Tuesday, October 30, 2018

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အာဆီယံအင်ဂျင်နီယာနှင့် နည်းပညာအကယ်ဒမီ၏ (၂၆)ကြိမ်မြောက် ကောင်စီအစည်းအဝေး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

Image may contain: 25 people, people smiling, people standing


ရန်ကုန်   အောက်တိုဘာ  ၂၉
လျှပ်စစ်နှင့်   စွမ်းအင်ဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး       ဦးဝင်းခိုင်သည် အောက်တိုဘာ   ၂၇  ရက် ညနေ ၆ နာရီတွင်  ရန်ကုန်မြို့  နိုဗိုတယ်ဟိုတယ် ၌ ကျင်းပသည့် အာဆီယံအင်ဂျင်နီယာ နှင့် နည်းပညာအကယ်ဒမီ၏(၂၆) ကြိမ် မြောက် ကောင်စီအစည်းအဝေး ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ပိုမိုကြိုးစား လုပ်ဆောင်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက  Industry 4.0 သို့ကူးပြောင်း လာချိန်တွင် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအရေးပါ လာကြောင်းနှင့် အာဆီယံနိုင်ငံများတွင် စီးပွားရေး၊  လူမှုရေးနှင့်  လူသားချင်း စာနာထောက်ထားရေးကိစ္စရပ်များ ပိုမို တိုးတက်ရေးအတွက် ဆန်းသစ်တီထွင် မှုများ  ပိုမိုကြိုးစား လုပ်ဆောင်ကြရန် ပြောကြားသည်။
ယင်းနောက်   အာဆီယံ  အင်ဂျင်   နီယာနှင့်    နည်းပညာအကယ်ဒမီမှ ပေးအပ်သည့် Senior  Fellowship နှင့် Academy  of  Engineering Technology   for  Developing World  Fellowship  များကို ပြည်ထောင်စုဝန်ကြီးက  လက်ခံရယူ ခဲ့သည်။
ပထမဆုံးအကြိမ် လက်ခံကျင်းပ
အာဆီယံအင်ဂျင်နီယာနှင့် နည်း ပညာအကယ်ဒမီသည် အာဆီယံနိုင်ငံ များမှ    ဦးဆောင်အင်ဂျင်နီယာနှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော လွတ်လပ်သည့် ဂုဏ်ထူးဆောင်အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး အာဆီယံ အတွင်း ရေးမှူးအဖွဲ့က  အသိအမှတ်ပြု ပူးပေါင်း ဆောင်ရွက်သည့်  non-profit  အရပ်ဘက်   လူမှုအဖွဲ့အစည်းဖြစ်ကာ ယခုအကြိမ်သည် မြန်မာနိုင်ငံမှ အာဆီယံ အင်ဂျင်နီယာနှင့်နည်းပညာ အကယ်ဒမီ ကောင်စီအစည်းအဝေးကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။
လူမှုတာဝန်တစ်ရပ်အဖြစ် ခံယူ
အာဆီယံအင်ဂျင်နီယာနှင့် နည်း ပညာအကယ်ဒမီနှင့်အဖွဲ့ဝင်များသည် အထူးအားဖြင့် အာဆီယံလူ့အဖွဲ့အစည်း များမှတစ်ဆင့်  က္ဘာတစ်ဝန်းလုံးတွင် စီးပွားရေး၊လူမှုရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးကိစ္စရပ်များ လက်တွေ့ ကျကျ      ပိုမိုတိုးတက်ရေးအတွက်     အင်ဂျင်နီယာ၊ သိပ္ပံပညာ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ   တိုးမြှင့်ရေး၊ ပိုမိုကောင်းမွန်စေရေးနှင့် ပိုမိုကျယ်ပြန့် စွာ  အသုံးချနိုင်ရေးတို့အတွက်  မိမိတို့၏ ကျွမ်းကျင်တတ်မြောက်မှုနှင့် ကွန်ရက် များဖြင့် တစိုက်မတ်မတ် ဦးတည်ဆောင် ရွက်သွားရေးကို    လူမှုတာဝန်တစ်ရပ် အဖြစ် ခံယူထားသည်။
ပါဝင်ဆောင်ရွက်
အာဆီယံ အင်ဂျင်နီယာနှင့် နည်း ပညာအကယ်ဒမီတွင်   မြန်မာနိုင်ငံမှ     ဆယ်စုနှစ်တစ်ခုကျော် ပါဝင်ဆောင်ရွက်  ပြီးနောက်ပိုင်းတွင်   လက်ရှိအချိန်၌       အာဆီယံအင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီအဖွဲ့ဝင် စုစုပေါင်း  ၂၅၆ ဦး တွင်မြန်မာနိုင်ငံမှ Senior Fellowနှစ်ဦး၊Fellow  ၄၇  ဦး၊ Associate Fellow ၁၆  ဦး  စုစုပေါင်း   ၆၇  ဦး ပါဝင်နေပြီး  ၁၅ ဦး ကောင်စီတွင် မြန်မာ နိုင်ငံမှ ဒေါက်တာစိန်မြင့်နှင့် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်ဆောင်ရွက် နေကြောင်း သိရသည်။         သတင်းစဉ်

No comments:

Post a Comment