Tuesday, November 26, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ASEAN-ROK CEO Summit ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ASEAN-ROK Culture Innovation Summit နှင့် ASEAN-ROK CEO Summit (Session-3) တို့သို့ တက်ရောက်မိန့်ခွန်းပြောကြား




Image may contain: 7 people, people smiling, people standing and suit
ဘူဆန် နိုဝင်ဘာ ၂၅



ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ တွင် ASEAN-ROK CEO Summit ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ASEAN-ROK Culture Innovation Summit နှင့် ASEAN-ROK CEO Summit(Session-3) တို့သို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝနာရီခွဲတွင် ဘူဆန်မြို့ BEXCO Exhibition Center-2 ၌ ကျင်းပသည့် ASEAN-ROK CEO Summit ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနား မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီစုလစ်၊ အာဆီယံ နှင့် ကိုရီးယားနိုင်ငံတို့မှ စီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN-ROK Culture Innovation Summit သို့ တက်ရောက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ နိုင်ငံသမ္မတ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ အာဆီယံနှင့် ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု ကဏ္ဍများမှ တာဝန်ရှိသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် “Growing with Art” ခေါင်းစဉ် ဖြင့် မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား စာမျက်နှာ ၅ တွင် ဖော်ပြထားပါသည်)
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဘူဆန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ် မစ္စတာ ဂျောင်ဂီယောင်းနှင့် တာဝန်ရှိသူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပါမောက္ခချုပ်၊ တာဝန် ရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုရီးယားနိုင်ငံ၌ လာရောက် ပညာသင်ကြားနေကြသည့် မြန်မာ ကျောင်းသား ကျောင်းသူများ၊ ဘူဆန်နိုင်ငံခြား ဘာသာသင်တက္ကသိုလ်တွင် မြန်မာစာအထူး ပြုသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ပြန်လည်ရှင်းလင်းဖြေကြား
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာကျောင်းသား၊ ကျောင်းသူများ နှင့် ကိုရီးယားကျောင်းသား၊ ကျောင်းသူ များမေးမြန်းသည့် ပြည်သူများနှင့် ကျောင်း သား များအကြား ယဉ်ကျေးမှုရေးရာကိစ္စ၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စ၊ ကျောင်း သားလူငယ်ထုအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးကိစ္စ၊ မြန်မာစာပညာသင်ကြား နေမှုအခြေအနေနှင့် မြန်မာနိုင်ငံ၏ လွတ်လပ် တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကျင့်သုံးနေမှုအခြေအနေတို့ စပ်လျဉ်း သည့်မေးခွန်းများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပြီး
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ဘာသာရပ် ၂၃ ခု သင်ကြား
ဘူဆန်နိုင်ငံခြားဘာသာသင် တက္ကသိုလ် ကို ၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာစာဌာနကို ၁၉၉၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ကြောင်း၊ အဆိုပါတက္ကသိုလ်တွင် ဘာသာရပ် ၂၃ ခုကို သင်ကြားလျက်ရှိပြီး ယခုအခါ ကိုရီးယားကျောင်းသား ကျောင်းသူ ၁၂၀ သည် မြန်မာစာအထူးပြု သင်ကြားလျက်ရှိကြောင်း သိရသည်။
မိန့်ခွန်းပြောကြား
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် BEXCO Exhibition Center-2 ၌ ကျင်းပသည့် ASEAN-ROK CEO Summit (Session-3)သို့ တက်ရောက်ပြီး “New Par-tnership for ASEAN and Korea Businesses” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြား သည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား စာမျက်နှာ ၆ တွင် ဖော်ပြထားပါသည်)
ဂုဏ်ပြုညစာစားပွဲ
တက်ရောက်
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး ကင်မ်ဂျောင်းဆု တို့က အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့တွင် ရောက်ရှိနေကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများအား ဘူဆန် မြို့ Hilton ဟိုတယ်၌ တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် သည်။
သတင်းစဉ်

No comments:

Post a Comment