Tuesday, March 31, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီးဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့ လာအိုနိုင်ငံသို့ရောက်ရှိ

 
 
 
 
ဗီယင်ကျန်း မတ် ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဗီယင်ကျန်းမြို့ ဝပ်ထေးအပြည် ပြည်ဆိုင်ရာလေဆိပ်၌ သမ္မတရုံးဝန်ကြီး မစ္စတာ ဖုန်ဆာ ဗတ်ဘိုဖာနှင့် ဇနီး၊ ဗီယင်ကျန်းမြို့ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး မစ္စတာ လိုင်းရင်း ဆိုင်ညဇန်၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးကြီး တင်ထွန်းအောင်၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သော အဖွဲ့သည် လာအိုနိုင်ငံ သမ္မတနန်းတော်သို့ရောက်ရှိရာ လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်က ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် လာအိုနိုင်ငံသမ္မတ ကျူမာလီဆိုင်ညဆွန်အား ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဦးမော်သာ ထွေး၊ ဒေါ်စန္ဒာခင်၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး လာအိုနိုင်ငံမှ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး၊ လာအိုသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လာ စေရေး၊ နှစ်နိုင်ငံအစီအစဉ်များအပြင် အာဆီယံ၊ ဂျီအမ် အက်စ်၊ အက်ခ်မက်စ်၊ စီအယ်လ်အမ်ဗွီနှင့် အယ်လ်အမ်အိုင်တို့ ကဲ့သို့သော ဒေသတွင်း အစီအစဉ်များတွင်ပါ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုများ တိုးတက်စေရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက် စေရေးအတွက် အလားအလာရှိမည့် နယ်ပယ်များကို ချဲ့ထွင်ဖော်ထုတ် သွားရေးနှင့် စိုက်ပျိုးရေး၊ ခရီးသွား လာရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား ကဏ္ဍများတွင် နှစ်နိုင်ငံအကြား အပြန် အလှန် လေ့လာရေးခရီးသွား ရောက်ခြင်း၊ သတင်းအချက် အလက်နှင့် နည်းပညာဖလှယ်ခြင်း တို့ဖြင့် လက်တွဲပူးပေါင်းဆောင် ရွက်ရေးတို့နှင့် ပတ်သက်ပြီး ချစ် ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
အလားတူ ဒုတိယသမ္မတသည် လာအိုနိုင်ငံ ဒုတိယသမ္မတနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ပွင့်လင်း စွာဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ သို့ မြန်မာချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ နိုင်ငံခြားရေး၊ စွမ်းအင်၊ ဆောက် လုပ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွား လာရေးနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်နှင့် လာအိုနိုင်ငံအစိုးရအဖွဲ့ရုံး၌ တွေ့ ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်တိုးမြှင့်သွားရေး၊ နှစ် နိုင်ငံနယ်စပ်တစ်လျှောက် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ ဇနီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လာအိုသမ္မတနန်းတော် မှ တစ်ဆင့် Ammalin လာအိုပိုး ထည် လက်မှုပြခန်းနှင့် SONG MUE NANG လက်မှုပြခန်းတို့ အား သွားရောက်လေ့လာ ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီးဦးဆောင်သောအဖွဲ့သည်လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စ တာ ဘွန်ညံ ဗိုရာချစ်မှ တည်ခင်းဧည့် ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက် ရောက်ခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment