Sunday, July 28, 2019

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပူနေးမြို့ရှိ National Defence Academy (NDA) ၌ လေ့လာ





နေပြည်တော် ဇူလိုင် ၂၇



 

အိန္ဒိယသမ္မတနိုင်ငံ ဗီဇာကာပတ်တနန် မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၆ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီခွဲခန့်တွင် အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့် ပူနေးမြို့သို့ ထွက်ခွာ ခဲ့ပြီး ၎င်းမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပူနေးမြို့ရှိNational Defence Academy (NDA)သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် National Defence Academy (NDA)တွင် တက်ရောက်လျက်ရှိသည့် မြန်မာ့ တပ်မတော်မှ သင်တန်းသားဗိုလ်လောင်း များနှင့် တွေ့ဆုံ၍ သင်ကြားပေးသည့် အတတ်ပညာ၊ အသိပညာများအား စည်းကမ်းစနစ်တကျဖြင့် ကြိုးစား အားထုတ်သင်ယူရန် မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းအုပ်ကြီး Air Marshal IP Vipin နှင့် တာဝန်ရှိသူများအား တွေ့ဆုံ ၍ လေ့ကျင့်သင်ကြားနေမှုဆိုင်ရာများ နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား National Defence Academy (NDA) မှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် National Defence Academy (NDA) အတွင်း လှည့်လည်၍ သင်တန်းသား အိပ်ဆောင်များနှင့် စားရိပ်သာတို့အား ကြည့်ရှုလေ့လာကြပြီး သင်တန်းကျောင်း အရာရှိစားရိပ်သာ၌ ကျောင်းအုပ်ကြီးက တည်ခင်းဧည့်ခံခဲ့သည့် နေ့လယ်စာစားပွဲ သို့ တက်ရောက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Pimpri မြို့ရှိ TATA Motors ကုမ္ပဏီသို့ သွားရောက်ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment