Sunday, July 28, 2019

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းစည်းဝေး






Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၂၇ 




ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်း စဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ် များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဦးစီးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ တက်ရောက်ကြသည်။
ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစေရန်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် မြန်မာနိုင်ငံ အတွင်း သမိုင်းအစဉ်အဆက် မှီတင်း နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကို တစ်နေရာတည်း၌ တစ်စုတစ်စည်း တည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင် ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာ စေပြီးတိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ တည် ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
နိုင်ငံအကြီးအကဲများက တိုင်းရင်း သားကျေးရွာ ထူထောင်ခြင်း၏ မူလ ရည်ရွယ်ချက်မပပျောက်စေရန် ကလေး များ၊ အမျိုးသား အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအတွက် အပန်းဖြေ ရန် သီးသန့်နေရာများ စီစဉ်ပေးသကဲ့သို့ မသန်စွမ်းသူများ၊ အမြင်အာရုံ ချို့တဲ့သူ များအတွက်လည်း စီစဉ်ပေးရန်နှင့် အမြန် ပြီးစီးနိုင်မည့်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်၍ ပြီးစီးမှုအခြေအနေများကို ပြည်သူများသိရှိအောင် ကြေညာပေးရန် မှာကြားခဲ့ကြောင်း၊ ထို့ပြင် ဝင်ငွေပိုမို တိုးတက်ရရှိရေးထက် တိုင်းရင်းသား ကျေးရွာ၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုတိုးတက်ရေး ကို အလေးပေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် ယခု အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့် Master Plan သည် မူလရည်ရွယ်ချက် ကို အထောက်အကူပြုရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာသည် တိုင်းရင်းသားအားလုံး၏ မူလပြယုဂ် ဖြစ်သည်နှင့်အညီ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို မြန်မာတွင် သာမက တစ်က္ဘာလုံး သိရှိနိုင်အောင် ထုတ်ဖော်ပြသနိုင်မည့် နေရာတစ်ခုဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း၌ တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို ဒီထက်မက စုံလင်စွာပြသ နိုင်ပါက တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း အကျိုး ကျေးဇူးရရှိသည့်အပြင် အခြားတစ်ဖက် တွင်လည်း က္ဘာလှည့်ခရီးသွားလုပ်ငန်း အတွက် လည်ပတ်စရာ ခရီးစဉ်တစ်ခု တိုးလာမည်ဖြစ်ပါကြောင်း။
ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရန်
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး ရှိ စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ရေရှည်တည်တံ့ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းပြောကြား လိုပါကြောင်း။
က္ဘာလှည့်ခရီးသွားများ လေ့လာနိုင်
ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတွင် ယခုပြသထားသည့် တိုင်းရင်းသား မျိုးနွယ်စု ရှစ်မျိုးနှင့် ဆလုံတိုင်းရင်းသား ပြခန်းများအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများမှ တိုင်းရင်းသားများ၏ ပြခန်းများ တိုးချဲ့ ပြသနိုင်ရန် စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြတိုက်ကိုလည်း ခေတ်မီ နည်းပညာများကို အသုံးပြုပြီး ခင်းကျင်း မှုများကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ၏ ရည်ရွယ်ချက်ကို မပျောက် ပျက်စေဘဲ အများပြည်သူ လေ့လာအပန်း ဖြေရာ နေရာသာမကကမ္ဘာလှည့်ခရီး သွားများအတွက်ပါ လေ့လာနိုင်သည့် နေရာဖြစ်လာစေရန် ကြွရောက်လာ ကြသည့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် ဧည့်သည်တော်များ အားလုံးက ကောင်းမွန်သည့်အကြံဉာဏ် များ ပေးကြစေလိုပါကြောင်း ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်များမှ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌများနှင့် ဧည့်သည် တော်များက ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးနှင့် ပတ်သက်၍ ဆွေးဆွေးတင်ပြ ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြော ကြားသည်။
ကြည့်ရှုလေ့လာ
အခမ်းအနားအပြီးတွင် တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment