Monday, October 29, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ရွှေသောင်ယံတံတား(မကျီးချောင်း)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်


Image may contain: 1 person

နိုင်ငံတော်က ငွေကုန်ကြေးကျခံပြီး အလေးအနက်ထား ရင်းနှီးမြှုပ်နှံပေးခဲ့သည့် လမ်းတံတားအပါအဝင်
အခြေခံအဆောက်အအုံများ ရေရှည်တည်တံ့အောင် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်


နေပြည်တော် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးကျော်လင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ရွှေသောင်ယံမြို့၌ ကျင်းပသည့် ရွှေသောင်ယံတံတား (မကျီးချောင်း)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အတိုင်းမသိအထူးဝမ်းသာ
အခမ်းအနားတွင် နိုင်ငံတော် သမ္မတက အမှာစကားပြောကြားရာ၌ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလ ယခုလမ်း၊ ယခုခရီးကြမ်းတွင် မိမိ အနေဖြင့် ဆိုင်ကယ်တစ်တန်၊ ကားတစ် တန်၊ စက်လှေတစ်တန်၊ ဇက်အသွား အပြန်ဖြင့် ယခုဒေသ၊ ယခုအရပ်တွင် ခြေရာချင်း ထပ်ခဲ့ရပါကြောင်း၊ ထိုစဉ် ကတည်းက မိမိအား လှိုက်လှဲစွာ ကြိုဆို ကြပြီး ဧည့်ခံကျွေးမွေးကြသည့် မိဘ ပြည်သူများ၊ အားပေးထောက်ခံကြသည့် မဲဆန္ဒရှင်များ၊ မညည်းမညူ ရိုင်းပင်း ကူညီကြသူများအားလုံး၏ ကျေးဇူးကို မိမိနှလုံးသားတွင် ကမ္ပည်းတင်ထားပါ ကြောင်း၊ ယခုမြို့နယ်၊ ယခုဒေသရှိ မိတ်ဆွေသင်္ဂဟများ အားလုံးကို သတိရ လျက်ရှိပါသည်ဟု အခွင့်အခါ ကြုံခိုက် ပြောကြားလိုပါကြောင်း၊ ယခု အချိန်တွင် ဒေသခံများ နှစ်ပေါင်းများစွာ လိုလား တောင့်တခဲ့သည့် ရွှေသောင်ယံတံတား ကို ဖြည့်ဆည်းခွင့်ရပြီး ကိုယ်တိုင်ကိုယ် ကျလာရောက် ဖွင့်လှစ်နိုင်သည့်အတွက် အတိုင်းမသိအထူးဝမ်းသာ ကြည်နူးရ ပါကြောင်း။
ဟန်ချက်ညီဖွံ့ဖြိုးရန်
ပြည်သူလူထုက ရွေးချယ်တင် မြှောက်ပေးခဲ့သည့် မိမိတို့အစိုးရအဖွဲ့ သက်တမ်းမှာ အခုဆိုလျှင် နှစ်နှစ်ခွဲ ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းကာလ အတွင်း နိုင်ငံတော်ကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပြည်ထောင်စုကြီးအတွင်းတွင် ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်လျက်ရှိကြပါကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးများနှင့် စုစည်းညီညွတ်စွာ စုပေါင်း နေထိုင်ကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး ဖြစ်ပါကြောင်း၊ ရှေးပဝေသဏီ ကတည်းကစပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား အေးအတူပူအမျှ ဥမကွဲသိုက်မပျက် လက်တွဲနေထိုင်လျက် ရှိကြပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးတို့ကို အဆင့်အတန်း မြင့်မားစေရန် အခြေခံအဆောက်အအုံ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ လမ်းများ၊ တံတား များ ကောင်းမွန်ပြီး ဆက်သွယ်မှု အဆင်ပြေချောမွေ့မှသာ ပြည်သူများ အကြား ကူးလူးဆက်သွယ်သွားလာနိုင် ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း။
ဒေသခံများအတွက် အကျိုးဖြစ်ထွန်း
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝ ကျွန်းပေါ်ဒေသ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ စပါးကျီသာမက၊ ရေထွက် ကုန်ပစ္စည်းများ အဓိကဖြည့်တင်းပေး နေသည့် တိုင်းဒေသကြီးလည်း ဖြစ်ပါ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အနေ ဖြင့် ယခင်က ရေလမ်းခရီးကိုသာ အဓိက ထား အားကိုးခဲ့ကြရသော်လည်း ဒီနေ့ ဒီအချိန်တွင် တိုင်းဒေသကြီး၏ ဒေသ အသီးသီးကို ကုန်းလမ်းခရီးဖြင့် အချိန်တို အတွင်း လွယ်လင့်တကူသွားလာနိုင်ပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ပြေါ<ွကယ်ဝသည့် သဘာဝသယံဇာတများ၊ မပျက်စီးသေး သည့် သာယာလှပသော ပင်လယ်ကမ်း ရိုးတန်းနှင့် အပန်းဖြေကမ်းခြေများ ကြောင့် ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ရွှေသောင်ယံတံတားသည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ဒေသခံပြည်သူများ အတွက် အလွန်အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုး လာသည်နှင့် ယခုဒေသ၏ လူမှုစီးပွားဘဝ လည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ သားစဉ်မြေးဆက် စားဝတ်နေရေး အတွက်အသုံးပြုရမည့် ယခုသဘာဝ ပတ်ဝန်းကျင်မပျက်စီးရအောင် ထိန်းသိမ်း ရမည်ဖြစ်ပြီး သဘာဝသယံဇာတများ မဆုံးရှုံးရအောင် ကာကွယ်ရမည်ဖြစ်ပါ ကြောင်း။
ပူးပေါင်းဆောင်ရွက်
မိမိတို့၏ ခဏတာဝမ်းစာအတွက် မကြည့်ဘဲ အားလုံးခံစားကြရမည့် တစ်သက်တာ ရေရှည်အကျိုးစီးပွားကို ဂရုစိုက်စေလိုပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်း များ၏ စည်းမျဉ်း စည်းကမ်း၊ အမိန့်òန် ကြားချက်များကို ဒေသခံပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များက လေးစား လိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကမ်းခြေဒေသ ရေရှည်တည်တံ့ ခိုင်မြဲမည် ဖြစ်ပါကြောင်း၊ ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း ဒေသခံများ စီးပွားရေးလုပ်ငန်းရှင်များက ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ ဘေးအ္တရာယ် ကင်းရှင်းရေးအတွက်လည်း သတိပေး ဆိုင်းဘုတ်များ၊ ပိုစတာများ၊ ကြော်ငြာ များ စိုက်ထူထားရန် လိုအပ်ပါကြောင်း။

မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် လမ်း၊ တံတားများကို တည်ဆောက်နိုင်ခဲ့ပါ ကြောင်း၊ လက်ကျန်သက်တမ်းအတွင်းမှာ လည်း ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်းပေါင်း ၄ဝဝ ကျော် ပြီးစီး အောင် တည်ဆောက်သွားရန် စီစဉ်ထား ပါကြောင်း၊ ပြည်သူလူထုစိတ်လုံခြုံမှု၊ ဘဝလုံခြုံမှုရှိစေရန် လမ်းများနှင့် တံတား များကိုလည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ကြည့်ရှုစစ်ဆေးပြီး ကြိုတင်ပြုပြင် အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာ အားလုံး၏ ၈ဝ ရာခိုင်နှုန်း၊ ကျေးလက် ဒေသနေပြည်သူအားလုံး၏ ၉ဝ ရာခိုင် နှုန်းသည် ကျေးလက်လမ်းများကို ရာသီ မရွေးအသုံးပြုနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဖောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆင့်မြှင့် တင်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ပါကြောင်း။
ဒေသအကျိုးဖြစ်စေမည့်စီမံကိန်း
ယခုကဲ့သို့ လမ်းတံတားတည် ဆောက်ရေးများ၊ စီမံကိန်းလုပ်ငန်းများ တွင် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေးအတွက် ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ ငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများသည် ဒေသအကျိုးဖြစ်ထွန်း စေမည့် စီမံကိန်းများဖြစ်ရန် လိုပါကြောင်း၊ ထို့အပြင် စီမံကိန်းများကို လက်သင့်ရာ လုပ်ငန်းအပ်နှံခြင်းမျိုးများ မရှိရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထား သည့် တင်ဒါစည်းမျဉ်း စည်းကမ်းများ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက တိတိကျကျလိုက်နာ မှုရှိကြရန် သတိပေးလိုပါကြောင်း၊ စီမံ ကိန်းများ ဆောင်ရွက်သည့်နေရာတွင် အကယ်၍ အဆင့်လိုက် ခွဲတမ်းချဝေပုံကျ ခွဲယူကြပြီး ပြည်သူများအတွက် ထိထိ ရောက်ရောက် မရှိတော့သည့် ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးအရ ကျောသားရင်သား မခွဲခြား ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဆို သည်ကို အလေးထားပြီး ပြောကြားလိုပါ ကြောင်း။
တာဝန်ရှိသူများ တာဝန်ခံရမည်
လမ်းများ၊ တံတားများအပါအဝင် အခြေခံအဆောက်အအုံများ၊ တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ကြ ရာတွင်လည်း အရည်အသွေးစိစစ် ထိန်းသိမ်းရေး Quality Control ကို မဖြစ်မနေ ဆောင်ရွက်ကြရန် မှာကြား ထားပြီးဖြစ်ပါကြောင်း၊ သတ်မှတ်ထား သည့် ခံနိုင်ဝန်၊ သတ်မှတ်ထားသည့် အချိန်ကာလ၊ မမျှော်လင့်ဘဲကြုံတွေ့ရ တတ်သည့် အခြေအနေများမှလွဲ၍ မဖြစ် သင့်မဖြစ်ထိုက်သည့် ယိုယွင်းပျက်စီးခြင်း မျိုးများ ဖြစ်ပေါ်လာပြီး ပြည်သူများဒုက္ခ တွေ့ကြုံလာလျှင် သက်ဆိုင်ရာ တာဝန်ရှိ သူများကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ် သည်ကို အတိအလင်း ပြောကြားလိုပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေနှင့် ကျခံသုံးစွဲ ရသည့် ယခုလိုအခြေခံအဆောက်အအုံ များ ရေရှည်တည်တံ့နိုင်အောင် ပြည်သူ များဘက်ကလည်း ကြည့်ရှုစောင့်ရှောက် ပေးကြရန်၊ ကြပ်မတ်ထိန်းသိမ်းပေးကြရန် တိုက်တွန်းလိုပါကြောင်း။
မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်းအများစု မှီခို အားထားနေရသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီး သည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးပိုင်းတွင် နိုင်ငံတော်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေ ပြီး လယ်ယာကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေများကိုလည်း ခေတ်ကာလအခြေ အနေနှင့် လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်း ပေးလျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍ ခိုင်မာအားကောင်းရန်၊ တောင်သူ လယ်သမားများ မိမိတို့စိုက်ပျိုးလုပ်ကိုင် ရသလောက် အကျိုးရှိစေရန်၊ မိမိတို့စီမံ လုပ်ကိုင်နေသည့် မြေယာကို သားစဉ်မြေး ဆက် ခိုင်ခိုင်မာမာလုပ်ကိုင်ခွင့်ရစေရန် အတွက် ၂ဝ၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့ကို လည်း လက်ရှိပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင် ပြဋ္ဌာန်းဆောင်ရွက်လျက် ရှိပါကြောင်း။
မိမိတို့ အစိုးရအနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများကို ပြန်လည်စွန့်လွှတ် ပေးခဲ့ရာမှာ စုစုပေါင်းစွန့်လွှတ်မြေ ၆၃၄၁၇ ဧက ရှိခဲ့ပြီဖြစ်ပါကြောင်း၊ တောင်သူများ လက်ဝယ်ကို ၁၃ဝ၉၁ ဧက လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို ၅ဝ၃၂၆ ဧက လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိ နေသေးသည့် သိမ်းဆည်းခံလယ်ယာ မြေများကို သက်ဆိုင်သည့် တောင်သူ များလက်ထဲ အမြန်ဆုံးပြန်လည်ပေးအပ် နိုင်ရန်လည်း စိစစ်မှုများဆောင်ရွက် နေကြပါကြောင်း။
လူတိုင်းရသင့်သည့်အခွင့်အရေး
သိမ်းဆည်းခံမြေများကို သက်ဆိုင် ရာ ကော်မတီအသီးသီးက ပြန်လည်စိစစ် ရာတွင် အဆင်ပြေချောမွေ့မှုမရှိစေရန် အဟန့်အတား ဖြစ်စေသည့်၊ စွန့်လွှတ်ပြီး မြေများအား ပြန်လည်အပ်နှံပေးရန် နှောင့်နှေးစေသည့်၊ စွန့်လွှတ်ပြီး မြေများ ကို အပ်နှံပြီးသော်လည်း ယာယီလွှဲ ပြောင်းပေးရန် အခက်အခဲဖြစ်ပေါ်နေ သည့်၊ အသုံးချပိုင်ခွင့် အမည်ပေါက် ရရှိစေရန် အကျပ်အ$တည်းဖြစ်စေသည့် သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူသွားမည်ကို ထပ်မံ သတိပေးလိုပါကြောင်း၊ လျော်ကြေး၊ နစ်နာကြေးများ ပေးရန်ရှိပါကလည်း ကာလဒေသအခြေအနေအရ မှန်မှန် ကန်ကန် တရားမျှတစွာ သတ်မှတ်ကြရ မည် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးက မဖြစ်နိုင်သည်များကို ရပ်ခံမနေကြဘဲ ကိုယ်ချင်းစာတရားဖြင့် သူမနာ၊ကိုယ်မနာ လက်ခံကြရန် လိုအပ်ပါကြောင်း၊ တရား မျှတခြင်းသည် လူတိုင်းရသင့်ရထိုက် သည့် အခွင့်အရေးဖြစ်ပါကြောင်း၊ တရား မျှတမှုကို လက်ခံကျင့်သုံးရေးသည် လူမှုအဖွဲ့အစည်း ခိုင်မာရေးဖြစ်သလို ဒီမိုကရေစီ တည်ဆောက်ရေးလည်း ဖြစ်ပါကြောင်း။
ယနေ့အချိန်အခါတွင် ခေတ်ဟောင်း စနစ်ဟောင်းမှသည် ဒီမိုကရေစီကျင့်စဉ် နှင့်အညီ ခေတ်ပြောင်းစနစ်ပြောင်း ကာလဖြစ်ပါကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ၏ အစပင်ရှိသေး ပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ မရောက်သေးပါကြောင်း၊ ယခုပြောင်းလဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများနှင့် ဝန်ထမ်းများ အားလုံး၏ ပုံစံကျနေသည့် အတွေးအမြင် များ၊ ပုံသေကားကျ အလေ့အထများ အားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်လှပါကြောင်း။
လယ်ယာမြေများပြန်လည်ရရှိရေး
ထို့ကြောင့် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်မှုများ ဆောင်ရွက်နေပါကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်ကို တည့်မတ်နိုင်ရန် တရားရေး မဏ္ဍိုင်တာဝန်ရှိသူများက ကြိုးပမ်းနေပါ ကြောင်း၊ အဂတိလိုက်စားမှုကို အရှိန် အဟုန်နှင့် တိုက်ဖျက်နေပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ် ပေးနေပါကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနေပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ အလေ အလွင့်ဆုံးရှုံးမှုမရှိစေရန် စနစ်တကျစီမံ ခန့်ခွဲနေပါကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခံ ခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိ ရေး၊ လျော်ကြေးနစ်နာကြေးများ ရရှိရေး ကို ဥပဒေနှင့်အညီ အလေးပေးပြီး ဆောင်ရွက်နေပါကြောင်း။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက် နာရမည်ဖြစ်ပြီး ပြည်သူများကလည်း တည်ဆဲဥပဒေများကိုလိုက်နာပြီး ကူညီ ပံ့ပိုးပေးကြရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍကို တာဝန်ယူထားသူ များကလည်း ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယ္တရား ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရန်၊ ဥပဒေနှင့်အညီ တရားနည်းလမ်းတကျ မျှမျှတတအုပ်ချုပ်ရန်၊ ပြည်သူတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ် ပေးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ နိုင်ငံသူနိုင်ငံသားများအပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်စေသည့်၊ ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယ္တရားမဖြစ်စေရန် အထူး လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးယ္တရား ပြုပြင်ပြောင်းလဲရာတွင် တရားဥပဒေ စိုးမိုးရေး၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးများကို ပြည်သူများက ကိုးစား ယုံကြည်ရသည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းလာစေရန် ပြည်သူ့အားကိုရယူ ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ သည် မိမိတို့သားစဉ်မြေးဆက်များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုအတွက် ဖြစ် သည်ကို နားလည်သဘောပေါက်ကြပြီး နိုင်ငံတော်အစိုးရနှင့်အတူ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ပြည်သူများက ဟန်ချက်ညီစွာ လိုက်ပါဆောင်ရွက်ကြမှသာ လိုရာခရီး ရောက်မည်ဆိုသည်ကို ပြောကြားလိုပါ ကြောင်း၊ မိမိတို့၏ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ရန်ဆိုသည်ကို ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြသည့် မိမိတို့ အားလုံး၏ ပုံသေကားကျအတွေးအခေါ်၊ အယူအဆ၊ အလေ့အထများကို ပြုပြင် ပြောင်းလဲနိုင်စွမ်းရှိမှုအပေါ် အများကြီး မူတည်နေသည်ကို အလေးအနက် သတိ ထားကြစေလိုပါကြောင်း။
လေးလေးနက်နက်တိုက်တွန်း
ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူကို လေးစားစွာ အလုပ်အကျွေးပြုရန်နှင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် သန့်ရှင်းသည့် အစိုးရဖြစ် လာစေရန် ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင် က ပြုပြင်ပြောင်းလဲနိုင်မှု၊ ယုံကြည်မှု အပြည့်အဝဖြင့် လိုက်ပါဖော်ဆောင်ပေး ကြရန် လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီး အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးစေရန်၊ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးစေရန် နိုင်ငံတော်က ငွေကုန်ကြေးကျခံပြီး အလေးအနက်ထား ရင်းနှီးမြှုပ်နှံပေးခဲ့ သည့် လမ်း၊ တံတားအပါအဝင် အခြေခံ အဆောက်အအုံများ ရေရှည်တည်တံ့ အောင် ဒေသခံပြည်သူများက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလို ကြောင်း၊ အဂတိကင်းသည့် လူ့အသိုင်း အဝိုင်းကို ဖော်ဆောင်ပေးကြပါ၊ တရား မျှတသည့် လူ့အဖွဲ့အစည်းကို ဖန်တီးပေး ကြစေလိုကြောင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရန် ကာကွယ် ပေးကြစေလိုကြောင်း၊ သယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်ပေးကြ စေလိုကြောင်း၊ နိုင်ငံအဆင့် အပန်းဖြေ ကမ်းခြေများဖြစ်လာအောင် ကြိုးစားပေး ကြစေလိုကြောင်း၊ ပြည်ထောင်စု စိတ် ဓာတ်အရင်းခံပြီး ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လက်တွဲမဖြုတ် စတမ်း သွေးစည်းညီညွတ်မှု၊ ချစ်ကြည် ရင်းနှီးမှုများဖြင့် ငြိမ်းချမ်းသာယာဝပြော သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို တက်ညီလက်ညီ တည်ဆောက်ပေးကြပါရန် အလေး အနက်ထားပြောကြားလိုကြောင်း ပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတားတည်ဆောက် ရခြင်း၊ အစိုးရသစ်လက်ထက် လမ်း၊ တံတားများနှင့် အခြေခံအဆောက်အအုံ များ တည်ဆောက်နေမှုနှင့် ဆက်လက် တည်ဆောက်သွားမည့် အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းကွန် ရက်များကောင်းမွန်ရေးအတွက် လမ်း၊ တံတားများ ပြုပြင်တည်ဆောက်နေမှု များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒေသခံတစ်ဦးက တံတားတည်ဆောက်ပေးမှုနှင့် စပ်လျဉ်း ၍ ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ဝန်ကြီးဦးဝင်းဌေး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင် ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုးမိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးဝင်း၊ တံတား အထူးအဖွဲ့ (၁၅) မှ ဒုတိယòန်ကြားရေး မှူး ဦးကျော်သူရနှင့် ဒေသခံပြည်သူ တစ်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့သည် တံတားဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက တံတားကမ္ပည်း မော်ကွန်းကျောက်စာ တိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ပြည်ထောင်စုဝန်ကြီးများ၊တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်
ယနေ့ဖွင့်လှစ်သည့် ရွှေသောင်ယံ တံတား(မကျီးချောင်း)သည် ရွှေသောင် ယံ-ချောင်းသာကို အလွယ်တကူသွားလာ နိုင်ပြီး အရှည် ၈၂၇ ပေရှိပြီး သံကူ ကွန်ကရစ်အမျိုးအစား ဖြစ်သည်။ ယခု တံတား တည်ဆောက်နိုင်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည် နယ် ပင်လယ်ကမ်းခြေတစ်လျှောက် သွားလာနိုင်မည်ဖြစ်ပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ပုသိမ်မြို့ ရွှေတောင်ကျောင်းတိုက်ဆရာ တော်နှင့် မင်္ဂလာစံကျောင်းတိုက် ဆရာ တော်တို့အား သွားရောက်ဖူးမြော်ကြည် ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဘဏ္ဍာငွေရရှိမှု
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ခုတင် ၅ဝဝ ဆံ့ ကိုးထပ်တိုးချဲ့လူနာဆောင် တည်ဆောက် ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့် က ဆေးရုံတည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှုပမာဏ၊ လုပ်ငန်းအပ်နှံခဲ့ မှု အဆင့်ဆင့်နှင့်ဆေးရုံအတွက် ဆောင် ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတ က ယခု ဆေးရုံကိုးထပ်ဆောင် တည် ဆောက်မှုနှင့်စပ်လျဉ်း၍ ဥပဒေ၊ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိ ကျကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း ပြောကြားပြီး တည်ဆောက်ဆဲ ကိုးထပ်ဆောင်ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ သည် ပုသိမ်ဆေးရုံကြီးတွင် တက်ရောက် ဆေးကုနေကြသည့် လူနာများကို ကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ ငွေများကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ပုသိမ်မြို့မှ တပ်မတော်အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

သတင်းစဉ်

No comments:

Post a Comment