Sunday, July 28, 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်း ၁၆ ကျောင်း၏ စာကြည့်တိုက်များ ဖွင့်ပွဲကျင်းပ





Image may contain: 7 people, people smiling, people standing
ရန်ကုန် ဇူလိုင် ၂၇




ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုး မှုဖြင့် ဖွင့်လှစ်သော ကျောင်းစာကြည့် တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လူမှု ရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေး မောင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံး ဒုတိယòန်ကြားရေးမှူးချုပ် ဒေါ်ခင် မာဆွေနှင့် မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန့် သော်ကောင်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ် ကြပြီး စာကြည့်တိုက်ကို လှည့်လည်ကြည့် ရှုကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ရှိပြီးသော ကျောင်းစာကြည့်တိုက် များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရန်၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ အပါအဝင် ကျောင်းစာကြည့်တိုက်များကို အသုံးချလျက် ကိုယ့်အားကိုယ်ကိုးပြီး အသိပညာ၊ တွေးခေါ်မှု ကောင်းလာစေရန် အတွက် ပညာရှာတတ်စေရန်၊ ကျောင်း သားလူငယ်များ အားလပ်ချိန်ကို တန်ဖိုး ရှိစွာ အကောင်းဆုံး အသုံးချတတ်စေရန်၊ ကျောင်းစာကြည့်တိုက် အသုံးချခြင်းမှ တတ်သိပညာဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် ပါဝင်မည့်ပညာ တတ်များ ပေါ်ပေါက်စေရန် စသည့်ရည် ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း တို့ပူးပေါင်း၍ ''စာဖတ်ကြစို့'' အစီအစဉ် ကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုအခြေစိုက်Room to Read အဖွဲ့၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ Max Power Co.Ltd., တို့မှ MBAPE အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၉ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းစုစု ပေါင်း၃၃ ကျောင်းတွင် စာကြည့်တိုက် များဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MBA -PF အဖွဲ့တို့ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျောင်း ၁၆ ကျောင်းဖြစ်သည့် အထက(ခွဲ) မင်္ဂလာဒုံ၊ အထက (ကျူတော)ထန်းတပင်၊ မူလွန် (၂၄)ဒဂုံ(မြောက်)၊ အထက(၃)မင်္ဂလာ တောင်ညွန့်၊ အထက(စိုက်မွေး)ဒဂုံ (တောင်ပိုင်း)၊ အထက(၂)သန်လျင်၊ အထက(ကော့မှူး)၊ အထက(၁)ခရမ်း၊ အထက(၁) သုံးခွ၊ အထက (၆)ဗိုလ်တ ထောင်၊ အထက(ထန်းမနိုင်)ကော့မှူး၊ အလက(၁)ဒဂုံ၊ အထက(၁)လသာ၊ အထက(၁) မရမ်းကုန်း၊ အထက(၁) ရန်ကင်း၊ အလကခွဲ(၁၈)သာကေတတို့ တွင် စာကြည့်တိုက် အခန်း(သို့မဟုတ်) အဆောင်အား ဥပဓိရုပ်ကောင်းမွန်စေရန် ပြင်ဆင်ပြီး စာကြည့်တိုက်များ ဖွင့်လှစ် ပေးခဲ့ကြောင်း၊ စာအုပ်အမျိုးအစားမျိုး စုံဖြည့်ဆည်းဆောင်ရွက်ခြင်း၊ စားပွဲဝိုင်း များ၊ စာအုပ်စင်များ စသည့်ပရိဘောဂ များ ဖြည့်ဆည်းပေးခြင်းနှင့် ကျောင်း များရှိ ဆရာ ဆရာမများအား စာကြည့် တိုက်ပညာသင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည့် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က စာကြည့်တိုက်များအား ပံ့ပိုးကူညီ ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး ပရဟိတအဖွဲ့ အမှု ဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော် ကောင်းက စာကြည့်တိုက်များ ပြင်ဆင် ဆောင်ရွက်ပေးခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယòန်ကြားရေးမှူးချုပ်တို့က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင် များ ပေးအပ်လှူဒါန်းကြသည့် အခြေခံ ပညာကျောင်း ၁၆ ကျောင်း၏ စာကြည့် တိုက်များအတွက် စာကြည့်တိုက်သုံး စာအုပ်စာပေများကို လက်ခံခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment