Wednesday, April 1, 2015

ဆန်းချက်ဇ်ကဲ့သို့ အင်္ဂလန်သို့ သွားရောက်ကစားမည်မဟုတ်ဟု နေမာဆို




'ဆန်းချက်ဇ်ကဲ့သို့ အင်္ဂလန်သို့
သွားရောက်ကစားမည်မဟုတ်ဟု နေမာဆို
=============================

လန်ဒန်၌ ကစားခဲ့သော တောင်အမေရိကအင်အားကြီး ဘရာဇီးနှင့် ချီလီတို့ပွဲတွင် ယခင်ဘာစီလိုနာ ကစားဖော်များဖြစ်ခဲ့သည့် နေမာနှင့် ဆန်းချက်ဇ်တို့ ပြိုင်ဘက်များအသွင်ပြန်လည်တွေ့ဆုံခဲ့ရာ နေမာက ဆန်းချက်ဇ်မှာ ၎င်း၏ အရေးပါသော မိတ်ဆွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း ချီလီကြယ်ပွင့်ကဲ့သို့ ဘာစီလိုနာကို ကျောခိုင်းသွားမည် မဟုတ်ဟု ဆိုခဲ့သည်။

ဆန်းချက်ဇ်နှင့် နေမာတို့သည် ဘာစီလိုနာတွင် ဘောလုံးရာသီ တစ်ရာသီခန့် အတူတကွ ဖြတ်သန်းခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဆန်းချက်ဇ်သည်  ပွဲထွက်ခွင့်တစ်နေရာအတွက် မက်ဆီ၊ နေမာတို့နှင့် ယှဉ်ပြိုင်နေရပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် မသေချာသော အနေအထားကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်သည့် အာဆင်နယ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ အမ်းမရိတ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲတွင် ဘရာဇီးက ချီလီကို တစ်ဂိုး-ဂိုးမရှိဖြင့်သာ အနိုင်ရရှိခဲ့ပြီး အသက် (၂၃)နှစ်အရွယ်ရှိ နေမာက ဆန်းချက်ဇ်သည် အာဆင်နယ်အတွက် အမှန်တကယ် တောက်ပနေသည့် ကြယ်ပွင့်တစ်ပွင့်ပင် ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

နေမာသည်လည်း ဘာစီလိုနာသို့ ရောက်ရှိလာခဲ့သည့် ပထမဘောလုံးရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန် နေခဲ့ရပြီး လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ဘာစီလိုနာသို့ ရောက်ရှိလာရာ နေမာအနေဖြင့် ဆန်းချက်ဇ် လမ်းစဉ်အတိုင်း အင်္ဂလန်ကလပ် တစ်သင်းသို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

နေမာက ''ဆန်းချက်ဇ်က ဘာစီလိုနာမှာ ကျွန်တော့်အတွက် အရေးပါတဲ့  မိတ်ဆွေကောင်းပါ။  ကွင်းတွင်း၊ ကွင်းပြင်မှာ ကျွန်တော်တို့တွေ ပျော်ရွှင်စရာအချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ဖူးပါတယ်။ အာဆင်နယ်မှာ သူခြေစွမ်းပြကစားနိုင်တာ တွေ့ရတော့  ကျွန်တော်သူ့အတွက် တကယ့်ကို ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အင်္ဂလန်မှာ လာရောက်ကစားမှာလားလို့ မေးခဲ့ရင်တော့ ဘာကာမှာ ပျော်ရွှင်နေသလို ဒီအသင်းအတွက်ပဲ အချိန်အကြာကြီး ကစားပေးချင်မိပါတယ်''ဟု ပြောကြားခဲ့သည်။

နေမာသည်  ယခုနှစ်ဘောလုံး ရာသီတွင်  ဘာစီလိုနာ၌ ပုံစံကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ မပြီးဆုံးမီမှာပင်  သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူပေးထားသည်။  (မေလဲ့သင်း)'

လန်ဒန်၌ ကစားခဲ့သော တောင်အမေရိကအင်အားကြီး ဘရာဇီးနှင့် ချီလီတို့ပွဲတွင် ယခင်ဘာစီလိုနာ ကစားဖော်များဖြစ်ခဲ့သည့် နေမာနှင့် ဆန်းချက်ဇ်တို့ ပြိုင်ဘက်များအသွင်ပြန်လည်တွေ့ဆုံခဲ့ရာ နေမာက ဆန်းချက်ဇ်မှာ ၎င်း၏ အရေးပါသော မိတ်ဆွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း ချီလီကြယ်ပွင့်ကဲ့သို့ ဘာစီလိုနာကို ကျောခိုင်းသွားမည် မဟုတ်ဟု ဆိုခဲ့သည်။

ဆန်းချက်ဇ်နှင့် နေမာတို့သည် ဘာစီလိုနာတွင် ဘောလုံးရာသီ တစ်ရာသီခန့် အတူတကွ ဖြတ်သန်းခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဆန်းချက်ဇ်သည် ပွဲထွက်ခွင့်တစ်နေရာအတွက် မက်ဆီ၊ နေမာတို့နှင့် ယှဉ်ပြိုင်နေရပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် မသေချာသော အနေအထားကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်သည့် အာဆင်နယ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ အမ်းမရိတ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲတွင် ဘရာဇီးက ချီလီကို တစ်ဂိုး-ဂိုးမရှိဖြင့်သာ အနိုင်ရရှိခဲ့ပြီး အသက် (၂၃)နှစ်အရွယ်ရှိ နေမာက ဆန်းချက်ဇ်သည် အာဆင်နယ်အတွက် အမှန်တကယ် တောက်ပနေသည့် ကြယ်ပွင့်တစ်ပွင့်ပင် ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

နေမာသည်လည်း ဘာစီလိုနာသို့ ရောက်ရှိလာခဲ့သည့် ပထမဘောလုံးရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန် နေခဲ့ရပြီး လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ဘာစီလိုနာသို့ ရောက်ရှိလာရာ နေမာအနေဖြင့် ဆန်းချက်ဇ် လမ်းစဉ်အတိုင်း အင်္ဂလန်ကလပ် တစ်သင်းသို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

နေမာက ''ဆန်းချက်ဇ်က ဘာစီလိုနာမှာ ကျွန်တော့်အတွက် အရေးပါတဲ့ မိတ်ဆွေကောင်းပါ။ ကွင်းတွင်း၊ ကွင်းပြင်မှာ ကျွန်တော်တို့တွေ ပျော်ရွှင်စရာအချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ဖူးပါတယ်။ အာဆင်နယ်မှာ သူခြေစွမ်းပြကစားနိုင်တာ တွေ့ရတော့ ကျွန်တော်သူ့အတွက် တကယ့်ကို ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အင်္ဂလန်မှာ လာရောက်ကစားမှာလားလို့ မေးခဲ့ရင်တော့ ဘာကာမှာ ပျော်ရွှင်နေသလို ဒီအသင်းအတွက်ပဲ အချိန်အကြာကြီး ကစားပေးချင်မိပါတယ်''ဟု ပြောကြားခဲ့သည်။

နေမာသည် ယခုနှစ်ဘောလုံး ရာသီတွင် ဘာစီလိုနာ၌ ပုံစံကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ မပြီးဆုံးမီမှာပင် သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူပေးထားသည်။ (မေလဲ့သင်း)

No comments:

Post a Comment