Monday, October 2, 2017

မြောက်ကိုရီးယားနှင့်ဆွေးနွေးရန် အမေရိကန်တိုက်ရိုက်ဆက်သွယ်ခဲ့





 ပေကျင်း အောက်တိုဘာ ၁


 

 မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနှင့် တိုက်ရိုက် ဆက် သွယ်ဆွေးနွေးရန် လုပ်ဆောင်လျက်ရှိ ကြောင်း အမေရိကန်ပြည်ထောင်စု က စနေနေ့တွင် ပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားအနေဖြင့် ဆွေးနွေးမှုပြုလုပ်ရန် စိတ်ဝင်စားသည့် ဟန်မပြခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ခရီးစဉ်သွားရောက် ခဲ့စဉ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်တေလာဆန်က ထိုသို့ ထုတ် ဖော်ပြောဆိုခဲ့မှုသည် နျူကလီးယား အဆင့်ရှိသည့် တိုက်ချင်းပစ်ဒုံးကျည် များကို စမ်းသပ်နေမှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားကို အမေရိကန်က တိုက်ရိုက်ဆက်သွယ် ဆွေးနွေးမှုပြုလုပ် မည့်အကြောင်း ပထမအကြိမ်ပြောဆို ခဲ့မှုကို ခိုင်မာစေခဲ့သည်။
စကားပြောဆို ဆွေးနွေးလိုပါ သလားဟု ပြုံယမ်းသို့ ဆက်သွယ်ခဲ့ ကြောင်း၊ အမှောင်ကျနေသည့် အခြေ အနေတစ်ခုထဲတွင် ရှိမနေသင့်ကြောင်း ပေကျင်း၌ တေလာဆန်က သတင်း ထောက်များအား ပြောကြားခဲ့သည်။

တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ် ခဲ့ပြီး အမေရိကန်ချန်နယ်နှစ်ခုကို ကိုးကားလျက် တေလာဆန်က ပြော ကြားခဲ့သည်။ ကနဦးဆွေးနွေးမှုများ ၏ ပန်းတိုင်သည် ရိုးရှင်းပြီး မြောက် ကိုရီးယားက မည်သည့်အကြောင်း အရာကို ဆွေးနွေးလိုသည်ကို တိုက်ရိုက် ရှာဖွေသွားမည်ဖြစ်သည်ဟု ¤င်းက ပြောသည်။
သို့သော်ဆွေးနွေးမည့် အခြေအနေ ကို မရရှိသေးကြောင်း တေလာဆန်က ပြောကြားသည်။ မြောက်ကိုရီးယားသည် စကားပြောဆိုဆွေးနွေးမှုပြုလုပ်ရန် စိတ်ဝင်စားဟန်မပြခဲ့ကြောင်း ပြည်တွင်း ဦးစီးဌာနက စနေနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား အာဏာပိုင်များ သည် နျူကလီးယားလက်နက် မပြန့်ပွားစေရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်အသင့်ဖြစ်နေသည့် အနေ အထားမျိုးမတွေ့ရသကဲ့သို့ စိတ်ဝင် စားဟန်ပင်မရှိခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့ သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် မြောက်ကိုရီးယားကို အရေးယူ ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ပိတ်ဆို့မှုများကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားသည် တာလတ်ပစ် ဒုံးကျည်များကို ဂျပန် ပင်လယ်ပေါ်ကျော်ဖြတ်ကာ စမ်းသပ် ပစ်လွှတ်ခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment