Wednesday, April 1, 2015

ဆန်းချက်ဇ်ကဲ့သို့ အင်္ဂလန်သို့ သွားရောက်ကစားမည်မဟုတ်ဟု နေမာဆို

'ဆန်းချက်ဇ်ကဲ့သို့ အင်္ဂလန်သို့
သွားရောက်ကစားမည်မဟုတ်ဟု နေမာဆို
=============================

လန်ဒန်၌ ကစားခဲ့သော တောင်အမေရိကအင်အားကြီး ဘရာဇီးနှင့် ချီလီတို့ပွဲတွင် ယခင်ဘာစီလိုနာ ကစားဖော်များဖြစ်ခဲ့သည့် နေမာနှင့် ဆန်းချက်ဇ်တို့ ပြိုင်ဘက်များအသွင်ပြန်လည်တွေ့ဆုံခဲ့ရာ နေမာက ဆန်းချက်ဇ်မှာ ၎င်း၏ အရေးပါသော မိတ်ဆွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း ချီလီကြယ်ပွင့်ကဲ့သို့ ဘာစီလိုနာကို ကျောခိုင်းသွားမည် မဟုတ်ဟု ဆိုခဲ့သည်။

ဆန်းချက်ဇ်နှင့် နေမာတို့သည် ဘာစီလိုနာတွင် ဘောလုံးရာသီ တစ်ရာသီခန့် အတူတကွ ဖြတ်သန်းခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဆန်းချက်ဇ်သည်  ပွဲထွက်ခွင့်တစ်နေရာအတွက် မက်ဆီ၊ နေမာတို့နှင့် ယှဉ်ပြိုင်နေရပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် မသေချာသော အနေအထားကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်သည့် အာဆင်နယ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ အမ်းမရိတ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲတွင် ဘရာဇီးက ချီလီကို တစ်ဂိုး-ဂိုးမရှိဖြင့်သာ အနိုင်ရရှိခဲ့ပြီး အသက် (၂၃)နှစ်အရွယ်ရှိ နေမာက ဆန်းချက်ဇ်သည် အာဆင်နယ်အတွက် အမှန်တကယ် တောက်ပနေသည့် ကြယ်ပွင့်တစ်ပွင့်ပင် ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

နေမာသည်လည်း ဘာစီလိုနာသို့ ရောက်ရှိလာခဲ့သည့် ပထမဘောလုံးရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန် နေခဲ့ရပြီး လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ဘာစီလိုနာသို့ ရောက်ရှိလာရာ နေမာအနေဖြင့် ဆန်းချက်ဇ် လမ်းစဉ်အတိုင်း အင်္ဂလန်ကလပ် တစ်သင်းသို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

နေမာက ''ဆန်းချက်ဇ်က ဘာစီလိုနာမှာ ကျွန်တော့်အတွက် အရေးပါတဲ့  မိတ်ဆွေကောင်းပါ။  ကွင်းတွင်း၊ ကွင်းပြင်မှာ ကျွန်တော်တို့တွေ ပျော်ရွှင်စရာအချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ဖူးပါတယ်။ အာဆင်နယ်မှာ သူခြေစွမ်းပြကစားနိုင်တာ တွေ့ရတော့  ကျွန်တော်သူ့အတွက် တကယ့်ကို ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အင်္ဂလန်မှာ လာရောက်ကစားမှာလားလို့ မေးခဲ့ရင်တော့ ဘာကာမှာ ပျော်ရွှင်နေသလို ဒီအသင်းအတွက်ပဲ အချိန်အကြာကြီး ကစားပေးချင်မိပါတယ်''ဟု ပြောကြားခဲ့သည်။

နေမာသည်  ယခုနှစ်ဘောလုံး ရာသီတွင်  ဘာစီလိုနာ၌ ပုံစံကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ မပြီးဆုံးမီမှာပင်  သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူပေးထားသည်။  (မေလဲ့သင်း)'

လန်ဒန်၌ ကစားခဲ့သော တောင်အမေရိကအင်အားကြီး ဘရာဇီးနှင့် ချီလီတို့ပွဲတွင် ယခင်ဘာစီလိုနာ ကစားဖော်များဖြစ်ခဲ့သည့် နေမာနှင့် ဆန်းချက်ဇ်တို့ ပြိုင်ဘက်များအသွင်ပြန်လည်တွေ့ဆုံခဲ့ရာ နေမာက ဆန်းချက်ဇ်မှာ ၎င်း၏ အရေးပါသော မိတ်ဆွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း ချီလီကြယ်ပွင့်ကဲ့သို့ ဘာစီလိုနာကို ကျောခိုင်းသွားမည် မဟုတ်ဟု ဆိုခဲ့သည်။

ဆန်းချက်ဇ်နှင့် နေမာတို့သည် ဘာစီလိုနာတွင် ဘောလုံးရာသီ တစ်ရာသီခန့် အတူတကွ ဖြတ်သန်းခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဆန်းချက်ဇ်သည် ပွဲထွက်ခွင့်တစ်နေရာအတွက် မက်ဆီ၊ နေမာတို့နှင့် ယှဉ်ပြိုင်နေရပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် မသေချာသော အနေအထားကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်သည့် အာဆင်နယ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ အမ်းမရိတ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲတွင် ဘရာဇီးက ချီလီကို တစ်ဂိုး-ဂိုးမရှိဖြင့်သာ အနိုင်ရရှိခဲ့ပြီး အသက် (၂၃)နှစ်အရွယ်ရှိ နေမာက ဆန်းချက်ဇ်သည် အာဆင်နယ်အတွက် အမှန်တကယ် တောက်ပနေသည့် ကြယ်ပွင့်တစ်ပွင့်ပင် ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

နေမာသည်လည်း ဘာစီလိုနာသို့ ရောက်ရှိလာခဲ့သည့် ပထမဘောလုံးရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန် နေခဲ့ရပြီး လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ဘာစီလိုနာသို့ ရောက်ရှိလာရာ နေမာအနေဖြင့် ဆန်းချက်ဇ် လမ်းစဉ်အတိုင်း အင်္ဂလန်ကလပ် တစ်သင်းသို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

နေမာက ''ဆန်းချက်ဇ်က ဘာစီလိုနာမှာ ကျွန်တော့်အတွက် အရေးပါတဲ့ မိတ်ဆွေကောင်းပါ။ ကွင်းတွင်း၊ ကွင်းပြင်မှာ ကျွန်တော်တို့တွေ ပျော်ရွှင်စရာအချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ဖူးပါတယ်။ အာဆင်နယ်မှာ သူခြေစွမ်းပြကစားနိုင်တာ တွေ့ရတော့ ကျွန်တော်သူ့အတွက် တကယ့်ကို ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အင်္ဂလန်မှာ လာရောက်ကစားမှာလားလို့ မေးခဲ့ရင်တော့ ဘာကာမှာ ပျော်ရွှင်နေသလို ဒီအသင်းအတွက်ပဲ အချိန်အကြာကြီး ကစားပေးချင်မိပါတယ်''ဟု ပြောကြားခဲ့သည်။

နေမာသည် ယခုနှစ်ဘောလုံး ရာသီတွင် ဘာစီလိုနာ၌ ပုံစံကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ မပြီးဆုံးမီမှာပင် သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူပေးထားသည်။ (မေလဲ့သင်း)

ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တင်မကပါဘူး၊ အလင်းတန်းတွေ ပေါ်လာပြီဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါပြီ

The Mirror Daily's photo.

နိုင်ငံတော်သမ္မတ 

ရန်ကုန် မတ် ၃၁

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်အား ယနေ့နံနက်ပိုင်းတွင် လက်မှတ်ရေးထိုး နိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို အကောင်အထည်ဖော်မည့် ခြေလှမ်းသစ်ဖြစ်သည့် ယနေ့အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့မှုများကို မြန်မာ့သတင်းစဉ်မှ စုစည်းဖော်ပြလိုက်ပါသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်

ဒီနေ့ကတော့ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါ။ ငြိမ်းချမ်း ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တင် မကပါဘူး၊ အလင်းတန်းတွေပေါ်လာပြီဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါပြီ။ မကြာခင် ငြိမ်းချမ်းရေးရဖို့လည်း အားလုံး ဝိုင်းပြီး ဆုတောင်းပေးကြပါ။

ဦးရဲထွဋ်
ပြည်ထောင်စုဝန်ကြီး

ဒီနေ့ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းတွင်တဲ့ အဖြစ်အပျက်နှစ်ခုရှိတဲ့နေ့လို့ ပြောလို့ရပါပြီ။ နိုင်ငံတော် သမ္မတကြီးက ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်က နိုင်ငံတော် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ပြော ခဲ့တဲ့မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို စတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောခဲ့ပြီး လေးနှစ် မြောက်တဲ့ ဒီနေ့မှာ ငြိမ်းချမ်းရေးတံခါးကို ပွင့်စေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒါကြောင့်မို့ ဒီနေ့က သမိုင်းဝင်တဲ့ ဖြစ်ရပ်နှစ်ခုရှိတဲ့နေ့လို့ ပြောချင်ပါ တယ်။ ဒါ့အပြင် ကမ္ဘာ့သမိုင်းမှာ စစ်ပွဲကို အောင်နိုင်တဲ့ သမ္မတတွေ၊ ဗိုလ်ချုပ်တွေ အများကြီးရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေက လက်ချိုးရေလို့ရပါတယ်။
ဒီနေ့မှာ တော့ နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ ရှားရှားပါးပါး နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်များအဖြစ် သမိုင်းဝင်သွားပြီလို့ ပြောလို့ရပါတယ်။
ဒီစာချုပ်မူကြမ်းကို မကြာခင်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက စဉ်းစားပြီး လက်ခံသဘောတူရင် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ရမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာလည်း အားလုံးက စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ရမှာပေါ၊့ ဒီလို ဆောင်ရွက်နိုင်ပြီဆိုရင်တော့ ပြည်သူအားလုံးမျှော်လင့်တဲ့ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးကို အပြည့်အဝကျင့်သုံးနိုင်တဲ့ ပြည်ထောင်စု စနစ်ကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မြန်မာ့သမိုင်းမှာ ပဋိပက္ခတွေ စပြီးဖြစ်ကတည်းက ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် အစိုးရအဆက်ဆက်က ကိုယ့် နည်းကိုယ့်ဟန်နဲ့ ကြိုးစားခဲ့ကြတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ တာဝန်ယူပြီး ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကတော့ အရင်တုန်းက ဆောင်ရွက် ခဲ့ပုံနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းလည်းကွာခြားတယ်။ နောက် တစ်ခါ ပါဝင်တဲ့အရေအတွက်လည်း အရမ်းများတယ်။ အမျိုးမျိုးသောအဖွဲ့အစည်းတွေက စုစည်းပြီး ဒီလိုမျိုး သဘောတူနိုင်တဲ့အတွက် ဒီမှာပါဝင်ခဲ့တဲ့ အောက်ခြေက အထောက်အကူပြု ဝန်ထမ်းကနေစပြီး အဆုံးအဖြတ်ပေးတဲ့ ခေါင်းဆောင်တွေအားလုံးဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သူရဲကောင်းတွေပါလို့ ကျွန်တော်ပြောချင်ပါတယ်။

