Tuesday, October 30, 2018
အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ၃/၂ဝ၁၈ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၂၉
Job Creation Sector Coordi-nation Group၏ ၃/၂ဝ၁၈ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အမှာစကားပြောကြား သည်။
ဒုတိယဝန်ကြီးက အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဦးစားပေးကဏ္ဍအလိုက်ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက် ၍ ညှိနှိုင်းဆွေးနွေးရန်အတွက် ကျင်းပ ရခြင်းဖြစ်ကြောင်း။
အလုပ်အကိုင် ဖန်တီးပေးနိုင်မှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ၏ လက်အောက်တွင် ဦးစားပေးကဏ္ဍခွဲအလိုက် အ¸ခွဲ ၄၇ ဖွဲ့အား ဦးစီးဌာန အသီးသီး၏ òန်ကြားရေးမှူးချုပ်များ မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးနည်းပညာကဏ္ဍ အ¸ခွဲ ကိုလည်း ဆက်လက်ဖွဲ့စည်းရန်ရှိကြောင်း။
ယခု ဖွဲ့စည်းထားပြီးဖြစ်သော အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အ¸ခွဲများ မှ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အတွက်ဖွံ့ဖြိုးမိတ်ဖက် အဖွဲ့အစည်း ၁၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၂ ဦး ပါဝင်လျက်ရှိသဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပိုမိုထိရောက်စွာ လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း။
အဖွဲ့ခွဲများအနေဖြင့် မိမိကဏ္ဍအတွင်းရှိသော စီမံကိန်း အစီအစဉ် များကို ကြီးကြပ်ခြင်း၊ အကဲဖြတ်ခြင်း တို့ကို အားပေးဆောင်ရွက်ရမည်ဖြစ် ပြီး တွေ့ရှိချက်များကို အဖွဲ့ဝင်များနှင့် ဗဟိုစာရင်းအင်းအဖွဲ့သို့ မျှဝေရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်ဖန်တီးရေး နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲ ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း ( MSDP ) ရှိ မဏ္ဍိုင် (၂) ၌ မဟာဗျူဟာ (၇) ရပ်ကို ချမှတ်ထားပြီးဖြစ်ကြောင်း။
MSDP ၏ ပန်းတိုင် (၃) ပါ မဟာဗျူဟာများတွင် ဘက်စုံစိုက်ပျိုး မွေးမြူရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်ရေး၊ လုပ်သာကိုင်သာရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖော်ဆောင်ရေး၊ ကုန်သွယ် မှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုများအား လေ့လာစေရေး၊ ငွေကြေး ဝန်ဆောင်မှုစနစ်များ ပိုမိုခိုင်မာလာ စေရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ဖန်တီးမှုနှင့် ဆန်းသစ် တီထွင်မှု တွန်းအားပေးဆောင်ရွက်ရေး နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်ပေါင်း ၇၅ ခုကိုလည်း သတ်မှတ်ရေးဆွဲပြီး ဖြစ်ကြောင်း၊ တက်ရောက်လာကြသော တာဝန်ရှိ ပုဂ္ဂိုလ်များမှလည်း လုပ်ငန်း များအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြ သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ပမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများအား လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေ မှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက ပြန်လည် ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြား သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊Hanns Seidel Foundation၊ BRAC Myanmar၊ Embassy of Switzerland၊ UNFPA၊ JICA၊ MCRB၊ Cuso International၊ ITC၊ ILO၊ People In Need၊ ACTED၊German Embassy၊ DFID၊ GIZ၊USAID တို့မှ တာဝန် ရှိသူများနှင့် ပညာရှင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment