Wednesday, October 18, 2017

သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်းမှန်ကန်သည့် အစွမ်းများပြကြမည်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ယင်းကော်မတီက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ် ရေးဆောင်ရွက်ရန်၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေးဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲသည့် အလှူရှင်များ၏ ကူညီထောက်ပံ့ငွေများ နှင့်စပ်လျဉ်း၍လည်း ဘဏ္ဍာရေးကိစ္စများ အစစ်ဆေးခံနိုင်ရေး ဆောင်ရွက် ရန်တို့ကို တာဝန်ယူအကောင်အထည်ဖော်သွားမှာဖြစ်သည်။
UEHRDကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ လုပ်စရာရှိ သည်များကို လက်တွေ့ကျကျ လုပ်ဆောင်ရန် စတင်လိုက်ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံနှင့်ပတ်သက်၍ ဝေဖန်မှုများနှင့် နိုင်ငံတကာ၏သဘောထား အမြင်များနှင့်စပ်လျဉ်း၍ မိမိတို့သိနားလည်သည့်တိုင် မိမိတို့နိုင်ငံ၏ အခြေအနေကို ပြည်သူ ပြည်သားများကသာ အသိဆုံး၊ နားအလည်ဆုံး ဖြစ်ပြီး နိုင်ငံအေးချမ်းသာယာဖွံ့ဖြိုးရေးကိုလည်း ပြည်သူ ပြည်သားများ ကသာ အလိုလားဆုံးဖြစ်သည်။
စင်စစ်အားဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့် ရေရှည်တွင် ပဋိပက္ခများ ကင်းဝေးစေရေးသည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးလုပ်ငန်းများထဲတွင် ပါဝင်ပြီး အကြမ်းဖက်မှုများ မပေါ်ပေါက်မီကပင် စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် အခြေအနေကို ရှုပ်ထွေးသွားစေခဲ့သလို လုပ်ငန်းများကိုလည်း နှောင့်နှေးသွားစေခဲ့သည်။ မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေတွင်မူ လုပ်သင့်လုပ်ထိုက်သည့်အလုပ်၊ အခြေအနေနှင့် ကိုက်ညီသည့်အလုပ်တို့ကို ဆောင်ရွက်သွားမှာဖြစ်သည်။ လက်တွေ့ လုပ်ဆောင်မှုများနှင့် ဖြစ်ပေါ်တိုးတက်မှုရလဒ်များက ဝေဖန် မှုနှင့် စွပ်စွဲမှုများကို အကောင်းဆုံးတုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း လိမ်လည်လှည့်ဖြား စွပ်စွဲမှုက လွယ်ကူသလောက် လက်တွေ့ဖြေရှင်းလုပ် ကိုင်မှုကမူ အထူးဝါယမစိုက်ကြရမှာ ဖြစ်သည်။
''တည်ငြိမ်အေးချမ်း တိုးတက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေး အတွက် လက်တွေ့တိုးတက်မှုရလဒ်တွေနဲ့ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူ ပြည်သားတွေ၊ ပြည်တွင်းNGOတွေ၊ CSOတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်၊ လာမယ့်အပတ်မှစပြီး စီမံကိန်းအကောင်အထည်ဖော်တဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်း မှတ်ကျောက် တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့မျှော်လင့်ယုံကြည်ပါတယ်'' ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ တင်ပြချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရနှင့်အတူ ရပ်တည် ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရပ်တည်ကြောင်း၊ အစွန်းရောက်အကြမ်းဖက်သမားများကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်မှုများကို ပြည်တွင်း၌ရော ပြည်ပ၌ပါ ပြုလုပ်လာကြသည်။ တစ်ဖန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ များကို နိုင်ငံအနှံ့ ပြုလုပ်ကာ ပြည်သူလူထုထောင်ချီတက်ရောက်၍ ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်လျက်ရှိပြီး ဘာသာရေးပဋိပက္ခများ၊ အမုန်းတရားများ အလျှင်းမရှိကြောင်းကို ပြည်သူများက ထုတ်ဖော်ပြသ လျက်ရှိသည်။ ဤသည်မှာ နိုင်ငံကို တည်ငြိမ်အေးချမ်းစေလိုခြင်း၊ ဖွံ့ဖြိုး တိုးတက်စေလိုခြင်း၊ တရားဥပဒေစိုးမိုးမှု၏ အရိပ်အာဝါသအောက်တွင် ငြိမ်းချမ်းစွာနေထိုင်ကာ မိမိတို့၏ လူမှုဘဝများကို တည်ဆောက်နေထိုင် လိုကြခြင်း စသည့် ပြည်သူတို့၏ ပကတိအမှန်ဆန္ဒများနှင့် မြန်မာနိုင်ငံ မြန်မာလူမျိုးတို့၏ အစစ်အမှန် သရုပ်သကန်များသာဖြစ်သည်ကို ကမ္ဘာ့ မျက်စိ က္ဘာ့နားတို့ မြင်စေ သိစေ ကြားစေလိုပါကြောင်း။ ။

Tuesday, October 17, 2017

လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

လေဆိပ်အဝင်၌ လူပုဂ္ဂိုလ်သုံးဦး သေနတ်နှစ်လက်၊ ကျည်ဆန်များနှင့်အတူ သယ်ယူလာသည်ကို လေဆိပ်လုံခြုံရေးက ဖမ်းဆီးရမိသည်ဟု သတင်းများ အရသိရသည်။ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက် ည ၇ နာရီ ကျော်အချိန်က    နေပြည်တော်မှ   ရန်ကုန်သို့   မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)   ဖြင့်    ထွက်ခွာမည်အပြုတွင်    စစ်ဆေးတွေ့ ရှိခြင်း ဖြစ်ပါသည်။
ယင်းနှင့် ဆက်စပ်၍ အဆိုပါ သုံးဦးနှင့် ဆက်စပ်ပတ်သက်နေထိုင်ရာ ဟိုတယ်ကို ဆက်လက်ရှာဖွေရာ လက်နက်များ ထပ်မံတွေ့ရှိဖမ်းဆီးမိ ပြန်သည်။ မူးယစ်ဆေးဝါးအချို့လည်း တွေ့ရှိဖမ်းဆီးမိသည့်အတွက် မူးယစ်မှုရော လက်နက်မှုများနှင့်ပါ အရေးယူထားပြီး ဆက်လက် စစ်ဆေး လျက်ရှိသည်ဟုလည်း နောက်ဆက်တွဲသတင်းများက ဆိုသည်။
လေယာဉ်ပေါ်သို့ လက်ဆွဲသယ်ယူရာတွင် ဓားပါသည့် လက်သည်း ညှပ်ပင် သယ်ယူ၍ ရတာမဟုတ်။ ခဲတံချွန်သည့်ဓားပင် အမှတ်တမဲ့သယ်ယူ သွားခွင့်ရှိတာမဟုတ်။
ယခုတွေ့ရှိသည်က သေနတ်များ။
လက်နက်ဆိုသည်က မည်သူ့လက်ထဲမှာရှိရှိ အလွန်အ္တရာယ်ကြီး တာဖြစ်သည်။ တာဝန်အရ အမှန်တကယ်လိုအပ်၍ စနစ်တကျကိုင်တွယ် သုံးစွဲတတ်သူတို့လက်ထဲမှာပင် မတော်တဆမှုများ ရှိနေတတ်တာဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ဟူသောအကြောင်းပြချက်ဖြင့် သေနတ် ကိုင်ဆောင်မှုကို လိုင်စင်ဖြင့် ကိုင်တွယ်ခွင့်ပြုထားသော အမေရိကန်လို နိုင်ငံမှာ၊ သေနတ်ကို လွယ်လွယ်ကူကူ ဝယ်ယူကိုင်ဆောင်လာနိုင်သည့်အခါ မည်မျှလောက် ဆိုးရွားရက်စက်သည့် ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ သည်ဆိုတာ အများအသိ။
ယခုကဲ့သို့  လက်နက်များ၊  ကျည်ဆန်များ၊  စနိုက်ပါ  မှန်ပြောင်းနှင့် အခြားလက်နက်ဆက်စပ်ပစ္စည်းများ  ဖမ်းဆီးရမိမှုကြောင့်  ပြည်သူ လူထုအတွက် လွန်စွာအ္တရာယ်ကြီးသည့် ခြိမ်းခြောက်မှုများရှိနေသည်ဟု ယူဆပါသည်။
အထူးသဖြင့်    အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊   နိုင်ငံရေး             ခေါင်းဆောင်များ၏ လုံခြုံရေးကိစ္စကို ပေါ့ပေါ့ဆဆ သဘောမထားသင့် ဟု မြင်ပါသည်။
မြန်မာနိုင်ငံ ပြည်သူလူထုအများစုမှာ ငြိမ်းချမ်းရေးကိုလိုလားသူ၊ မေတ္တာတရားကို တန်ဖိုးထားသူတို့ ဖြစ်သော်လည်း သည်နိုင်ငံထဲမှာပဲ အချို့သော ရမ်းကားယုတ်မာသူတို့ ရှိနေသည်ဆိုတာကို မမေ့သင့်။
မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ကာ သတိကြီးကြီး ရှိကြဖို့လိုပါမည်။ ဖြစ်ပြီးသည့်အခါ  ဘာမှမတတ်နိုင်တော့ဆိုသည့် အဖြစ်အပျက်များက သမိုင်းတွင် ကြုံဖူးသိဖူးခဲ့ကြပြီးဖြစ်သည်။
သတ်ဖြတ်ခံရသူများ ပျက်စီးဆုံးရှုံးခဲ့ရသည်မျှမက တရားခံကိုပင် ထိထိရောက်ရောက် အရေးမယူနိုင်သည့် ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရမှုများကလည်း ပုံပြင်မဟုတ်။ ငါးလောင်းပြိုင် လူသတ်မှု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တရားဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှု စသည်တို့ က ချက်ချင်းဆွဲထုတ်ပြ၍ ရနိုင်သည့် နမူနာများ။
အဓိက   ဖမ်းဆီးရမိထားသူများနှင့်   ပတ်သက်၍   အုပ်ချုပ်ရေး   မဏ္ဍိုင်ဖြစ်သော အစိုးရ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲ တပ်ဖွဲ့ဝင်များ၊ တရားရေးမဏ္ဍိုင်ဖြစ်သည့် တရားစီရင်ရေးဌာနတို့က ဥပဒေကြောင်းများအတိုင်း ဆက်လက် စိစစ်အရေးယူသွားကြမည်ဟု နားလည်ပါသည်။ ထို့အတူ ဥပဒေပြုရေးမဏ္ဍိုင်မှ လွှတ်တော်အသီးသီး ကလည်း လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်သည့် ဥပဒေများကို ဘက်စုံ ဆန်းစစ်လေ့လာကြလိမ့်မည်ဟု ယူဆပါသည်။
စတုတ္ထမဏ္ဍိုင် သတင်းစာအနေဖြင့်မူ သည်လိုဖြစ်ရပ်များကို တာဝန် ရှိသူများအနေဖြင့်    ပေါ့ပေါ့တန်တန်   သဘောမထားသင့်ကြောင်း၊           အလေးအနက် စဉ်းစားရန်လိုကြောင်းနှင့် နိုင်ငံအတွက်အရေးပါသော   ခေါင်းဆောင်တို့၏   လုံခြုံရေးကို  အထူးတလည်  အလေးထားကာ         အရေးတယူ  ဆောင်ရွက်ကြရန်  လိုအပ်သည်ဟူ၍  ရှုမြင်သုံးသပ်မိ ပါကြောင်း။       ။

Monday, October 16, 2017

ရှေ့ဆက်မည့်ခြေလှမ်းများ ညီညာကြပါစေ

  1. မြန်မာ့အလင်းအယ်ဒီတာအာဘော်

    ၁၉၄၈ ခုနှစ်တွင် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သော မြန်မာနိုင်ငံသည် လွတ်လပ်ရေး၏ နောက်ဆက်တွဲအဖြစ် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတည်းဟူသော သမိုင်း၏ဆိုးမွေကိုပါ လက်ခံလိုက်ရ သည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးရင်းသားရင်း ညီရင်း အစ်ကိုတို့အကြား နယ်ချဲ့တို့ထားရစ်ခဲ့သည့် သံသယနှင့် အမုန်းတရားတို့ က  လက်နက်ကိုင်ပဋိပက္ခနှင့် စစ်မီးလျှံတို့ကို တောက်လောင်စေခဲ့ရာ လက်နက်ဆွဲကိုင်တိုက်ခိုက်ကြသူများ သောင်းနှင့်ချီ၍ သေကျေခဲ့ကြရပြီး စစ်၏ဘေးဒဏ်ကိုလည်း သိန်းနှင့်ချီသော ပြည်သူများ နှစ်ပရိ္ဆေဒများစွာ ခံစားခဲ့ကြရသည်။
    အစိုးရအဆက်ဆက်တို့က အပစ်အခတ်များရပ်စဲရေး၊ ငြိမ်းချမ်းရေးတို့ အတွက် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြသည့်တိုင် အရာမထင်ခဲ့။ ဒီမို ကရေစီခေတ်တွင်မူ နိုင်ငံရေးကို အခြားနည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေး နည်းလမ်းဖြင့်ပင် ဖြေရှင်းရန်အတွက် ကြိုးပမ်းခဲ့ရာ အစိုးရနှင့်တိုင်းရင်း သား လက်နက်ကိုင် ၁၄ ဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ချုပ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးသို့သွားရာတွင်မူ အပစ်အခတ်ရပ်စဲရုံမျှနှင့် လုံလောက်သည်မဟုတ် သောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရေး၊ ဆွေးနွေး အဖြေရှာမှုများပြုလုပ်နေစဉ်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုများရပ် ဆိုင်းထားနိုင်ရေးတို့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အကောင် အထည်ဖော်ခဲ့သည်။
    ယင်းဖြစ်စဉ်အရ   ''တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်''(Nationwide  Ceasefire  Agreement-NCA) ၊ တိုက်ပွဲများလျှော့ချရပ်ဆိုင်းနိုင်ရေးအတွက် ''ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ''(JMC)၊ နိုင်ငံရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်ရေးအတွက် ''ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ'' (UPDJC) တို့ကို ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ ဝေါဟာရအမည်နာမများနှင့် အတိုကောက်စာလုံးများက  သာမန်ပြည်သူတို့အဖို့ နားထွေးဖွယ်ရာဖြစ်သော်လည်းNCAခေါ် ငြိမ်းချမ်းရေးသို့ဦးတည်သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်   နေသည်။ အဆိုပါ လုပ်ငန်းစဉ်အရ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်း ထားမည်။ အမှန်တကယ်ရပ်ဆိုင်းထားခြင်း ရှိ မရှိ  အဖွဲ့အစည်းတစ်ရပ် ဖြင့် စောင့်ကြည့်နေသည်။ တစ်ဖက်တွင်လည်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကိုရယူရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်ဟု  ယေဘုယျအားဖြင့် နားလည်ထားကြရမည်  ဖြစ်သည်။ ယခုအခါ NCAသည် နှစ်နှစ်တာခရီးသို့  ရောက်ရှိခဲ့ပေပြီ။
    ''တကယ်တော့NCA ဆိုတာ ကျွန်မတို့ပြည်ထောင်စုရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ စတင်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။NCAဟာ လမ်းဆုံးခရီးမဟုတ်ပါဘူး။NCA ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေးညီလာခံတံခါးကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ် တယ်ဆိုတာကို ဒီကနေ့ ထပ်လောင်းပြောကြားလိုပါတယ်။ တစ်ဆက်တည်း မှာပဲNCAထွက်ပေါ်လာအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့တကွ အခြားပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင် ကြောင်း ထပ်လောင်းပြောပါရစေ''ဟု NCA(၂)နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင်  အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ        နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
    NCAသည်  လက်နက်ကိုင်တိုက်ခိုက်ခြင်းအစား  စားပွဲဝိုင်းတွင်  တွေ့ဆုံဆွေးနွေး   အဖြေရှာခြင်းဖြစ်သည်။   လက်ရုံးရည်၏နေရာတွင် နှလုံးရည်ဖြင့် အစားထိုးခြင်းဖြစ်သည်။NCA သည်နတစ်ဖက်သတ် ပြဋ္ဌာန်းထားချက်များမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တင်ပြချက်များအပေါ်တွင်  အခြေခံပြီး   အစိုးရက  ညှိနှိုင်းခြင်းဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။NCAသဘောတူညီချက်ထွက်ပေါ်လာရေး တွင် စိတ်ရှည်သည်းခံခြင်း၊ သဘောထားကြီးခြင်း၊ အနစ်နာခံကြိုးပမ်း အားထုတ်ခြင်း၊ သူ့တာကိုယ့်တာဝိုင်းဝန်းကြိုးပမ်းခဲ့ခြင်းစသော တန်ဖိုး များလည်း ပေါင်းစပ်ပါဝင်လျက်ရှိသည်။
    NCAသည် ခရီးဆုံးမဟုတ်သည့်တိုင် လက်မှတ်ရေးထိုးထားသည့်  အဖွဲ့အစည်းများ၏ နယ်မြေဒေသများတွင် ပဋိပက္ခများလျှော့ချနိုင်ခဲ့ပြီ။  ယမ်းငွေ့နှင့်သေနတ်သံတို့ကင်းစင်ကာ ဒေသခံပြည်သူတို့၏ လူမှုဘဝများ သိသာစွာ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားပြည်သူတို့ ၏ တစ်သက်တာမျှော်လင့်ချက်အိပ်မက်ဖြစ်သော ထာဝရငြိမ်းချမ်းရေး အတွက် ရှေ့ဆက်မည့်ခြေလှမ်းများ ညီညာကြပါစေကြောင်း။      ။

Sunday, October 15, 2017

နောက်ဆုံးတစ်နေ့တွင် အမှန်တရားသည်သာ...

မြန်မာ့အလင်းအယ်ဒီတာအာဘော်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေမြေချင်းထိစပ်နေသည့် အိမ်နီး ချင်းနိုင်ငံများဖြစ်ကြသည်။ အိမ်နီးချင်းများနိုင်ငံများဖြစ်သည့် အားလျော် စွာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေးအရ  ကူးလူးဆက်ဆံကြ၊ အောင်မြင် ဖြစ်ထွန်းမှုနှင့်  တိုးတက်ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို  ရှာဖွေလုပ်ကိုင် ကြရင်း နှစ်ဦးနှစ်ဖက် အကျိုးစီးပွားရရှိကြသည်များရှိသကဲ့သို့ တစ်နိုင်ငံ ၏ ပြဿနာများနှင့် အခက်အခဲ အကျပ်အတည်းများကို အခြားတစ်နိုင်ငံက ခွဲဝေခံစား ကူညီရ  တစ်နည်းအားဖြင့်  တစ်ဖက်အိမ်၏   အပူဒဏ်ကို တစ်ဖက်အိမ်က လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ခံယူရသည်များ လည်း ရှိပါသည်။
ထို့နောက် နယ်မြေထိစပ်နေကြတာဖြစ်သည့်အတွက် ကူးလူးဆက်ဆံ မှုများကလည်း ရှိနေကြသည်ဖြစ်၏။   ကူးလူးဆက်ဆံမှုများက ဥဒဟို ဖြစ်လာသည့်အခါ တစ်နိုင်ငံ၏   ဥပဒေနှင့်  အခြားတစ်နိုင်ငံ ဥပဒေတို့၏ မတူညီမှုကြားက လစ်လပ်မှုများကို အကြောင်းပြု၍ နိုင်ငံတွင်းသို့ တရား မဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများက တိမ်းရှောင်အခွင့်အရေးယူမှု စသည် တို့ကလည်း ပါဝင်လာပါသည်။
နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော အမေရိကန်နှင့် မက္ကဆီကို နယ်စပ်က နာမည်ကျော် ရာဇဝတ်မှုများ၊ ရာဇဝတ်မှု တိမ်းရှောင်မှုများက အလွန် ထင်ရှား လူသိများသည့် ဥပမာများ ဖြစ်ပါ၏။
နိုင်ငံချင်းက အလွန်ပင်နီးကပ်နေသည့်အခါ လူမျိုးစုများ နှစ်နိုင်ငံ စလုံးတွင်   နေထိုင်နေကြသည်ဆိုသည်ကလည်း    ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုရပါမည်။
အိမ်နီးချင်းနိုင်ငံတို့အကြား ကူးလူးဝင်ရောက်ခြင်းများက မည်သို့ပင် အမြစ်တွယ် ကျယ်ပြန့်မှုများ ရှိသော်လည်း နိုင်ငံတစ်ခုချင်းစီ၏ အချုပ် အခြာအာဏာနှင့် ဥပဒေကို မလေးမစားလုပ်လို့မရ။ဤသည်က ကမ္ဘာပေါ် က နိုင်ငံများအားလုံးအတွက် အခြေခံမူ တစ်ခုပဲဖြစ်ပါသည်။
ဒါက ဖြစ်ရိုးဖြစ်စဉ်ဟုပင် ဆိုရမည့် ပကတိတရား။
သို့မဟုတ်    ယနေ့ဖြစ်ပေါ်နေသော  မြန်မာနိုင်ငံနှင့်   အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားရှိ နောက်ခံကားချပ်။
ဤနေရာတွင် လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်ဖြင့် ပြဿနာတစ်ခု ပေါ်ပေါက်လာသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံအကြား စတင်ဖြစ်ပွားသည့် ပြဿနာက အောက်တိုဘာ ၂ဝ၁၆ မှာ ရခိုင်ပြည်နယ် အတွင်းမှ ရဲစခန်းများအတိုက်အခိုက်ခံရမှု ဖြစ်ပါသည်။ ယခုနှစ် သြဂုတ် လတွင် ထပ်မံဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်တိုက်ခိုက် မှုများအကြောင်း နိုင်ငံတကာက အထူးတလည် ဂရုပြုစောင့်ကြည့်လာရာမှ မြန်မာနိုင်ငံကို ဝေဖန်ပြစ်တင်မှုများ စတင်ပေါ်ပေါက်လာခဲ့သည်။
ဆက်တိုက်ဆိုသလိုပင်၊   မြန်မာနိုင်ငံအစိုးရသည်  လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်၊ လူမျိုးတုံး သတ်ဖြတ်မှုများရှိသည်ဟူသော ပြင်းထန်ရဲတင်းလွန်းသည့်    စွပ်စွဲချက်များက   က္ဘာ့မီဒီယာကြီးများမှ တစ်ဆင့် နိုင်ငံတကာမျက်နှာစာပေါ်သို့ ချင်းနင်းဝင်ရောက်လာသည်။
¤င်းတို့ ပြင်းပြင်းထန်ထန်စွပ်စွဲပြောဆိုနေသည့် အစိုးရသည် လူ့အခွင့် အရေးချိုးဖောက်မှုကို နှစ်ပေါင်းများစွာကိုယ်တိုင် မသေရုံတစ်မည် ခံစား ခဲ့ရပြီး ပြည်သူ့အင်အားဖြင့် အာဏာရရှိလာခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့အစိုးရသည် ဒီမိုကရေစီကျင့်ဝတ်ကို မြဲမြံလိုသော၊ အခြားသော သူတို့၏ အခွင့်အရေးကို  မိမိအသက်ကိုပေးကာ  ကာကွယ်ခဲ့ကြသော၊ မိမိတို့ကို ဘဝနှင့်ချီကာနစ်နာအောင်   နှိပ်စက်ကလူ  ပြုခဲ့သူများကိုပင် ခွင့်လွှတ်ကာ မေတ္တာစိတ်ဖြင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ပြေလည် လိုသူများဖြစ်ပါသည်။
ပြီးတော့၊ သည်အစိုးရက ပြည်သူလူထုကို အမှန်တကယ်ယုံကြည် အားကိုးသော အစိုးရ/ ပြည်သူအများစု၏ အားကိုးချစ်ခင်မှု၊ ထောက်ခံ အားပေးမှုကို အမှန်တကယ်ရရှိထားသောအစိုးရ ဖြစ်ပါသည်။
ယခုလည်း မိမိတို့၏ ဂုဏ်သိက္ခာကို ပျက်ယွင်းညှိုးနွမ်းအောင် မဟုတ် မမှန်အားထုတ်နေသူများကို လက်တုံ့ပြန်မနေဘဲ ပြည်သူအများစုအတွက်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့အတွက်၊ အမှန်တရားအတွက် ရင်ကော့ ခေါင်းမော့ကာ ရင်ဆိုင်နေကြတာ ဖြစ်ပါသည်။
အမှန်တရားဆိုသည်က     ဖုံးကွယ်ထားလို့ရသည့်အရာမဟုတ်ပါ။ လက်နက်အင်အား၊ ငွေကြေးအင်အားကြီးမားမှုနှင့် လွှမ်းမိုးကာ  အမှန် တရားကို မျက်ကွယ်ပြုလိုသည့် နိုင်ငံကြီးများအတွက်  အမည်းကွက်ကြီး တစ်ခု စွန်းထင်းခဲ့ရပြီဟု ယူဆမိသည်။
အမှန်တရားဘက်တော်သားတို့ အောင်စေသတည်း။    ။

Saturday, October 14, 2017

သမိုင်းသစ်ရေးထိုးနိုင်ကြမည့် ပြည်သူရဲ့ ညီညွတ်မှုအင်အား

မြန်မာ့အလင်းအယ်ဒီတာအာဘော်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဖြစ်စဉ်များအပေါ် ကမ္ဘာက ရှုမြင်ပုံနှင့် ပြည်တွင်းမှ မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ ရှုမြင်ပုံတို့ ကွဲပြားခြားနား သည်။  ထူးခြားအံ့ဖွယ်ရာပင်  ယင်းကိစ္စနှင့်ပတ်သက်၍ အိုင်အက်စ်၊ အယ်လ်ကိုင်ဒါ အစရှိသော က္ဘာသိ အကြမ်းဖက်အုပ်စုများနှင့် ကုလသမဂ္ဂ မှ ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်အချို့တို့ ဘက်တစ်ဖက်တည်းတွင် တိုင်ပင်မထား ဘဲ ရပ်မိနေကြဟန်ရှိပြီး မြန်မာနိုင်ငံအပေါ် လေသံပြင်းရာတွင် တူညီကြ သည်။ ခြိမ်းခြောက်ခြင်းနှင့် ဖိအားပေးခြင်းသာ ကွာသည်ဟု မိမိတို့ခံစား ကြရသည်။ မီဒီယာအင်အားကြီးတို့၏ ဘေးတီးလှုံ့ဆော်မှုကြောင့် အမှန် တရားတို့ မှိန်ပျောက်ကာ နိုင်ငံ၏ပုံရိပ်နှင့် နိုင်ငံ့အကြီးအကဲတို့ ဂုဏ်သိက္ခာ ထိပါးခံရမှုတို့အပေါ်တွင်လည်း စိတ်မကောင်းခြင်းကြီးစွာ ခံစားကြရသည်။
ဆီးရီးယားနိုင်ငံမှ အစ္စလာမ် ဓမ္မသတ်အကြီးအကဲ ဘုန်းတော်ကြီး ရှိတ်ခ်  အာမက် ဘာဒရက်ဒင်ဟတ်ဆွန်က (မြန်မာနိုင်ငံမှ) ဒုက္ခသည် ၄၅ဝဝဝဝ အကြောင်း မီဒီယာတို့က တစ်နေ့လျှင် အကြိမ် ၁ဝဝ ထက်မနည်း အထပ်ထပ်ထုတ်လွှင့်နေသော်လည်း ဆော်ဒီအာရေဗျ၏ ပယောဂကြောင့် ယီမင်နိုင်ငံတွင် ပြည်တွင်းဒုက္ခသည် ၉ဝဝဝဝဝဝ တို့ အိုးပစ်အိမ်ပစ်ပြေးနေရ သည်ကိုမူ နှုတ်ဆိတ်နေကြကြောင်း၊ မွတ်စလင်က္ဘာ၏ အာရုံစိုက်မှုကိုရရန် အတွက် မြန်မာနိုင်ငံမှပြဿနာကို ဧရာမအကြောင်းအရာကြီးအဖြစ် မီဒီ ယာတို့က  ပုံဖော်နေကြကြောင်း၊  မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေသော အကြောင်းအရာသည် ဘာသာရေးဆိုင်ရာပြဿနာလား သို့မဟုတ် နိုင်ငံ လုံခြုံရေးဆိုင်ရာ ကိစ္စလားဆိုသည်ကို မိမိတို့လေ့လာရန်လိုအပ်မည်ဖြစ် ကြောင်းဖြင့် အိန္ဒိယနိုင်ငံမှ ရုပ်သံသတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ဖြေကြားခဲ့သည်။ မြန်မာနို်င်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး နှင့်ပတ်သက်၍ မိမိတို့ဘက်မှ အခိုင်အမာရပ်တည်ကြသည့် မိတ်ဆွေနိုင်ငံ များ၊ စာနာထောက်ထားမှုပြခဲ့ကြသည့် နိုင်ငံများ၊ အပြုသဘောဖြင့် ကူညီ ကြသူများ၊ ဆင်ခြင်တုံတရားဖြင့် ချင့်ချိန်တွေးဆကာ နားလည်မှုပေးကြ သူများကြောင့် မိမိတို့တွင် အင်အားများတိုးပွားဖြစ်ပေါ်လာကြရသည်။
အဓိကအကျဆုံး အင်အားနှင့်စပ်လျဉ်း၍မူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ''ပြည်သူရဲ့ ထောက်ခံမှု၊ ပြည်သူရဲ့  ယုံကြည်မှု၊  ပြည်သူရဲ့ ညီညွတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာအင်အားမှ မရှိ ပါဘူး။  ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေ့ရပါစေ ပြည်သူရဲ့ ညီညွတ်မှု အင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ထားပါတယ်''ဟု ပြည်သူသို့ တင်ပြခဲ့သည်။ မိမိတို့နိုင်ငံအပေါ် ဝေဖန်မှု၊ ဖိအားပေးမှု၊ စွပ်စွဲမှုတို့ကို စကားနှင့် တုံ့ပြန်ချေပနေသည်ထက်  လက်တွေ့လုပ်ဆောင်ချက်များ၊  တိုးတက်မှု ရလဒ်များနှင့် ကမ္ဘာကိုပြသသွားရန်လည်း တိုက်တွန်းခဲ့သည်။ ရခိုင်ပြည် နယ်နှင့်ပတ်သက်၍ အပြော  မဟုတ် အလုပ်ဖြင့် သက်သေပြရန် လုပ်ငန်း  စဉ်ကြီး(၃) ရပ်ကို ချပြထားပြီး လုပ်ငန်းအကောင်အထည်ဖော်မည့် ယန္တရား ကို ''ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union  Enter- prise  for  Humanitarian  Assistance, Resettlement and  Development  in  Rakhine)  ဟု အမည်ပေးထားသည်။
ယင်းစီမံကိန်းအရ ''လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည် လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဒေသ ဖွံ့ဖြိုးရေးနှင့်ရေရှည်ပဋိပက္ခကင်းဝေးရေး''ဟူသော လုပ်ငန်းစဉ်ကြီး သုံးရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ရာ အဓိကအင်အားမှာ ပြည်သူများပင်ဖြစ်သည်။
စီမံကိန်းကြီးကို လာမည့် ရက်သတ္တပတ်တွင် စတင်မည်။
ဒေါသနှင့်အမုန်းတရားတို့ကို ရင်ဆိုင်ရန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ တို့ကို ကိုင်စွဲကြမည်။
လောက၌ မည်သည့်အရာကိုမဆို အောင်ရာအောင်ကြောင်း အဓိပတိ လေးပါးဖြစ်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ(ပညာ) အားတို့ဖြင့်  အမိနိုင်ငံ၏သားသမီးအပေါင်းတို့က ဝန်းရံကူကာ မိမိတို့ခေတ်သမိုင်းကို ရေးထိုးနိုင် ကြမည်ဟု အကြွင်းမဲ့ယုံကြည်မိပါကြောင်း။    ။

Thursday, October 12, 2017

လူသားနှင့် ဘာသာတရား



မြန်မာ့အလင်းအယ်ဒီတာအာဘော်





မိမိတို့နေထိုင်ရာ ကမ္ဘာကြီးကို အာကာသတစ်နေရာမှ ကြည့်မည်ဆိုပါက လွန်စွာလှပသော ဂြိုဟ်ပြာကြီးတစ်လုံးအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ စကြဝဠာအတွင်း ကမ္ဘာကြီးဖြစ်ပေါ်လာသည့် သက်တမ်းနှင့်ယှဉ်လျှင် က္ဘာဂြိုဟ်ပေါ်၌ လူသားတို့အစတည်ဖြစ်ပေါ်လာသည့် သက်တမ်းက မကြာလှသေး။  ထိုနည်းတူစွာ  လူသားတို့၏ဖြစ်တည်မှု  အဆင့်ဆင့် ပြောင်းလဲကာ ယဉ်ကျေးသည့် အဆင့်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်မှာ လည်း ပို၍ပင်မကြာလှသေး။ ယနေ့ခေတ်လူသားတို့ ယုံကြည်ကိုးကွယ် နေကြသည့် က္ဘာ့ဘာသာတရားကြီးများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည် မှာလည်း လွန်ခဲ့သည့် ထောင်စုနှစ် နှစ်ခု၊ သုံးခု၊ လေးခုခန့်ကသာဖြစ်ရာ ကမ္ဘာကြီး၏သက်တမ်း၊ လူသားတို့၏ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှု သက်တမ်း များနှင့်ယှဉ်လျှင် ဘာမှမကြာလှသေးဟုပင် ဆိုရမည်ဖြစ်သည်။
ဘာသာတရားများကို လူသားတို့ ကိုးကွယ်ယုံကြည်ကြခြင်း၏ အဓိက အကြောင်းရင်းမှာ  ပစ္စုပ္ပန်ရှင်သန်နေဆဲကာလနှင့်  သေလွန်ပြီးနောက် တမလွန်ကာလ အကျိုးစီးပွားတို့အတွက် ဖြစ်ကြသည်။ ဘာသာတရား အသီးသီးတို့၏  အဆုံးအမသြဝါဒများ၊  ကျင့်စဉ်များနှင့်  အန္တိမပန်းတိုင်တို့ မတူကွဲပြားကြစေကာမူ ပစ္စုပ္ပန်ဘဝတွင် လူသားအချင်းချင်း အပြန်အလှန် ဆက်ဆံရေး၊ မိသားစုဘဝများ သာယာချမ်းမြေ့ရေး၊ လှူအသိုက်အဝန်း အတွင်း လူမှုတာဝန်များ ဖြည့်ဆည်းကာ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး၊ ပဋိပက္ခများ မဖြစ်ပွားအောင် ရှောင်ရှားနိုင်ရေးတို့ကို ဆုံးမလမ်းညွှန်ကြပြီး ပစ္စုပ္ပန်ကာလတွင်  မိမိတို့၏  နေထိုင်ကျင့်ကြံပြုမှုများက  တမလွန်ဘဝတွင် ကောင်းမွန်ရေး၊ မကောင်းမွန်ရေးတို့အပေါ် ရောင်ပြန်ဟပ်နိုင်ကြောင်း ဆုံးမလမ်းòန်ထားကြရာ ယင်းတို့မှာ ဘာသာတရားတို့၏ အခြေခံကျင့်ဝတ် များပင်ဖြစ်ကြသည်။
မျက်မှောက်ကမ္ဘာကြီး၏ နေ့စဉ်လူသားတို့ဘဝများတွင် အကြမ်းဖက် မှုများ၊ ပဋိပက္ခများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ၊ အနိုင်ကျင့်မှု၊ နှိပ်စက်မှု များ၊ မုန်းတီးမှုများ စသည့်ဖြစ်စဉ်ဖြစ်ရပ်များမှာ မြေကမ္ဘာ၏ တစ်နေရာ မဟုတ် တစ်နေရာ၌ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကြသည်ကို တွေ့မြင်ကြရ မည်ဖြစ်သည်။ ဆိုခဲ့ပါဖြစ်စဉ်များဖြစ်ပေါ်ရခြင်း၏ အခြေခံအကြောင်း တရားသည် မည်သူ့ကြောင့် ဖြစ်ရသည်၊ မည်သည့်အတွက်ကြောင့် ဖြစ်ရသည် စသည်ဖြင့် ဆိုကြစေကာမူ တကယ့်အခြေခံအကြောင်းတရား စစ်စစ်မှာမူ   လိုချင်တပ်မက်ခြင်းဟူသော  လောဘ၊   လိုတိုင်းမရ ထင်တိုင်းမဖြစ်သည့် အပေါ်တွင် ထွက်ပေါ်လာသည့် အမျက်ဒေါသ၊ အမှန်ကို  မသိခြင်းဟူသော  မောဟတို့ကသာ  အရင်းခံဖြစ်ပြီး ယင်းအခြေခံအကြောင်းတရားသုံးရပ်   တို့မချုပ်ငြိမ်းသေးသမျှ က္ဘာမြေပေါ်တွင်  ပဋိပက္ခမီးလျှံ၊   အမုန်းမီးလျှံ၊  စစ်မီးလျှံသို့ တောက်လောင်နေဦးမည်ဖြစ်သည်။ တစ်နည်းအားဖြင့် လူသားတို့၏ သန္တာန်တွင် အလိုရမ္မက်မီး၊ အမျက်ဒေါသမီးနှင့် မောဟမီး တို့ ချုပ်ငြိမ်းမှသာ လူသားကမ္ဘာ ငြိမ်းချမ်းသာယာမည်ဖြစ်သည်။
လူသားတို့၏   ပစ္စုပ္ပန်နှင့်  တမလွန်နှစ်ဖြာသော  ဘဝတို့တွင် ကောင်းမွန်ရေးအတွက် မိမိတို့ယုံကြည်ရာ ဘာသာတရားအသီးသီးတို့ကို  ကိုးကွယ်ယုံကြည်ရာတွင် မတူကွဲပြားမှုများအကြား ပဋိပက္ခများဖြစ်ပေါ် မှုကို ရှောင်ရှားကြရမည်ဖြစ်သည်။ ဘာသာတရားတို့ကို ကိုးကွယ်ယုံကြည် ကြခြင်း၏ အနှစ်သာရများဖြစ်သော လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းစွာ    အတူနေထိုင်ခြင်း၊   အပြန်အလှန်    နားလည်မှုရှိခြင်း၊ အပြန်အလှန် လေးစားမှုရှိခြင်း၊ လူမှုတာဝန်များကို အတူတကွ ဖြည့်ကျင့် ကြခြင်း၊   ခွင့်လွှတ်သည်းခံခြင်းတို့ဖြင့်  မိမိတို့  ရှင်သန်ဆဲလူ့ဘောင်ဘဝ သာယာလှပရေးကို   ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်သည်။   အဓိက အားဖြင့်မူ လောကကို စောင့်ရှောက်သော အကျင့်တရားများဖြစ်ကြသည့် အမျက်ဒေါသမရှိသည့် မေတ္တာကိုလည်းကောင်း၊ မိမိအောက်နိမ့်သူ၊ ငယ်သူ၊   အားနည်းသူတို့အပေါ်   သနားကြင်နာခြင်း   ကရုဏာကို လည်းကောင်း၊ မိမိထက် မြင့်သူ၊  မြတ်သူ၊ အင်အားကြီးသူတို့အပေါ် ဝမ်းမြောက်ခြင်း မုဒိတာကိုလည်းကောင်း၊ နိမ့်မြင့်တက်ကျ လောက၏သဘောနှင့် ဖောက်ပြန်တတ်သည့် သဘာဝတို့အပေါ် တုန်လှုပ်ယိမ်းယိုင်ခြင်း ကင်းကာ ခံစားမှုတို့ကို ဖယ်ရှားနိုင်သည့် ဥပေက္ခာကိုလည်းကောင်း ကျင့်သုံး ကြလျက်  အပြန်အလှန်အကျိုးပြုကာ နေထိုင်ခြင်းဖြင့်သာ မိမိတို့၏ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောမှုကို ဆောင်ကြဉ်း နိုင်ကြမည်ဖြစ်သည်ဟု  ယုံကြည်မိပါကြောင်း။           ။

Tuesday, October 3, 2017

၂ဝ၁၇ ခုနှစ်ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးဘက်ဆိုင်ရာနိုဘယ်ဆုကို အမေရိကန်သိပ္ပံပညာရှင်သုံးဦးရရှိ





စတော့ဟုမ်း အောက်တိုဘာ ၂ 



၂ဝ၁၇ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်သိပ္ပံပညာရှင်သုံးဦး ပူးတွဲဆွတ်ခူးရရှိခဲ့ကြောင်း စတော့ဟုမ်းရှိ နိုဘယ်ဆုပေးအပ်ချီးမြှင့်ရေးကော်မတီက အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် က ဖော်ပြခဲ့သည်။
ကာရိုလင်စကာ အင်စတီကျူရှိ နိုဘယ်ဆုပေးအပ်ချီးမြှင့်ရေးညီလာခံက ၂ဝ၁၇ ခုနှစ် ဇီဝကမ္မဗေဒသို့မဟုတ် ဆေးဘက် ဆိုင်ရာနိုဘယ်ဆုကို ဂျက်ဖာရီစီဟော၊ မိုက်ကယ်ရို့စ်ဘက်ဘ်နှင့် မိုက်ကယ် ဒဗလျူယန်တို့သုံးဦးအား ပူးတွဲချီးမြှင့်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရသည်။
¤င်းတို့သုံးဦးသည် ၂၄ နာရီအတွင်း သက်ရှိများ၌ ဖြစ်ပေါ်နေသော ဇီဝပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်နိုင်သည့် မော်လီကျူးများ စုပေါင်းလုပ်သည့်စနစ်ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ထိုသို့နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်းများစွာက လူတို့သည် ဇီဝလှုပ်ရှားမှုချိန်ကိုက်နာရီ မည်သို့မည်ပုံ အတိအကျ လုပ်ဆောင်သည်ဆိုသည်ကို မသိ သော်လည်း ¤င်းသည် လူအပါအဝင်သက်ရှိများ၌ တစ်နေ့တာ ၂၄ နာရီကို ချိန်သားကိုက်အောင် လုပ်ဆောင်ရာတွင် ကူညီပေး နိုင်ခဲ့သော အရာတစ်ခုဖြစ်သည်ဆိုသည်ကို ရိပ်ဖမ်းအသံဖမ်း သိရှိခဲ့သည်။
ဂျက်ဖာရီစီဟော၊မိုက်ကယ်ရို့စ်ဘက်ဘ်နှင့် မိုက်ကယ်ဒဗလျူယန်တို့ သုံးဦးသည် သက်ရှိများ၏ အတွင်းပိုင်း၌ ဇီဝလှုပ်ရှားမှု ချိန်ကိုက်နာရီရှိခဲ့သည်ဆိုသည်ကို တွေ့ရှိခဲ့ပြီး ၄င်းတို့က သက်ရှိများ၏အတွင်းပိုင်း၌ မည်သို့မည်ပုံ အလုပ်လုပ်သည်ဆိုသည်ကိုပါ အတိအကျ ရှင်းလင်းပြသနိုင်ခဲ့သည်။
¤င်းတို့သုံးဦး၏ ရှာဖွေတွေ့ရှိမှုက အပင်များ၊ သတ္တဝါများနှင့် လူသားတို့အနေဖြင့် ¤င်းတို့၏ ဇီဝလှုပ်ရှားမှုချိန်ကိုက်ဖြစ်စဉ် များက ၄င်းတို့အတွက် လိုက်လျောညီထွေဖြစ်စေခဲ့ပြီး ကမ္ဘာ့ပြောင်းလဲမှုဖြစ်စဉ်များနှင့်ပါ ချိန်သားကိုက်ဖြစ်စေခဲ့သည်ကို ရှင်းလင်း ပြသနိုင်ခဲ့သည်။ ယခုနှစ်ရရှိခဲ့သောဆုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။
(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ၅ဝ ထက်မနည်းသေဆုံး




လပ်စ်ဗီးဂတ်စ် အောက်တိုဘာ ၂ 



အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လပ်စ်ဗီးဂတ်စ်မြို့၌ မ္တလေးဘေးဟိုတယ်ရှိ ကျေးလက်တေးဂီတဖျော်ဖြေပွဲ လူစု လူဝေးအတွင်း ယမန်နေ့တွင် သေနတ် သမားတစ်ဦးက လူအနည်းဆုံး ၅ဝ ထက် မနည်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ ကြောင်း၊ ပစ်ခတ်မှုကြောင့် နောက် ထပ် လူ ၂ဝဝ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ရိုက်တာသတင်းတစ်ရပ်က ဖော်ပြခဲ့သည်။
အွန်လိုင်းပေါ်တွင် တင်ခဲ့သည့် ရုပ်သံဖိုင်အရ မောင်းပြန်သေနတ်ပစ်ခတ် သံများကိုပင် ကြားခဲ့ရကြောင်း သိရ သည်။ အဆိုပါ လက်နက်မျိုးသည် အမေရိကန်နိုင်ငံရှိ သေနတ်ရောင်းသော ဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိ နိုင်သည့် လက်နက်မျိုးမဟုတ်ကြောင်း သိရသည်။
အေဘီစီ-၇ ရုပ်သံလိုင်း၏ ပြသမှု အရ သေနတ်အချက်ရာပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများကို လပ်စ်ဗီးဂတ်စ်ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။ နာရီပေါင်းများစွာ သေနတ်ပစ်ခတ်မှုများ ဖြစ်ပြီးနောက် သံသယရှိသူတစ်ဦးအား ရဲတပ်ဖွဲ့က အသေဖမ်းမိထားကြောင်း သိရသည်။
ကြောက်လန့်မှုကြောင့် ထွက်ပြေး ခဲ့သည့် ထောင်ပေါင်းများစွာသော လူ အုပ်ကြီးသည် သေနတ်ပစ်ခတ်မှုဖြစ်ပွား ရာနေရာမှ ဦးတည်ရာမဲ့ ထွက်ပြေးခဲ့ကြ သည်။ ကြက်သေသေနေသော ပွဲကြည့် ပရိသတ်များကို ကြည့်လျှင်လည်း ¤င်းတို့၏ အဝတ်များပေါ်တွင် သွေးများ ပေကျံနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် လမ်းများကြား သို့ တိုးဝှေ့ပြေးလွှားဝင်ရောက်သွားခဲ့ ကြသည်။
သေနတ်ပစ်ခတ်သူသည် အဆိုပါ ဒေသအနီးနေထိုင်သူဖြစ်ကာ အသက် ၆၄ နှစ်ရှိ စတီဖင်ပက်ဒေါ့ဖြစ်ပြီး ၄င်း၏လှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းအချက် အလက်တစ်စုံတစ်ရာ မပြောနိုင်သေး ကြောင်း သိရသည်။
၎င်းသည် မည်သည့်စစ်သွေြး<ွက အုပ်စုနှင့်မှ ဆက်သွယ်မှုမရှိဟု ယူဆ ရကြောင်း၊ ဂျိုးဆက်ဖ်လင်ဘာဒိုက သတင်းထောက်များကို ပြောသည်။
သေဆုံးသူများထဲတွင် နားရက် ယူထားသော ရဲအရာရှိတစ်ဦးပါဝင်ခဲ့ပြီး တာဝန်ထမ်းဆောင်နေသော ရဲအရာရှိ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများမှာ မြင့်တက်လာနိုင် ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။
(ရိုက်တာ၊ ဆင်ဟွာ)

ကျိုးကြောင်းဆီလျော်သော အဖြေနှင့် ကျိုးကြောင်းဆီလျော်သော ချဉ်းကပ်မှု



မြန်မာ့အလင်းအယ်ဒီတာအာဘော်




ကုလသမဂ္ဂဆိုင်ရာ   ဘင်္ဂလားဒေ့ရှ်သံအမတ်  မာဆွတ်ဘင်မိုမန်းက       ၄င်း၏  အဆိုအရ   ကျိုးကြောင်းဆီလျော်သော  အဖြေရရှိသည်အထိ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အာရုံစိုက်မှု မပြောင်းလဲရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တောင်းဆိုကြောင်း ကြားသိရပါသည်။ ဤစကား ကို မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ် ဖိအားပေးရန်ဟု အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်မျဉ်း၏ တစ်ဖက်တစ်ချက်၌ တည်ရှိနေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ပါသည်။ ဖြစ်သင့်ဖြစ်ထိုက်သည်မှာ အဆိုပါ ပုဂ္ဂိုလ်၏တင်ပြပုံနည်းများအတိုင်း တင်ပြရပါက ကျိုးကြောင်းဆီလျော်သော အဖြေမရမချင်း အိမ်နီးချင်း နိုင်ငံတို့အကြား အဆက်မပြတ်ထိတွေ့ညှိနှိုင်း ဆွေးနွေးသွားမည်ဆိုသည် မျိုးသာ ဖြစ်သင့်ပါသည်။ ဤချဉ်းကပ်ပုံက မိတ်ဆွေသဘောဆောင်သော၊ အပြုသဘောဆောင်သော ချဉ်းကပ်ပုံမျိုးဖြစ်မည်ဖြစ်ပါသည်။ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် မာဆွတ်ဘင်မိုမန်း တင်ပြသော စဉ်ဆက် မပြတ် ဖိအားပေးပါဟူသည့် ချဉ်းကပ်ပုံသည် အနိမ့်ဆုံးအဆင့် ယုံကြည်မှု ကင်းမဲ့သော (တစ်နည်း) အနုတ်လက္ခဏာဆောင်သော ချဉ်းကပ်မှုမျိုး ဖြစ်သည်။
အပြစ်မဲ့ပြည်သူတို့၏ အသက်ကို ညှာတာမှုကင်းမဲ့စွာ စတေးရဲသော အကြမ်းဖက်သမားတို့၏ အ္တရာယ်ကို အပြည့်အဝကာကွယ်ပေးနိုင်သော အစိုးရဟူသည် ကမ္ဘာပေါ်၌ မရှိပါ။ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက် သမားတို့သည် လူသားတို့၏ တည်ရှိမှုကို လုံးဝတန်ဖိုးထားခြင်း မရှိသကဲ့သို့ လူသားတို့၏ ကျင့်ဝတ်ဂုဏ်သိက္ခာဆိုသည်ကိုလည်း လုံးဝလျစ်လျူရှုထားသူ များဖြစ်သောကြောင့် ဖြစ်ပါသည်။ အကြမ်းဖက်သမားတို့ မလုပ်ရဲသော ကိစ္စဟူ၍မရှိ၊  တခြားဘာသာဝင်တို့၏  ကိုးကွယ်ယုံကြည်ရာကိုလည်း စော်ကားမော်ကား   ပြုနိုင်ပါသည်။  သမိုင်းဝင်အမွေအနှစ်တို့ကိုလည်း ဖျက်ဆီးနိုင်ပါသည်။ အကြမ်းဖက်သမားတို့၏ အ္တရာယ်သည် ဤမျှ ထင်ရှားပါလျက်     ကုလသမဂ္ဂဆိုင်ရာ    ဘင်္ဂလားဒေ့ရှ်သံအမတ်က                     ''မွတ်စလင်ဘာသာဝင်တို့က မွတ်စလင်ဘာသာဝင်တို့ကို သတ်ဖြတ်ခြင်း သို့မဟုတ် မွတ်စလင်ဘာသာဝင်တို့က ဟိန္ဒူဘာသာဝင်တို့ကို သတ်ဖြတ် ခြင်း''တို့အတွက် အကြမ်းဖက်သမားတို့ကို အပြစ်မဆို၊ မြန်မာနိုင်ငံအစိုးရ၌ တာဝန်ရှိသည်ဟု ပြောဆိုလိုက်ခြင်းသည် ¤င်း၏ အဆိုအတိုင်းပြောရပါက ကျိုးကြောင်းဆီလျော်သော   အဖြေရရှိရေးကို   လုံးဝလမ်းချော်သွား စေသည့် စကားတို့သာဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည်  ရခိုင်ပြည်နယ်မှ  ထွက်ပြေးလာသည် ဆိုသော ဘင်္ဂါလီမျိုးနွယ်တို့အား နေထိုင်ခွင့်ပြုထားသည့် နေရာမှအပ သွားလာခွင့်မပြုသကဲ့သို့ အကြမ်းဖက်သမားတို့နှင့်ဆက်စပ်မှုကို ကာကွယ် ရန်   တယ်လီဖုန်း SIM Card ကိုပင်   ရောင်းချခွင့်မပြုဟုကြားသိရ   ပါသည်။ ဒုက္ခသည်ဆိုသော ဤဘင်္ဂါလီမျိုးနွယ်တို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတို့နှင့် မျိုးရိုးဗီဇတူညီသကဲ့သို့ ကိုးကွယ်ယုံကြည်ရာဘာသာလည်း တူညီကြပါသည်။ တစ်နည်းအားဖြင့်ဆိုသော် နယ်ခြားမျဉ်း၏ တစ်ဖက် တစ်ချက်သို့   ရောက်ရှိနေသော   သွေးသားရင်းချာများဖြစ်ပါသည်။ သွေးသားရင်းချာတို့ကြား၌ပင် အကြမ်းဖက်သမားတို့၏ အ္တရာယ်ကို စိုးရိမ်ရသည်ဆိုပါက ရခိုင်ပြည်နယ်ရှိ မတူကွဲပြားသော လူ့အသိုင်းအဝိုင်း တို့အကြား  အကြမ်းဖက်သမားတို့၏  အ္တရာယ်ကို  စိုးရိမ်ခြင်းသည် ကျိုးကြောင်းဆီလျော်သော ဖြစ်ရပ်သာဖြစ်ပါသည်။မတူကွဲပြားသော လူ့အသိုင်းအဝိုင်းတို့အကြား အတိမ်းအစောင်းမခံသော သိပ်မွေ့သည့်အနေ အထားအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက အသိအမှတ်ပြုရန် ပျက်ကွက်နေခြင်းကို ထောက်ပြလိုရင်းဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သော အဖြေတို့အား ရရှိလိုပါက  ကျိုးကြောင်းဆီလျော်သော  ချဉ်းကပ်ပုံတို့ကို  ဆုပ်ကိုင်ရမည် ဖြစ်ကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။           ။

Monday, October 2, 2017

ရွေးကောက်ပွဲကိုပိတ်ပင်လိုက်ပြီးနောက် ကက်တလိုနီးယားတွင် တင်းမာမှုမြင့်တက်





ကက်တလိုနီးယား အောက်တိုဘာ ၁



စပိန်အရှေ့မြောက်ပိုင်းရှိ ချမ်းသြာ<ွကယ်ဝသည့် ကက်တလို နီးယားဒေသအတွင်း၌ လွတ်လပ်ရေးအတွက် ကျင်းပမည့် ရွေးကောက်ပွဲကို တနင်္ဂနွေနေ့တွင် ပိတ်ပင်ခံလိုက်ရပြီးနောက် စပိန်နိုင်ငံတစ်လွှားတွင် တင်းမာမှုများမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဗဟိုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု မရှိ ဟုဆိုကာ မဲပေးမှုကိုပိတ်ဆို့ရန် ကြိုးစားခဲ့သည်။ မဲပေးမှု စတင် မည့် တနင်္ဂနွေနေ့ နံနက်ခင်းမတိုင်မီ မဲရုံများကို ပိတ်ပစ်ရန် ကက်တလန်ရဲတပ်ဖွဲ့အား အမိန့်ထုတ်ခဲ့သည်။
သို့သော် ကက်တလန်အစိုးရသည် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး မဲပေးမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ စနေနေ့တွင် လွတ်လပ်ရေးကို ထောက်ခံသူများသည် မဲရုံပေါင်း ၁၆ဝ တို့တွင် နေရာယူခဲ့ကြသည်။ ကက်တလိုနီးယားရှိ ပြည်သူများတွင် ၄င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ရှိကြောင်း သိရသည်။
အဆိုပါ ဒေသရှိ စီးပွားရေးသည် စပိန်နိုင်ငံတစ်နိုင်ငံလုံးစာ ဂျီဒီပီပမာဏ၏ ၂ဝရာခိုင်နှုန်းခန့်ရှိသည်။ ဒေသဆိုင်ရာ တက်ြ<ွက လှုပ်ရှားသူများသည် နိုင်ငံအတွင်း ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိရေး အတွက် ကြာမြင့်စွာကြိုးပမ်းခဲ့ကြသည်။
ကက်တလန်အစိုးရသည် ၂ဝ၁၄ ခုနှစ်က ရွေးကောက်ပွဲ တစ်ရပ်ကိုကျင်းပခဲ့ပြီး အဆိုပါရွေးကောက်ပွဲတွင် မဲပေးသူ ၈ဝ ရာခိုင်နှုန်းသည် လွတ်လပ်ရေးရရှိရေးကိုသာ မဲထည့်ခဲ့ကြသည်။ တနင်္ဂနွေနေ့မဲပေးမှုသည် တရားဝင်တာဝန်ခံမှုရှိသည့် မဲပေးမှု ဖြစ်ကြောင်း ကက်တလန်အစိုးရက အခိုင်အမာပြောဆိုခဲ့ပြီး ခွဲထွက်ရန်ထောက်ခံသူများဘက်မှ အနိုင်ရရှိခဲ့လျှင် ၄၈ နာရီ အတွင်း လွတ်လပ်ရေးကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ (ဆင်ဟွာ)

မြောက်ကိုရီးယားနှင့်ဆွေးနွေးရန် အမေရိကန်တိုက်ရိုက်ဆက်သွယ်ခဲ့





 ပေကျင်း အောက်တိုဘာ ၁


 

 မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနှင့် တိုက်ရိုက် ဆက် သွယ်ဆွေးနွေးရန် လုပ်ဆောင်လျက်ရှိ ကြောင်း အမေရိကန်ပြည်ထောင်စု က စနေနေ့တွင် ပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားအနေဖြင့် ဆွေးနွေးမှုပြုလုပ်ရန် စိတ်ဝင်စားသည့် ဟန်မပြခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ခရီးစဉ်သွားရောက် ခဲ့စဉ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်တေလာဆန်က ထိုသို့ ထုတ် ဖော်ပြောဆိုခဲ့မှုသည် နျူကလီးယား အဆင့်ရှိသည့် တိုက်ချင်းပစ်ဒုံးကျည် များကို စမ်းသပ်နေမှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားကို အမေရိကန်က တိုက်ရိုက်ဆက်သွယ် ဆွေးနွေးမှုပြုလုပ် မည့်အကြောင်း ပထမအကြိမ်ပြောဆို ခဲ့မှုကို ခိုင်မာစေခဲ့သည်။
စကားပြောဆို ဆွေးနွေးလိုပါ သလားဟု ပြုံယမ်းသို့ ဆက်သွယ်ခဲ့ ကြောင်း၊ အမှောင်ကျနေသည့် အခြေ အနေတစ်ခုထဲတွင် ရှိမနေသင့်ကြောင်း ပေကျင်း၌ တေလာဆန်က သတင်း ထောက်များအား ပြောကြားခဲ့သည်။

တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ် ခဲ့ပြီး အမေရိကန်ချန်နယ်နှစ်ခုကို ကိုးကားလျက် တေလာဆန်က ပြော ကြားခဲ့သည်။ ကနဦးဆွေးနွေးမှုများ ၏ ပန်းတိုင်သည် ရိုးရှင်းပြီး မြောက် ကိုရီးယားက မည်သည့်အကြောင်း အရာကို ဆွေးနွေးလိုသည်ကို တိုက်ရိုက် ရှာဖွေသွားမည်ဖြစ်သည်ဟု ¤င်းက ပြောသည်။
သို့သော်ဆွေးနွေးမည့် အခြေအနေ ကို မရရှိသေးကြောင်း တေလာဆန်က ပြောကြားသည်။ မြောက်ကိုရီးယားသည် စကားပြောဆိုဆွေးနွေးမှုပြုလုပ်ရန် စိတ်ဝင်စားဟန်မပြခဲ့ကြောင်း ပြည်တွင်း ဦးစီးဌာနက စနေနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား အာဏာပိုင်များ သည် နျူကလီးယားလက်နက် မပြန့်ပွားစေရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်အသင့်ဖြစ်နေသည့် အနေ အထားမျိုးမတွေ့ရသကဲ့သို့ စိတ်ဝင် စားဟန်ပင်မရှိခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့ သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် မြောက်ကိုရီးယားကို အရေးယူ ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ပိတ်ဆို့မှုများကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားသည် တာလတ်ပစ် ဒုံးကျည်များကို ဂျပန် ပင်လယ်ပေါ်ကျော်ဖြတ်ကာ စမ်းသပ် ပစ်လွှတ်ခဲ့သည်။
(ရိုက်တာ)

Sunday, October 1, 2017

သမ္မတထရန့် နိုဝင်ဘာလအတွင်း အာရှသို့သွားမည်




နယူးယောက် စက်တင်ဘာ ၃ဝ




အမေရိကန်သမ္မတထရန့်သည် နိုဝင်ဘာလအတွင်း အာရှသို့သွားရောက်မည်ဖြစ်သည်။ ၄င်းသမ္မတအဖြစ်တာဝန်ယူပြီးသည့် အချိန်မှစ၍ပထမဦးဆုံးအကြိမ် အာရှသို့ သွားရောက်ခြင်းပင်ဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် တို့သို့ သွားရောက်မည်ဖြစ်သည်။
သမ္မတထရန့်သည် ဇနီးဖြစ်သူမယ်လာနီနှင့်အတူ နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ခရီးထွက်မည်ဖြစ်ပြီး ဗီယက်နမ် ၌ပြုလုပ်မည့် အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့်ဖိလစ်ပိုင်၌ ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်း အဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်၌ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်ရန်မှာမူ ထရန့်မှာ ဇဝေဇဝါဖြစ်ခဲ့ရသည်။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကြောင့် အမေရိကန်ဆန့်ကျင်မှုများဖြစ်ပေါ်လာသည့်အတွက် ဒူတာတေးကိုထောက်ခံသလိုဖြစ်မှာ စိုးရိမ်သည့် အတွက်ကြောင့်ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့်အာရှခေါင်းဆောင်များက အမေရိကန်ကို အာရှ၏မဟာမိတ်အဖြစ် ယင်းအစည်းအဝေးသို့တက်ရောက်ရန် ကူညီတိုက်တွန်းမှုများ ပြုလုပ်ခဲ့သောကြောင့် ယင်းသို့ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်သို့သွားရောက်ရန် အမေရိကန်သမ္မတ၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အာရှသံတမန်များကပြောသည်။ ဖိလစ်ပိုင်သမ္မတကလည်း အမေရိကန်သမ္မတ လာရောက်မည်ကို ကြိုဆိုလျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
(ရိုက်တာ)

လေယာဉ်စင်းလုံးငှားမှုနှင့် ပတ်သက်၍ အမေရိကန်ကျန်းမာရေးဝန်ကြီး ရာထူးမှနုတ်ထွက်





Image may contain: 2 people, suit
နယူးယောက် စက်တင်ဘာ ၃ဝ



အမေရိကန် ကျန်းမာရေးဝန်ကြီး တွန်ပရင့်စ်သည် အခွန်ထမ်းပြည်သူများ ၏အခွန်ငွေဖြင့် လေယာဉ်စင်းလုံးငှားမှု အတွက်ဝေဖန်မှုများ ထွက်ပေါ်လာ၍ ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။
သမ္မတထရန့်ကလည်း သောကြာ နေ့က ၄င်း၏နုတ်ထွက်စာကို လက်ခံ ခဲ့ကြောင်း ¤င်းနေရာတွင် နောက်ထပ် တစ်ဦး အသစ်ခန့်ထားသွားမည်ဖြစ် ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ သည်။ ပရင့်စ်သည် ပြည်တွင်းခရီး သွားလာရန်အတွက် လေယာဉ်စင်းလုံး အကြိမ် နှစ်ဆယ်ခန့်ငှားခဲ့ကြောင်းနှင့် ပြည်ပသို့ခရီးထွက်ရန်မူ စစ်ဘက်သုံး လေယာဉ်ကို အသုံးပြုခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြ သည်။
¤င်း၏ပျံသန်းမှုခရီးစဉ်များအတွက် ဒေါ်လာတစ်သန်းကျော် ကုန်ကျခဲ့ ကြောင်း မီဒီယာများက ဖော်ပြကြသည်။ သမ္မတထရန့်ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း ပြော ကြားခဲ့သည်။ ပရင့်စ်က ၄င်းအနေဖြင့် ကုန်ကျငွေများကို ပြန်လည်ပေးဆောင် မည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း လေယာဉ်စင်းလုံးငှားရမ်းမှု မပြုတော့ ကြောင်း ပြန်လည်တောင်းပန်ခဲ့သည်။
ထရန့်အစိုးရအဖွဲ့ဝင် နှစ်ဦးဖြစ် သော ပြည်ထဲရေးဝန်ကြီးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ အကြီးအကဲတို့သည်လည်း လေယာဉ် စင်းလုံးငှားလေ့ရှိကြောင်း သိရသည်။
အစိုးရစုံစမ်းထောက်လှမ်းရေးအရာ ရှိများကလည်းစုံစမ်းထောက်လှမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)

သစ္စာရှိသောစကားတို့ကိုသာ ဆိုပါလေအံ့



မြန်မာ့အလင်းအယ်ဒီတာအာဘော်



ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ် ဂူတာရက်စ်က တောင်းဆိုချက်(၃)ရပ် ပြုလုပ်ခဲ့သည့်အနက် တစ်ချက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများကို အဆုံး သတ်ရန်ဖြစ်ပါသည်။ စစ်ဆင်ရေးတို့ကို အဆုံးသတ်ပါဟုဆိုသည့်အတွက် ရခိုင်ပြည်နယ်တွင်ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ အကြမ်း ဖက်လုပ်ရပ်တို့ ထပ်မံဖြစ်ပွားမည်မဟုတ်ဟု ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် ဂူတာရက်စ်က တာဝန်ယူနိုင်ပါ၏လောဟု မေးခွန်းထုတ်ရ မည်ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တာဝန် ယူနိုင်သည့်အနေအထားမရှိသည်မှာ ရှင်းပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ ၏ လုပ်ရပ်သည် စကားထဲထည့်ပြောရန် မလိုလေဟန် ပြုမူနေပါသည်။ မိမိလူမျိုး သို့မဟုတ် မိမိကိုးကွယ်ရာဘာသာအတွက် အကြမ်းဖက်လိုပါက အကြမ်းဖက်ခွင့်ပြုထားသော အစိုးရရှိပါက ပြပါဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို မေးမြန်းရမည်ဖြစ်ပါသည်။ အကြမ်း ဖက်အဖွဲ့တိုင်းသည် လူမျိုး သို့မဟုတ် ကိုးကွယ်ရာဘာသာအတွက်ြေ<ွကးကြော်လေ့ရှိသော်လည်း အဆိုပြါေ<ွကးကြော်ချက်တို့သည် ¤င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ခုတုံးများသာဖြစ်ကြောင်းကို က္ဘာ့ဖြစ်ရပ်တို့က သက်သေထူပြီးဖြစ်ပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ နောက် တောင်းဆိုချက်တစ်ရပ်မှာ လူသားချင်းစာနာကူညီမှုတို့ကို လွတ်လပ်စွာ ခွင့်ပြုရန်ဖြစ်သည်။ လွတ်လပ်စွာဟု ဆိုလိုက်သည့်အတွက် ပေးသင့်ပေး ထိုက်သူတို့ထံ လူသားချင်းစာနာထောက်ထားမှုအကူအညီတို့ ရောက်ရှိနိုင် ရေးအတွက် မြန်မာနိုင်ငံတော်အစိုးရ၏ အကူအညီ မလိုအပ်ပါလောဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို မေးမြန်းရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်ကို အသိအမှတ်ပြုပါ၏လောဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို ထပ်ဆင့်မေးမြန်းရမည်ဖြစ်ပါသည်။ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတို့ကို ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်ရေး အတွက် မြန်မာနိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဘယ်ကြောင့် ရည်òန်းပြောဆိုခြင်းမပြုပါသနည်းဟု ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် ဂူတာရက်စ်ကို မေးမြန်းရမည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ တော်အစိုးရကို ဘေးဖယ်၍ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုသည် မိုက်မဲသောလုပ်ရပ်တို့သာဖြစ်ကြောင်း အချိန်ကသက်သေ ထူသွားမည်သာဖြစ်ပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ တတိယ မြောက်တောင်းဆိုချက်သည် ဒုက္ခသည်တို့အား ¤င်းတို့၏ မူရင်းဒေသသို့ ¤င်းတို့၏ဆန္ဒအလျောက် စဉ်ဆက်မပြတ်ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး အပေါ် မြန်မာနိုင်ငံတော်အစိုးရက အာမခံချက်ပေးရန် ဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ညှိနှိုင်းရရှိထားသော ၁၉၉၃ ခုနှစ် အခြေခံ မူများနှင့်အညီ ဒုက္ခသည်တို့အား စိစစ်လက်ခံမည်ဟု ရှင်းလင်းတိကျစွာ ပြောကြားထားပြီး ဖြစ်ပါသည်။ ဒုက္ခသည်ဟုဆိုသည်နှင့် အစစ်အဆေးမရှိ လက်ခံမည်ဟူသောမူဝါဒမျိုးကို မည်သည့်အချုပ်အခြာအာဏာပိုင် နိုင်ငံကမျှ လက်ခံနိုင်မည်မဟုတ်ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နယ်စပ်မျဉ်းကိုဖြတ်၍ ခိုးကူးဝင်ရောက်သူလုံးဝမရှိဟူသော စကားသည် သမိုင်းယုတ္တိကင်းမဲ့သော စကားသာဖြစ်ပါသည်။ တရားမဝင်ခိုးကူး ဝင်ရောက်မှုတိုင်းကို နိုင်ငံသားအခွင့်အရေးပေးမည်ဟူသော မူဝါဒမျိုးကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံကျင့်သုံးမည်မဟုတ်ပါ။ မြန်မာနိုင်ငံတော်အစိုးရအပေါ် အပြင်းအထန် အပြစ်တင်လျက်ရှိသော အမေရိကန်အစိုးရသည်ပင် တရားမဝင်ခိုးကူးဝင်ရောက်လာသည်ဆို သော မက္ကဆီကိုလူမျိုးတို့ကို အမေရိကန်မြေပေါ်မှ နှင်ထုတ်ရန် ကြံစည် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က က္ဘာ့နိုင်ငံများသို့ ပူးပေါင်းဆောင်ရွက်ကြပါရန် ပန်ကြားထားပါလျက်''ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းတို့ကို မတင် ပြ၊ ပြစ်တင်သည့်လုပ်ရပ်''တို့ကိုသာ အဘယ်ကြောင့် ကြံစည်လုပ်ကိုင် နေကြသနည်းဟု မေးမြန်းရန်သာ ရှိပါတော့သည်။ အကယ်၍ တစ်စုံ တစ်ဦးသည် ရခိုင်ပြည်နယ်ပြဿနာကို မြန်မာနိုင်ငံသူ နိုင်ငံသားတို့ထက် ပိုသိပါသည်ဟု ဆိုလာပါက ထိုသူသည် သစ္စာမဲ့သောစကားတို့ကို မရှက် မကြောက်ဆိုသူသာဖြစ်ပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။ ။