Wednesday, November 27, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်




Image may contain: 11 people, people smiling, people standing and suit
ဘူဆန် နိုဝင်ဘာ ၂၆



ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် အာဆီယံ- ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ ASEAN-ROK Startup Summit and Innovation Showcase 2019 ဖွင့်ပွဲအခမ်းအနား၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတို့သို့ တက်ရောက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့ရှိ BEXCO Convention Hall သို့ ရောက်ရှိရာ ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး ပြီးခဲ့သည့် နှစ်(၃၀) ကာလအတွင်း အာဆီယံ-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုအား ပြန်လည် သုံးသပ်ပြီး အနာဂတ်ကာလတွင် မိတ်ဖက်သစ်ဆက်ဆံရေး တိုးမြှင့်နိုင် မည့် အလားအလာများနှင့် စပ်လျဉ်း ၍ ဆွေးနွေးသည်။
ဖွင့်ပွဲတက်ရောက်
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN- ROK Startup Summit and Innovation Showcase 2019 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီး အကဲများနှင့်အတူ ASEAN-ROK Startup Summit and Innovation Showcase 2019 ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတ၊ အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီး အကဲများနှင့်အတူ Innovation Showcase 2019 ပြခန်း၌ ပြသ ထားသည့် တီထွင်ဖန်တီးမှုအသစ် များအား လိုက်လံကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ Nurimaru APEC House ၌ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ကျင်းပ သည့် အာဆီယံ - ကိုရီးယား ခေါင်းဆောင်များ သီးသန့် နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံတွေ့ဆုံ
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ Westin Chosun ဟိုတယ်၌ ကျင်းပ သည့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ဆက်လက် တိုးတက်ခိုင်မာရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကိုရီးယားသမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူခဲ့သည့် ကိစ္စရပ်များ အကောင်အထည်ဖော် ရာ၌ တိုးတက်မှုအခြေအနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံအဆောက် အအုံများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးကဏ္ဍများ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
နားလည်မှုစာချွန်လွှာလက်မှတ်ထိုး
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့ ရှေ့မှောက်၌ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ကိုရီးယား သမ္မတနိုင်ငံ ပင်လယ်သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Mr. Moon Seong-Hyeok တို့က “ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ” ကို လည်းကောင်း၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ကိုရီးယားသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေး ဝန်ကြီးဌာန ဝန်ကြီး Mrs. YooEun Hea တို့က “အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” ကို လည်းကောင်း၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ကိုရီးယားသမ္မတနိုင်ငံ သဘာဝပတ်ဝန်းကျင် ဝန်ကြီး Mr. Cho Myung–Rae တို့က “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို လည်းကောင်း လက်မှတ်ရေးထိုး ကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ရှိ ASEAN Culture House သို့ ရောက်ရှိ ပြီး ကိုရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး ကင်မ်ဂျောင်းဆု၊ အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီး အကဲများ၊ အစိုးရအဖွဲ့အကြီးအကဲ များနှင့်အတူ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ ပြသထားသည့် ယဉ်ကျေးမှု ပြခန်း များအား လိုက်လံကြည့်ရှုသည်။
ဂုဏ်ပြုညစာစားပွဲ တက်ရောက်
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတနှင့် ဇနီးတို့က မဲခေါင်ဒေသ နိုင်ငံများမှ ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့် ကြိုဆိုနှုတ်ဆက် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် သည်။
ညစာမသုံးဆောင်မီ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယား သမ္မတနှင့် ဇနီး၊ မဲခေါင်ဒေသနိုင်ငံ များမှ အစိုးရအဖွဲ့အကြီးအကဲများနှင့် ဇနီးများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
သတင်းစဉ်

No comments:

Post a Comment