Tuesday, November 26, 2019

၂၀၁၉ ခုနှစ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ




Image may contain: one or more people and people standing
နေပြည်တော် နိုဝင်ဘာ ၂၅ 




အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှ သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ ပြည်သူ့လွှတ် တော်၊ နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အမျိုး သားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်မှ အမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ UNFPA, Deputy Representative ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဝင်များ၊ INGOs/ NGOs များမှ ကိုယ်စားလှယ်များ တက်ရောက် သည်။
လူထုလမ်းလျှောက်ပွဲများ
အခမ်းအနားတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌက ၂၀၁၈ ခုနှစ်မှစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံ တော်အဆင့် အခမ်းအနားပုံစံဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ်အလိုက် ကုလသမဂ္ဂမှ ဆောင်ပုဒ်များ ချမှတ် ပေးလျက်ရှိရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ“Generation Equality Stands Against Rape!” “မုဒိမ်းမှု များတားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့” ပဲဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အကြိုလှုပ်ရှားမှုများ အနေဖြင့် လူထုလမ်းလျှောက်ပွဲ များ၊ အကြိုညှိနှိုင်းဆွေးနွေးပွဲများကို လည်း ဆောင်ရွက်ခဲ့သကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များအားလုံး တွင်လည်း ကျား၊ မအခြေပြု အကြမ်း ဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သက်ငယ်မုဒိမ်း အသိပညာပေး ပိုစတာစိုက်ထူခြင်းများကို သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ် အမျိုး သမီးကော်မတီများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
အကြမ်းဖက်မှုတားဆီး
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံတတိယ အစည်းအဝေး၏ ပြည်ထောင်စု သဘောတူစာချုပ်တွင် ဆွေးနွေးခဲ့ မှုများ၌ ငြိမ်းချမ်းရေးစကားဝိုင်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် အမျိုးသမီးများပူးပေါင်းပါဝင်ရေး နှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်ရေးကို အားပေးဖို့ဆို သည့် အချက်လည်းပါဝင်ပါကြောင်း၊ ထို့အပြင် ပဋိပက္ခအတွင်း အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပဋိပက္ခအတွင်းအမျိုးသမီး များအား အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက် (မူကြမ်း)ကိုလည်း ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီး ကာကွယ်ရေးအတွက် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ၂၄နာရီ၊ Help Line ဝန်ဆောင်မှုကို၂၀၁၆ခုနှစ်မှစတင်၍ ထူထောင်ထားရှိပြီး ဖြေရှင်းဆောင် ရွက်ပေးလျက်ရှိကာ လက်ရှိအချိန်ထိ တရားရင်ဆိုင်စရိတ် ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်း ထောက်ပံ့ ခြင်းအနေဖြင့် ကျပ်သန်းပေါင်း၁၅၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါ ကြောင်း။
အမျိုးသမီးများ၏ ကဏ္ဍစုံဖွံ့ဖြိုးရေး
ထို့အပြင် တရားရင်ဆိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးအကူအညီ များရရှိရန် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ One Stop Women Support Center (OSWSC) (၄)ခု တည်ထောင်၍ အကြမ်းဖက်ခံရ သည့် အမျိုးသမီးများကို ယာယီ လက်ခံစောင့်ရှောက်ပေးပြီး စိတ်လူမှု ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သုတေသနအနေဖြင့် အမျိုးသမီးများ ၏ ဘဝတစ်လျှောက်အတွေ့အကြုံ များဆိုင်ရာ လေ့လာမှုစစ်တမ်းအား လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ UNFPA တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်း အနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြစ်သည့် အမျိုးသမီးများ၏ ကဏ္ဍစုံဖွံ့ဖြိုးရေး အတွက် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက်များ ချမှတ် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနများ၊ လွှတ်တော်များ၊ INGOs/NGOs များ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ လူမှုရေးစီးပွားရေးနယ်ပယ် များမှ အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ UNFPA Deputy Representative Ms. Nelida Rodri gues က UN Message အားဖတ်ကြား သည်။
ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စကား ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ရာ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်တင် ဝင်း၊ ပြည်သူ့လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုး ကြည်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဒေါ်မီနီဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဌေး၊ Maristope International မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်တို့က ဦးဆောင် ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်မှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ စသည့်အချက် များအား ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ဧည့်သည် တော်များက အပြန်အလှန်မေးခွန်း မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment