Monday, October 2, 2017

ရွေးကောက်ပွဲကိုပိတ်ပင်လိုက်ပြီးနောက် ကက်တလိုနီးယားတွင် တင်းမာမှုမြင့်တက်





ကက်တလိုနီးယား အောက်တိုဘာ ၁



စပိန်အရှေ့မြောက်ပိုင်းရှိ ချမ်းသြာ<ွကယ်ဝသည့် ကက်တလို နီးယားဒေသအတွင်း၌ လွတ်လပ်ရေးအတွက် ကျင်းပမည့် ရွေးကောက်ပွဲကို တနင်္ဂနွေနေ့တွင် ပိတ်ပင်ခံလိုက်ရပြီးနောက် စပိန်နိုင်ငံတစ်လွှားတွင် တင်းမာမှုများမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဗဟိုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု မရှိ ဟုဆိုကာ မဲပေးမှုကိုပိတ်ဆို့ရန် ကြိုးစားခဲ့သည်။ မဲပေးမှု စတင် မည့် တနင်္ဂနွေနေ့ နံနက်ခင်းမတိုင်မီ မဲရုံများကို ပိတ်ပစ်ရန် ကက်တလန်ရဲတပ်ဖွဲ့အား အမိန့်ထုတ်ခဲ့သည်။
သို့သော် ကက်တလန်အစိုးရသည် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး မဲပေးမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ စနေနေ့တွင် လွတ်လပ်ရေးကို ထောက်ခံသူများသည် မဲရုံပေါင်း ၁၆ဝ တို့တွင် နေရာယူခဲ့ကြသည်။ ကက်တလိုနီးယားရှိ ပြည်သူများတွင် ၄င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ရှိကြောင်း သိရသည်။
အဆိုပါ ဒေသရှိ စီးပွားရေးသည် စပိန်နိုင်ငံတစ်နိုင်ငံလုံးစာ ဂျီဒီပီပမာဏ၏ ၂ဝရာခိုင်နှုန်းခန့်ရှိသည်။ ဒေသဆိုင်ရာ တက်ြ<ွက လှုပ်ရှားသူများသည် နိုင်ငံအတွင်း ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိရေး အတွက် ကြာမြင့်စွာကြိုးပမ်းခဲ့ကြသည်။
ကက်တလန်အစိုးရသည် ၂ဝ၁၄ ခုနှစ်က ရွေးကောက်ပွဲ တစ်ရပ်ကိုကျင်းပခဲ့ပြီး အဆိုပါရွေးကောက်ပွဲတွင် မဲပေးသူ ၈ဝ ရာခိုင်နှုန်းသည် လွတ်လပ်ရေးရရှိရေးကိုသာ မဲထည့်ခဲ့ကြသည်။ တနင်္ဂနွေနေ့မဲပေးမှုသည် တရားဝင်တာဝန်ခံမှုရှိသည့် မဲပေးမှု ဖြစ်ကြောင်း ကက်တလန်အစိုးရက အခိုင်အမာပြောဆိုခဲ့ပြီး ခွဲထွက်ရန်ထောက်ခံသူများဘက်မှ အနိုင်ရရှိခဲ့လျှင် ၄၈ နာရီ အတွင်း လွတ်လပ်ရေးကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ (ဆင်ဟွာ)

No comments:

Post a Comment