Tuesday, November 26, 2019

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၇)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ တက်ရောက်



Image may contain: 10 people, people standing, suit and indoor
နေပြည်တော် နိုဝင်ဘာ ၂၅




ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မြို့နှင့် ဘန်ကောက်မြို့တို့ တွင် ကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
နှုတ်ခွန်းဆက်စကား ပြောကြား
ထိုင်းနိုင်ငံ ဖူးခက်မြို့ Phuket Marriot Resort & Spa ၊ Merlin Beach တွင် ပြုလုပ်သည့် (၇)ကြိမ် မြောက် အာဆီယံတရားသူကြီးချုပ် များကောင်စီ အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၏ တရားသူကြီး ချုပ်များ၊ တရားရေးအကြီးအကဲများ နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် တို့ တက်ရောက်ပြီး အစည်းအဝေး တွင် အာဆီယံတရားသူကြီးချုပ် များကောင်စီ အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စု တရားသူကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် (၇)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီအစည်းအဝေး ပထမနေ့ တွင် အာဆီယံနိုင်ငံများ၏ တရား သူကြီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့များက အာဆီယံတရားရေး သတင်းအချက်အလက်ပေါ်တယ် (ASEAN Judiciaries Portal- AJP)၊ အာဆီယံဒေသတွင်း တရားမမှုခင်း ဆင့်စာဆင့်ဆိုမှု လွယ်ကူစေရေး (Facilitating Service of Civil Processes within ASEAN)၊ မှုခင်းစီမံ ခန့်ခွဲမှုနည်းလမ်းများနှင့် တရားရုံး ဆိုင်ရာ နည်းပညာအသုံးပြုမှု (Case Management and Court Technology)၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်း (Judicial Education and Training)၊ နိုင်ငံဖြတ်ကျော် ဖြစ်ပွားသည့် မိသားစု မှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်း ပွားမှုများ ဖြေရှင်းရေး (ASEAN Cross-Border Disputes Involving Children)၊ အာဆီယံနှင့် အခြား မိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေး မှုပြုခြင်း (ASEAN + Meeting)၊ အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ၏ အနာဂတ် လုပ်ငန်းရပ် များအတွက် လေ့လာရေးအဖွဲ့(Study Group on the Future Work of the CACJ) အပါအဝင် ကောင်စီသို့ အခြား အဆိုပြုတင်ပြလာသည့် ကိစ္စများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုတရားသူကြီးချုပ်က ယင်းကဏ္ဍရပ်များအလိုက် မြန်မာ နိုင်ငံ၏ ဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ သည်။ ထို့ပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှစ၍ အာဆီယံအဖွဲ့အစည်းကြီး၏ ဆက်နွှယ်သည့် အဖွဲ့အစည်း (Entity Associated with ASEAN) အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည့် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ၏ ပဋိညာဉ်စာတမ်း (Charter of the CACJ)ကို အတည် ပြုခဲ့ပြီး (၇)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ ကောင်စီ အစည်းအဝေး၏ ဆွေးနွေးချက် နှင့် သဘောတူညီချက်များကို “ဘန်ကောက်ကြေညာချက်” (The Bangkok Declaration)အဖြစ် ထုတ်ပြန်နိုင်ရန် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့ ထိုင်းနိုင်ငံ တရားရုံးချုပ် အဆောက် အအုံတွင် ကျင်းပသည့် (၇)ကြိမ် မြောက် အာဆီယံတရားသူကြီးချုပ် များ ကောင်စီအစည်းအဝေးက ထုတ်ပြန်သည့် “ဘန်ကောက် ကြေညာချက်” လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အာဆီယံနိုင်ငံများမှ တရားသူကြီး ချုပ်များ၊ တရားရေးအကြီးအကဲ များ၊ ကိုယ်စားလှယ်များနှင့်အတူ ကြေညာချက်အား လက်မှတ်ရေးထိုး ခဲ့သည်။ ယင်းနောက် ထိုင်းနိုင်ငံ တရားရုံးချုပ်တွင် ထိုင်းနိုင်ငံ တရား ရုံးချုပ်ဥက္ကဋ္ဌ ၊ တရားသူကြီးချုပ် The Hon. Slaikate Wattanapan က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ပြန်လည်ရောက်ရှိ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment