Wednesday, October 31, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သပိတ်ကျင်းမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်သော စိုက်ပျိုးမြေများအား မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ်ပွဲ တက်ရောက်





Image may contain: 1 person, text
သပိတ်ကျင်း အောက်တိုဘာ ၃ဝ



လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သပိတ် ကျင်း မြို့နယ်ခန်းမ၌ ကျင်းပသည့် သပိတ်ကျင်းမြို့နယ်အတွင်း ကာကွယ် ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ် သော စိုက်ပျိုးမြေများအား မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၃) ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဒုတိယသမ္မတက ယနေ့အခမ်း အနားတွင် သပိတ်ကျင်းမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁၁၆ ခြေမြန်တပ်ရင်းက ပြန်လည်စွန့်လွှတ် သည့် မြေဧရိယာ ၁၈၅ဝ ဧကအနက် အမှန်စိုက်ပျိုးလုပ်ကိုင်နိုင်မည့် မြေဧရိယာ ၄၈၆ ဒသမ ၆၁ ဧကကို တောင်သူ ၄၃ ဦးထံသို့ လည်းကောင်း၊ အမှတ် ၁၁၉ ခြေမြန်တပ်ရင်းက ပြန်လည်စွန့်လွှတ် သည့် မြေဧရိယာဧက ၂၅ဝ အနက် အမှန် စိုက်ပျိုးလုပ်ကိုင်နိုင်မည့် မြေဧရိယာ ၂ဝ၇ ဒသမ ၄၅ ဧကကို တောင်သူ ၃ဝ ဦးထံသို့
လည်းကောင်း၊ အမှတ် ၄ ခြေလျင်တပ်ရင်း က ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ ဧက ၄၉ဝ အနက် အမှန်စိုက်ပျိုးလုပ် ကိုင်နိုင်မည့် မြေဧရိယာ ၄၁၃ ဒသမ ၅၃ ဧကကို တောင်သူ ၅၁ ဦးထံသို့ လည်း ကောင်း၊ စုစုပေါင်း တောင်သူ ၁၂၄ ဦး လက်ဝယ်သို့ လယ်ယာမြေဧရိယာ ၁၁ဝ၇ ဒသမ ၅၉ ဧကကို ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၃)များ လွှဲပြောင်းပေးအပ် မည့် အခမ်းအနား ဖြစ်ပါကြောင်း။
အထူးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်
လယ်သမားများအတွက် အသက် တမျှ အရေးကြီးလှသည့် လယ်ယာမြေ သည် မိမိတို့ စိုက်ပျိုးရေးနိုင်ငံအတွက် ဖွံ့ဖြိုးရေး အင်အားစုကြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်သမားများ၏ ဘဝ မျှော်လင့်ချက်နှင့် ရပ်တည်မှုဖြစ်သည့် လယ်ယာမြေများ ပြန်လည်လွှဲပြောင်း ပေးနိုင်ရန် အစိုးရအနေဖြင့် အထူးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ပြီး အလေး ထားဆောင်ရွက်နေပါကြောင်း။
မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လုံခြုံရေးကောင်းမွန် စေရန်အတွက် မြို့ပြတိုးချဲ့တည်ဆောက် ခြင်း၊ စက်ရုံအလုပ်ရုံများ၊ လမ်း၊ တံတား များ တည်ဆောက်ခြင်း၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များကို စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများ ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်များ ချထား ပေးခြင်း၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်း ခြင်းများ ဆောင်ရွက်ခဲ့ရာတွင် တောင်သူ များ၏ လယ်ယာမြေများ သိမ်းဆည်းခံခဲ့ ရသည့်အတွက် ဆုံးရှုံးနစ်နာမှု များရှိခဲ့ သည်ကို တွေ့ရှိရပါကြောင်း။
မူလတောင်သူများလက်ဝယ် ပေးအပ်နိုင်ရေး
ထိုသို့ ဆုံးရှုံးနစ်နာမှုများကို အတတ် နိုင်ဆုံး ကုစားပေးနိုင်ရန်အတွက် စီမံကိန်း များ မအောင်မြင်၍ ဆက်လက်လုပ်ကိုင် ခြင်းမရှိတော့သည့်မြေများ၊ လက်ရှိတွင် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုး အသုံးပြုမှုမရှိသည့်မြေများ၊ လိုအပ်သည် ထက် ပိုမိုသိမ်းဆည်းထားသည့်မြေများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအား ပြန်လည်စွန့်လွှတ်စေပြီး မူလတောင်သူ များလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရေး အတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေး ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး မူဝါဒလုပ်ငန်းစဉ် ၅၂ ရပ် ချမှတ်ကာ စိစစ်ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း။
ထိုသို့ ပြန်လည်ရရှိလာသည့် လယ် ယာမြေများကို အသုံးချဆောင်ရွက် ရာတွင် ယခင်က ကျင့်သုံးခဲ့သည့် ပုံစံ ဟောင်းများ၊ ဓလေ့ထုံးစံဟောင်းများ၊ စိုက်နည်းပျိုးနည်းဟောင်းများအစား ပုံစံ သစ်ဖြစ်သည့် ရေသွင်းစိုက်ပျိုးခြင်း၊ Green House များ ဖြင့် စိုက်ပျိုးခြင်း၊ အစေ့ချစိုက်ပျိုးခြင်း စသည့် ခေတ်မီ နည်းစနစ်များဖြင့် ပြုပြင်ပြောင်းလဲ စိုက်ပျိုးသွားနိုင်ပါက သေချာပေါက် အပျက်အစီးနည်းပြီး အကျိုးအမြတ် ရရှိစေမည် ဖြစ်ပါကြောင်း၊ သစ်ပင်များ၊ သစ်တောများ အလွန်အကျွံ ခုတ်လှဲ ထုတ်ယူမှုများကြောင့် သဘာဝ ရာသီဥတု ပြောင်းလဲလာမှုဖြစ်စဉ်များ ဖြစ်လာပြီး စိုက်ခင်းများနှင့် လူနေထိုင်မှုတို့အပေါ် သက်ရောက်မှု ဖြစ်ပေါ်လာနေသည့် အချက်ကိုလည်း သတိပြုဆောင်ရွက်စေ လိုပါကြောင်း။
ခေတ်မီနည်းစနစ်များ အသုံးပြု
ယခုကဲ့သို့ မန္တလေးတိုင်းဒေသကြီး အတွင်း (၇)ကြိမ်မြောက် ကျင်းပသည့် ပြန်လည်စွန့်လွှတ်အပ်နှံမြေများကို သက် ဆိုင်ရာ တောင်သူများထံသို့ ပြန်လည် ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက် ပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ အားလုံးကို နိုင်ငံတော်ကိုယ်စား၊ လယ် ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီကိုယ်စား ကျေးဇူးတင် အသိ အမှတ်ပြုပါကြောင်းနှင့် တောင်သူများ အနေဖြင့် မိမိတို့ ပြန်လည်ရရှိလာသည့် မြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် စနစ်တကျ ခေတ်မီနည်းစနစ်များ အသုံး ပြုခြင်းဖြင့် မိမိတို့၏ အခြေခံလိုအပ် ချက် များ ဖြည့်ဆည်းပေးနိုင်ရုံမက ကျေးလက် နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား လာအောင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသ ကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်က မန္တလေးတိုင်းဒေသကြီးအတွင်း အသုံးမပြုသည့် သိမ်းဆည်းမြေများအား ဥပဒေနှင့်အညီ အမြန်ဆုံး ပြန်လည် စွန့်လွှတ် လွှဲပြောင်းပေးနိုင်ရေး ဆောင် ရွက်ပေးနေမှု အခြေအနေများကို ရှင်း လင်းပြောကြားသည်။
ထို့နောက် သပိတ်ကျင်းမြို့နယ် အတွင်း တပ်ရင်းတပ်ဖွဲ့များက ပြန်လည် စွန့်လွှတ်မြေများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ဒုတိယဗိုလ်မှူးကြီး အောင်မင်းမင်းက ပြင်ဦးလွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးပါစည်ထံ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်၊ မန္တလေးတိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်တို့က ဖုန်ကုန်းကျေးရွာ၊ စမ္ပါယ်နဂိုရ် ကျေးရွာ၊ မိုင်းဒိုင်းကျေးရွာတို့မှ မူလတောင်သူ ကိုယ်စားလှယ်များထံ ယာယီလုပ်ပိုင်ခွင့် ပြုလက်မှတ် (ပုံစံ-၃) များကို ပေးအပ် သည်။
ထို့နောက် မြေယာလုပ်ကိုင်ခွင့် ပြန်လည်ရရှိကြသည့် မူလတောင်သူများ ကိုယ်စား တောင်သူ ဦးချစ်ကိုက ကျေးဇူး တင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ဒုတိယ သမ္မတသည် ဒေသခံတောင်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
စုစုပေါင်းမြေ ၆၆၈၈ ဧက လွှဲပြောင်းပေးအပ်
ယနေ့အခမ်းအနားတွင် သပိတ် ကျင်းမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့ များက ပြန်လည်စွန့်လွှတ်သည့် မြေ ဧရိယာ ဧက ၂၅၉ဝ အနက်မှ ၁၁ဝ၇ ဒသမ ၅၉ ဧကကို လက်ရှိ စိုက်ပျိုးလုပ်ကိုင် နေသော တောင်သူများထံသို့ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ် ခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည် စွန့်လွှတ်မြေ စုစုပေါင်း ၁၆၄၁၈ ဧကရှိပြီး ယင်းအနက်မှ စုစုပေါင်းမြေ ၆၆၈၈ ဧက ကို မူလပိုင်ရှင် တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ ပြင်သစ်သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်






Image may contain: 1 person, standing
 နေပြည်တော် အောက်တိုဘာ ၃ဝ 



 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ခရစ္စတီယန် လရှရဗီ သည် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ¤င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။ သတင်းစဉ်

ကုလသမဂ္ဂအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် တန်ဖိုး



မြန်မာ့အလင်းအယ်ဒီတာအာဘော်



တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်း ရင်းနှီး ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ပွားစေရန်၊ လူများ အား နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်စေ၍ ဆင်းရဲခြင်း၊ ရောဂါ ဖြစ်ပွားခြင်း၊ စာမတတ်ခြင်းတို့ကို ကမ္ဘာပေါ်မှ ပပျောက်စေရန်၊ လူ့ပတ်ဝန်း ကျင် ပျက်စီးမှုကို ရပ်တန့်စေရန်နှင့် လူအချင်းချင်း၏ ရပိုင်ခွင့်နှင့် လွတ်လပ် ခွင့်များကို အပြန်အလှန်အရေးထားလေးစားရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေရန်၊ နိုင်ငံများအား ထိုရည်မှန်းချက်များ ပေါက်ရောက်စေရေး ကူညီပံ့ပိုးသောဗဟိုဌာနဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ဒုတိယက္ဘာစစ်အပြီးကာလတွင် ထူထောင်ဖွဲ့စည်းခဲ့ သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ သက်တမ်းမှာ (၇၃) နှစ် ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။
''ကုလသမဂ္ဂသို့ ဝင်ရောက်ပြီးချိန်မှစ၍ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားရေးကြိုးပမ်းအားထုတ်မှုအဖြစ် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ၏ဦးစားပေးလုပ်ငန်းများ၊ လိုအပ်ချက်များနှင့်အညီ ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်''ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ကျင်းပခဲ့သည့် (၇၃)နှစ်မြောက် ကုလသမဂ္ဂနေ့အထိမ်းအမှတ် ဧည့်ခံပွဲတွင် ပြောကြား ခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်မှုနှင့် ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် သဘောထားတို့ကို ထင်ဟပ်နေသည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နုနယ်သော ဒီမိုကရေစီနိုင်ငံအနေဖြင့် စိန်ခေါ်မှု များစွာကို ရင်ဆိုင်နေရကြောင်းဖြင့်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအနက် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စအပေါ် နိုင်ငံအချို့က ¤င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် ပြည့်ဝရေးအတွက် ကုလသမဂ္ဂကို စင်မြင့်အဖြစ် အသုံးချနေခြင်းကလည်း အပါအဝင်ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်နှင့်အခြေခံမူများ၊ လုံခြုံရေးကောင်စီ ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများနှင့် လူသားအသိတရား၏ ကြောင်းကျိုးဆီလျော်မှုနှင့် မျှတမှုတို့ကို ပေါ်ပေါ်တင်တင် ဖီဆန်နေကြ ကြောင်း၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က ကိုယ်ပိုင်နိုင်ငံရေး ရည်ရွယ်ချက်အတွက် လူ့အခွင့်အရေးကိစ္စကို အပိုင်စီးရန် ပြောင်ပြောင် တင်းတင်း ကြိုးပမ်းမှုများကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် တည်ကြည်ခိုင်မာမှု လျော့ပါးလာသည်ကို တွေ့မြင်နေရကြောင်းဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အောက်တိုဘာ ၂၄ ရက် (ကုလသမဂ္ဂနေ့) တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်တွင် ထောက်ပြခဲ့သည်။
ကုလသမဂ္ဂအဖွဲ့ကြီး ဖွဲ့စည်းခဲ့ခြင်း၏ အဓိကဦးတည်ချက်များနှင့် အခြေခံမူများကို လေ့လာပါက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး၊ နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ပြဿနာများ ကို ဖြေရှင်းရာတွင် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း အတူတကွ တွဲဖက်ဆောင်ရွက်ရေးနှင့် ကုလသမဂ္ဂအဖွဲ့ကြီးသည် နိုင်ငံများ၏ ညှိနှိုင်းရာအချက်အချာဌာနဖြစ်ရေး စသည်ဖြင့် အပေါင်းလက္ခဏာဆောင်သော မွန်မြတ်သည့် သဘောတရား များကိုသာ တွေ့ရမည်ဖြစ်ပြီး အုပ်စုဖွဲ့၍ဖိအားပေးရေး၊ အရေးယူပိတ်ဆို့ ရေးတို့အတွက် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ရာနေရာဌာနမဟုတ်သည်မှာ သေချာပါသည်။ လူသားကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနှင့် ထိခိုက်နစ်နာမှုများ၊ ရန်လိုမှုများလျှော့ချရေးတို့ အတွက် ဓမ္မဓိဋ္ဌာန်ကျကျ၊ သမာသမတ်ကျကျ၊ ပညာရှင်ပီပီသသနှင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာဆောင်ရွက်ခြင်း ဖြင့် ကုလသမဂ္ဂအဖွဲ့ကြီး၏တန်ဖိုးကို မြှင့်တင်နိုင်ကြပါစေကြောင်း။ ။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဥရောပကော်မရှင် Directorate General of Trade မှ Deputy Director General ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ





 နေပြည်တော် အောက်တိုဘာ ၃ဝ



 ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ဥရောပကော်မရှင် Directorate General of Tradeမှ Deputy Director General Mrs. Helena Konigဦးဆောင်သော အီးယူကုန်သွယ် မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအား အီးယူက ပေးအပ်ထားသောGene-ralised Systems of Preferen-ces (GSP) ၏ Everything But Arms (EBA)အစီအစဉ်နှင့် စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၃)နှစ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ်ဧည့်ခံပွဲတက်ရောက်




 နေပြည်တော် အောက်တိုဘာ ၃ဝ

 

(၇၃)နှစ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ်ဧည့်ခံပွဲကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၃ဝ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် တက်ရောက်၍ မိန့်ခွန်းပြော ကြားသည်။ ယင်းသို့ပြောကြားရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကုလသမဂ္ဂသို့ ဝင်ရောက်ပြီးချိန်မှစ၍ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြန်မာ့နိုင်ငံ ခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ် အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေး ကြိုးပမ်းအားထုတ်မှုအဖြစ် ပြည်သူများ ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အဆင့် မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများ၊ လိုအပ်ချက်များ နှင့်အညီ ကုလသမဂ္ဂနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မဏ္ဍိုင်(၃)ခု၊ ပန်းတိုင်(၅)ခု ပါဝင်သော မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)ကို ချမှတ် ထားရှိကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် လမ်းပြမြေပုံအဖြစ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နုနယ်သော ဒီမိုကရေစီနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း၊ ယင်းစိန်ခေါ်မှုများကို ပြည်သူများ၏ တက်ြ<ွကစွာပါဝင်မှု၊ မိတ်ဆွေများ၏ ထောက်ခံအားပေးမှုများဖြင့် ကျော်လွှား နိုင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြော ကြားခဲ့သည်။
သဝဏ်လွှာဖတ်ကြား
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ခနုအော့စ်ဘီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ် လွှာကို ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြောကြားသည်။
ဗီဒီယိုမှတ်တမ်းပြသ
ယင်းနောက် ကုလသမဂ္ဂ၏ နောက်ခံသမိုင်းနှင့် လုပ်ငန်းဆောင်ရွက် ချက်များ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြား ပူးပေါင်းဆောင်ရွက်မှုများအား ဗီဒီယိုမှတ်တမ်းဖြင့် ပြသသည်။
တာဝန်ရှိသူများ တက်ရောက်
ဧည့်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သှူလွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့၏ နိုင်ငံ တကာဆက်ဆံရေးကော်မတီတို့မှ ဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် များ၊ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန် မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးနှင့် သံရုံးအကြီးအကဲများ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များမှ အကြီးအကဲများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ အစ္စရေးနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်





Image may contain: 2 people, people standing
 နေပြည်တော် အောက်တိုဘာ ၃ဝ


 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ရိုနယ် ဂီလာသည် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ ၌ ¤င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။ သတင်းစဉ်

ရာသီဥတုကောင်းမွန်ရေးကို ရှေးရှုဖော်ဆောင်

Image may contain: text

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် (UNEP)၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အာရှတရားသူကြီးများကွန်ရက် (AJNE) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေးညီလာခံဖွင့်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါညီလာခံသည် နိုင်ငံအများပူးပေါင်းကျင်းပသည့် ညီလာခံ များတွင် ထူးခြားသောညီလာခံတစ်ခုဟု ဆိုရမည်ဖြစ်သည်။ လူသားများ ကျူးလွန်သော ပြစ်မှုဆိုင်ရာများကို ကိုင်တွယ်ဆုံးဖြတ်ဆောင်ရွက်ကြသော အာရှ-ပစိဖိတ်ဒေသတွင်းမှ တရားသူကြီးများကွန်ရက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စတို့တွင် တရားစီရင် ဆုံးဖြတ်မှုဆိုင်ရာတို့ကိုပါ ရှေးရှုဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးနှင့် လူသားများအကျိုးကို အလေး ထားဆောင်ရွက်ခြင်းဖြစ်၍ ထူးခြားကောင်းမွန်သော ညီလာခံဟု ဆိုရမည် ဖြစ်သည်။
မျက်မှောက်ကာလတွင် အာရှ-ပစိဖိတ်ဒေသတွင်းသာမက တစ်ကမ္ဘာလုံးဆိုင်ရာတို့တွင် လူသားများ၏ မတော်လောဘများနှင့် မဆင်မခြင် လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ယိုယွင်းပျက်စီးလာပြီး ကမ္ဘာလောကတစ်ခွင်လုံးကို ခြိမ်းခြောက်လာသည့် အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာရသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ ယခုအခါ သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းလာသဖြင့် ပုံမှန်မဟုတ်သည့် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာပြီး မုန်တိုင်း တိုက်ခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ် များ ပျက်စီးဆုံးရှုံးခြင်းကို ဖြစ်စေသည်။
ထို့ကြောင့် ကမ္ဘာမြေနှင့် လူသားများ အကျိုးစီးပွားကို ပြန်လည် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တရားရေးမဏ္ဍိုင်မှ အလေးထားပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်လာသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုအတွက် တရားရုံးစီရင်ဆုံးဖြတ်မှု ဆိုင်ရာတို့ မည်သို့ဆောင်ရွက်သင့်သည်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြ သည်။ ညီလာခံကို သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအမှုများ စစ်ဆေးစီရင်မှုနှင့်စပ်လျဉ်း၍ တိုးတက်ခိုင်မာစေရန်အတွက် ကျင်းပခြင်းဖြစ်သည်။
အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာတရားမျှတမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမှုများစစ်ဆေးစီရင်ခြင်း၊ စီရင်ထုံးများလိုက်နာမှု အားကောင်းလာစေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အုပ်ချုပ်မှုတို့နှင့်ပတ်သက်၍ အကောင်းဆုံး ကျင့်သုံးမှုများကို တရားသူကြီးများနှင့် ဥပဒေပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန်ရည်ရွယ်၍ အဆိုပါညီလာခံကို ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာ့အကျိုးစီးပွားအတွက် ဆောင်ရွက်သော ထိုညီလာခံကို ကြိုဆိုရမည် ဖြစ်သည်။
အဆိုပါညီလာခံကို မြန်မာနိုင်ငံတွင် နှစ်ရက်တာကျင်းပခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းဥပဒေများ၊ ဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ တရားစွဲဆိုမှုများနှင့် တွေ့ကြုံရသော စိန်ခေါ်မှု များ၊ ရာသီဥတုပြောင်းလဲလာသည့် ခေတ်ကြီးတွင် တရားသူကြီးများ၏ အခန်းကဏ္ဍအစရှိသည်တို့နှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ပါဝင် ဆောင်ရွက်ကြသူများက ရှုထောင့်အသီးသီးမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။
သို့ဖြစ်ရာ ကမ္ဘာမြေနှင့် လူသားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် နိုင်ငံတကာမှ ဥပဒေဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေး ဆောင်ရွက်သော ယခုကျင်းပသည့် ညီလာခံသည် အရေးပါအရာရောက်ကာ ထိရောက်သော လှုပ်ရှားဆောင်ရွက်မှုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးအောင် ဖျက်ဆီးသူများအား ပြဋ္ဌာန်းထားသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဟန့်တား ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

Tuesday, October 30, 2018

နိုင်ငံတော်သမ္မတ၏ ရွှေသောင်ယံတံတားဖွင့်ပွဲ မိန့်ခွန်း

မြန်မာ့အလင်းအယ်ဒီတာအာဘော်


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရွှေသောင်ယံတံတား(မကျီးချောင်း) ဖွင့်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတ   ဦးဝင်းမြင့်က   လူထုအစိုးရသစ်၏  နှစ်နှစ်ကျော်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး   ပိုမိုကောင်းမွန်ရေးအတွက်   အလေးထားဆောင် ရွက်ခဲ့သည်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ လူထုအစိုးရသစ်၏ လက်ကျန် သက်တမ်းအတွင်း  ဒေသအလိုက်  လိုအပ်နေသည့် တံတားအစင်းပေါင်း ၄ဝဝ ကျော် ဆောက်လုပ်ပြီးစီးရေး စီစဉ်ထားသည်ကိုလည်း နိုင်ငံတော် သမ္မတက ထည့်သွင်းပြောကြားခဲ့ပါသည်။ ဝမ်းမြောက်စရာကောင်းသည် မှာ  ၂ဝ၃ဝ  ပြည့်နှစ်တွင်   နိုင်ငံတော်အတွင်း  ကျေးရွာအားလုံး၏ ၈ဝ  ရာခိုင်နှုန်း၊ ကျေးလက်ဒေသနေ ပြည်သူအားလုံး၏ ၉ဝ ရာခိုင်နှုန်းအား ကျေးလက်လမ်းများ ရာသီမရွေး အသုံးပြုနိုင်ရေးအတွက်   ပြင်ဆင်ဆောင်ရွက် နေသည်ကို   နိုင်ငံတော်သမ္မတက   မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတက  လမ်းတံတားတည်ဆောက်ရေးများ၊  စီမံကိန်း လုပ်ငန်းများ စီစဉ်ဆောင်ရွက်ရာ၌ ဒေသအကျိုးဖြစ်ထွန်းစေရန် လိုအပ် သကဲ့သို့     ပြည်သူ့ဘဏ္ဍာငွေများ    လေလွင့်မှုမရှိစေရေးအတွက်ပါ  အသေအချာ   ကိုင်တွယ်ဆောင်ရွက်ရန်   လိုအပ်သည်တို့ကို  လမ်းòန် ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက စီမံကိန်းလုပ်ငန်းများ  အပ်နှံ ရာ၌  နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့်   တင်ဒါစည်းမျဉ်းစည်းကမ်း များနှင့်အညီ  ဆောင်ရွက်ရန်ကိုလည်း  တစ်ပါတည်း  သတိပေးလမ်းòန် ခဲ့ပါသည်။  စီမံကိန်းများ  ဆောင်ရွက်ရာတွင်   အကယ်၍  အဆင့်လိုက် ခွဲတမ်းချ   ဝေပုံကျခွဲယူကြပြီး  ပြည်သူများအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းမရှိတော့သည့်  ဘဏ္ဍာငွေဆုံးရှုံးမှု အခြေအနေများ  ဖြစ်ပေါ်လာပါက  နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအရ  ကျောသားရင်သားမခွဲခြားဘဲ    ဥပဒေနှင့်အညီ    ဆောင်ရွက်မည်ကို  နိုင်ငံတော်သမ္မတက ပြတ်ပြတ်သားသား သတိပေးပြောဆိုခဲ့ပါသည်။

လမ်းများ၊  တံတားများ အပါအဝင် အခြေခံအဆောက်အအုံများ၊ တည်ဆောက်ရေးလုပ်ငန်းများ   ဆောင်ရွက်ကြရာတွင်လည်း   အရည် အသွေး   စိစစ်ထိန်းသိမ်းရေး (Quality  Control) ကို မဖြစ်မနေ ဆောင်ရွက်ကြရန်  နိုင်ငံတော်သမ္မတက လမ်းညွှန်ခဲ့ပြီး မဖြစ်သင့် မဖြစ် ထိုက်သည့် ယိုယွင်းပျက်စီးခြင်းမျိုးများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်  တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ကို  နိုင်ငံတော် သမ္မတက  အတိအလင်း ပြောကြားခဲ့ပါသည်။ ပြည်သူ့ဘဏ္ဍာငွေနှင့် ကျခံသုံးစွဲထားသည့် တိုင်းပြည်၏ အခြေခံအဆောက်အအုံများ ရေရှည် တည်တံ့ရေးအတွက် ပြည်သူများဘက်ကလည်း ကြည့်ရှုစောင့်ရှောက် ကြပ်မတ်ထိန်းသိမ်းပေးရန်ကိုလည်း   နိုင်ငံတော်သမ္မတက  တိုက်တွန်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ၏    ရွှေသောင်ယံတံတား  (မကျီးချောင်း)ဖွင့်ပွဲ မိန့်ခွန်း၌ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများကို ထည့်သွင်းပြောကြားခဲ့   ပါသည်။ တောင်သူလယ်သမားတို့အနေဖြင့် မြေယာကို သားစဉ်မြေးဆက် ခိုင်ခိုင်မာမာလုပ်ကိုင်ခွင့်ရရှိရေးအတွက်  နိုင်ငံတော်အစိုးရက ဥပဒေအရ ဆောင်ရွက်ပေးနေသည်တို့ကို နိုင်ငံတော်သမ္မတက ရှင်းလင်းပြောဆိုခဲ့ပြီး သိမ်းဆည်းခံမြေများ  ပြန်လည်အပ်နှံရေးအတွက်   နိုင်ငံတော်အစိုးရ၏  စီစဉ်ဆောင်ရွက်မှုများကိုပါ တင်ပြပြောဆိုခဲ့ပါသည်။ ဤသိမ်းဆည်းခံ မြေများ ပြန်လည်အပ်နှံရေးကိစ္စရပ်၌ တရားမျှတမှု လက်ခံကျင့်သုံးရေး၏ အရေးပါပုံကို နိုင်ငံတော်သမ္မတက ထောက်ပြခဲ့ပြီး တစ်ဆက်တည်း တရားမျှတမှု လက်ခံကျင့်သုံးရေးက လူ့အဖွဲ့အစည်း  ခိုင်မာရေးအတွက် အရေးပါသကဲ့သို့  ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အရေးပါသည်ကို ရှင်းလင်းပြောဆိုခဲ့ပါသည်။

နိုင်ငံတော်သမ္မတက  ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၏ အစဖြစ်သော ပစ္စုပ္ပန်ကာလ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ရာတွင် လွတ်လပ်မှုနှင့် လုံခြုံမှုအား အကာအကွယ် ပေးသည့်  အုပ်ချုပ်ရေးစနစ်ဖြစ်ရန် အရေးကြီးသည်ကို ရှင်းလင်းတင်ပြ  ခဲ့ပါသည်။  တစ်ပါတည်း နိုင်ငံတော်သမ္မတက နိုင်ငံသူ နိုင်ငံသားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်    ဖိနှိပ်ချုပ်ချယ်သော    အုပ်ချုပ်ရေးယ္တရား မဖြစ်စေရန်ကိုလည်း    သတိပေးပြောဆိုခဲ့ပါသည်။   နိဂုံးချုပ်အားဖြင့် နိုင်ငံတော်သမ္မတ၏  ရွှေသောင်ယံတံတား(မကျီးချောင်း) ဖွင့်ပွဲ မိန့်ခွန်း သည် တိုင်းပြည်၏ ကဏ္ဍအသီးသီးဆိုင်ရာ လုပ်ငန်းလမ်းòန်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။     ။

လွိုင်ကော်မြို့တွင်းရှိ အများပြည်သူဆိုင်ရာနေရာများတွင် စည်းကမ်းမဲ့အရက်ဝိုင်းဖွဲ့ခြင်းကို တားမြစ်ပေးစေလို

ထင်သာမြင်သာပြုပြင်စရာ


ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ အများပြည်သူ ဆိုင်ရာနေရာများတွင် ညအချိန် စည်းကမ်းမဲ့အရက်ဝိုင်း ဖွဲ့ကာ မူးယစ်သောက်စားရမ်းကားနေသူများကြောင့် လမ်းသွားလမ်းလာများအတွက်   အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိရာ အဆိုပါနေရာများ၌ စည်းကမ်းမဲ့ အရက်ဝိုင်းဖွဲ့ခြင်းကို  သက်ဆိုင်ရာက  တားမြစ်အရေး ယူပေးရန်     လိုအပ်လျက်ရှိကြောင်း    ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
''ဘီလူးချောင်းဖြတ်ကျော် ဒေါနိုးကူးတံတားရဲ့ လူသွားလမ်းပေါ်မှာလည်း    ညအချိန်စည်းကမ်းမဲ့ အရက်ဝိုင်းတွေကို တွေ့ရပါတယ်။ နောင်ယားကန်သာ ယာဘေးနဲ့  ထေးငှားလျား  ကန်သာယာဘေးတို့ရဲ့ နားနေဆောင်တွေမှာလည်း စည်းကမ်းမဲ့အရက်ဝိုင်းတွေ ကို တွေ့ရတတ်ပါတယ်။ ပြီးတော့ အခြားဘီလူးချောင်း ဖြတ်ကျော်တံတားတွေရဲ့ လူသွားလမ်းတွေပေါ်မှာလည်း စည်းကမ်းမဲ့အရက်ဝိုင်းတွေ တွေ့ရတတ်တာပါပဲ။ အခြား လမ်းသွားလမ်းလာတွေအတွက်   အနှောင့်အယှက် ဖြစ်ရပါတယ်။  ဒီလို  စည်းမဲ့ ကမ်းမဲ့နေတာကို တားမြစ် ပေးစေလိုပါတယ်'' ဟု   လွိုင်ကော်မြို့    ဒေါနိုးကူး ရပ်ကွက်နေသူတစ်ဦးက  ပြောသည်။
သို့ဖြစ်၍  လွိုင်ကော်မြို့တွင်းရှိ  အများပြည်သူ ဆိုင်ရာ  နေရာများတွင် ညအချိန်မတော် စည်းကမ်းမဲ့ အရက်ဝိုင်းဖွဲ့ကာ မူးယစ်ရမ်းကားနေမှုများကို သက်ဆိုင် ရာက    တားမြစ်အရေးယူသွားရန်    လိုအပ်လျက် ရှိကြောင်း သိရသည်။
                                               ကြီးမြင့်နိုင်(လွိုင်ကော်)

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အာဆီယံအင်ဂျင်နီယာနှင့် နည်းပညာအကယ်ဒမီ၏ (၂၆)ကြိမ်မြောက် ကောင်စီအစည်းအဝေး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

Image may contain: 25 people, people smiling, people standing


ရန်ကုန်   အောက်တိုဘာ  ၂၉
လျှပ်စစ်နှင့်   စွမ်းအင်ဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး       ဦးဝင်းခိုင်သည် အောက်တိုဘာ   ၂၇  ရက် ညနေ ၆ နာရီတွင်  ရန်ကုန်မြို့  နိုဗိုတယ်ဟိုတယ် ၌ ကျင်းပသည့် အာဆီယံအင်ဂျင်နီယာ နှင့် နည်းပညာအကယ်ဒမီ၏(၂၆) ကြိမ် မြောက် ကောင်စီအစည်းအဝေး ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ပိုမိုကြိုးစား လုပ်ဆောင်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက  Industry 4.0 သို့ကူးပြောင်း လာချိန်တွင် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအရေးပါ လာကြောင်းနှင့် အာဆီယံနိုင်ငံများတွင် စီးပွားရေး၊  လူမှုရေးနှင့်  လူသားချင်း စာနာထောက်ထားရေးကိစ္စရပ်များ ပိုမို တိုးတက်ရေးအတွက် ဆန်းသစ်တီထွင် မှုများ  ပိုမိုကြိုးစား လုပ်ဆောင်ကြရန် ပြောကြားသည်။
ယင်းနောက်   အာဆီယံ  အင်ဂျင်   နီယာနှင့်    နည်းပညာအကယ်ဒမီမှ ပေးအပ်သည့် Senior  Fellowship နှင့် Academy  of  Engineering Technology   for  Developing World  Fellowship  များကို ပြည်ထောင်စုဝန်ကြီးက  လက်ခံရယူ ခဲ့သည်။
ပထမဆုံးအကြိမ် လက်ခံကျင်းပ
အာဆီယံအင်ဂျင်နီယာနှင့် နည်း ပညာအကယ်ဒမီသည် အာဆီယံနိုင်ငံ များမှ    ဦးဆောင်အင်ဂျင်နီယာနှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော လွတ်လပ်သည့် ဂုဏ်ထူးဆောင်အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး အာဆီယံ အတွင်း ရေးမှူးအဖွဲ့က  အသိအမှတ်ပြု ပူးပေါင်း ဆောင်ရွက်သည့်  non-profit  အရပ်ဘက်   လူမှုအဖွဲ့အစည်းဖြစ်ကာ ယခုအကြိမ်သည် မြန်မာနိုင်ငံမှ အာဆီယံ အင်ဂျင်နီယာနှင့်နည်းပညာ အကယ်ဒမီ ကောင်စီအစည်းအဝေးကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။
လူမှုတာဝန်တစ်ရပ်အဖြစ် ခံယူ
အာဆီယံအင်ဂျင်နီယာနှင့် နည်း ပညာအကယ်ဒမီနှင့်အဖွဲ့ဝင်များသည် အထူးအားဖြင့် အာဆီယံလူ့အဖွဲ့အစည်း များမှတစ်ဆင့်  က္ဘာတစ်ဝန်းလုံးတွင် စီးပွားရေး၊လူမှုရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးကိစ္စရပ်များ လက်တွေ့ ကျကျ      ပိုမိုတိုးတက်ရေးအတွက်     အင်ဂျင်နီယာ၊ သိပ္ပံပညာ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ   တိုးမြှင့်ရေး၊ ပိုမိုကောင်းမွန်စေရေးနှင့် ပိုမိုကျယ်ပြန့် စွာ  အသုံးချနိုင်ရေးတို့အတွက်  မိမိတို့၏ ကျွမ်းကျင်တတ်မြောက်မှုနှင့် ကွန်ရက် များဖြင့် တစိုက်မတ်မတ် ဦးတည်ဆောင် ရွက်သွားရေးကို    လူမှုတာဝန်တစ်ရပ် အဖြစ် ခံယူထားသည်။
ပါဝင်ဆောင်ရွက်
အာဆီယံ အင်ဂျင်နီယာနှင့် နည်း ပညာအကယ်ဒမီတွင်   မြန်မာနိုင်ငံမှ     ဆယ်စုနှစ်တစ်ခုကျော် ပါဝင်ဆောင်ရွက်  ပြီးနောက်ပိုင်းတွင်   လက်ရှိအချိန်၌       အာဆီယံအင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီအဖွဲ့ဝင် စုစုပေါင်း  ၂၅၆ ဦး တွင်မြန်မာနိုင်ငံမှ Senior Fellowနှစ်ဦး၊Fellow  ၄၇  ဦး၊ Associate Fellow ၁၆  ဦး  စုစုပေါင်း   ၆၇  ဦး ပါဝင်နေပြီး  ၁၅ ဦး ကောင်စီတွင် မြန်မာ နိုင်ငံမှ ဒေါက်တာစိန်မြင့်နှင့် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်ဆောင်ရွက် နေကြောင်း သိရသည်။         သတင်းစဉ်

အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ၃/၂ဝ၁၈ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

Image may contain: 3 people, people sitting, table and indoor
နေပြည်တော်   အောက်တိုဘာ     ၂၉
Job  Creation  Sector Coordi-nation   Group၏    ၃/၂ဝ၁၈ အစည်းအဝေးကို   ယနေ့   မွန်းလွဲ ၁ နာရီတွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွား ရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန    ဒုတိယဝန်ကြီး  ဦးအောင်ထူး တက်ရောက်    အမှာစကားပြောကြား သည်။

ဒုတိယဝန်ကြီးက   အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏     ရှေ့ဆက်လက်     ဆောင်ရွက်မည့်    လုပ်ငန်းစဉ်များ၊ ဦးစားပေးကဏ္ဍအလိုက်ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက် ၍ ညှိနှိုင်းဆွေးနွေးရန်အတွက် ကျင်းပ ရခြင်းဖြစ်ကြောင်း။
အလုပ်အကိုင်   ဖန်တီးပေးနိုင်မှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ၏ လက်အောက်တွင်   ဦးစားပေးကဏ္ဍခွဲအလိုက် အ¸ခွဲ ၄၇ ဖွဲ့အား ဦးစီးဌာန အသီးသီး၏ òန်ကြားရေးမှူးချုပ်များ     မှ ဥက္ကဋ္ဌအဖြစ်    တာဝန်ယူဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊    ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးနည်းပညာကဏ္ဍ အ¸ခွဲ ကိုလည်း ဆက်လက်ဖွဲ့စည်းရန်ရှိကြောင်း။
ယခု    ဖွဲ့စည်းထားပြီးဖြစ်သော အလုပ်အကိုင်ဖန်တီးပေးနိုင်မှု    ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး  အ¸ခွဲများ    မှ    ပူးပေါင်းပါဝင်  ဆောင်ရွက်ရန်  အတွက်ဖွံ့ဖြိုးမိတ်ဖက် အဖွဲ့အစည်း                ၁၈  ခုမှ   ကိုယ်စားလှယ်ပေါင်း  ၂၂ ဦး ပါဝင်လျက်ရှိသဖြင့်     လုပ်ငန်းများ အကောင်အထည်ဖော်   ဆောင်ရွက်         ရာတွင် ပိုမိုထိရောက်စွာ  လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း။
အဖွဲ့ခွဲများအနေဖြင့်    မိမိကဏ္ဍအတွင်းရှိသော    စီမံကိန်း အစီအစဉ် များကို ကြီးကြပ်ခြင်း၊  အကဲဖြတ်ခြင်း တို့ကို   အားပေးဆောင်ရွက်ရမည်ဖြစ်     ပြီး  တွေ့ရှိချက်များကို   အဖွဲ့ဝင်များနှင့် ဗဟိုစာရင်းအင်းအဖွဲ့သို့    မျှဝေရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်ဖန်တီးရေး  နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲ ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း ( MSDP ) ရှိ                 မဏ္ဍိုင် (၂) ၌  မဟာဗျူဟာ (၇) ရပ်ကို ချမှတ်ထားပြီးဖြစ်ကြောင်း။
MSDP ၏      ပန်းတိုင် (၃) ပါ မဟာဗျူဟာများတွင်   ဘက်စုံစိုက်ပျိုး မွေးမြူရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ  တိုးတက်ရေး၊ လုပ်သာကိုင်သာရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖော်ဆောင်ရေး၊ ကုန်သွယ် မှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုများအား  လေ့လာစေရေး၊  ငွေကြေး ဝန်ဆောင်မှုစနစ်များ   ပိုမိုခိုင်မာလာ စေရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ဖန်တီးမှုနှင့် ဆန်းသစ် တီထွင်မှု  တွန်းအားပေးဆောင်ရွက်ရေး နှင့်  သက်ဆိုင်သည့် လုပ်ငန်းစဉ်ပေါင်း ၇၅  ခုကိုလည်း  သတ်မှတ်ရေးဆွဲပြီး ဖြစ်ကြောင်း၊ တက်ရောက်လာကြသော တာဝန်ရှိ  ပုဂ္ဂိုလ်များမှလည်း   လုပ်ငန်း များအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက်  ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက်   တက်ရောက်လာကြ သော  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ပမိတ်ဖက်    အဖွဲ့အစည်းများမှ တာဝန်ရှိသူများက  မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများအား လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေ မှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက်   ရှင်းလင်းတင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက ပြန်လည် ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြား သည်။
အခမ်းအနားသို့  ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့်  တာဝန်ရှိသူများ၊Hanns  Seidel  Foundation၊ BRAC Myanmar၊ Embassy of Switzerland၊ UNFPA၊ JICA၊ MCRB၊ Cuso International၊  ITC၊ ILO၊  People In Need၊ ACTED၊German Embassy၊ DFID၊ GIZ၊USAID  တို့မှ  တာဝန် ရှိသူများနှင့် ပညာရှင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုအတွက် တရားရုံးစီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေးညီလာခံ”မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

Image may contain: 1 person
နေပြည်တော်  အောက်တိုဘာ  ၂၉

ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့်  အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂ  ပတ်ဝန်းကျင်ထိန်းသိမ်း    ရေးအစီအစဉ် (UNEP)၊  သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အာရှတရားသူကြီး များကွန်ရက် (AJNE)တို့ ပူးပေါင်း၍ ''ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုအတွက်   တရားရုံး       စီရင်ဆုံးဖြတ်မှုဆိုင်ရာ  အာရှ-ပစိဖိတ် တရားရေးညီလာခံ (Asia-Pacific Judicial  Conference  on  En-vironmental  and Climate Change Adjudication)” ဖွင့်ပွဲကို ယနေ့နံနက် ၉  နာရီတွင် နေပြည်တော် Hilton Hotel ၌     ကျင်းပရာ ပြည်ထောင်စု     တရားသူကြီးချုပ်     ဦးထွန်းထွန်းဦး တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားသည်။

ညီလာခံကို သဘာဝပတ်ဝန်းကျင် နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အမှု များ     စစ်ဆေးစီရင်မှုနှင့်  စပ်လျဉ်း၍ တိုးတက်     ခိုင်မာလာစေရေးအတွက် ကျင်းပခြင်းဖြစ်ပြီး  အာရှနှင့်  ပစိဖိတ် ဒေသတွင်းနိုင်ငံများ ပူးပေါင်း၍ ပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ တရားမျှတမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမှု များ    စစ်ဆေးစီရင်ခြင်း၊    စီရင်ထုံးများ လိုက်နာမှု      အားကောင်းလာစေရေး၊ ပတ်ဝန်းကျင်     ထိန်းသိမ်းရေးဆိုင်ရာ အုပ်ချုပ်မှုတို့နှင့်ပတ်သက်၍  အကောင်း ဆုံး  ကျင့်သုံးမှုများကို  တရားသူကြီး              များနှင့်  ဥပဒေပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့်    အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။
ညီလာခံကို အောက်တိုဘာ ၂၉ ရက် မှ  ၃ဝ  ရက်အထိ  နှစ်ရက်ကြာ  ကျင်းပ မည်ဖြစ်ပြီး  သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ် မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းဥပဒေများ၊ ဥပဒေကို အကောင်အထည်ဖော်  ဆောင်ရွက် နိုင်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီ ဥတုပြောင်းလဲခြင်းဆိုင်ရာ တရားစွဲဆိုမှု များနှင့်  တွေ့ကြုံရသောစိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲလာသည့်ခေတ်ကြီး တွင် တရားသူကြီးများ၏  အခန်းကဏ္ဍ အစရှိသည်တို့နှင့်စပ်လျဉ်း၍    ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နေသူ များက  ရှုထောင့်အသီးသီးမှ   ပါဝင် ဆွေးနွေးကြမည်ဖြစ်သည်။

တာဝန်ရှိသူများ တက်ရောက်
ညီလာခံသို့  အာဆီယံနိုင်ငံများ၊ တောင်အာရှနိုင်ငံများ၊ ပစိဖိတ်ဒေသ တွင်းနိုင်ငံများ၊ ဗြိတိန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ နယူးဇီလန်၊   ကိရိဘတ်စ်  နိုင်ငံများမှ တရားသူကြီးချုပ်များ၊  တရားသူကြီး    များ၊  တရားရေးအရာရှိများ၊ အဆင့်မြင့် အရာရှိကြီးများ၊   ADB ၊    UN Environment  မှ  တာဝန်ရှိသူများ      နှင့်Train-The-Trainers Program Environmental Champions မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ    ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဒုတိယရှေ့နေချုပ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်    တရားသူကြီးများ၊ ပြည်ထောင်စုလွှတ်တော်၊    ပြည်သှူ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ကော်မရှင်နှင့်  ရေးရာကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန် နှင့် မ္တလေးတက္ကသိုလ်  ဥပဒေပညာ ဌာနမှ     ပါမောက္ခများ၊   ရန်ကုန်နှင့် မ္တလေး ရှေ့နေများအသင်း ဥက္ကဋ္ဌများ၊  ခရိုင်အဆင့်     တရားသူကြီးများနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိများ၊ သတင်းမီဒီယာ များမှ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး   မြန်မာနိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ 

သတင်းစဉ်

Monday, October 29, 2018

နိုင်ငံတော်သမ္မတ၏ လုပ်ငန်းလမ်းညွှန်


မြန်မာ့အလင်းအယ်ဒီတာအာဘော်


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမတွင် တာဝန်ရှိ အဖွဲ့ အစည်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား ခဲ့ပါသည်။ ဤတွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များ(ပြည်သှူ၊ အမျိုးသား၊ တိုင်းဒေသကြီး) နှင့် တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလ၏ ပြောင်းလဲမှုဖြစ်စဉ်များ အောင်မြင်ချောမွေ့စေရန်အတွက် ပြည်သူပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သှူဝန်ထမ်းအားလုံး၏ ပုံစံကျနေသည့် အတွေးအခေါ်နှင့် ပုံသေကားကျအလေ့အထများ ပြုပြင် ပြောင်းလဲရန် အထူးလိုအပ်နေသည်ကို အလေးအနက်ထား ပြောကြား ခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ နိုင်ငံ သားများအားလုံး တောင့်တနေသည့် ဆန္ဒဖြစ်သည်နှင့်အညီ အဆိုပါဆန္ဒ အား အကောင်အထည်ဖော်ရန် အားလုံးတွင်တာဝန်ရှိသည်ကို ထောက်ပြ ခဲ့ပါသည်။ ဤပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ရာ၌ တွန့်ဆုတ်မှုများနှင့်အတူ စိုးရိမ်မှု၊ ဝန်လေးမှုတို့ ရှိနေသည်ကိုလည်း နိုင်ငံတော်သမ္မတက သုံးသပ်တင်ပြခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုသာ အကောင်အထည်ဖော်နိုင်စွမ်းမရှိပါက နိုင်ငံတော် ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်မည်မဟုတ်၍ နိုင်ငံတော်သမ္မတက တာဝန်ရှိအဖွဲ့အစည်း၊ ပုဂ္ဂိုလ်အားလုံးအား ပြုပြင်ပြောင်းလဲရေး ရေစီး ကြောင်းတွင် လိုက်ပါကြပါရန် လမ်းòန်အမှာစကားပြောကြားခဲ့ပါ သည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တို့သည် တိုင်းပြည်၏ ဖွံ့ဖြိုးရေး အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်၍ အတင်းအကျပ် တိုက်တွန်းမှ ဖော်ဆောင်မည်ဟူသော သဘောထားမျိုးမထားကြရန် ကိုလည်း နိုင်ငံတော်သမ္မတက သတိပေးစကားပြောကြားခဲ့ပါသည်။ တစ်ဆက်တည်း နိုင်ငံတော်သမ္မတက အတိတ်သင်ခန်းစာတို့ကို နှလုံး သွင်းခံယူလျက် အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအား ဦးတည်အကောင်အထည် ဖော်ရမည်ကိုပါ လမ်းòန် ခဲ့ပါသည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးသည် တိကျ သော လုပ်ငန်းစဉ်များ ချမှတ်၍ အကောင် အထည်ဖော်ရမည်ဖြစ်သည် နှင့်အညီ နိုင်ငံတော်က ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေးတို့နှင့် ပတ်သက်သော မူဝါဒတို့ ချမှတ်ထားသည်ကိုလည်း နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြခဲ့ပါသည်။

နိုင်ငံတော်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲရာ၌ နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေးတရားမျှတမှုတို့ ဖန်တီးဖော်ဆောင်ရမည် ဖြစ်သကဲ့သို့ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်းညီမျှမှု၊ တရားဥပဒေ အရာတွင် ညီမျှမှုတို့ ပုံဖော်ရမည်ကိုလည်း လမ်းòန်ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေး ယ္တရားတို့ဟူသည် နိုင်ငံသူ နိုင်ငံသား တို့အား ဖိနှိပ်ချုပ်ချယ်သည့် သဘောမသက်ရောက်စေရ၊ ပြည်သှူဝန်ဆောင် မှုသဘောသာဖြစ်စေရမည်ကို ရှင်းလင်းပြောဆိုခဲ့ပါသည်။ တရားမျှတရေး သည် ဒီမိုကရေစီခိုင်မာရေးနှင့် လှူအဖွဲ့အစည်းခိုင်မြဲရေးတို့၏ အခြေခံ အုတ်မြစ်ဖြစ်သည်နှင့်အညီ အုပ်ချုပ်ရေးအား တရားမျှတ၍ ဘက်လိုက် မှုကင်းသည့် အုပ်ချုပ်ရေးဖြစ်စေရန်ကိုလည်း နိုင်ငံတော်သမ္မတက ထောက်ပြခဲ့ပါသည်။

နိုင်ငံတော်သမ္မတက တရားစီရင်ရေး၌ လုပ်ပိုင်ခွင့်ရှိသူများ၊ တာဝန် ရှိသူများ၏ ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ရန် ညွှန်ကြားသကဲ့သို့ လှူအခွင့်အရေးချိုးဖောက်မှု မရှိစေရေး အပါအဝင် အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်စေရန် လမ်းညွှန်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတက တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဖြတ်သန်းသည့်ကာလတစ်ခုတွင် သမိုင်းကပေးအပ်လိုက်သည့် တာဝန်များ ကို ကျေပွန်မှသာ နောင်မျိုးဆက်တို့က အသိအမှတ်ပြုလေးစားမည်ဟု သုံးသပ်တင်ပြလိုက်ခြင်းသည် နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် လုပ်ငန်း လမ်းညွှန်ချပြလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါ သည်။ ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အဖွဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးများ တက်ရောက်ရာမှ ပြန်လည်ရောက်ရှိ


Image may contain: 3 people, people sitting, table and indoor


နေပြည်တော် အောက်တိုဘာ ၂၈

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့သည် ဒိန်းမတ်နိုင်ငံတွင် ကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အစည်း အဝေးများ တက်ရောက်ရန်အတွက် အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့Bella Centerတွင် ဒိန်းမတ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၁၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးညီလာခံ (18th International Anti-Corruption Conference) သို့ အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်ထိ တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံကို ဖွံ့ဖြိုးတိုးတက် ရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေး အတွက် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင် ရွက်ရန် အချိန်ကျရောက်နေပြီဖြစ် ကြောင်း အသိပေးနှိုးဆော်သည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံ ၁၄၄ နိုင်ငံမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေ သည့် အစိုးရ အဖွဲ့အစည်းများ၊ လူမှု အဖွဲ့အစည်းများ၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၈ဝဝ ကျော် တက်ရောက်ခဲ့ သည်။
အဆိုပါညီလာခံမှ အဂတိလိုက်စား မှုတိုက်ဖျက်ရေးလုပ်ငန်းသည် ခိုင်မာ သည့် ကမ္ဘာလုံးဆိုင်ရာ အင်အားတစ်ရပ် ဖြစ်လာပြီး မည်သည့်အဂတိလိုက်စားမှု ကိုမျှ ဆိတ်ဆိတ်နေမည်မဟုတ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း တွင် ပုဂ္ဂလိကအခန်း ကဏ္ဍသည်လည်း အရေးပါပြီး တက်ကြွစွာပါဝင်လှုပ်ရှားနေ ကြောင်း၊ စီးပွားရေးလုပ်ငန်းများ အနေ ဖြင့်လည်း အဂတိလိုက်စားမှုကို လုံးဝ သည်းမခံ ခွင့်မလွှတ်သည့် Zero Tolerance Policy ကို ကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ကြောင်း အပါအဝင် အချက် ၁၁ ချက်ကို ထုတ်ပြန်ကြေညာခဲ့ သည်။
ကော်မရှင်ဥက္ကဋ္ဌသည် ညီလာခံ တက်ရောက်စဉ်ကာလအတွင်း ထိုင်းနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အမျိုး သားကော်မရှင်၊ အင်ဒိုနီးရှားနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ဥက္ကဋ္ဌများနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကိုပင်ဟေဂင်မြို့Eigtveds Pakhus Buildingတွင် ဒိန်းမတ်အစိုးရ၊ ကမ္ဘာ့ဘဏ်နှင့် အဂတိလိုက်စားမှုရှာဖွေ တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာ မိတ်အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အဂတိလိုက်စားမှုရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရာတွင် မဟာမိတ် အဖွဲ့များ ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက် သွားရေးအသိပေးနှိုးဆော်သည့် ရည်ရွယ် ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသူ ၂ဝဝ ခန့် တက်ရောက်ခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌသည် အစည်း အဝေးတက်ရောက်စဉ် ကာလအတွင်း ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှ၊ လက်တင်အမေရိကနှင့် အိုးရှန်း နီးယားဌာနဆိုင်ရာ အကြီးအကဲ သံအမတ်ကြီးMr. Erik Laursen နှင့် အောက်တိုဘာ ၂၅ ရက်က တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက် ဖျက်ရေးအခြေအနေများကို အပြန် အလှန်ဆွေးနွေး ခဲ့ကြသည်။
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်တွင် လေ ကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။

သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ရွှေသောင်ယံတံတား(မကျီးချောင်း)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်


Image may contain: 1 person

နိုင်ငံတော်က ငွေကုန်ကြေးကျခံပြီး အလေးအနက်ထား ရင်းနှီးမြှုပ်နှံပေးခဲ့သည့် လမ်းတံတားအပါအဝင်
အခြေခံအဆောက်အအုံများ ရေရှည်တည်တံ့အောင် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်


နေပြည်တော် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးကျော်လင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ရွှေသောင်ယံမြို့၌ ကျင်းပသည့် ရွှေသောင်ယံတံတား (မကျီးချောင်း)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အတိုင်းမသိအထူးဝမ်းသာ
အခမ်းအနားတွင် နိုင်ငံတော် သမ္မတက အမှာစကားပြောကြားရာ၌ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလ ယခုလမ်း၊ ယခုခရီးကြမ်းတွင် မိမိ အနေဖြင့် ဆိုင်ကယ်တစ်တန်၊ ကားတစ် တန်၊ စက်လှေတစ်တန်၊ ဇက်အသွား အပြန်ဖြင့် ယခုဒေသ၊ ယခုအရပ်တွင် ခြေရာချင်း ထပ်ခဲ့ရပါကြောင်း၊ ထိုစဉ် ကတည်းက မိမိအား လှိုက်လှဲစွာ ကြိုဆို ကြပြီး ဧည့်ခံကျွေးမွေးကြသည့် မိဘ ပြည်သူများ၊ အားပေးထောက်ခံကြသည့် မဲဆန္ဒရှင်များ၊ မညည်းမညူ ရိုင်းပင်း ကူညီကြသူများအားလုံး၏ ကျေးဇူးကို မိမိနှလုံးသားတွင် ကမ္ပည်းတင်ထားပါ ကြောင်း၊ ယခုမြို့နယ်၊ ယခုဒေသရှိ မိတ်ဆွေသင်္ဂဟများ အားလုံးကို သတိရ လျက်ရှိပါသည်ဟု အခွင့်အခါ ကြုံခိုက် ပြောကြားလိုပါကြောင်း၊ ယခု အချိန်တွင် ဒေသခံများ နှစ်ပေါင်းများစွာ လိုလား တောင့်တခဲ့သည့် ရွှေသောင်ယံတံတား ကို ဖြည့်ဆည်းခွင့်ရပြီး ကိုယ်တိုင်ကိုယ် ကျလာရောက် ဖွင့်လှစ်နိုင်သည့်အတွက် အတိုင်းမသိအထူးဝမ်းသာ ကြည်နူးရ ပါကြောင်း။
ဟန်ချက်ညီဖွံ့ဖြိုးရန်
ပြည်သူလူထုက ရွေးချယ်တင် မြှောက်ပေးခဲ့သည့် မိမိတို့အစိုးရအဖွဲ့ သက်တမ်းမှာ အခုဆိုလျှင် နှစ်နှစ်ခွဲ ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းကာလ အတွင်း နိုင်ငံတော်ကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပြည်ထောင်စုကြီးအတွင်းတွင် ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်လျက်ရှိကြပါကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးများနှင့် စုစည်းညီညွတ်စွာ စုပေါင်း နေထိုင်ကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး ဖြစ်ပါကြောင်း၊ ရှေးပဝေသဏီ ကတည်းကစပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား အေးအတူပူအမျှ ဥမကွဲသိုက်မပျက် လက်တွဲနေထိုင်လျက် ရှိကြပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးတို့ကို အဆင့်အတန်း မြင့်မားစေရန် အခြေခံအဆောက်အအုံ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ လမ်းများ၊ တံတား များ ကောင်းမွန်ပြီး ဆက်သွယ်မှု အဆင်ပြေချောမွေ့မှသာ ပြည်သူများ အကြား ကူးလူးဆက်သွယ်သွားလာနိုင် ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း။
ဒေသခံများအတွက် အကျိုးဖြစ်ထွန်း
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝ ကျွန်းပေါ်ဒေသ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ စပါးကျီသာမက၊ ရေထွက် ကုန်ပစ္စည်းများ အဓိကဖြည့်တင်းပေး နေသည့် တိုင်းဒေသကြီးလည်း ဖြစ်ပါ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အနေ ဖြင့် ယခင်က ရေလမ်းခရီးကိုသာ အဓိက ထား အားကိုးခဲ့ကြရသော်လည်း ဒီနေ့ ဒီအချိန်တွင် တိုင်းဒေသကြီး၏ ဒေသ အသီးသီးကို ကုန်းလမ်းခရီးဖြင့် အချိန်တို အတွင်း လွယ်လင့်တကူသွားလာနိုင်ပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ပြေါ<ွကယ်ဝသည့် သဘာဝသယံဇာတများ၊ မပျက်စီးသေး သည့် သာယာလှပသော ပင်လယ်ကမ်း ရိုးတန်းနှင့် အပန်းဖြေကမ်းခြေများ ကြောင့် ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ရွှေသောင်ယံတံတားသည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ဒေသခံပြည်သူများ အတွက် အလွန်အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုး လာသည်နှင့် ယခုဒေသ၏ လူမှုစီးပွားဘဝ လည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ သားစဉ်မြေးဆက် စားဝတ်နေရေး အတွက်အသုံးပြုရမည့် ယခုသဘာဝ ပတ်ဝန်းကျင်မပျက်စီးရအောင် ထိန်းသိမ်း ရမည်ဖြစ်ပြီး သဘာဝသယံဇာတများ မဆုံးရှုံးရအောင် ကာကွယ်ရမည်ဖြစ်ပါ ကြောင်း။
ပူးပေါင်းဆောင်ရွက်
မိမိတို့၏ ခဏတာဝမ်းစာအတွက် မကြည့်ဘဲ အားလုံးခံစားကြရမည့် တစ်သက်တာ ရေရှည်အကျိုးစီးပွားကို ဂရုစိုက်စေလိုပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်း များ၏ စည်းမျဉ်း စည်းကမ်း၊ အမိန့်òန် ကြားချက်များကို ဒေသခံပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များက လေးစား လိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကမ်းခြေဒေသ ရေရှည်တည်တံ့ ခိုင်မြဲမည် ဖြစ်ပါကြောင်း၊ ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း ဒေသခံများ စီးပွားရေးလုပ်ငန်းရှင်များက ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ ဘေးအ္တရာယ် ကင်းရှင်းရေးအတွက်လည်း သတိပေး ဆိုင်းဘုတ်များ၊ ပိုစတာများ၊ ကြော်ငြာ များ စိုက်ထူထားရန် လိုအပ်ပါကြောင်း။

မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် လမ်း၊ တံတားများကို တည်ဆောက်နိုင်ခဲ့ပါ ကြောင်း၊ လက်ကျန်သက်တမ်းအတွင်းမှာ လည်း ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်းပေါင်း ၄ဝဝ ကျော် ပြီးစီး အောင် တည်ဆောက်သွားရန် စီစဉ်ထား ပါကြောင်း၊ ပြည်သူလူထုစိတ်လုံခြုံမှု၊ ဘဝလုံခြုံမှုရှိစေရန် လမ်းများနှင့် တံတား များကိုလည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ကြည့်ရှုစစ်ဆေးပြီး ကြိုတင်ပြုပြင် အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာ အားလုံး၏ ၈ဝ ရာခိုင်နှုန်း၊ ကျေးလက် ဒေသနေပြည်သူအားလုံး၏ ၉ဝ ရာခိုင် နှုန်းသည် ကျေးလက်လမ်းများကို ရာသီ မရွေးအသုံးပြုနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဖောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆင့်မြှင့် တင်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ပါကြောင်း။
ဒေသအကျိုးဖြစ်စေမည့်စီမံကိန်း
ယခုကဲ့သို့ လမ်းတံတားတည် ဆောက်ရေးများ၊ စီမံကိန်းလုပ်ငန်းများ တွင် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေးအတွက် ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ ငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများသည် ဒေသအကျိုးဖြစ်ထွန်း စေမည့် စီမံကိန်းများဖြစ်ရန် လိုပါကြောင်း၊ ထို့အပြင် စီမံကိန်းများကို လက်သင့်ရာ လုပ်ငန်းအပ်နှံခြင်းမျိုးများ မရှိရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထား သည့် တင်ဒါစည်းမျဉ်း စည်းကမ်းများ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက တိတိကျကျလိုက်နာ မှုရှိကြရန် သတိပေးလိုပါကြောင်း၊ စီမံ ကိန်းများ ဆောင်ရွက်သည့်နေရာတွင် အကယ်၍ အဆင့်လိုက် ခွဲတမ်းချဝေပုံကျ ခွဲယူကြပြီး ပြည်သူများအတွက် ထိထိ ရောက်ရောက် မရှိတော့သည့် ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးအရ ကျောသားရင်သား မခွဲခြား ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဆို သည်ကို အလေးထားပြီး ပြောကြားလိုပါ ကြောင်း။
တာဝန်ရှိသူများ တာဝန်ခံရမည်
လမ်းများ၊ တံတားများအပါအဝင် အခြေခံအဆောက်အအုံများ၊ တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ကြ ရာတွင်လည်း အရည်အသွေးစိစစ် ထိန်းသိမ်းရေး Quality Control ကို မဖြစ်မနေ ဆောင်ရွက်ကြရန် မှာကြား ထားပြီးဖြစ်ပါကြောင်း၊ သတ်မှတ်ထား သည့် ခံနိုင်ဝန်၊ သတ်မှတ်ထားသည့် အချိန်ကာလ၊ မမျှော်လင့်ဘဲကြုံတွေ့ရ တတ်သည့် အခြေအနေများမှလွဲ၍ မဖြစ် သင့်မဖြစ်ထိုက်သည့် ယိုယွင်းပျက်စီးခြင်း မျိုးများ ဖြစ်ပေါ်လာပြီး ပြည်သူများဒုက္ခ တွေ့ကြုံလာလျှင် သက်ဆိုင်ရာ တာဝန်ရှိ သူများကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ် သည်ကို အတိအလင်း ပြောကြားလိုပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေနှင့် ကျခံသုံးစွဲ ရသည့် ယခုလိုအခြေခံအဆောက်အအုံ များ ရေရှည်တည်တံ့နိုင်အောင် ပြည်သူ များဘက်ကလည်း ကြည့်ရှုစောင့်ရှောက် ပေးကြရန်၊ ကြပ်မတ်ထိန်းသိမ်းပေးကြရန် တိုက်တွန်းလိုပါကြောင်း။
မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်းအများစု မှီခို အားထားနေရသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီး သည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးပိုင်းတွင် နိုင်ငံတော်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေ ပြီး လယ်ယာကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေများကိုလည်း ခေတ်ကာလအခြေ အနေနှင့် လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်း ပေးလျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍ ခိုင်မာအားကောင်းရန်၊ တောင်သူ လယ်သမားများ မိမိတို့စိုက်ပျိုးလုပ်ကိုင် ရသလောက် အကျိုးရှိစေရန်၊ မိမိတို့စီမံ လုပ်ကိုင်နေသည့် မြေယာကို သားစဉ်မြေး ဆက် ခိုင်ခိုင်မာမာလုပ်ကိုင်ခွင့်ရစေရန် အတွက် ၂ဝ၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့ကို လည်း လက်ရှိပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင် ပြဋ္ဌာန်းဆောင်ရွက်လျက် ရှိပါကြောင်း။
မိမိတို့ အစိုးရအနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများကို ပြန်လည်စွန့်လွှတ် ပေးခဲ့ရာမှာ စုစုပေါင်းစွန့်လွှတ်မြေ ၆၃၄၁၇ ဧက ရှိခဲ့ပြီဖြစ်ပါကြောင်း၊ တောင်သူများ လက်ဝယ်ကို ၁၃ဝ၉၁ ဧက လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို ၅ဝ၃၂၆ ဧက လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိ နေသေးသည့် သိမ်းဆည်းခံလယ်ယာ မြေများကို သက်ဆိုင်သည့် တောင်သူ များလက်ထဲ အမြန်ဆုံးပြန်လည်ပေးအပ် နိုင်ရန်လည်း စိစစ်မှုများဆောင်ရွက် နေကြပါကြောင်း။
လူတိုင်းရသင့်သည့်အခွင့်အရေး
သိမ်းဆည်းခံမြေများကို သက်ဆိုင် ရာ ကော်မတီအသီးသီးက ပြန်လည်စိစစ် ရာတွင် အဆင်ပြေချောမွေ့မှုမရှိစေရန် အဟန့်အတား ဖြစ်စေသည့်၊ စွန့်လွှတ်ပြီး မြေများအား ပြန်လည်အပ်နှံပေးရန် နှောင့်နှေးစေသည့်၊ စွန့်လွှတ်ပြီး မြေများ ကို အပ်နှံပြီးသော်လည်း ယာယီလွှဲ ပြောင်းပေးရန် အခက်အခဲဖြစ်ပေါ်နေ သည့်၊ အသုံးချပိုင်ခွင့် အမည်ပေါက် ရရှိစေရန် အကျပ်အ$တည်းဖြစ်စေသည့် သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူသွားမည်ကို ထပ်မံ သတိပေးလိုပါကြောင်း၊ လျော်ကြေး၊ နစ်နာကြေးများ ပေးရန်ရှိပါကလည်း ကာလဒေသအခြေအနေအရ မှန်မှန် ကန်ကန် တရားမျှတစွာ သတ်မှတ်ကြရ မည် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးက မဖြစ်နိုင်သည်များကို ရပ်ခံမနေကြဘဲ ကိုယ်ချင်းစာတရားဖြင့် သူမနာ၊ကိုယ်မနာ လက်ခံကြရန် လိုအပ်ပါကြောင်း၊ တရား မျှတခြင်းသည် လူတိုင်းရသင့်ရထိုက် သည့် အခွင့်အရေးဖြစ်ပါကြောင်း၊ တရား မျှတမှုကို လက်ခံကျင့်သုံးရေးသည် လူမှုအဖွဲ့အစည်း ခိုင်မာရေးဖြစ်သလို ဒီမိုကရေစီ တည်ဆောက်ရေးလည်း ဖြစ်ပါကြောင်း။
ယနေ့အချိန်အခါတွင် ခေတ်ဟောင်း စနစ်ဟောင်းမှသည် ဒီမိုကရေစီကျင့်စဉ် နှင့်အညီ ခေတ်ပြောင်းစနစ်ပြောင်း ကာလဖြစ်ပါကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ၏ အစပင်ရှိသေး ပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ မရောက်သေးပါကြောင်း၊ ယခုပြောင်းလဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများနှင့် ဝန်ထမ်းများ အားလုံး၏ ပုံစံကျနေသည့် အတွေးအမြင် များ၊ ပုံသေကားကျ အလေ့အထများ အားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်လှပါကြောင်း။
လယ်ယာမြေများပြန်လည်ရရှိရေး
ထို့ကြောင့် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်မှုများ ဆောင်ရွက်နေပါကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်ကို တည့်မတ်နိုင်ရန် တရားရေး မဏ္ဍိုင်တာဝန်ရှိသူများက ကြိုးပမ်းနေပါ ကြောင်း၊ အဂတိလိုက်စားမှုကို အရှိန် အဟုန်နှင့် တိုက်ဖျက်နေပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ် ပေးနေပါကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနေပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ အလေ အလွင့်ဆုံးရှုံးမှုမရှိစေရန် စနစ်တကျစီမံ ခန့်ခွဲနေပါကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခံ ခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိ ရေး၊ လျော်ကြေးနစ်နာကြေးများ ရရှိရေး ကို ဥပဒေနှင့်အညီ အလေးပေးပြီး ဆောင်ရွက်နေပါကြောင်း။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက် နာရမည်ဖြစ်ပြီး ပြည်သူများကလည်း တည်ဆဲဥပဒေများကိုလိုက်နာပြီး ကူညီ ပံ့ပိုးပေးကြရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍကို တာဝန်ယူထားသူ များကလည်း ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယ္တရား ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရန်၊ ဥပဒေနှင့်အညီ တရားနည်းလမ်းတကျ မျှမျှတတအုပ်ချုပ်ရန်၊ ပြည်သူတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ် ပေးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ နိုင်ငံသူနိုင်ငံသားများအပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်စေသည့်၊ ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယ္တရားမဖြစ်စေရန် အထူး လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးယ္တရား ပြုပြင်ပြောင်းလဲရာတွင် တရားဥပဒေ စိုးမိုးရေး၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးများကို ပြည်သူများက ကိုးစား ယုံကြည်ရသည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းလာစေရန် ပြည်သူ့အားကိုရယူ ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ သည် မိမိတို့သားစဉ်မြေးဆက်များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုအတွက် ဖြစ် သည်ကို နားလည်သဘောပေါက်ကြပြီး နိုင်ငံတော်အစိုးရနှင့်အတူ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ပြည်သူများက ဟန်ချက်ညီစွာ လိုက်ပါဆောင်ရွက်ကြမှသာ လိုရာခရီး ရောက်မည်ဆိုသည်ကို ပြောကြားလိုပါ ကြောင်း၊ မိမိတို့၏ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ရန်ဆိုသည်ကို ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြသည့် မိမိတို့ အားလုံး၏ ပုံသေကားကျအတွေးအခေါ်၊ အယူအဆ၊ အလေ့အထများကို ပြုပြင် ပြောင်းလဲနိုင်စွမ်းရှိမှုအပေါ် အများကြီး မူတည်နေသည်ကို အလေးအနက် သတိ ထားကြစေလိုပါကြောင်း။
လေးလေးနက်နက်တိုက်တွန်း
ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူကို လေးစားစွာ အလုပ်အကျွေးပြုရန်နှင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် သန့်ရှင်းသည့် အစိုးရဖြစ် လာစေရန် ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင် က ပြုပြင်ပြောင်းလဲနိုင်မှု၊ ယုံကြည်မှု အပြည့်အဝဖြင့် လိုက်ပါဖော်ဆောင်ပေး ကြရန် လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီး အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးစေရန်၊ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးစေရန် နိုင်ငံတော်က ငွေကုန်ကြေးကျခံပြီး အလေးအနက်ထား ရင်းနှီးမြှုပ်နှံပေးခဲ့ သည့် လမ်း၊ တံတားအပါအဝင် အခြေခံ အဆောက်အအုံများ ရေရှည်တည်တံ့ အောင် ဒေသခံပြည်သူများက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလို ကြောင်း၊ အဂတိကင်းသည့် လူ့အသိုင်း အဝိုင်းကို ဖော်ဆောင်ပေးကြပါ၊ တရား မျှတသည့် လူ့အဖွဲ့အစည်းကို ဖန်တီးပေး ကြစေလိုကြောင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရန် ကာကွယ် ပေးကြစေလိုကြောင်း၊ သယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်ပေးကြ စေလိုကြောင်း၊ နိုင်ငံအဆင့် အပန်းဖြေ ကမ်းခြေများဖြစ်လာအောင် ကြိုးစားပေး ကြစေလိုကြောင်း၊ ပြည်ထောင်စု စိတ် ဓာတ်အရင်းခံပြီး ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လက်တွဲမဖြုတ် စတမ်း သွေးစည်းညီညွတ်မှု၊ ချစ်ကြည် ရင်းနှီးမှုများဖြင့် ငြိမ်းချမ်းသာယာဝပြော သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို တက်ညီလက်ညီ တည်ဆောက်ပေးကြပါရန် အလေး အနက်ထားပြောကြားလိုကြောင်း ပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတားတည်ဆောက် ရခြင်း၊ အစိုးရသစ်လက်ထက် လမ်း၊ တံတားများနှင့် အခြေခံအဆောက်အအုံ များ တည်ဆောက်နေမှုနှင့် ဆက်လက် တည်ဆောက်သွားမည့် အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းကွန် ရက်များကောင်းမွန်ရေးအတွက် လမ်း၊ တံတားများ ပြုပြင်တည်ဆောက်နေမှု များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒေသခံတစ်ဦးက တံတားတည်ဆောက်ပေးမှုနှင့် စပ်လျဉ်း ၍ ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ဝန်ကြီးဦးဝင်းဌေး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင် ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုးမိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးဝင်း၊ တံတား အထူးအဖွဲ့ (၁၅) မှ ဒုတိယòန်ကြားရေး မှူး ဦးကျော်သူရနှင့် ဒေသခံပြည်သူ တစ်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့သည် တံတားဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက တံတားကမ္ပည်း မော်ကွန်းကျောက်စာ တိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ပြည်ထောင်စုဝန်ကြီးများ၊တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်
ယနေ့ဖွင့်လှစ်သည့် ရွှေသောင်ယံ တံတား(မကျီးချောင်း)သည် ရွှေသောင် ယံ-ချောင်းသာကို အလွယ်တကူသွားလာ နိုင်ပြီး အရှည် ၈၂၇ ပေရှိပြီး သံကူ ကွန်ကရစ်အမျိုးအစား ဖြစ်သည်။ ယခု တံတား တည်ဆောက်နိုင်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည် နယ် ပင်လယ်ကမ်းခြေတစ်လျှောက် သွားလာနိုင်မည်ဖြစ်ပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ပုသိမ်မြို့ ရွှေတောင်ကျောင်းတိုက်ဆရာ တော်နှင့် မင်္ဂလာစံကျောင်းတိုက် ဆရာ တော်တို့အား သွားရောက်ဖူးမြော်ကြည် ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဘဏ္ဍာငွေရရှိမှု
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ခုတင် ၅ဝဝ ဆံ့ ကိုးထပ်တိုးချဲ့လူနာဆောင် တည်ဆောက် ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့် က ဆေးရုံတည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှုပမာဏ၊ လုပ်ငန်းအပ်နှံခဲ့ မှု အဆင့်ဆင့်နှင့်ဆေးရုံအတွက် ဆောင် ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတ က ယခု ဆေးရုံကိုးထပ်ဆောင် တည် ဆောက်မှုနှင့်စပ်လျဉ်း၍ ဥပဒေ၊ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိ ကျကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း ပြောကြားပြီး တည်ဆောက်ဆဲ ကိုးထပ်ဆောင်ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ သည် ပုသိမ်ဆေးရုံကြီးတွင် တက်ရောက် ဆေးကုနေကြသည့် လူနာများကို ကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ ငွေများကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ပုသိမ်မြို့မှ တပ်မတော်အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

သတင်းစဉ်

ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော်

Image may contain: text

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေး ကိစ္စများကို လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးသည် ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်များနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များအား မကြာခဏတွေ့ဆုံလေ့ရှိပြီး တွေ့ဆုံသည့်အခါတွင် နိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်က ပြောကြားခဲ့သည့် မိန့်ခွန်းကို ထပ်မံအသိပေး ပြောကြားလေ့ရှိသည်။ ရည်ရွယ်ရင်းမှာ အနှစ်သာရဖြစ်သည့် ပြုပြင် ပြောင်းလဲရေးကို အားလုံးမဖြစ်မနေလုပ်ဆောင်ကြရန် အသိပေး၊ သတိပေး နေခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတကြီးက ''မိမိတို့နိုင်ငံတွင် ခေတ်ဟောင်း၊ စနစ် ဟောင်းမှ ခေတ်သစ်၊ စနစ်သစ်သို့ ပြုပြင်ပြောင်းလဲနိုင်ရန် တက်ညီလက်ညီ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ၊ နိုင်ငံသား အားလုံးတောင့်တနေသည့်ဆန္ဒဖြစ်ပါကြောင်း၊ ယင်းဆန္ဒကို အကောင် အထည်ဖော်ရန်မှာ အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု တွင် တချို့က တွန့်ဆုတ်နေမှု၊ စိုးရိမ်နေမှု၊ ဝန်လေးနေမှုများ ရှိနိုင်ပါ ကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် လိုက်ပါနိုင်ခြင်းမရှိပါက မိမိတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ မလွဲမသွေဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ လောက နိယာမတရားအရ အမြဲမှန်ကန်နေသည့်တရားမှာ ပြောင်းလဲခြင်းတရားပင် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ရန်သူမဟုတ်ပါကြောင်း၊ မိတ်ကောင်း ဆွေကောင်းသာဖြစ်ပါကြောင်း'' အသိပေးပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးသည် ပြည်သူလူထုအားလုံး၏ဆန္ဒအမှန်နှင့် လောကနိယာမ၏ သဘောတရားအမှန်ကို နိုင်ငံတော်နှင့်ပြည်သူ့ တာဝန်ကို ထမ်းဆောင်နေကြသူများအားလုံးအား ကျယ်ကျယ်ပြန့်ပြန့်အသိပေး ပြောကြားခဲ့သည်။ ပြုပြင်ပြောင်းလဲခြင်းဆိုသည်မှာ လောကနိယာမတရား အရ အရာအားလုံးသည် မပြောင်းမလဲ ထာဝရတည်မြဲခြင်းမရှိ၊ အရာ အားလုံးသည် အမြဲတမ်းထာဝရပြုပြင်ပြောင်းလဲနေသည်ကို ဆိုလိုခြင်း ဖြစ်၍ ဖြစ်ပျက်ပြောင်းလဲတတ်သော သင်္ခါရသဘောတရားအတိုင်း ဖြစ်သည်။ ပြည်သူလူထု၏ သဘောထားဆန္ဒအမှန်နှင့် မျှော်လင့်ချက်မှာ ပြုပြင်ပြောင်းလဲရေးဖြစ်သလို ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်ဖော် ဆောင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့ကို တစ်ခဲနက် ထောက်ခံရွေးချယ်ထားသည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးကို မဖြစ် မနေ ဖော်ဆောင်ကြရမည်ဖြစ်သည်။ ယင်းသဘောတရားနှင့် အနှစ်သာရ အားလုံးကို အလေးထားသောအားဖြင့် နိုင်ငံတော်သမ္မတကြီးက ပြုပြင် ပြောင်းလဲရေးကို မဖြစ်မနေဆောင်ရွက်ကြရန် မကြာခဏ အသိပေးပြော ကြားနေခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲခြင်းဆိုသည်မှာ လွယ်မယောင် နှင့်ခက်၊ တိမ်မယောင်နှင့်နက်သော အလုပ်တစ်ခုဖြစ်သည်။ လူတစ်ဦး တစ်ယောက်တွင် ခက်ခဲနေသောအရာမှာ ပြုပြင်ပြောင်းလဲခြင်းပင် ဖြစ်သည်။ ခက်ခဲနေခြင်းမှာ မူလစွဲမြဲနေသော အမူအကျင့်ကို မစွန့်လွှတ် လိုသဖြင့် ယခင်အတိုင်း ဆောင်ရွက်မြဲဆောင်ရွက်နေခြင်းဖြစ်သည်။ ပြုပြင် ပြောင်းလဲခြင်းသည် လောက၏နိယာမတရားအတိုင်း လိုက်ပါဆောင်ရွက် ခြင်းဖြစ်ပြီး မိမိကောင်းကျိုး၊ လူသားများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး အတွက် ပြုပြင်ဖန်တီးပေးနိုင်သည်ကို သတိမူကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းပြည်အကျိုး၊ ပြည်သူပြည်သားများ၏အကျိုး၊ မိမိ အကျိုးတို့အတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အများ အကျိုးကိုရှေးရှုသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအားလုံးတွင် မည်သူမျှတိုက်တွန်းစရာမလိုဘဲ မိမိအသိစိတ်ဓာတ်ဖြင့် လိုက်ပါပြောင်းလဲ ဆောင်ရွက်ကြလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။ ။

Sunday, October 28, 2018

မိုဟာမက်ခရာကီအား အနိုင်ရရှိသည့် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်

Image may contain: 3 people, people standing and hat

နေပြည်တော် အောက်တိုဘာ ၂၇

ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီး၌ အောက်တိုဘာ ၂၆ ရက် ညပိုင်းက ပြုလုပ်သည့် Pursuit of Greatness  ပြိုင်ပွဲတွင်  အဓိက ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ထိုးသတ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှင့် မစ်ဒယ်ဝိတ်တန်းလက်ရှိကမ္ဘာ့ ချန်ပီယံဖြစ်သူ အောင်လအန်ဆန်က စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက် ခရာကီအား ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အလဲထိုး အနိုင်ရရှိခဲ့သည်။

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူလက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီအား  ပထမအချီ၌ပင် တိကျသေသပ်ပြီး ပြင်းထန်သောလက်သီး ထိုးချက်များဖြင့် ဒိုင်ပွဲရပ်အလဲထိုးအနိုင်ယူခဲ့သည့်အတွက် မြန်မာအမျိုးသား ကချင် တိုင်းရင်းသား အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ပေးပို့ သည့် ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁ဝဝ တို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့ရှိRose Garden Hotel ၌ သွားရောက်ပေးအပ် ချီးမြှင့်သည်။

ထို့နောက်MMAမစ်ဒယ်ဝိတ်တန်းနှင့်လိုက်ဟဲဗီးဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား အောင်လအန်ဆန် လက်မှတ်ရေးထိုးထားသည့်အင်္ကျီနှင့် One Championship  ပိုစတာတို့ကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်၊ ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများအား တွေ့ဆုံ


Image may contain: 1 person, sitting, flower and indoor 


နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်း ဒေသကြီးတရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ တိုင်းဒေသကြီး)နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်လမ်းòန်အမှာစကား ပြောကြားသည်။

ဥပဒေနှင့်အညီ ဆောင်ရွက်
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးသို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ပထမဦးစွာ ရှင်းလင်းတင်ပြလိုပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါကြောင်း၊ ယင်းမိန့်ခွန်း၏ အနှစ်သာရကို ပြန်လည် ပြောကြားရပါက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သား များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သှူဝန်ထမ်းများအားလုံး၏ ပုံစံကျ နေသည့် အတွေးအခေါ်နှင့် ပုံသေကားကျ အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန် အထူးလိုအပ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရမည် ဖြစ်ပါကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ပိုမို တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ လှူအခွင့်အရေး ချိုးဖောက်ခံရ ခြင်းများကို ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမည်ဖြစ်ပါကြောင်း၊ ပြည်သှူဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရမည်ဖြစ်ပါကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော် ကြေးနှင့် နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း စသည်တို့ကို ပြောကြားခဲ့ပါကြောင်း။

ပြုပြင်ပြောင်းလဲမှုသည် ရန်သူမဟုတ်
မိမိတို့နိုင်ငံတွင် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ပြုပြင်ပြောင်းလဲနိုင်ရန် တက်ညီလက်ညီ ဆောင် ရွက်ရန်လိုပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး တောင့်တနေသည့် ဆန္ဒဖြစ်ပါကြောင်း၊ ယင်းဆန္ဒကို အကောင်အထည်ဖော်ရန်မှာ အားလုံးတွင် တာဝန် ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုတွင် တချို့က တွန့်ဆုတ်နေမှု၊ စိုးရိမ်နေမှု၊ ဝန်လေးနေမှုများ ရှိနိုင်ပါကြောင်း၊ ပြုပြင်ပြောင်းလဲ ရေးသည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် လိုက်ပါနိုင်ခြင်းမရှိပါက မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်နိုင်မည် မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ မလွဲမသွေဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ လောကနိယာမတရားအရ အမြဲမှန်ကန်နေသည့်တရားမှာ ပြောင်းလဲခြင်းတရားပင် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ရန်သူမဟုတ်ပါကြောင်း၊ မိတ်ကောင်းဆွေကောင်းသာ ဖြစ်ပါ ကြောင်း။
ပြုပြင်ပြောင်းလဲမှုသည် အတင်းအကျပ်တိုက်တွန်းနေရမည့် ကိစ္စမဟုတ်ဘဲ မဖြစ်မနေလုပ်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင်လည်း အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်ပြည်ထောင်စုကြီး တည်ထောင်ရန်မူဝါဒများ ချခဲ့ပါ ကြောင်း၊ မူဝါဒချမှတ်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်ရန် ပန်းတိုင်ရှိပါကြောင်း၊ မိမိတို့တွင် ယုံကြည် ချက် ခိုင်မာသည့်ရပ်တည်ချက်လည်းရှိပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပတ်သက်ပြီးလည်း မူဝါဒများ ချမှတ်ထားပါကြောင်း။
အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးတရားမျှတမှု၊ စီးပွား ရေးတရားမျှတမှု၊ လူမှုရေးမျှတမှုရှိအောင် စီမံရန်ဖြစ်ပါကြောင်း၊ ထို့အတူ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်းညီမျှမှု၊ တရား ဥပဒေအရာတွင် ညီမျှမှုရှိအောင် စီမံပါကြောင်း၊ ထိုသို့စီမံ ဆောင်ရွက်ထားသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်၏မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက် များကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရက အခါအားလျော်စွာပေးအပ်သည့် တာဝန် များကို ကျေပွန်ရန် လိုအပ်ပါကြောင်း။

ဖိနှိပ်သည့် အုပ်ချုပ်ရေးယ္တရား မဖြစ်စေလို
ထို့အပြင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်း များအား ညွှန်ကြားခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ထိန်းကျောင်းခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်ရန် တာဝန်ရှိပါကြောင်း၊ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ အား ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယ္တရား မဖြစ်စေလိုပါ ကြောင်း၊ ပြည်သူကိုဝန်ဆောင်မှုပေးသည့် စီမံခန့်ခွဲမှုမျိုး ဖြစ်စေ လိုပါကြောင်း၊ တရားမျှတ၍ ဘက်လိုက်မှုကင်းသည့် အုပ်ချုပ်ရေး ဖြစ်စေလိုပါကြောင်း၊ တရားမျှတခြင်းသည် ဒီမိုကရေစီခိုင်မာရေး ဖြစ်ပါကြောင်း၊ တရားမျှတခြင်းသည် လှူအဖွဲ့အစည်းခိုင်မြဲရေးဖြစ်ပါကြောင်း။
တရားစီရင်ရေးအပိုင်းအနေဖြင့် ဥပဒေများနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုတရား စီရင်ရေးဥပဒေကို လိုက်နာပြီး ဘက်လိုက်မှုကင်းသည့် တရား စီရင်ရေး ဖြစ်စေလိုပါကြောင်း၊ ဥပဒေအရာတွင် အားလုံးအညီ အမျှ ဖြစ်စေလိုပါကြောင်း၊ တရားစီရင်ရာတွင်လည်း လုပ်ပိုင်ခွင့် ရှိသူများ၊ တာဝန်ရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုကင်းရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး တရားသူကြီးများအနေဖြင့် ရဲစခန်းအချုပ်များ၊ တရားရုံးအချုပ်များ၊ အကျဉ်းထောင်များ၊ ရဲဘက်စခန်းများသို့ သွားရောက်၍ လှူအခွင့်အရေး ချိုးဖောက်မှု များ မရှိစေရေး စစ်ဆေးရန်နှင့် အဂတိကင်းစင်သည့် တရား စီရင်ရေးဖြစ်ရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး ကို ရည်မှန်းချက်ထား ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်ရန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး တည်တံ့ခိုင်မြဲရန် ဦးတည်ပါကြောင်း။

အခွင့်အရေးကို မှန်ကန်စွာသုံးစွဲ
ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်း မှ ကျခံသုံးစွဲသည့်လစာ၊ စရိတ်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါဝန်ထမ်းများတွင် အခွင့်အရေးနှင့် ဒွန်တွဲ၍ တာဝန်ယူမှုများရှိပါကြောင်း၊ အခွင့်အရေးကို မှန်ကန်စွာ သုံးစွဲပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊
မိမိတို့အားလုံးသည် သမိုင်းပေးအခြေအနေအရ မိမိပခုံး ပေါ်သို့ ကျရောက်လာသည့် တာဝန်များကို မိမိဖြတ်သန်းသည့် ကာလတစ်ခုတွင် မိမိတို့လုပ်ဆောင်ချက်များကို နောင်မျိုးဆက် သစ်များက တန်ဖိုးဖြတ်မည်ဖြစ်သည့်အတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းထွန်းက တရား လွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

နိုင်ငံတော်ဘဏ္ဍာငွေရရှိရေးအတွက် ဆောင်ရွက်
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရားစီရင်ရေး ကဏ္ဍအနေဖြင့် အမှုများကို မှန်မှန်နှင့်မြန်မြန် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံးသို့ လာရောက်ကြသူများ အားလုံးမှာ အညီအမျှဖြစ်ရန်လိုကြောင်း၊ တရားသူကြီးများ အနေဖြင့် မှန်အောင်၊ မြန်အောင် တရားစီရင်ရုံသာမက ရဲအချုပ်၊ အကျဉ်းစခန်း၊ ထောင်များတွင် လူ့အခွင့်အရေး စံချိန်စံညွှန်း များနှင့် ညီ၊ မညီကို လိုက်လံကြည့်ရှုရမည် ဖြစ်ပါကြောင်း၊ လှူအခွင့်အရေးသည် တစ်ဦးတစ်ယောက်က စေတနာသဒ္ဓါရှိ၍ ပေးသည့်အရာ မဟုတ်ပါကြောင်း၊ လူတိုင်း၏ မွေးရာပါအခွင့် အရေး ဖြစ်ပါကြောင်း၊ ခိုင်လုံသည့် အထောက်အထားမရှိသူ များအား ပြစ်ဒဏ်မခံစားစေလိုပါကြောင်း၊ သက်သေခံပစ္စည်း များကို စနစ်တကျစိစစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ရရှိရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း။

ညှိနှိုင်းဆောင်ရွက်ပေးရမည်
ဥပဒေပြုရေးကဏ္ဍအနေဖြင့် မေးခွန်း၊ အဆိုများ ပေးပို့ ရာတွင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေများ၊ နည်းဥပဒေများနှင့် အညီ ဖြစ်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်မှသာ လွှတ်တော်တွင် ကတိကဝတ်ပေးစေ လိုကြောင်း၊ တင်ပြစာ၊ တိုင်ကြားစာ၊ အသနားခံစာများကို လွှတ်တော်ရေးရာကော်မတီအလိုက် စိစစ်သုံးသပ်ပြီး သက်ဆိုင် ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီး လွှတ်တော်အဆောက်အအုံကိုလည်း အမြန်ဆုံး တည် ဆောက်ကြစေလိုကြောင်း။
အုပ်ချုပ်ရေးကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်ထောင်စုသို့ လစဉ်တင်ပြသည့် အစီအရင်ခံစာတွင် ကဏ္ဍအလိုက် တင်ပြကြစေလိုကြောင်း၊ အင်းလေလံကိစ္စများတွင် မသက်ဆိုင်သည့်နေရာများ မပါဝင်ရန် သက်ဆိုင်ရာက ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကျန်ရှိနေသည့် ကျေးရွာများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေနှင့်အညီ အမြန်ဆုံးရွေးချယ်ကြစေလိုကြောင်း၊ အရပ်ရပ် ဆိုင်ရာ လေလံတင်ရာတွင် ဝင်ငွေရရှိမှုမှာ ယခင်နှစ်ထက် ထက်ဝက်လျော့နည်းခဲ့သည့်အတွက် ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ တာဝန်ရှိသူအားလုံးက နိုင်ငံတော် နှင့် ပြည်သူအတွက် ကျရာအခန်းကဏ္ဍတွင် အကောင်းဆုံး တာဝန်ထမ်းဆောင်ကြစေလိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ပုသိမ် - ချောင်း သာ - ရွှေသောင်ယံ လမ်းအခြေအနေအား မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှုပြီး ရွှေသောင်ယံ၌ ညအိပ်ရပ်နားသည်။

သတင်းစဉ်