ဦးခင်ရီ
ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်း ကော်မတီမှာ အဖွဲ့ဝင်တစ်ဦးပါ။ အခုလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအစည်းအဝေးတွေ စခဲ့ကတည်းက ပါဝင်ခဲ့ပြီး အခုလို သဘောတူစာချုပ်မူကြမ်းရတဲ့အထိ တော်တော်လေးကြိုးစားခဲ့ရပါတယ်။ ပါဝင်တဲ့ အဖွဲ့အစည်း တွေရဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်၊ အထက်အကြီးအကဲ တွေရဲ့ ငြိမ်းချမ်းရေးအတွက် ချမှတ်ပေးတဲ့ မူဝါဒလမ်းစဉ် အပေါ်မှာ ကြိုးစားပမ်းစား လေးနှစ်နီးပါး ဆောင်ရွက်ခဲ့ပါ တယ်။ ဒီနေ့မှာ မူကြမ်းကြီးကို သဘောတူညီမှုရရှိတာ အလွန်ဝမ်းသာစရာ ကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတော့မယ်။ ဒါပြီးရင် လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အလွန်ဝမ်းသာစရာ ကောင်းပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးက ဆက်စပ်နေတယ်။ ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့မရဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငြိမ်းချမ်းရေးက အဓိက ကျတယ်။ ငြိမ်းချမ်းရေးမှာ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးက ပထမဆုံးအဆင့်ပဲ။ ဒီအဆင့်ကို လှမ်းနိုင်ပြီ ဖြစ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစလို့ ပြောချင် ပါတယ်။
ဒုတိယအဆင့် သဘောတူညီချက်ဖြစ်တဲ့ NCA တစ်ခုလုံးပေါ်ထွက်လာဖို့အတွက် UPWC နှင့်NCCT တို့ရဲ့Final Draft ကို ဒီနေ့ အတည်ပြုခဲ့ပြီးပါပြီ။ ဒါကို ခေါင်းဆောင်တွေကို ကျွန်တော်တို့ တင်ပြပြီးရင် သတ်မှတ် ရက်တွေအတိုင်းNCA စာချုပ်ကြီးကို လက်မှတ်ထိုးမှာပါ။ NCA လက်မှတ်ထိုးပြီး ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

ဦးစောကွယ်ထူးဝင်း
ကရင်အမျိုးသားအစည်းအရုံး

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ဒီနေ့မှာ လက်မှတ်ရေးထိုးတာဖြစ်ပါတယ်။ ဒီစာချုပ်ရရှိဖို့က တစ်နှစ်ကျော်မှာ ကြိုးစားလာခဲ့တဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရတဲ့ ရလဒ်ပဲဖြစ်တယ်။ တစ်ပြည်လုံးငြိမ်းချမ်းရေးရရှိဖို့အတွက် ပထမခြေလှမ်းလည်း ဖြစ်တယ်။ ပြည်သူပြည်သားတစ်ရပ်လုံး ရယူလိုတဲ့ ငြိမ်းချမ်း ရေးအတွက် ဆက်လက်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ရှေ့အလားအလာကောင်းတဲ့ ပြုပြင် ပြောင်းလဲရေးတွေ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ ယူဆ ပါတယ်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (အဖွဲ့ဝင်)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)

ကျွန်တော်တို့ ဒီအစည်းအဝေး ဆွေးနွေးလာတာ တော်တော်လေးကြာပြီ။ တရားဝင် ခုနစ်ကြိမ်။ အဲဒီထဲမှာ ကျွန်တော်တို့ သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေ အများ ကြီးရှိပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေကလည်း ရှေ့ဆက် လုပ်ငန်းစဉ်တွေ အကောင်ထည်ဖော်တဲ့နေရာမှာ တရားဝင် သုံးဖို့၊ ကိုးကားဖို့ဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ နှစ်ပေါင်း ၆ဝ ကျော်ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကိုရပ်စဲဖို့အတွက် အပေါ်ယံနဲ့ လုပ်လို့ မရပါဘူး။ ပြည်တွင်းစစ်ရဲ့ တကယ့်ပြဿနာကို စတင် ဖြစ်ပွားစေတဲ့အကြောင်းအရင်းတွေကို ဘယ်လိုကိုင်တွယ် ရမလဲ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးရပါတယ်။ အဲဒါကြောင့် အခုကျွန်တော်တို့ သဘောတူနိုင်တဲ့ စာချုပ်မူကြမ်းဟာ သာမန်သဘောတူ စာချုပ်မူကြမ်းမဟုတ်ဘဲ ကျွန်တော်တို့ ပြည်ထောင်စုကြီးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြန်လည်ထူထောင်မလဲ ဆိုတဲ့အပိုင်း ပါတယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုဆွေးနွေးကြမလဲ၊ ဘာအကြောင်းအရာတွေ ဆွေးနွေးကြမလဲဆိုတာပါတယ်။ ဆွေးနွေးပွဲကာလမှာ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်မလဲ။ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ ရပ်တည်ရေးက ဘယ်ပုံစံ ဖြစ်မလဲဆိုတာကို ဘက်ပေါင်းစုံက ဆွေးနွေးရပါတယ်။ အဓိကအရေးကြီးဆုံးက အပစ်အခတ်ရပ်စဲရေးကာလမှာ နှစ်ဖက်တပ်က လိုက်နာရမယ့် အဆင့်တွေ၊ စစ်သည်တော် တွေရဲ့ ကျင့်ဝတ်၊ ပြဿနာမဖြစ်အောင် နှစ်ဖက်လုံးက
ကြိုးစားပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ တစ်ခုခုဖြစ်ရင် နှစ်ဖက်စလုံးက ချက်ချင်းပူးပေါင်းပြီးစောင့်ကြည့်ဖို့လိုတယ်။ ချက်ချင်းဖြေရှင်းဖို့လိုတယ်။ အဲဒီအတွက် ပူးတွဲစောင့်ကြည့် ရေးကော်မတီကိုဘယ်လိုဖွဲ့စည်းရမလဲ အဲဒါတွေကအစ ကျွန်တော်တို့ အသေးစိတ်သဘောတူထားပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ အခုသဘောတူထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ဟာ ဒီတိုင်းပြည်ရဲ့ ပြဿနာတစ်ခုလုံးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမယ်ဆိုတာ အသေးစိတ်ပါတဲ့အတွက် အင်မတန်မှ ပြည့်စုံတဲ့ သဘောတူစာချုပ်ဖြစ်တယ်လို့ ပြောချင်တယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ငြိမ်းချမ်းရေးကို အလေးအနက်ထားပြီးဆောင်ရွက်တယ်ဆိုတာကို ကျွန်တော်တို့ အနေနဲ့ သတိထားမိပါတယ်။ ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ ၂ဝ၁၁ သြဂုတ်လမှာ သမ္မတ ဦးသိန်းစိန်က အပစ်အခတ် ရပ်စဲရေးလုပ်မယ် ဖိတ်ခေါ်တော့ ကျွန်တော်တို့ရေးတဲ့ စာတွေကို သတိထားမိကြမှာပါ။

အစိုးရကတကယ်လုပ်ပါ့ မလားလို့ အများကြီးသံသယတွေရှိခဲ့တယ်။ အခုလုပ်ရင်းနဲ့ သမ္မတကြီးကိုယ်တိုင် ပါဝင်ပတ်သက်တာကို တွေ့ရတော့ အစိုးရဘက်က ဒီအစိုးရအနေနဲ့ တကယ်ငြိမ်းချမ်းရေး လိုလားပြီး ဆောင်ရွက်ချင်တယ်ဆိုတာသက်သေသဘောနဲ့ မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးကို ပြောချင်တာက အခုသဘော တူစာချုပ်ကပထမအဆင့်ပဲရှိသေးတယ်။ ရှေ့ဆက်သွားရ မယ့် ကဏ္ဍအသီးသီးမှာလူထုရဲ့ အားပေးမှုကို ကျွန်တော်တို့ လိုလားပါတယ်။ ဒီတိုင်းပြည် ငြိမ်းချမ်းဖို့ကို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရ သက်သက်ပဲလုပ်လို့မရပါဘူး။ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပတ်သက်မှ ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ပါတယ်။ လူထုရဲ့အားပေးမှုကို မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တွေ ထိပ်သီးညီလာခံခေါ်နိုင်ဖို့ အမြန်ဆုံး၊ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ အမြန်ဆုံးလုပ်ဖို့ ပြင်ဆင်ပါမယ်။ ဒီနေ့ ပြီးရင် မနက်ဖြန်နားပြီး လာမယ့်နှစ်ရက်အတွင်းမှာNCCT အစည်းအဝေးလုပ်ပါမယ်။ ဒီအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေ ထိပ်သီး အစည်းအဝေး ဘယ်တော့ခေါ်မယ်ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံးခေါ်ချင်တယ်။ အမြန်ဆုံး ဆွေးနွေးချင်တယ်။

ဦးနိုင်ဟံသာ (အဖွဲ့ခေါင်းဆောင်)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ (NCCT)

ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ နှစ်ပေါင်း ၇ဝ နီးပါး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခဟာ နိုင်ငံရေး ပြဿနာပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့အတွက် လက်နက်ကိုင်ပဋိပက္ခကို ဦးစွာရပ်စဲဖို့လိုပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် တွေ့ဆုံ ဆွေးနွေးပွဲဟာ အောင်မြင်ဖို့မလွယ်ဘူး။ ဒါကြောင့် တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့
အပစ်ရပ်ဖို့ အစိုးရကိုယ်စားလှယ် UPWC နဲ့ တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စား လှယ် ကျွန်တော်တို့နဲ့ NCCT တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆွေးနွေးလာကြတာ အချိန်ကာလ အားဖြင့် တစ်နှစ်နဲ့ ငါးလ၊ အကြိမ်ပေါင်းအားဖြင့် တရားဝင် ခုနစ်ကြိမ်နဲ့ အလွတ်သဘော အကြိမ် ၂ဝ ကျော် ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒီလို အချိန်ကာလ ကြာမြင့်စွာနဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့အခါမှNCCT နဲ့ UPWC အကြား အကြိုအဆင့်သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ NCCT ကို ၂ဝ၁၃ လိုင်ဇာမှာ တိုင်းရင်းသားလက်နက်ကိုင်ညီလာခံက ဖွဲ့စည်း တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့မှ တစ်ဖွဲ့ကို ကိုယ်စားလှယ် တစ်ဦးကျနဲ့ ဖွဲ့စည်းထားတဲ့NCCT ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ အလုပ်အဖွဲ့သာ ဖြစ်ပါတယ်။NCCT ဟာ တိုင်းရင်းသားလက်နက်ကိုင် ညီလာခံက ချမှတ်ထားတဲ့ အခြေခံမူတွေအပေါ်မှာ ရပ်တည်ပြီး ညှိနှိုင်း ဆွေးနွေးနေတာဖြစ်ပါတယ်။ အခု NCCT အနေနဲ့ ညှိနှိုင်း ရရှိထားတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ဟာ ပဏာမအဆင့် သဘော တူညီချက်ပဲဖြစ်ပါတယ်။NCCT က ကိုယ်စားလှယ်အဖွဲ့သာ ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲခြင်း အခြေခံလုပ်ပိုင် ခွင့် မူဘောင်အောက်မှာ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒီရရှိထားတဲ့ သဘောတူညီချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးမှာ တင်ပြပြီးတော့ အဲဒီ အစည်းအဝေးကနေ သဘောတူလက်ခံမှ အပြီးသတ် အတည်ဖြစ်မှာဖြစ်ပါတယ်။ အဲဒီ ထိပ်သီးအစည်းအဝေးကြီး ကနေ ပြင်ဆင်ဖြည့်စွက်စရာ အနည်းငယ်ရှိပါလိမ့်မယ်။ အဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်များ သဘောတူ လက်ခံလာအောင် ကျွန်တော်တို့ NCCT အဖွဲ့ဝင်များက ကြိုးစားပြီးတော့ ရှင်းလင်းတင်ပြရပါဦး မယ်။

ဒေါက်တာကျော်ရင်လှိုင်
ငြိမ်းချမ်းရေးဆွေးနွေးပွဲအစီအစဉ် (ဒါရိုက်တာ)
မြန်မာနိုင်ငံငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA) နဲ့ ပတ် သက်ရင် လွန်ခဲ့တဲ့ ၁၈ လလောက်မှာ ရာပေါင်းများစွာသော အစည်းအဝေးတွေနဲ့ အပင်ပန်းခံပြီး နှစ်ဦးနှစ်ဖက်က ကြိုးစားခဲ့တော့ ဒီနေ့ကတော့ အဲဒီကြိုးစားမှုတွေရဲ့ အသီး အပွင့်အဖြစ်နဲ့ ကျွန်တော်တို့ကတော့ အရမ်းဝမ်းသာပါ တယ်။ ဖော်မပြနိုင်လောက်အောင်ပါပဲ။ တိုင်းပြည်အတွက် လည်း အလွန်ပဲကောင်းသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အခက်အခဲတွေ ကျော်ဖြတ်ရတယ်ဆိုတာက တစ်ခါ တစ်ခါကျရင် တစ်ဖက်နဲ့ တစ်ဖက်ကIssue တွေ အပေါ် မှာ နားလည်မှုပုံစံချင်းမတူညီတဲ့ အပိုင်းလေးတွေ ရှိပါ တယ်။ အဲဒီအပိုင်းလေးတွေနဲ့ ပတ်သက်ပြီးတော့ အပြန် အလှန်ဆွေးနွေးပြီးတော့Common and distended ပေါ့။ တူညီတဲ့ နားလည်မှုရအောင် လုပ်ရတဲ့အပိုင်း။ အဲဒီအပိုင်းတွေက အစပိုင်းမှာတော့ ခက်ခဲပါတယ်။ နောက်ပိုင်း တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှုတွေရှိလာတဲ့ အခါကျတော့ နှစ်ဖက်က ဟိုဘက် ဒီဘက်ပုံစံမျိုး မဟုတ် ဘဲနဲ့ နှစ်ဦးနှစ်ဖက် အားလုံးလက်ခံနိုင်တဲ့ သဘောတူညီ ချက်ကြီးကို စပြီးတော့ ကြိုးစားတဲ့အခါမှာတော့ အခက် အခဲတွေ ရှိသော်ငြားလည်း အားလုံးကို ကျော်လွှားသွား နိုင်ပါတယ်။ မဖြစ်မနေ ကြီးမားတဲ့အခက်အခဲဆိုတာကို ကျွန်တော့်အနေနဲ့တော့ မတွေ့ခဲ့ပါဘူး။ ကျော်လွှားနိုင်လို့ ဒါတွေမရှိခဲ့လို့လည်း ကျွန်တော်တို့ ဒီနေ့ တကယ့်သဘော တူညီချက်ကြီးကို ရခဲ့တာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် အချိန်အတိအကျကိုတော့ ပြောဖို့ခက်ပါတယ်။ သို့သော် လည်း ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်နေ့ကထက်စာရင် အဲဒီလက်မှတ်ရေးထိုးဖို့က တအားနီးသွားပြီ။ ဒီတော့ လာမယ့် တစ်လအတွင်းမှာ ဒါတွေ ဖြစ်တန်ကောင်းတယ် လို့တော့ မျှော်လင့်ပါတယ်။ သူတို့အနေနဲ့ကလည်း ဒါက အစိုးရတစ်ဖွဲ့တည်းကိုး။ တိုင်းရင်းသားတွေဘက်မှာက အဖွဲ့ပေါင်း မြောက်မြားစွာရှိတယ်ဆိုတော့ ဒီအဖွဲ့တွေ စုစည်းပြီးတော့ ဒီကိစ္စကို ပြန်ပြီးတော့ ပြောကြ၊ ဆိုကြမယ် ဆိုတော့ အချက်တစ်ချက်အနေနဲ့ လုပ်ကြရတာ ဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ မဝေးတော့တဲ့ ကာလတစ်ခုမှာ သဘောတူညီချက်ကြီးကို အောင်အောင် မြင်မြင်နဲ့ လက်မှတ်ရေးထိုးသွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီနေ့ သဘောတူညီချက်လက်မှတ်ရေးထိုးတာဟာ အများကြီး အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ လက်မှတ်ရေးထိုးပွဲ ပြီးသွားလို့ရှိရင် ကျွန်တော်တို့က အပြန်အလှန်စောင့်ကြည့်တဲ့အဖွဲ့တွေ အားလုံးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဆိုတော့ ဒါတွေ ဆောင်ရွက်တာနဲ့အမျှ ပြည်နယ်တွေမှာ ပိုပြီး ငြိမ်းချမ်း လာမယ်။ ငြိမ်းချမ်းလာတာနဲ့အမျှ အခြားအဖွဲ့တွေမှာ လည်း ဒီရဲ့အကျိုးသက်ရောက်မှုတွေ အများကြီးရလာမှာ ဖြစ်ပါတယ်။

နီပေါတောင်ပိုင်းရှိ မြို့တစ်မြို့၌ ကြံ့ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

'နီပေါတောင်ပိုင်းရှိ မြို့တစ်မြို့၌ ကြံ့ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
=================================

ဟီတော်ဒါ    မတ်   ၃၁

နီပေါနိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့၌  မတ် ၃ဝ ရက်  နံနက်ပိုင်းက ကြံ့ရိုင်းတစ်ကောင်၏ တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ကြံ့ရိုင်း၏ တိုက်ခိုက်မှုကြောင့် မြို့တွင်း၌ ကသောင်းကနင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမှ မိုင် ၅ဝ ခန့်အကွာ ဟီတော်ဒါမြို့သို့ ကြံ့ရိုင်းတစ်ကောင် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းကြံ့ရိုင်းသည် မြို့တွင်းရှိ ဆေးရုံ၊ ဘတ်စ်ကားဂိတ်နှင့် ဈေး တစ်ဈေးအတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်လာခဲ့ရာ လူအများမှာ ထိတ်ထိတ်ပျာပျာ ဖြစ်ခဲ့ရကြောင်း၊ ယင်းကြံ့ရိုင်းသည် မော်တော် ဆိုင်ကယ်များ နောက်မှလည်း ပြေးလိုက်ရန်ပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြည်သူများက ၎င်းတို့၏ လက်ကိုင်ဖုန်းနှင့် ဗီဒီယိုကင်မရာတို့ဖြင့် မြို့တွင်းသို့  ကြံ့ရိုင်းဝင်ရောက်မှုများကို မှတ်တမ်းတင်ခဲ့ကြကာ အင်တာနက် လူမှုကွန်ရက်များတွင်  ဖော်ပြခဲ့ကြကြောင်း သိရသည်။

ပီတီအိုင်။'

ပီတီအိုင်။

ထိုင်းဝန်ကြီးချုပ် စစ်အုပ်ချုပ်ရေးဥပဒေရုပ်သိမ်းရန်စီစဉ်

'ထိုင်းဝန်ကြီးချုပ် စစ်အုပ်ချုပ်ရေးဥပဒေရုပ်သိမ်းရန်စီစဉ်
=================================

ဗန်ကောက်   မတ်   ၃၁

ထိုင်းနိုင်ငံဝန်ကြီးချုပ်က  မိမိအနေဖြင့် စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းရန် ထိုင်းဘုရင်မင်းမြတ်ထံ တောင်းဆိုခဲ့သည်ဟု ထုတ်ဖော်ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက စစ်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းရန် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျထံ ခွင့်ပြုချက် တောင်းခံထားခဲ့ပြီး ရုပ်သိမ်းမည်၊ မရုပ်သိမ်းမည်ကို ဘုရင်က ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မတ် ၃၁ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။ 
 
