Wednesday, April 1, 2015

မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦး မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကြား မယ်ဆိုင်ချောင်းဘေးတွင် သေဆုံးလျက်တွေ့ရှိ

'မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦး မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကြား မယ်ဆိုင်ချောင်းဘေးတွင် သေဆုံးလျက်တွေ့ရှိ

တာချီလိတ် မတ် ၃ဝ

 မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦးအား မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကြား မယ်ဆိုင်ချောင်း(ထိုင်းဘက်)ရေချောင်းဘေးတွင် လည်ပင်း၌ နိုင်လွန်ကြိုးဖြင့် ချည်လျက်စောင်ပတ်ပြီး ဆာလာအိတ်ခွံအစိမ်းကြားဖြင့် ထုပ်လျက် အလောင်းတစ်လောင်း လာရောက်ပစ်ထားခဲ့သော ဖြစ်စဉ် မတ် ၃ဝ ရက် ညနေ ၆ နာရီ ၂ဝ မိနစ်အချိန်က ဖြစ်ပွား ခဲ့သည်။

 ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အမှတ်(၂/၁၈၇)တွင် ဦးစိုင်းတစ်သည် မတ် ၂၇ ရက် ညနေ ၅ နာရီအချိန်က အိမ်နီးချင်းမိတ် ဆွေများနှင့် စကား ပြောနေစဉ် သမီးဖြစ်သူ မနန်းဖွေးဟွမ်မှာ ¤င်းတို့စကားပြောနေသည့် နေရာအနီးသို့ ရောက်ရှိလာပြီး နေအိမ်ဘက်သို့ ပြန်သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် မတ် ၂၈ ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ တာချီလိတ်မြို့မရဲစခန်းက လူ ပျောက်အမှတ်စဉ် (၂/၂ဝ၁၅)ရေးဖွင့်ခဲ့ပြီး စုံစမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ထိုသို့စုံစမ်းမှုများ ပြုလုပ်နေစဉ် မတ် ၃ဝရက် ညနေ ၆ နာရီ ၂ဝ မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ဆန်ဆန်း(က)ရပ်ကွက်၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကြား မယ်ဆိုင်ချောင်း(ထိုင်းဘက်)ရေချောင်းဘေးတွင် လည်ပင်း၌ နိုင်လွန်ကြိုးဖြင့် ချည်ထားလျက်စောင်ပတ်ပြီး ဆာလာအိတ်ခွံအစိမ်းကြားဖြင့်ထုပ်လျက် သေဆုံးနေသော လူသေအ လောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်သန်းနှင့် အဖွဲ့မှ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ရာ စုံစမ်းဆောင်ရွက် လျက်ရှိသော မနန်းဖွေးဟွမ်(ခြောက်နှစ် ခုနှစ်လ)၊ (ဘ)ဦးစိုင်းတစ်၊ သူငယ်တန်းကျောင်းသူဖြစ်ကြောင်း ပျောက်ဆုံးသူ မနန်းဖွေးဟွမ်၏ ဖခင်ဖြစ်သူမှ မြန်မာဘက်သို့ သယ် ဆောင်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း မယ်ဆိုင်ရဲတပ်ဖွဲ့မှ ရဲမှူး ကျကဖုံးစီဇဝပ်က အလောင်းမှာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ရေချောင်းဘက်ခြမ်းတွင် တွေ့ရှိခဲ့သဖြင့် ရေဆေးစာဖြင့် မယ်ဆိုင်ဆေးရုံသို့ သယ်ဆောင်သွားပြီး စုံစမ်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 ၁၁၁'

၁၁၁

No comments:

Post a Comment