Wednesday, April 1, 2015

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ရောက်ရှိ

'နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ရောက်ရှိ
=========================================

ချုံကျင်း    မတ်   ၃၁

ကမ္ဘာ့အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-2 သည် တရုတ်နိုင်ငံ  အနောက်တောင်ပိုင်းရှိ ချုံကျင်းမြို့သို့ မတ် ၃၁ ရက် နံနက်ပိုင်းတွင်ရောက်ရှိခဲ့သည်။ 

အဆိုပါလေယာဉ်သည်   မြန်မာနိုင်ငံ မန္တလေးမြို့မှ မတ် ၃ဝ ရက် နံနက်ပိုင်းတွင် ထွက်ခွာပျံသန်းသွားခဲ့ပြီး  ချုံကျင်းမြို့ ကျန်ပေနိုင်ငံတကာလေဆိပ် သို့ မတ် ၃၁ ရက် နံနက် ၁ နာရီ ၃၅ မိနစ်တွင်ရောက်ရှိသည်။ မန္တလေးမြို့မှ ချုံကျင်းမြို့သို့ စုစုပေါင်း ပျံသန်းချိန် ၁၉ နာရီ ကြာမြင့်ခဲ့သည်။ 

နေရောင်ခြည်စွမ်းအင်ဖြင့်  ကမ္ဘာပတ်မည့်အဆိုပါလေယာဉ်သည် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှ မတ် ၉ ရက်တွင် စတင်ပျံသန်းခဲ့ပြီး ချုံကျင်းမြို့သည် လေယာဉ်၏ ကမ္ဘာပတ်ခရီးစဉ်တွင် ပဉ္စမမြောက် ရပ်နားသည့်မြို့ဖြစ်သည်။ 

ယင်းလေယာဉ်သည် ချုံကျင်းမြို့မှတစ်ဆင့်  တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ ဆက်လက်ပျံသန်းမည်ဖြစ်သည်။

ဆင်ဟွာ။'

ဆင်ဟွာ။

No comments:

Post a Comment