Sunday, July 28, 2019

ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ





နေပြည်တော်   ဇူလိုင်   ၂၇ 


  ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့  နေပြည်တော်၊  ပျဉ်းမနားမြို့၊  မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ကြီး၏  ပဓာနနာယက၊   နိုင်ငံတော်ဩဝါဒါစရိယ၊   အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာဂ္ထဝါစကပဏ္ဍိတ၊  သာသနဓဇသိရီပ၀ရဓမ္မာစရိယ ဘဒ္တကဝိသာရ ဆရာတော်ကြီးအမှူးပြုသော သံဃာတော်အရှင်မြတ်တို့ ကြွရောက် ကြသည်။
အခမ်းအနားတွင် မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက အ္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္စျာယ်တော် မူကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။   
အဆိုပါအခမ်းအနားသို့   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ   ဦးတီခွန်မြတ်၊   ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစု များ တက်ရောက်ခဲ့ကြသည်။                     သတင်းစဉ်

No comments:

Post a Comment