Wednesday, April 1, 2015

နီပေါတောင်ပိုင်းရှိ မြို့တစ်မြို့၌ ကြံ့ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

'နီပေါတောင်ပိုင်းရှိ မြို့တစ်မြို့၌ ကြံ့ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
=================================

ဟီတော်ဒါ    မတ်   ၃၁

နီပေါနိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့၌  မတ် ၃ဝ ရက်  နံနက်ပိုင်းက ကြံ့ရိုင်းတစ်ကောင်၏ တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ကြံ့ရိုင်း၏ တိုက်ခိုက်မှုကြောင့် မြို့တွင်း၌ ကသောင်းကနင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမှ မိုင် ၅ဝ ခန့်အကွာ ဟီတော်ဒါမြို့သို့ ကြံ့ရိုင်းတစ်ကောင် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းကြံ့ရိုင်းသည် မြို့တွင်းရှိ ဆေးရုံ၊ ဘတ်စ်ကားဂိတ်နှင့် ဈေး တစ်ဈေးအတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်လာခဲ့ရာ လူအများမှာ ထိတ်ထိတ်ပျာပျာ ဖြစ်ခဲ့ရကြောင်း၊ ယင်းကြံ့ရိုင်းသည် မော်တော် ဆိုင်ကယ်များ နောက်မှလည်း ပြေးလိုက်ရန်ပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြည်သူများက ၎င်းတို့၏ လက်ကိုင်ဖုန်းနှင့် ဗီဒီယိုကင်မရာတို့ဖြင့် မြို့တွင်းသို့  ကြံ့ရိုင်းဝင်ရောက်မှုများကို မှတ်တမ်းတင်ခဲ့ကြကာ အင်တာနက် လူမှုကွန်ရက်များတွင်  ဖော်ပြခဲ့ကြကြောင်း သိရသည်။

ပီတီအိုင်။'

ပီတီအိုင်။

No comments:

Post a Comment