Tuesday, October 30, 2018

လွိုင်ကော်မြို့တွင်းရှိ အများပြည်သူဆိုင်ရာနေရာများတွင် စည်းကမ်းမဲ့အရက်ဝိုင်းဖွဲ့ခြင်းကို တားမြစ်ပေးစေလို

ထင်သာမြင်သာပြုပြင်စရာ


ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ အများပြည်သူ ဆိုင်ရာနေရာများတွင် ညအချိန် စည်းကမ်းမဲ့အရက်ဝိုင်း ဖွဲ့ကာ မူးယစ်သောက်စားရမ်းကားနေသူများကြောင့် လမ်းသွားလမ်းလာများအတွက်   အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိရာ အဆိုပါနေရာများ၌ စည်းကမ်းမဲ့ အရက်ဝိုင်းဖွဲ့ခြင်းကို  သက်ဆိုင်ရာက  တားမြစ်အရေး ယူပေးရန်     လိုအပ်လျက်ရှိကြောင်း    ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
''ဘီလူးချောင်းဖြတ်ကျော် ဒေါနိုးကူးတံတားရဲ့ လူသွားလမ်းပေါ်မှာလည်း    ညအချိန်စည်းကမ်းမဲ့ အရက်ဝိုင်းတွေကို တွေ့ရပါတယ်။ နောင်ယားကန်သာ ယာဘေးနဲ့  ထေးငှားလျား  ကန်သာယာဘေးတို့ရဲ့ နားနေဆောင်တွေမှာလည်း စည်းကမ်းမဲ့အရက်ဝိုင်းတွေ ကို တွေ့ရတတ်ပါတယ်။ ပြီးတော့ အခြားဘီလူးချောင်း ဖြတ်ကျော်တံတားတွေရဲ့ လူသွားလမ်းတွေပေါ်မှာလည်း စည်းကမ်းမဲ့အရက်ဝိုင်းတွေ တွေ့ရတတ်တာပါပဲ။ အခြား လမ်းသွားလမ်းလာတွေအတွက်   အနှောင့်အယှက် ဖြစ်ရပါတယ်။  ဒီလို  စည်းမဲ့ ကမ်းမဲ့နေတာကို တားမြစ် ပေးစေလိုပါတယ်'' ဟု   လွိုင်ကော်မြို့    ဒေါနိုးကူး ရပ်ကွက်နေသူတစ်ဦးက  ပြောသည်။
သို့ဖြစ်၍  လွိုင်ကော်မြို့တွင်းရှိ  အများပြည်သူ ဆိုင်ရာ  နေရာများတွင် ညအချိန်မတော် စည်းကမ်းမဲ့ အရက်ဝိုင်းဖွဲ့ကာ မူးယစ်ရမ်းကားနေမှုများကို သက်ဆိုင် ရာက    တားမြစ်အရေးယူသွားရန်    လိုအပ်လျက် ရှိကြောင်း သိရသည်။
                                               ကြီးမြင့်နိုင်(လွိုင်ကော်)

No comments:

Post a Comment