Wednesday, April 1, 2015

ထိုင်းဝန်ကြီးချုပ် စစ်အုပ်ချုပ်ရေးဥပဒေရုပ်သိမ်းရန်စီစဉ်

'ထိုင်းဝန်ကြီးချုပ် စစ်အုပ်ချုပ်ရေးဥပဒေရုပ်သိမ်းရန်စီစဉ်
=================================

ဗန်ကောက်   မတ်   ၃၁

ထိုင်းနိုင်ငံဝန်ကြီးချုပ်က  မိမိအနေဖြင့် စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းရန် ထိုင်းဘုရင်မင်းမြတ်ထံ တောင်းဆိုခဲ့သည်ဟု ထုတ်ဖော်ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက စစ်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းရန် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျထံ ခွင့်ပြုချက် တောင်းခံထားခဲ့ပြီး ရုပ်သိမ်းမည်၊ မရုပ်သိမ်းမည်ကို ဘုရင်က ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မတ် ၃၁ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။ 
 
စစ်အုပ်ချုပ်ရေးဥပဒေ၏ အာဏာသည်ကျယ်ပြန့်ပြီး လွတ်လပ်စွာပြောရေး ဆိုခွင့်ကို ပိတ်ပင်တားမြစ်ခြင်း၊ နိုင်ငံရေးသမားများကို ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် လူငါးယောက်ထက်ပိုမိုစုဝေးခွင့်ကို တားမြစ်ကန့်သတ်ထားခြင်းများပါဝင်သည်။ 

ဝန်ကြီးချုပ်က စစ်အုပ်ချုပ်ဥပဒေရုပ်သိမ်းသည့်  ကြေညာချက်ကို မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အချက်(၄၄)ချက်ပါဝင်သော ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းပေးသွားမည်ဟု ဆိုသည်။ 

လွန်ခဲ့သည့်နှစ် မေလတွင် ပြဿနာပတ်လည်ဝိုင်းနေသော ယင်လပ်ရှင်နာ ဝပ်ထရာအစိုးရကို ထိုင်းတပ်မတော်က အာဏာသိမ်းဖယ်ရှားခဲ့ပြီး စစ်အုပ်ချုပ် ရေးဥပဒေဖြင့် အုပ်ချုပ်ခဲ့သည်။ အဆိုပါ စစ်ဘက်က အာဏာသိမ်းမှုသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၈ဝ အတွင်း (၁၂) ကြိမ်မြောက်ဖြစ်သည်။

ဗွီအိုအေ။'

ဗွီအိုအေ။

No comments:

Post a Comment