
နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအစီအစဉ် (UNEP)၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အာရှတရားသူကြီး များကွန်ရက် (AJNE)တို့ ပူးပေါင်း၍ ''ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေးညီလာခံ (Asia-Pacific Judicial Conference on En-vironmental and Climate Change Adjudication)” ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားသည်။
ညီလာခံကို သဘာဝပတ်ဝန်းကျင် နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အမှု များ စစ်ဆေးစီရင်မှုနှင့် စပ်လျဉ်း၍ တိုးတက် ခိုင်မာလာစေရေးအတွက် ကျင်းပခြင်းဖြစ်ပြီး အာရှနှင့် ပစိဖိတ် ဒေသတွင်းနိုင်ငံများ ပူးပေါင်း၍ ပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ တရားမျှတမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမှု များ စစ်ဆေးစီရင်ခြင်း၊ စီရင်ထုံးများ လိုက်နာမှု အားကောင်းလာစေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အုပ်ချုပ်မှုတို့နှင့်ပတ်သက်၍ အကောင်း ဆုံး ကျင့်သုံးမှုများကို တရားသူကြီး များနှင့် ဥပဒေပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်သည်။
ညီလာခံကို အောက်တိုဘာ ၂၉ ရက် မှ ၃ဝ ရက်အထိ နှစ်ရက်ကြာ ကျင်းပ မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ် မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းဥပဒေများ၊ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီ ဥတုပြောင်းလဲခြင်းဆိုင်ရာ တရားစွဲဆိုမှု များနှင့် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲလာသည့်ခေတ်ကြီး တွင် တရားသူကြီးများ၏ အခန်းကဏ္ဍ အစရှိသည်တို့နှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နေသူ များက ရှုထောင့်အသီးသီးမှ ပါဝင် ဆွေးနွေးကြမည်ဖြစ်သည်။
တာဝန်ရှိသူများ တက်ရောက်
ညီလာခံသို့ အာဆီယံနိုင်ငံများ၊ တောင်အာရှနိုင်ငံများ၊ ပစိဖိတ်ဒေသ တွင်းနိုင်ငံများ၊ ဗြိတိန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ နယူးဇီလန်၊ ကိရိဘတ်စ် နိုင်ငံများမှ တရားသူကြီးချုပ်များ၊ တရားသူကြီး များ၊ တရားရေးအရာရှိများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ADB ၊ UN Environment မှ တာဝန်ရှိသူများ နှင့်Train-The-Trainers Program Environmental Champions မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သှူ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ကော်မရှင်နှင့် ရေးရာကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန် နှင့် မ္တလေးတက္ကသိုလ် ဥပဒေပညာ ဌာနမှ ပါမောက္ခများ၊ ရန်ကုန်နှင့် မ္တလေး ရှေ့နေများအသင်း ဥက္ကဋ္ဌများ၊ ခရိုင်အဆင့် တရားသူကြီးများနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိများ၊ သတင်းမီဒီယာ များမှ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment