Sunday, September 30, 2018

မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ယုဇနဥယျာဉ်မြို့တော်ရှိ လူနေတိုက်ခန်းများ၏ ကြံ့ခိုင်မှုအခြေအနေစစ်ဆေးမှုများ ပြုလုပ်

Image may contain: outdoor
ရန်ကုန် စက်တင်ဘာ ၂၉
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (မြန်မာနိုင်ငံ ငလျင်ကော်မတီ)က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇနဥယျာဉ်မြို့တော်ရှိ လူနေတိုက်ခန်းများ၏ ကြံ့ခိုင်မှုအခြေ အနေကို စက်တင်ဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ သုံးရက်တိုင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ငလျင်ကော်မတီမှ သိရသည်။
''ပြီးခဲ့တဲ့နှစ်ကတော့ တိုက်တစ်လုံး၊ နှစ်လုံးလောက်ပဲ ကြည့်လိုက်နိုင်တယ်။
တချို့တိုက်တွေက အခြေအနေဆိုးတယ်ဆိုတာတွေ့တယ်။ စိုးရိမ်းစရာရှိတဲ့ အခန်းတွေရှိတယ်ဆိုတာလည်း တွေ့ရ တယ်။ တွေ့ရှိချက်တွေကို ပြင်ဆင်လို့ရအောင် ညှိနှိုင်းပြီး အစည်းအဝေး လုပ်ကြပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ အိုးအိမ်ဦးစီးဌာနကို တင်ပြသွားမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောသည်။
ယုဇနဥယျာဉ်မြို့တော်ရှိ လူနေတိုက်ခန်းများ၏ ကြံ့ခိုင်မှုအခြေအနေအား စစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ငလျင်ကော်မတီသို့ အကူအညီတောင်းခံလာခြင်းကြောင့် ၂ဝ၁၇ခုနှစ်တွင် ပထမအကြိမ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခု စစ်ဆေးမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေး ဇော်က ''ပြီးခဲ့တဲ့နှစ်က ယုဇနအိမ်ရာတိုက်ခန်းတွေ ကြည့် ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသင်းကို ပြောလာလို့ ရသလောက်စစ်လိုက်တယ်။ အရေအတွက် များလွန်းအားကြီးတော့ survey ပဲ လုပ်လိုက်တယ်။ မေးခွန်းမေးတာပဲ လုပ်လိုက်တယ်။ အခုကတော့ မေးခွန်း တွေပြန်စစ်ပြီးတော့ အဲဒီထဲမှာပါတဲ့ စိတ်ဝင်စားစရာ အဆောက်အအုံတွေထဲက ကြည့်သင့်တဲ့ အဆောက်အအုံ တွေကို ရွေးထုတ်လိုက်ပြီးတော့ အသေးစိတ်စစ်ဆေးမှုတွေ လုပ်တာပါ''ဟု ပြောသည်။
ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့နှင့် ကီလိုမီတာ ၃ဝ ခန့်အကွာအဝေးတွင်ရှိပြီး ၁၉၃ဝ ပြည့်နှစ်က ပဲခူးငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ရန်ကုန်တွင်လည်း လူအသေအပျောက် နှင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် သည်လည်း ငလျင်အန္တရာယ် ကျရောက်နိုင်သည့်အတွက် သတိထားရန်လိုကြောင်း ငလျင်ပညာရှင်များက သုံးသပ် ထားသည်။
''ဒဂုံဆိပ်ကမ်းက မြေပျော့တာရယ်၊ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ကျတဲ့အတွက်ကြောင့် စစ်ကိုင်းပြတ်ရွှေ့နဲ့ နီးတယ်။ ငလျင်လှုပ်ခတ်တယ်ဆိုရင်တော့ ပိုခံရမယ်အခြေ အနေမျိုးတော့ ရှိနိုင်တယ်''ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ငလျင်ကော်မတီ)က လူနေတိုက်ခန်းများ၏ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးရာ တွင် ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက်ရှိ A, B, C ဘလောက်သုံးခုမှ ငါးထပ်တိုက် အလုံး ၈ဝ နှင့် ၉၂ ရပ်ကွက်မှ တန်ဖိုးနည်းအိမ်ရာ သုံးထပ်တိုက် အလုံး ၂ဝ စုစုပေါင်း တိုက်အလုံး ၁ဝဝ ကို အဖွဲ့လေးဖွဲ့ ဖွဲ့ကာ စစ်ဆေး မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယုဇနဥယျာဉ်မြို့တော် အိမ်ရာကော်မတီမှ သိရသည်။
ယုဇနဥယျာဉ်မြို့တော် အိမ်ရာကော်မတီသတင်းနှင့် ပြန်ကြားရေးတာဝန်ယူထားသည့် ဒေါ်မဉ္ဇူက ''လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူခိုင်က ယုဇနဥယျာဉ်မြို့တော်က အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကိုစစ်ဆေးပေးဖို့ စာတင် လိုက်တဲ့အခါမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ငလျင် ကော်မတီကနေပြီးတော့ လာစစ်တာပါ''ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော်ရှိ လူနေတိုက်ခန်းများကို ၁၉၉၅ ခုနှစ်ခန့် က စတင်ဆောက်ခဲ့ပြီး ယခုအခါ တိုက်အရည်အသွေး ကျဆင်းလာမှုကြောင့် မျက်နှာကြက်များ ပြိုကျခြင်း၊ လှေကားလက်ရန်းများ ပြုတ်ကျခြင်းနှင့် အက်ကြောင်းများ ဖြစ်ပေါ်နေကြောင်း တိုက်ခန်းနေထိုင်သူများထံမှ သိရ သည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-နေလင်း

အယ်လ်ရှာဘတ်အဖွဲ့ဝင် ဗုံးကျွမ်းကျင်သူတစ်ဦးအား ဆိုမာလီလုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးရမိ

Image may contain: one or more people, people standing and outdoor
မိုဂါဒစ်ရှူး စက်တင်ဘာ ၂၉
ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှူးမြို့ တောင်ဘက်ပိုင်း တွင် ပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုအတွင်း အယ်လ်ရှာဘတ် အဖွဲ့ဝင်တစ်ဦးအား ဆိုမာလီ လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိပြီး ¤င်းသည် ဗုံးကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ယုံကြည်ရသည်ဟု ဆိုသည်။
စက်တင်ဘာ ၂၇ ရက် ညပိုင်းက ပြုလုပ်သည့် ယင်းစစ်ဆင်ရေးတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဆိုမာလီအမျိုးသားထောက်လှမ်းရေးနှင့် လုံခြုံရေးအေဂျင်စီ (အန်အိုင်အက်စ်အေ)က ပြောကြားသည်။
အယ်လ်ကေဒါအဖွဲ့၏ မဟာမိတ်အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့က ¤င်းတို့၏ ဗုံးကျွမ်းကျင်သူ ဖမ်းဆီး ခံရမှုနှင့်ပတ်သက်၍ လတ်တလောတွင် မှတ်ချက်ပြု ပြောကြားခြင်းမရှိပေ။
ထိုစဉ်အတွင်းတွင် ဆိုမာလီ အမျိုးသားတပ်မတော် (အက်စ်အန်အေ)က မြို့တော် မိုဂါဒစ်ရှူး၏ တောင်ဘက်ရှိ ဂျာလစ်မာကာမြို့တွင် စက်တင်ဘာ ၂၇ ရက်က စစ်ဆင် ရေးတစ်ခုပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်သူပုန် ၁၆ ဦး သေဆုံးကြောင်း အတည်ပြုပြောကြားသည်။
မြို့တော် မိုဂါဒစ်ရှူး၏ တောင်ဘက် ကီလိုမီတာ ၉ဝ အကွာရှိ ကမ်းရိုးတန်းဒေသမြို့ မာကာအနီးတွင် အယ်လ်ရှာဘတ်စစ်သွေးကြွများနှင့် ပြင်းထန်သည့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း သေဆုံးသူများအား ခွဲခြားစိစစ်ခဲ့ရာ အာဖဂန်လူမျိုး တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးခဲ့ကြောင်း၊ ၄င်း၏အမည်မှာ နာဆီရာအယ်လ် ဂျဘီရီဖြစ်ကြောင်း ဆိုမာလီအမျိုးသားတပ်မတော် (အက်စ် အန်အေ) အမှတ် (၁၂)တပ်ရင်း၏ တပ်မှူး အိုမာဒီရေးက ပြောကြားသည်။
ဆိုမာလီစစ်သွေးကြွများသည် မြို့တော် မိုဂါဒစ်ရှူးတွင် ပြင်းထန်သော တိုက်ခိုက်မှုများကို မကြာသေးမီက ပြုလုပ် ခဲ့ကြသည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်လအတွင်းက ¤င်းတို့၏ တိုက်ခိုက်မှုများကြောင့် ဆိုမာလီအစိုးရ အရာရှိ အချို့နှင့် စစ်သည်များ သေဆုံးခဲ့ရသည်။
ဆင်ဟွာ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်

Image may contain: one or more people, people standing, wedding and outdoor

မော်လမြိုင် စက်တင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မော်လမြိုင်ခရိုင်ရုံး စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာန(Community Centre ) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း နှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ရှိ အဆိုပါရုံးနေရာ၌ ကျင်းပသည်။

လူထုအခြေပြုဗဟိုဌာနဖွင့်
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ဦးထွန်းလှစိုးတို့က လူထုအခြေပြုဗဟို ဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က လူထုအခြေပြုဗဟိုဌာနဆိုင်းဘုတ် နှင့်Mobile Library မော်တော်ယာဉ် တို့ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေး ကြပြီး လူထုအခြေပြု ဗဟိုဌာနအတွင်းရှိ စာကြည့်တိုက်တွင် ပြတိုက်ငယ်ခင်းကျင်း ပြသထားရှိမှုနှင့် စာပေဖတ်ရှုနေကြသည့် ကျောင်းသား ကျောင်းသူများကို ကြည့်ရှု အားပေးကာ စာရေးကိရိယာများ ပေးအပ်သည်။
ယင်းနောက် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲဝင်နေကြသည့် ကလေးများကို ကြည့်ရှုအားပေး၍ ကလေး ငယ်များကို ကစားစရာအရုပ်များ ပေး အပ်ကာလူထုအခြေပြုဗဟို ဌာန၌ ကွန်ပျူတာသင်တန်း ဖွင့်လှစ်လေ့ ကျင့်မှုများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန ရှေ့မျက်နှာစာရှိ ယာယီမဏ္ဍပ်၌ ဖွင့်ပွဲ အခမ်းအနားဒုတိယပိုင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာ၌ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နှင့် စာကြည့်တိုက်များတွင် အများပြည်သူ ဆုံတွေ့ပြီး သတင်းအချက်အလက်ဖလှယ် ရာ၊ ရပ်ရွာလူမှုရေး၊ ကျန်းမာရေး အသိ ပညာပေးလုပ်ငန်းများ စုပေါင်းဆွေးနွေး ရာ အသင်းအဖွဲ့ အမျိုးမျိုးတို့ ဆုံစည်းပြီး ဆွေးနွေးတိုင်ပင်ရာ၊ လူငယ်များအတွက် အသိပညာ၊ အတတ်ပညာဆိုင်ရာ သင်တန်းများပို့ချပေးရာ စသည့် ဘက်စုံ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် နေရာ ထိုင်ခင်းနှင့် လိုအပ်သည်များ စီစဉ်ထား ရှိပေးထားသည့် လူထုအခြေပြုဗဟိုဌာန အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မြစ်ကြီးနားမြို့၌ အဆောက်အအုံမှစ၍ ပြန်လည်ဆောက်လုပ်ခဲ့ပြီး ကျန်မြို့ကြီး များတွင်လည်း အလားတူ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဆောက် လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နှင့် ပူးပေါင်း၍ မော်လမြိုင်ခရိုင်ရုံးကဲ့သို့ ရွေ့လျားစာကြည့်တိုက်နှင့် ကွန်ပျူတာ သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ ပြတိုက် စသည်တို့ပါဝင်သည့် လူထု အခြေပြုဗဟိုဌာနအဖြစ်လည်း အဆင့်မြှင့် တင် ဖွင့်လှစ်လျက်ရှိပါကြောင်း။
ပြည်သူ့အတွက် အကျိုးရှိလုပ်ငန်း
လူထုအခြေပြု ဗဟိုဌာနများကို ပြည်သူ့အတွက် အကျိုးရှိသည့်လုပ်ငန်း များ ဖော်ဆောင်သည့်နေရာအဖြစ် ရည်မှန်းဆောင်ရွက်လျက်ရှိရာ လိုအပ် သည်များ ပူးပေါင်းပါဝင်ကူညီကြရန်နှင့် ထိရောက်အောင် အသုံးပြုကြစေလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ် အတွင်း ပထမဆုံးဖွင့်လှစ်သည့် လူထု အခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့် တိုက်ကို ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးတိုင်ပင်ရာနေရာတစ်ခု အဖြစ် သတ်မှတ်ကာ စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ရေးနှင့် အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်းမှ ဦးထွန်းလှစိုးက ဖောင်ဒေးရှင်း ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်နေမှုများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးမှု၊ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြော ကြားကာ ဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသောင်းထိုက် က လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျား စာကြည့်တိုက် ဆောင်ရွက်နိုင်မှုအတွက် ကျေးဇူးတင်ရှိပြီး တက်ြ<ွကစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ခရိုင်နှင့် မြို့နယ်စာကြည့်တိုက် များကို လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်လျက်ရှိရာ ယခု အခါ မြို့ကြီး ၁၂ မြို့တွင် ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ရခိုင်ပြည်နယ်အရေး၏ သော့ချက်အဖြေ

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရို ကိုနို (Taro Kono)က ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် (Washington Post) ၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ဆက်နွှယ်သော ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ပါသည်။ ဆောင်းပါး၏ ခေါင်းစဉ်အဖြစ် ''ကမ္ဘာ ကြီးက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီရမည်'' ဟု ရေးသား ထားခြင်းကပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရို ကိုနို၏ အခြေခံ သဘောထားကို ထင်ဟပ်နေပါသည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွား ကြသူများ အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့က ဦးဆောင်ကိုင်တွယ်ရမည်မှာ ငြင်းပယ်၍မရသော ပကတိအရှိတရား ဖြစ်ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဤပကတိအရှိတရားကို အသိ အမှတ်ပြု လက်ခံထားပါသည်။ သို့သော် ဤပကတိအရှိတရားကို အရေး မပါလေဟန် လျစ်လျူရှုလျက် ''မြန်မာနိုင်ငံအပေါ် အရေးယူရန်'' ဟစ်အော်နေကြသူများသည် ရခိုင်ပြည်နယ်ပြဿနာကို ပိုမိုနက်ရှိုင်းခက်ခဲ စေရန် တွန်းပို့နေကြသူများသာ ဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရို ကိုနို၏ ရပ်တည်ချက်မှာမူ ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းနိုင်ရေးကိုသာ အာရုံစူးစိုက်ထားပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ''မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သည် ဒုက္ခသည်များ ၄င်းတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ဘေးအန္တရာယ် ကင်းကင်း ပြန်လည်အခြေချနေထိုင်ရေးကို သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်ပါ သည်။ ကျွန်ုပ်တို့သည် ဤနှစ်နိုင်ငံ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေး ကူညီရမည်ဖြစ်ပြီး ဤနှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ခိုင်မာအားကောင်းလာစေရန် ဖန်တီးပေးရမည် ဖြစ်ပါသည်'' ဟု ရေးသားထားခြင်းက အပြုသဘောဆောင် ချဉ်းကပ် မှု၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းပြတ်သားစွာ ဖွင့်ဆိုပြသနေပါသည်။

တစ်ဆက်တည်းမှာပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲမည့် အဖြေရရှိရေး၏ သော့ချက်သည် ''ဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ အလျင်အမြန် ပြန်လည် ရောက်ရှိ အခြေချနေထိုင်နိုင်ရေးဖြစ်သည်'' ကို မီးမောင်းထိုးတင်ပြထားပါ သည်။ အဆိုပါသော့ချက်အရေး ကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့်ပတ်သက် ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဟန်ချက်ညီမျှတသော ဖြေရှင်းချက်တစ်ရပ် ရရှိရန် သိမ်မွေ့သောအခြေအနေတို့ ရင်ဆိုင်ရလျက်ရှိသည်ကို အသိအမှတ် ပြုလျက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ''ရခိုင်ပြည်နယ်အရေးအပေါ် အလျင်အမြန်တုံ့ပြန်ဖြေရှင်းမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန် ခြင်းသည် လွယ်ကူသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆောင်ရွက်သင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ ကို အားပေးကူညီရေးသာ ဖြစ်ပါသည်'' ဟု ရေးသားထားပါသည်။ ဤ ရေးသားချက်တို့ကို ကြည့်ရုံမျှဖြင့် မျှတသော စိတ်ထားရှိသည့် မိတ်ဆွေ ကောင်းတို့၏ စိတ်ဓာတ်ဟူသည် ပေါ်လွင်ထင်ရှားလာမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုကိုနို၏ ဆောင်းပါး၌ မြန်မာ နိုင်ငံအပေါ် အရေးယူရန် ဟစ်အော်တောင်းဆိုနေကြသော အင်အားစုတို့က လျစ်လျူရှုထားသည့် ပကတိအခြေအနေမှန်သုံးရပ်ကို အသိအမှတ်ပြု မီးမောင်းထိုးတင်ပြထားပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မီးမောင်း ထိုးပြထားသည့် ပထမဦးဆုံးသော ပကတိအခြေအနေမှန်မှာ မြန်မာနိုင်ငံ သည် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အပါအဝင် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ အေဂျင်စီတို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားခြင်း ဖြစ်ပါသည်။ ဤသို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ခြင်းက ရခိုင်ပြည်နယ် အရေး လက်တွေ့ ကိုင်တွယ်ဖြေရှင်းရာ၌ ကုလသမဂ္ဂတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေပြီး ဤအချက်က နေရပ်စွန့်ခွာသူများ ပြန်လည် အခြေချနေထိုင်မှု အောင်မြင်ရေး၏ မရှိမဖြစ် လိုအပ်ချက်ဖြစ်ခြင်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အသိအမှတ်ပြုထားပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး အသိအမှတ်ပြုထားသည့် ဒုတိယပကတိ အခြေအနေမှန်မှာ ''ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအား မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့်သာ ပုံဖော်ဖန်တီးရမည်''ဟူသော အချက်ဖြစ်ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တင်ပြထားသည့် တတိယ ပကတိအခြေအနေမှန်သည်လည်း အရေးကြီးသော အချက် တစ်ရပ်ဖြစ်ပါသည်။ ဤသည်မှာ ရခိုင်ပြည်နယ်အရေးသည် မျက်နှာစာ ပေါင်းစုံမှ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော ပြဿနာဖြစ်သည်ကို အသိအမှတ်ပြုလက်ခံခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆောင်းပါးနိဂုံးချုပ်၌ ''ရခိုင်ပြည်နယ်၏ တည်ငြိမ် ငြိမ်းချမ်းမှုအား မြန်မာ နိုင်ငံ၏ ဒီမိုကရေစီနှင့် လှူအခွင့်အရေးအုတ်မြစ်များ ခိုင်မာတောင့်တင်းမှု ကို လျစ်လျူရှုလျက် ဖော်ဆောင်နိုင်မည်မဟုတ်ပါ။ နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအား နည်းလမ်းမှားသုံး အလွန်အကျွံ ဖိအားပေးဖော်ဆောင်ခြင်းကို ရှောင်ရှား ရမည်ဖြစ်ပါသည်'' ဟု ရေးသားထားခြင်းက ရခိုင်ပြည်နယ်အရေး၏ သော့ချက်အဖြေကို တင်ပြထားခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြ အပ်ပါသည်။ ။

ရေတာရှည်မြို့ နယ်တွင် သဲဖုံးလွှမ်းသော ကျေးလက်လမ်းများ ခက်ခဲစွာသွားလာနေရ

Image may contain: sky, outdoor, nature and water
ထင်သာမြင်သာပြုပြင်စရာ


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းနှင့်ဆက်စပ် လျက်ရှိသော ကျေးရွာများနှင့် ကျေးရွာချင်းဆက်စပ်နေသော လမ်းများအားလုံး ရေကြီးရေလျှံမှုတွင် သဲများဖုံးလွှမ်းခဲ့ရာ ဒေသခံများအနေဖြင့် လူမှုရေးကိစ္စများ၊ ကျန်းမာရေး၊ မြို့ကျောင်းတက်ရန်သွားလာကြရသည့် ကျောင်းသား ကျောင်း သူများအတွက်ပါ ခက်ခက်ခဲခဲသွားလာနေကြရသည်ကိုတွေ့ရှိရသည်။
''ကလေးတွေ စက်ဘီးနဲ့ ကျောင်းတက်လည်းဆင်းတွန်းရ တယ်။ ဆိုင်ကယ်နဲ့သွားတဲ့သူတွေလည်း စီးလိုက်၊ တွန်းလိုက်ပါပဲ။ နေက ပူလာတော့ သဲကခြောက်ပြီး ပိုကျွံတယ်။ သွားရ လာရ အလွန်ဆိုးပါတယ်'' ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု အေးသာယာကျေးရွာမှ ဆွာမြို့သို့ သွားရန်ထွက်လာသူ ဒေသခံ တစ်ဦးက ပြောသည်။


ဆွာချောင်းနံဘေးတစ်လျှောက် ဆက်စပ်ကျေးရွာများဖြစ် ကြသည့် ဆွာမင်းလမ်း၊ တံတားကြီး၊ ကညင်အိုင်၊ ရေနီး၊ သရက် တော ကျေးရွာများအပြင် လမ်းများပါ သဲများ ဖုံးလွှမ်းသွား ခဲ့ခြင်းဖြစ်သည်။ ဆွာမြို့အရှေ့ဘက် ရေနီးကျေးရွာ ဆွာချောင်း တံတားတောင်ဘက်ခြမ်း ကျေးရွာများဖြစ်သည့် ကညင်အိုင်ကျေးရွာနှင့် တံတားကြီးကျေးရွာများမှာ ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးမကောင်းသော ကြောင့် အရေးပေါ်ကျန်းမာရေးမကောင်းသည့် လူနာများအား ပုခက်ဖြင့်ထမ်းကာ မြို့ဆေးရုံသို့ တင်ပို့နေရခြင်းများရှိနေရာ ကျေးလက်လမ်းများပြုပြင် ဖောက်လုပ်ရန် ဆန္ဒရှိကြသော်လည်း ငွေကြေးအား ဖြင့် အခက်အခဲရှိနေကြောင်း၊ မြို့နယ်အဆင့် ကျေးလက် လမ်းဦးစီးဌာနသို့ တင်ပြမှုများ ဆောင်ရွက် ရန်ရှိကြောင်း ဒေသခံများက ပြောသည်။

သန်းလွင်

ဆည်၊ တမံများ ကြံ့ခိုင်မှုကို အထူးဂရုစိုက်ကြရန် မှာကြား

Image may contain: 2 people, people standing, sky, shoes, child, outdoor and nature
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကလေး စက်တင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်းတို့နှင့်အတူ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မုံရွာမြို့ ချင်းတွင်းရိပ်သာ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လမ်း၊ တံတားဆိုင်ရာ လုပ်ငန်း များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်း တင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လုပ်ငန်းဆောင်ရွက်ရမည့် အခြေ အနေများကို ဖြည့်စွက်တင်ပြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန် လည်သုံးသပ်ဆွေးနွေးပြီး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
မုံရွာမြို့သို့ ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီးများနှင့် အတူ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်း တွင် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ ရေဦးမြို့သို့ ရောက်ရှိကြပြီး မူးမြစ်ကူးတံတား (ရေဦး) တည်ဆောက် မည့် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးသည်။
ပွင့်လင်းမြင်သာ ဆောင်ရွက်
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးကျော် လင်းက မူးမြစ်ကူးတံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက် မည့် အစီအစဉ်နှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ ရေးနှစ်တွင် ရရှိသည့်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက ယခုစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ သိရှိနားလည်အောင် အသိပညာပေးရန် နှင့် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မှာကြားသည်။
ရေဦး - ကလေးဝလမ်း စစ်ဆေး
ယင်းနောက် ဒုတိယသမ္မတနှင့်အ¸ သည် ရေဦး - ကလေးဝလမ်း အဆင့် မြှင့်တင်ရန်လုပ်ငန်းများ စတင် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ရေဦး - ကလေးဝလမ်း မိုင်တိုင်အမှတ် ၅၃/ဝ နှင့် ၅၃/၆ အကြားရှိ ကျောက်စီ မြေကာနံရံ ဆောင်ရွက်ပြီးစီးမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို မှာကြားသည်။
တံတား ၆၉ စင်း အဆင့်မြှင့်တင်
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် ကလေးဝမြို့နယ် လမ်းအထူး(၇) ရိပ်သာသို့ရောက်ရှိကြရာ အိန္ဒိယနိုင်ငံ Punj Llyod-Varaha Infra Ltd (JV) ကုမ္ပဏီနှင့် NCSL-MTDCL JVကုမ္ပဏီတို့မှ တာဝန်ရှိသူများက အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်မည့် ယာကြီး - ကလေးဝလမ်း ၇၅ မိုင် ၅ ဖာလုံ လမ်းအပိုင်းအား နိုင်လွန် ကတ္တရာ ၂ လမ်းသွား အကျယ် ၂၄ ပေ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကလေးဝ - တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင် အကောင်အထည်ဖော်မည့် အချိန်၊ ပြီးစီးမည့်အချိန်နှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးကျော်လင်း က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
မုံရွာ - ယာကြီး - ကလေးဝလမ်းသည် ၁၁၅ မိုင် ၅ ဖာလုံ ရှည်လျားသည်။ အဆိုပါ လမ်းအဆင့်မြှင့်တင်ရာတွင် မုံရွာမြို့မှ စတင်၍ မိုင် ၄ဝ အထိ လမ်းပိုင်းကို မြန်မာ နိုင်ငံအစိုးရကBOTစနစ်ဖြင့် အဆင့် မြှင့်တင်သွားမည်ဖြစ်ပြီး ကျန် ၇၅ မိုင် ၅ ဖာလုံကို အိန္ဒိယအစိုးရ၏ အထောက် အပံ့ငွေ အမေရိကန်ဒေါ်လာ ၁၈၁ သန်း ဖြင့် လည်းကောင်း၊ ကလေးဝ - တမူး လမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို အိန္ဒိယ အစိုးရ၏ အထောက်အပံ့ငွေ အမေရိကန် ဒေါ်လာ ၅၄ သန်းဖြင့် လည်းကောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၅ သန်း ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများကို ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့် နှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
များစွာအကျိုးပြုနိုင်
အဆိုပါ တမူး - ကလေးဝ - မုံရွာ လမ်းပိုင်းသည် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ဆက်သွယ်သည့် လမ်းမကြီး ပေါ်တွင်ရှိပြီး ဒေသတွင်း ကုန်စည်စီးဆင်း မှုကို များစွာအကျိုးပြုနိုင်မည့် လမ်းပိုင်း တစ်ခုဖြစ်သည်။
ထို့နောက် ဒုတိယသမ္မတသည် ကလေးဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေ$ကျပ်သိန်း ၁ဝဝ ကိုပေးအပ်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က လက်ခံ ရယူသည်။
ကလေးဝ-တမူးလမ်း ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မော်တော်ယာဉ်များဖြင့် ကလေးဝ-တမူး လမ်းပေါ်ရှိ အဆင့်မြှင့်တင်မည့် တံတားများအား ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု၊ ဆည်ရေပေးဝေနိုင်မှု၊ ဆည်အတွင်း နုန်းဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ၊ ရေပိုမို သိုလှောင်နိုင်ရန် ဆောင်ရွက်ရမည့် အခြေအနေနှင့် ဆည်ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
လေ့လာဆန်းစစ်မှု ပြုလုပ်
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ဆည်ရေသိုလှောင် နိုင်သည့် ပမာဏပြည့်မီအောင်သိုလှောင် နိုင်ရန် နုန်းများဆယ်ယူရန်လိုကြောင်း၊ နုန်းဆယ်ယူခြင်းလုပ်ငန်း မဆောင်ရွက်မီ စနစ်တကျလေ့လာဆန်းစစ်မှုများ ပြုလုပ် ၍ အထိရောက်ဆုံးနည်းလမ်းကို အသုံးပြု ရန်လိုကြောင်း၊ နုန်းများကို စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိရှိ ပြန်လည် အသုံးချနိုင်ရန် ဆက်စပ်ဆောင်ရွက်စေ လိုကြောင်း၊ စိုက်ပျိုးရေ တိုးချဲ့ ပေးဝေနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း၊ ရာသီဥတုဖောက်ပြန်မှုများ သည် နှစ်စဉ် ပုံမှန်ဖြစ်ပေါ်နေသည့်အတွက် ဆည်၊ တမံများကြံ့ခိုင်ရေးကို အထူး ဂရုစိုက်ကြရန်မှာကြားပြီး ရာဇဂြိုဟ် ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဒေသခံများနှင့် တွေ့ဆုံ
ယင်းနောက် ဒုတိယသမ္မတသည် စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပါတ်မြို့သို့ ရောက်ရှိပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသခံများက ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ် များကို တင်ပြကြရာ ဒုတိယသမ္မတက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
တမူး - မိုရေးနယ်စပ်ကုန်သွယ်ရေးစခန်း
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် အိန္ဒိယ - မြန်မာနယ်စပ်ရှိ တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိကြရာ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယòန်ကြားရေးမှူး ဦးမိုးