Sunday, October 1, 2017

လေယာဉ်စင်းလုံးငှားမှုနှင့် ပတ်သက်၍ အမေရိကန်ကျန်းမာရေးဝန်ကြီး ရာထူးမှနုတ်ထွက်





Image may contain: 2 people, suit
နယူးယောက် စက်တင်ဘာ ၃ဝ



အမေရိကန် ကျန်းမာရေးဝန်ကြီး တွန်ပရင့်စ်သည် အခွန်ထမ်းပြည်သူများ ၏အခွန်ငွေဖြင့် လေယာဉ်စင်းလုံးငှားမှု အတွက်ဝေဖန်မှုများ ထွက်ပေါ်လာ၍ ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။
သမ္မတထရန့်ကလည်း သောကြာ နေ့က ၄င်း၏နုတ်ထွက်စာကို လက်ခံ ခဲ့ကြောင်း ¤င်းနေရာတွင် နောက်ထပ် တစ်ဦး အသစ်ခန့်ထားသွားမည်ဖြစ် ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ သည်။ ပရင့်စ်သည် ပြည်တွင်းခရီး သွားလာရန်အတွက် လေယာဉ်စင်းလုံး အကြိမ် နှစ်ဆယ်ခန့်ငှားခဲ့ကြောင်းနှင့် ပြည်ပသို့ခရီးထွက်ရန်မူ စစ်ဘက်သုံး လေယာဉ်ကို အသုံးပြုခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြ သည်။
¤င်း၏ပျံသန်းမှုခရီးစဉ်များအတွက် ဒေါ်လာတစ်သန်းကျော် ကုန်ကျခဲ့ ကြောင်း မီဒီယာများက ဖော်ပြကြသည်။ သမ္မတထရန့်ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း ပြော ကြားခဲ့သည်။ ပရင့်စ်က ၄င်းအနေဖြင့် ကုန်ကျငွေများကို ပြန်လည်ပေးဆောင် မည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း လေယာဉ်စင်းလုံးငှားရမ်းမှု မပြုတော့ ကြောင်း ပြန်လည်တောင်းပန်ခဲ့သည်။
ထရန့်အစိုးရအဖွဲ့ဝင် နှစ်ဦးဖြစ် သော ပြည်ထဲရေးဝန်ကြီးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ အကြီးအကဲတို့သည်လည်း လေယာဉ် စင်းလုံးငှားလေ့ရှိကြောင်း သိရသည်။
အစိုးရစုံစမ်းထောက်လှမ်းရေးအရာ ရှိများကလည်းစုံစမ်းထောက်လှမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment