Saturday, July 27, 2019

သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ မဏ္ဍိုင်သုံးရပ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Image may contain: one or more people, people sitting, table and indoor



နေပြည်တော် ဇူလိုင် ၂၆


သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ မဏ္ဍိုင်သုံးရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉  နာရီက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းအချက် အလက်ရပိုင်ခွင့် ဥပဒေသည် ဒီမိုကရေစီ နိုင်ငံများတွင် လိုအပ်သည့် ဥပဒေတစ်ရပ် အနေဖြင့် ပြောဆို၊ တောင်းဆိုကြပါ ကြောင်း၊ ဒီမိုကရေစီနိုင်ငံ၏ သွင်ပြင် လက္ခဏာ၊ အရည်အချင်းများတွင် ထိုဥပဒေရှိခြင်းကို အချက်တစ်ချက်အဖြစ် အများနားလည် သဘောပေါက်ကြပါ ကြောင်း။


ယနေ့ကမ္ဘာတွင် နိုင်ငံပေါင်း ၂၀၀ ဝန်းကျင်ရှိသည့်အနက် နိုင်ငံပေါင်း ၁၀၀ ကျော်သည် သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါ ကြောင်း၊ ထိုဥပဒေ ပြဋ္ဌာန်းခြင်းသည် ဒီမိုကရေစီနိုင်ငံများတွင် ရှိသင့်သည့် လက္ခဏာတစ်ရပ်ဖြစ်သော်လည်း ပြဋ္ဌာန်း မှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီ သည်ကို တွေ့ရပါကြောင်း။

ဒီမိုကရေစီ၏ အနှစ်သာရသည် အများပြည်သူပါဝင်မှုဖြစ်ပြီး ပါဝင်မှုများ လေ ဒီမိုကရေစီပြည့်၀လေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ခေတ်တွင် အများ ပြည်သူပါဝင်ခွင့်ကို ပြောဆိုလာကြပါ ကြောင်း၊ ထို့ပြင် အစိုးရပိုင်းကလည်း ပွင့်လင်းမြင်သာမှုရှိရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ၊ မဏ္ဍိုင်များတွင် တာဝန် ယူထားသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက် ချက်များကို အများပြည်သူသိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ များများသိနိုင်လေ ပွင့်လင်းမြင်သာမှု ပိုရှိလေဆိုသည့် သဘောဖြစ်သည့်အတွက် သတင်းအချက် အလက်ရပိုင်ခွင့်ဥပဒေပြဋ္ဌာန်းရန် လိုအပ် ပါကြောင်း။


သတင်းအချက်အလက်နှင့် ပတ်သက် ၍ ဒီမိုကရေစီနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ သတင်းအချက် အလက် ရယူခွင့်များသည် တွဲ၍တည်ရှိ နေပါကြောင်း၊ ယခင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်များသည် မီဒီယာ သမားများအတွက် အဓိကဖြစ်ပါကြောင်း၊ သို့သော် ယနေ့ခေတ်အခါတွင် နည်းပညာ များ ထွန်းကားလာပြီး ဆိုရှယ်မီဒီယာများ အားကောင်းလာသည့်အခါ မီဒီယာ သမားများနည်းတူ နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ပြောဆိုရေးသားလာ ကြပါကြောင်း။


သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေအရ နိုင်ငံသားတစ်ဦးမှ သိရှိလို သည့် အချက်များကို ဖြေဆိုပေးရမည် ဖြစ်ပါကြောင်း၊ ဤဥပဒေပြဋ္ဌာန်းပြီးပါက အများပြည်သူက သိရှိလိုသည့်အချက် များကို မေးမြန်းလာကြမည်ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဌာနများတွင် မေးမြန်းလာသည့် အချက်များကို ဖြေကြားပေးမည့်ဌာနနှင့် ပုဂ္ဂိုလ်များ ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ဌာန ဆိုင်ရာအဖွဲ့အစည်းများ အားလုံးအနေ ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။


ထိုကဲ့သို့ အများပြည်သူက မေးမြန်း လာပါက ဖြေကြားပေးရန်အတွက် မည်သည့်သတင်းအချက်များ ရှိသည်၊ မည်သည့် သတင်းအချက်အလက်က အများပြည်သူသို့ ထုတ်ပြန်ပေးရန် သင့်/ မသင့်၊ သတင်းအချက်အလက်ကို မည်သို့ သောနေရာဌာနမျိုးမှ တောင်းဆိုမှ ထုတ်ပြန်ပေးမည် စသည့်သတင်းအချက် အလက် အမျိုးအစား၊ အဆင့်အတန်း သတ်မှတ်ခွဲခြားသည့် လုပ်ငန်းများကို လည်း ညှိနှိုင်းဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။


ဤဥပဒေ ပြဋ္ဌာန်းပြီးပါက မိမိတို့ နိုင်ငံကို ဒီမိုကရေစီပြည့်၀သော၊ ပွင့်လင်း မြင်သာမှုရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော အစိုးရတစ်ရပ်အဖြစ် အများ ပြည်သူက ပိုမိုယုံကြည်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က မြန်မာ့မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် သတင်း အချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း) ရေးဆွဲထားမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။


ယင်းနောက် တက်ရောက်လာကြ သည့် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများက သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍ အခန်းတစ်ခန်း ချင်းအလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်လိုသည့်အချက်များ၊ အားနည်း ချက်၊ အားသာချက်များကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သိန်း၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးမှ ညွန်ကြားရေးမှူး ဦးဇော်မင်း အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့က ဖြည့်စွက်ဆွေးနွေး ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်

No comments:

Post a Comment