွင် မြေယာကို အကြောင်းပြု၍ လည်းကောင်း၊ စိုက်ပျိုးရေကို အကြောင်းပြု၍ လည်းကောင်း ဖြစ်ပွားသည့် ပြဿနာ များမှာ အတိတ်ခေတ်ကာလများမှသည် ယနေ့ထိတိုင် တွေ့မြင်ကြားသိ နေရဆဲလည်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း မြေနုကျွန်းပေါ်တွင် လုပ်ပိုင်ခွင့် အငြင်း ပွားမှုနှင့် စပ်လျဉ်း၍ ရွာနှစ်ရွာအကြား ပဋိပက္ခဖြစ်ပွားရာမှ လှူအသက် များစွာ သေဆုံးမှုနှင့် ဒဏ်ရာရမှုများ မကြာသေးသည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ သိရှိရသည်။ မြေနုကျွန်းတို့၏ သဘောတရားမှာ တစ်နှစ်တစ်ရာသီသာ စိုက်ပျိုးကြရပြီး မိုးရာသီမြစ်ရေ မြင့်တက်ချိန်တွင် ရေဖုံးလွှမ်းလေ့ရှိသည်။ မြစ်ကမ်းခြေနှင့်ဆက်စပ်၍ မြေနုပေါ် ခြင်း၊ မြစ်လယ်တွင် မြေနုပေါ်ခြင်း၊ အရွယ်အစားနှင့်ပုံသ္ဌာန် ပြောင်းလဲခြင်း၊ မြေအနုအရင့်အပေါ်လိုက်၍ စိုက်ပျိုးသီးနှံအထွက်နှုန်း နှင့် စီးပွားဖြစ်မှုတို့ကွာခြားသည့်အတွက် တုတ်တပြက် ဓားတပြက် အငြင်းပွားမှုများ၊ ရုံးရောက်ဂတ်ရောက်မှုများမှာ ရှေးကတည်းကရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ပင်မသွေးကြောဖြစ်သော ဧရာ၀တီမြစ်ကြီးအပါအဝင် မြစ်ကြီးများမှာ နှစ်စဉ်ရေလျှံလေ့ရှိပြီး မြေနုကျွန်းများ၊ သောင်မြေများ နှစ်စဉ်ပြောင်းလဲဖြစ်ထွန်းလေ့ရှိသလို မြေယာအငြင်းပွားမှုများကို အစဉ် အဆက် ဖြေရှင်းဆောင်ရွက်ခဲ့ကြရသည့် အတွေ့အကြုံများလည်း မနည်း ကြတော့ဟု ဆိုနိုင်သည်။
တောင်သူလယ်သမားများနှင့် လယ်ယာစီးပွားရေးအတွက် အရေးပါ လှသည့် လယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်း ဥပဒေတို့ကို ၂၀၁၂ ခုနှစ်ကပင် ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအရ လယ်ယာမြေကိစ္စအဝ၀တို့ကို စီမံ ခန့်ခွဲမှု ပြုနိုင်ရန်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့ကို ဗဟိုမှသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းထားရှိသည်။ လယ်ယာမြေနည်းဥပဒေများ အခန်း (၁၂) တွင် မြေနုကျွန်းမြေ လုပ်ပိုင် ခွင့်ချထားခြင်းအတွက် မည်သို့ ချထားပေးရမည်။ မည်သို့ စီမံခန့်ခွဲရမည်။ အငြင်းပွားမှုများအပေါ် မည်သို့ဖြေရှင်းဆောင်ရွက်ရမည်။ မြေနုကျွန်း လုပ်ပိုင်ခွင့်ရရှိသူတို့ကလည်း မည်သို့ဆောင်ရွက်ရမည်တို့ကို ဥပဒေပုဒ်မ များနှင့် တိတိကျကျ ပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။
မြေယာကိစ္စ အငြင်းပွားမှုများဖြစ်ပေါ်လာပါက အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့က လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချခြင်း၊ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းတို့ အတွက် ကာလသတ်မှတ်ချက်များကိုပါ ဥပဒေတွင် တိတိကျကျဖော်ပြထား သည်။ မူဝါဒအားဖြင့်လည်း မြေနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အဂတိလိုက်စားမှုနှင့် ဘက်လိုက်မှုကင်းရှင်း၍ ပွင့်လင်းမြင် သာပြီး တရားမျှတစွာစီရင်စေခြင်းကို အခြေခံရမည်ဖြစ်သည်။ အရေးကြီး ဆုံးသောအချက်မှာ တရားဥပဒေစိုးမိုးမှုပင်ဖြစ်သည်။
မြစ်ကြီးများရေကြီးမှု၊ ရေလျှံမှု၊ ရေစီးကြောင်းများ ပြောင်းလဲမှုနှင့် မြေနုသောင်များ၊ မြေနုကျွန်းများဖြစ်ပေါ်မှုတို့မှုာ နှစ်စဉ်ဖြစ်ပေါ်နေမည့် သဘာ၀တရားများပင်ဖြစ်သည်။ မြေယာကိစ္စအငြင်းပွားမှုမှသည် ဒေါသကိုရှေ့ထားကာ မှားယွင်းမှုများက ရာဇဝတ်မှုကြီးများဆီသို့ ဦးတည်ဖြစ်ပွားခဲ့ရသည်မှာ သင်ခန်းစာယူဖွယ်ရာ၊ သံဝေဂရဖွယ်ရာ ဖြစ်သည်။ တစ်ဖက်တွင်လည်း မဖြစ်သင့်သည့်ကိစ္စများ မဖြစ်ပွားစေရေး အတွက် မီးကို မလောင်ခင်က တားရသည့်သကဲ့သို့ ပြုဖွယ်အမှုတို့ကို ကြိုတင်မြော်တွေးကာ လျင်မြန်စွာပြုခြင်းဖြင့်သာ အပ်ဖြင့်ထွင်းရမည့် အရေးကို ပုဆိန်ဖြင့်ခုတ်ရသည့် အခြေအနေသို့ မရောက်စေမည် ဖြစ်ပါ ကြောင်း။ ။

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပူနေးမြို့ရှိ National Defence Academy (NDA) ၌ လေ့လာ





နေပြည်တော် ဇူလိုင် ၂၇



 

အိန္ဒိယသမ္မတနိုင်ငံ ဗီဇာကာပတ်တနန် မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၆ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီခွဲခန့်တွင် အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့် ပူနေးမြို့သို့ ထွက်ခွာ ခဲ့ပြီး ၎င်းမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပူနေးမြို့ရှိNational Defence Academy (NDA)သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် National Defence Academy (NDA)တွင် တက်ရောက်လျက်ရှိသည့် မြန်မာ့ တပ်မတော်မှ သင်တန်းသားဗိုလ်လောင်း များနှင့် တွေ့ဆုံ၍ သင်ကြားပေးသည့် အတတ်ပညာ၊ အသိပညာများအား စည်းကမ်းစနစ်တကျဖြင့် ကြိုးစား အားထုတ်သင်ယူရန် မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းအုပ်ကြီး Air Marshal IP Vipin နှင့် တာဝန်ရှိသူများအား တွေ့ဆုံ ၍ လေ့ကျင့်သင်ကြားနေမှုဆိုင်ရာများ နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား National Defence Academy (NDA) မှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် National Defence Academy (NDA) အတွင်း လှည့်လည်၍ သင်တန်းသား အိပ်ဆောင်များနှင့် စားရိပ်သာတို့အား ကြည့်ရှုလေ့လာကြပြီး သင်တန်းကျောင်း အရာရှိစားရိပ်သာ၌ ကျောင်းအုပ်ကြီးက တည်ခင်းဧည့်ခံခဲ့သည့် နေ့လယ်စာစားပွဲ သို့ တက်ရောက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Pimpri မြို့ရှိ TATA Motors ကုမ္ပဏီသို့ သွားရောက်ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

မှန်ကန်သောစေတနာဖြင့် အောင်မြင်မှုရယူ

ဒယ်ဒီတာ့အာဘော်
----------------------
Image may contain: text
မြန်မာနိုင်ငံသည် ရေခံ၊ မြေခံ၊ အခြေခံအကြောင်းတရားများနှင့် နိုင်ငံသူ နိုင်ငံသားများ၏ စွမ်းဆောင်ရည်များအရ နိုင်ငံ၏အနာဂတ်အတွက် အောင်မြင်မှုများ၊ မျှော်လင့်ချက်များ ရှိနေပေသည်။ သို့သော် ထိုအလားအလာကောင်းများကို မှန်ကန်သောစေတနာဖြင့် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်မှုကို ရယူနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က "နိုင်ငံတစ်နိုင်ငံ အောင်မြင်ဖို့ဆိုတာ ဒီနိုင်ငံအပေါ်မှာ စေတနာရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိရပါ လိမ့်မယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်း တော်နေပြီးတော့ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားခြင်းမရှိဘူးဆိုရင် ဘယ်လိုပဲ တစ်ယောက်ချင်း တစ်ယောက်ချင်း တော်တော် တကယ့်ပြည့်စုံတဲ့အောင်မြင်မှုရနိုင်မှာ မဟုတ်ပါဘူး"ဟု အသိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေ အနေအထားမှာ ဤသို့ပင် ဖြစ်ပြီး အလားအလာကောင်းများရှိနေသလို လိုအပ်ချက်များလည်းရှိ နေသည်။ ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး၊ လုပ်ငန်းအောင်မြင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင် ဆောင်ရွက်ကြသူများမှာ စေတနာနှင့် လက်တွဲပူးပေါင်းနိုင်မှုအပိုင်း၌ အားနည်းချက်များရှိနေသောကြောင့် ပြီးပြည့်စုံသော အောင်မြင်မှုများ ရရှိနိုင်ရေးတွင် လိုအပ်ချက်များရှိနေသည်။
မြန်မာနိုင်ငံအတွက် အရေးကြီးသောလုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတွင် တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစားမှုကိုပြသခြင်းဖြင့် ယုံကြည်မှုကို ဦးစွာတည်ဆောက် နိုင်မှသာ အောင်မြင်မှုကိုရယူနိုင်မည်ဖြစ်သည်။ မတူညီသည့် အတွေး အခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုများကို ပေါင်းစည်းပြီး ကောင်းမွန်သည့် အင်အားများ တည်ဆောက်ခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးဆီသို့ တက်လှမ်းရမည် ဖြစ်သည်။
အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြသူများ ခံယူရမည့် စိတ်ထားများ၊ စေတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏမှာကြားလေ့ရှိသည့် လမ်းòန်ချက်မှာ "ကိုယ် ဘာရနိုင်မလဲဆို တာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာကို အားလုံးစဉ်းစားရင် ဒီနိုင်ငံကြီး ဟာ မတိုးတက်စရာအကြောင်းမရှိပါဘူး"ဟူသည့် မှတ်သားစရာ အချက်ဖြစ်သည်။
များသောအားဖြင့် မိမိတို့၏ အတ္တ၊ လောဘ၊ မာနတို့လွှမ်းမိုးမှု ကြောင့် အလုပ်တစ်ခုကို ဆောင်ရွက်ရာတွင် မိမိတို့၏လိုအင်ဆန္ဒများကိုသာ ရှေ့တန်းတင်ပြီး ဆောင်ရွက်မိကြရာ ယုံကြည်မှုနှင့်ပူးပေါင်းဆောင် ရွက်မှုတို့ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် အောင်မြင်မှုနှင့်အလှမ်းဝေးနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ မိမိတို့ ဘာရမလဲဆိုခြင်းထက် မိမိတို့ဘာလုပ်ပေးနိုင်မလဲဟု စဉ်းစားခြင်းသည် လုပ်ငန်းအောင်မြင်မှုအတွက် တစ်ဝက်ရပြီဖြစ်သည့်အပြင် မိမိတို့ အတွက်လည်း ဂုဏ်ယူစရာပင်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များဖြစ်စေ၊ ဝန်ထမ်းများဖြစ်စေ အားလုံးတို့သည် ပြည်သူပြည်သားများသာဖြစ်သည်။ တိုင်းရင်းသားပြည်သူအများစုသည် စွမ်းဆောင်ရည်ရှိကြသူများ၊ လုပ်ရည်ကိုင်ရည်ရှိကြသူများ ဖြစ်သည်။ လုပ်လည်း လုပ်ကိုင်ဆောင်ရွက် နိုင်ကြသူများဖြစ်၍ မိမိတို့အကျိုးထက် အများပြည်သူအကျိုးကိုရှေးရှုပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထားသကဲ့သို့ ကောင်းမွန် သောစိတ်ထားများမွေးမြူကြကာ အသွင်မတူကြသူတစ်ဦးနှင့်တစ်ဦး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ယူကြရမည်ဖြစ်ပါ ကြောင်း။ ။

Saturday, July 27, 2019

သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ မဏ္ဍိုင်သုံးရပ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Image may contain: one or more people, people sitting, table and indoor



နေပြည်တော် ဇူလိုင် ၂၆


သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ မဏ္ဍိုင်သုံးရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉  နာရီက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းအချက် အလက်ရပိုင်ခွင့် ဥပဒေသည် ဒီမိုကရေစီ နိုင်ငံများတွင် လိုအပ်သည့် ဥပဒေတစ်ရပ် အနေဖြင့် ပြောဆို၊ တောင်းဆိုကြပါ ကြောင်း၊ ဒီမိုကရေစီနိုင်ငံ၏ သွင်ပြင် လက္ခဏာ၊ အရည်အချင်းများတွင် ထိုဥပဒေရှိခြင်းကို အချက်တစ်ချက်အဖြစ် အများနားလည် သဘောပေါက်ကြပါ ကြောင်း။


ယနေ့ကမ္ဘာတွင် နိုင်ငံပေါင်း ၂၀၀ ဝန်းကျင်ရှိသည့်အနက် နိုင်ငံပေါင်း ၁၀၀ ကျော်သည် သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါ ကြောင်း၊ ထိုဥပဒေ ပြဋ္ဌာန်းခြင်းသည် ဒီမိုကရေစီနိုင်ငံများတွင် ရှိသင့်သည့် လက္ခဏာတစ်ရပ်ဖြစ်သော်လည်း ပြဋ္ဌာန်း မှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီ သည်ကို တွေ့ရပါကြောင်း။

ဒီမိုကရေစီ၏ အနှစ်သာရသည် အများပြည်သူပါဝင်မှုဖြစ်ပြီး ပါဝင်မှုများ လေ ဒီမိုကရေစီပြည့်၀လေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ခေတ်တွင် အများ ပြည်သူပါဝင်ခွင့်ကို ပြောဆိုလာကြပါ ကြောင်း၊ ထို့ပြင် အစိုးရပိုင်းကလည်း ပွင့်လင်းမြင်သာမှုရှိရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ၊ မဏ္ဍိုင်များတွင် တာဝန် ယူထားသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက် ချက်များကို အများပြည်သူသိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ များများသိနိုင်လေ ပွင့်လင်းမြင်သာမှု ပိုရှိလေဆိုသည့် သဘောဖြစ်သည့်အတွက် သတင်းအချက် အလက်ရပိုင်ခွင့်ဥပဒေပြဋ္ဌာန်းရန် လိုအပ် ပါကြောင်း။


သတင်းအချက်အလက်နှင့် ပတ်သက် ၍ ဒီမိုကရေစီနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ သတင်းအချက် အလက် ရယူခွင့်များသည် တွဲ၍တည်ရှိ နေပါကြောင်း၊ ယခင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်များသည် မီဒီယာ သမားများအတွက် အဓိကဖြစ်ပါကြောင်း၊ သို့သော် ယနေ့ခေတ်အခါတွင် နည်းပညာ များ ထွန်းကားလာပြီး ဆိုရှယ်မီဒီယာများ အားကောင်းလာသည့်အခါ မီဒီယာ သမားများနည်းတူ နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ပြောဆိုရေးသားလာ ကြပါကြောင်း။


သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေအရ နိုင်ငံသားတစ်ဦးမှ သိရှိလို သည့် အချက်များကို ဖြေဆိုပေးရမည် ဖြစ်ပါကြောင်း၊ ဤဥပဒေပြဋ္ဌာန်းပြီးပါက အများပြည်သူက သိရှိလိုသည့်အချက် များကို မေးမြန်းလာကြမည်ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဌာနများတွင် မေးမြန်းလာသည့် အချက်များကို ဖြေကြားပေးမည့်ဌာနနှင့် ပုဂ္ဂိုလ်များ ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ဌာန ဆိုင်ရာအဖွဲ့အစည်းများ အားလုံးအနေ ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။


ထိုကဲ့သို့ အများပြည်သူက မေးမြန်း လာပါက ဖြေကြားပေးရန်အတွက် မည်သည့်သတင်းအချက်များ ရှိသည်၊ မည်သည့် သတင်းအချက်အလက်က အများပြည်သူသို့ ထုတ်ပြန်ပေးရန် သင့်/ မသင့်၊ သတင်းအချက်အလက်ကို မည်သို့ သောနေရာဌာနမျိုးမှ တောင်းဆိုမှ ထုတ်ပြန်ပေးမည် စသည့်သတင်းအချက် အလက် အမျိုးအစား၊ အဆင့်အတန်း သတ်မှတ်ခွဲခြားသည့် လုပ်ငန်းများကို လည်း ညှိနှိုင်းဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။


ဤဥပဒေ ပြဋ္ဌာန်းပြီးပါက မိမိတို့ နိုင်ငံကို ဒီမိုကရေစီပြည့်၀သော၊ ပွင့်လင်း မြင်သာမှုရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော အစိုးရတစ်ရပ်အဖြစ် အများ ပြည်သူက ပိုမိုယုံကြည်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က မြန်မာ့မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် သတင်း အချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း) ရေးဆွဲထားမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။


ယင်းနောက် တက်ရောက်လာကြ သည့် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများက သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍ အခန်းတစ်ခန်း ချင်းအလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်လိုသည့်အချက်များ၊ အားနည်း ချက်၊ အားသာချက်များကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သိန်း၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးမှ ညွန်ကြားရေးမှူး ဦးဇော်မင်း အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့က ဖြည့်စွက်ဆွေးနွေး ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်