စစ်အုပ်ချုပ်ရေးဥပဒေ၏ အာဏာသည်ကျယ်ပြန့်ပြီး လွတ်လပ်စွာပြောရေး ဆိုခွင့်ကို ပိတ်ပင်တားမြစ်ခြင်း၊ နိုင်ငံရေးသမားများကို ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် လူငါးယောက်ထက်ပိုမိုစုဝေးခွင့်ကို တားမြစ်ကန့်သတ်ထားခြင်းများပါဝင်သည်။ 

ဝန်ကြီးချုပ်က စစ်အုပ်ချုပ်ဥပဒေရုပ်သိမ်းသည့်  ကြေညာချက်ကို မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အချက်(၄၄)ချက်ပါဝင်သော ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းပေးသွားမည်ဟု ဆိုသည်။ 

လွန်ခဲ့သည့်နှစ် မေလတွင် ပြဿနာပတ်လည်ဝိုင်းနေသော ယင်လပ်ရှင်နာ ဝပ်ထရာအစိုးရကို ထိုင်းတပ်မတော်က အာဏာသိမ်းဖယ်ရှားခဲ့ပြီး စစ်အုပ်ချုပ် ရေးဥပဒေဖြင့် အုပ်ချုပ်ခဲ့သည်။ အဆိုပါ စစ်ဘက်က အာဏာသိမ်းမှုသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၈ဝ အတွင်း (၁၂) ကြိမ်မြောက်ဖြစ်သည်။

ဗွီအိုအေ။'

ဗွီအိုအေ။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ရောက်ရှိ

'နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ရောက်ရှိ
=========================================

ချုံကျင်း    မတ်   ၃၁

ကမ္ဘာ့အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-2 သည် တရုတ်နိုင်ငံ  အနောက်တောင်ပိုင်းရှိ ချုံကျင်းမြို့သို့ မတ် ၃၁ ရက် နံနက်ပိုင်းတွင်ရောက်ရှိခဲ့သည်။ 

အဆိုပါလေယာဉ်သည်   မြန်မာနိုင်ငံ မန္တလေးမြို့မှ မတ် ၃ဝ ရက် နံနက်ပိုင်းတွင် ထွက်ခွာပျံသန်းသွားခဲ့ပြီး  ချုံကျင်းမြို့ ကျန်ပေနိုင်ငံတကာလေဆိပ် သို့ မတ် ၃၁ ရက် နံနက် ၁ နာရီ ၃၅ မိနစ်တွင်ရောက်ရှိသည်။ မန္တလေးမြို့မှ ချုံကျင်းမြို့သို့ စုစုပေါင်း ပျံသန်းချိန် ၁၉ နာရီ ကြာမြင့်ခဲ့သည်။ 

နေရောင်ခြည်စွမ်းအင်ဖြင့်  ကမ္ဘာပတ်မည့်အဆိုပါလေယာဉ်သည် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှ မတ် ၉ ရက်တွင် စတင်ပျံသန်းခဲ့ပြီး ချုံကျင်းမြို့သည် လေယာဉ်၏ ကမ္ဘာပတ်ခရီးစဉ်တွင် ပဉ္စမမြောက် ရပ်နားသည့်မြို့ဖြစ်သည်။ 

ယင်းလေယာဉ်သည် ချုံကျင်းမြို့မှတစ်ဆင့်  တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ ဆက်လက်ပျံသန်းမည်ဖြစ်သည်။

ဆင်ဟွာ။'

ဆင်ဟွာ။

မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦး မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကြား မယ်ဆိုင်ချောင်းဘေးတွင် သေဆုံးလျက်တွေ့ရှိ

'မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦး မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကြား မယ်ဆိုင်ချောင်းဘေးတွင် သေဆုံးလျက်တွေ့ရှိ

တာချီလိတ် မတ် ၃ဝ

 မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦးအား မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကြား မယ်ဆိုင်ချောင်း(ထိုင်းဘက်)ရေချောင်းဘေးတွင် လည်ပင်း၌ နိုင်လွန်ကြိုးဖြင့် ချည်လျက်စောင်ပတ်ပြီး ဆာလာအိတ်ခွံအစိမ်းကြားဖြင့် ထုပ်လျက် အလောင်းတစ်လောင်း လာရောက်ပစ်ထားခဲ့သော ဖြစ်စဉ် မတ် ၃ဝ ရက် ညနေ ၆ နာရီ ၂ဝ မိနစ်အချိန်က ဖြစ်ပွား ခဲ့သည်။

 ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အမှတ်(၂/၁၈၇)တွင် ဦးစိုင်းတစ်သည် မတ် ၂၇ ရက် ညနေ ၅ နာရီအချိန်က အိမ်နီးချင်းမိတ် ဆွေများနှင့် စကား ပြောနေစဉ် သမီးဖြစ်သူ မနန်းဖွေးဟွမ်မှာ ¤င်းတို့စကားပြောနေသည့် နေရာအနီးသို့ ရောက်ရှိလာပြီး နေအိမ်ဘက်သို့ ပြန်သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် မတ် ၂၈ ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ တာချီလိတ်မြို့မရဲစခန်းက လူ ပျောက်အမှတ်စဉ် (၂/၂ဝ၁၅)ရေးဖွင့်ခဲ့ပြီး စုံစမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ထိုသို့စုံစမ်းမှုများ ပြုလုပ်နေစဉ် မတ် ၃ဝရက် ညနေ ၆ နာရီ ၂ဝ မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ဆန်ဆန်း(က)ရပ်ကွက်၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကြား မယ်ဆိုင်ချောင်း(ထိုင်းဘက်)ရေချောင်းဘေးတွင် လည်ပင်း၌ နိုင်လွန်ကြိုးဖြင့် ချည်ထားလျက်စောင်ပတ်ပြီး ဆာလာအိတ်ခွံအစိမ်းကြားဖြင့်ထုပ်လျက် သေဆုံးနေသော လူသေအ လောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်သန်းနှင့် အဖွဲ့မှ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ရာ စုံစမ်းဆောင်ရွက် လျက်ရှိသော မနန်းဖွေးဟွမ်(ခြောက်နှစ် ခုနှစ်လ)၊ (ဘ)ဦးစိုင်းတစ်၊ သူငယ်တန်းကျောင်းသူဖြစ်ကြောင်း ပျောက်ဆုံးသူ မနန်းဖွေးဟွမ်၏ ဖခင်ဖြစ်သူမှ မြန်မာဘက်သို့ သယ် ဆောင်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း မယ်ဆိုင်ရဲတပ်ဖွဲ့မှ ရဲမှူး ကျကဖုံးစီဇဝပ်က အလောင်းမှာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ရေချောင်းဘက်ခြမ်းတွင် တွေ့ရှိခဲ့သဖြင့် ရေဆေးစာဖြင့် မယ်ဆိုင်ဆေးရုံသို့ သယ်ဆောင်သွားပြီး စုံစမ်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 ၁၁၁'

၁၁၁

Tuesday, March 31, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီးဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့ လာအိုနိုင်ငံသို့ရောက်ရှိ

ဗီယင်ကျန်း မတ် ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဗီယင်ကျန်းမြို့ ဝပ်ထေးအပြည် ပြည်ဆိုင်ရာလေဆိပ်၌ သမ္မတရုံးဝန်ကြီး မစ္စတာ ဖုန်ဆာ ဗတ်ဘိုဖာနှင့် ဇနီး၊ ဗီယင်ကျန်းမြို့ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး မစ္စတာ လိုင်းရင်း ဆိုင်ညဇန်၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးကြီး တင်ထွန်းအောင်၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သော အဖွဲ့သည် လာအိုနိုင်ငံ သမ္မတနန်းတော်သို့ရောက်ရှိရာ လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်က ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် လာအိုနိုင်ငံသမ္မတ ကျူမာလီဆိုင်ညဆွန်အား ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဦးမော်သာ ထွေး၊ ဒေါ်စန္ဒာခင်၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး လာအိုနိုင်ငံမှ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး၊ လာအိုသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လာ စေရေး၊ နှစ်နိုင်ငံအစီအစဉ်များအပြင် အာဆီယံ၊ ဂျီအမ် အက်စ်၊ အက်ခ်မက်စ်၊ စီအယ်လ်အမ်ဗွီနှင့် အယ်လ်အမ်အိုင်တို့ ကဲ့သို့သော ဒေသတွင်း အစီအစဉ်များတွင်ပါ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုများ တိုးတက်စေရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက် စေရေးအတွက် အလားအလာရှိမည့် နယ်ပယ်များကို ချဲ့ထွင်ဖော်ထုတ် သွားရေးနှင့် စိုက်ပျိုးရေး၊ ခရီးသွား လာရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား ကဏ္ဍများတွင် နှစ်နိုင်ငံအကြား အပြန် အလှန် လေ့လာရေးခရီးသွား ရောက်ခြင်း၊ သတင်းအချက် အလက်နှင့် နည်းပညာဖလှယ်ခြင်း တို့ဖြင့် လက်တွဲပူးပေါင်းဆောင် ရွက်ရေးတို့နှင့် ပတ်သက်ပြီး ချစ် ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
အလားတူ ဒုတိယသမ္မတသည် လာအိုနိုင်ငံ ဒုတိယသမ္မတနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ပွင့်လင်း စွာဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ သို့ မြန်မာချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ နိုင်ငံခြားရေး၊ စွမ်းအင်၊ ဆောက် လုပ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွား လာရေးနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်နှင့် လာအိုနိုင်ငံအစိုးရအဖွဲ့ရုံး၌ တွေ့ ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်တိုးမြှင့်သွားရေး၊ နှစ် နိုင်ငံနယ်စပ်တစ်လျှောက် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ ဇနီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လာအိုသမ္မတနန်းတော် မှ တစ်ဆင့် Ammalin လာအိုပိုး ထည် လက်မှုပြခန်းနှင့် SONG MUE NANG လက်မှုပြခန်းတို့ အား သွားရောက်လေ့လာ ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီးဦးဆောင်သောအဖွဲ့သည်လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စ တာ ဘွန်ညံ ဗိုရာချစ်မှ တည်ခင်းဧည့် ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက် ရောက်ခဲ့ကြသည်။ (သတင်းစဉ်)