Wednesday, November 27, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉) သို့ တက်ရောက် ရေရှားပါးမှုပြဿနာ ရေရှည်လျော့ပါးစေရေးအတွက် ရေရှည်အစီအမံများ ဆောင်ရွက်ကြစေလို




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၆




အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်း အဝေး (၃/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဖွဲ့စည်းပြီးနောက် ရေနှင့်ဆက်နွှယ်သည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ်များ ထိရောက်စွာစီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေး တို့တွင် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးရန် ကော်မတီ၏ ရှေ့လုပ်ငန်း စဉ် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပလျက်ရှိရာ ယခုအကြိမ်သည် (၁၁)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း။
ညှိနှိုင်း အစည်းအဝေးများမှ တစ်ဆင့် ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှု နှင့် ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှု တို့တွင် ထိရောက်စွာ ညှိနှိုင်းဆောင် ရွက်နိုင်ခဲ့ကြပါကြောင်း။
ကြိုးပမ်းဆောင်ရွက်
၂၀၁၈ ခုနှစ်အတွင်း ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ ပါဝင်ခဲ့ကြပြီး ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ကော်မတီများဖွဲ့စည်းမှု၊ ရေတို၊ ရေလတ်နှင့် ရေရှည်အစီအမံ များ ရေးဆွဲဆောင်ရွက်မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်များကို တွေ့ရှိရပါကြောင်း၊ ယခုနှစ် မိုးရာသီ ကာလ၌ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုနှင့် မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြေပြိုမှုများ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံသို့ နှစ်နိုင်ငံ ပူးတွဲ ညှိနှိုင်းကော်မတီမှတစ်ဆင့် ဆက် သွယ် အကူအညီတောင်းခံချက်အရ စက်တင်ဘာ လလယ်ခန့်တွင် နယ်သာလန်ပညာရှင်များပါဝင်သည့် Disaster Risk Reduction Team လာရောက်ခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော ဒေသများသို့ လေ့လာခဲ့ပါကြောင်း၊ လေ့လာမှု အစီရင်ခံစာကို အဆိုပါအဖွဲ့မှ ပေးပို့ တင်ပြမည်ဖြစ်ပြီး ပေးပို့လာပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ကြီး ဌာနအဖွဲ့အစည်းများသို့ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ပါကြောင်း။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်
ယခုအခါ မိုးတွင်းကာလကုန်ဆုံး ပြီဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှု ပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အလားအလာ များရှိရာ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ရေရှားပါးမှုပြဿနာ ရေရှည် လျော့ပါးစေရေးအတွက် လတ်တလော ရေတိုဖြေရှင်းမှုများ အတွက်သာမက ရေရှည်အစီအမံများ ကိုလည်း လျာထားတင်ပြဆောင်ရွက် ကြစေလိုပါကြောင်း၊ ရေလှောင်တမံ ကြီးများမှတစ်ဆင့် သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေရေး၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေး၊ ရေကြီးမှုနှင့် ရေရှားပါးမှု လျော့နည်းသက်သာစေ ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ထည့်သွင်း စဉ်းစား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
သဘာဝသယံဇာတများ တူးဖော် ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် ရေအရင်းအမြစ်များ ညစ်ညမ်းမှု လျှော့ချရေးအတွက် ထုတ်ပြန်ထား သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြော်ငြာစာများအား မြေပြင်တွင် လိုက်နာမှု ရှိ၊ မရှိကို သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား စစ်ဆေးကြပ်မတ်ပေးကြရမည် ဖြစ်ပါ ကြောင်း၊ ရတနာနယ်မြေများအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် မိုးရာသီကာလ သစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်းများကို နှစ်စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီနှင့် ရေဆိုင်ရာဝန်ကြီး ဌာန အဖွဲ့အစည်းများအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း နိုင်ငံများ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်း များ၊ လေ့လာမှုများသည်နိုင်ငံနှင့် နိုင်ငံသားအများစုအတွက် အမှန် တကယ် ထိရောက်အကျိုးရှိရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင် ရွက်မှုများနှင့် ပတ်သက်၍ သက်ဆိုင် ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများ အကြား လိုအပ်သလို ပူးပေါင်းညှိနှိုင်း ပံ့ပိုးပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ဘဏ္ဍာငွေများစွာကျခံ
နိုင်ငံတော်အနေဖြင့် ရေကဏ္ဍ အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် စေရန် နှစ်စဉ် ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်လျက်ရှိရာ နိုင်ငံ တော်၏ ဘဏ္ဍာငွေများသုံးစွဲကြရာတွင် ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ် တကျ ကြီးကြပ်ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း။
နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့် အမျိုးသားရေဥပဒေ ပြုစုရေးနှင့် ပတ်သက်၍ အချိန်မီပြီးစီး အောင် ဆက်လက်ဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် အဆိုပါရေဥပဒေ တွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့ အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြကြစေလိုပါကြောင်း။
ကော်မတီနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများရှိ ကော်မတီဝင်များနှင့် ကိုယ်စားလှယ် များအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ ဝန်ကြီးဌာန အဖွဲ့ အစည်းများအကြား ညှိနှိုင်းဆောင် ရွက်ရန်ကိစ္စရပ်များ၊ အကြံပြုချက် များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်း၊ နိုင်ငံ နှင့် ပြည်သူများအတွက် အကျိုးရှိ စေသည့် ရေအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး နှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ အနေဖြင့်လည်း ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမျိုးသားရေဥပဒေထွက်ပေါ်လာရေးနှင့် စပ်လျဉ်းသည့် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ နွေရာသီရေရှားပါးမှုအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြစ်ချောင်းထိန်းသိမ်းမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကော်မတီတွဲဖက် အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု ပြီးစီးမှုများနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချိုက ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ရေကဏ္ဍအပေါ် သက်ရောက်မှုများကို ဆွေးနွေးတင်ပြ သည်။
ယင်းနောက် အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်း က ရေကဏ္ဍတွင် ပါဝင်ကူညီဆောင် ရွက်နေကြသည့် ပြည်တွင်းကုမ္ပဏီ များအား အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီအနေဖြင့် လိုအပ် သလို စိစစ်ပံ့ပိုးပေးနိုင်ရန် အကြံပြု ဆွေးနွေးတင်ပြသည်။
ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
ထို့နောက် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်း၊ အဆင့် မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါ်သွေးသွေးချစ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းဆွေးနွေး အကြံ ပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment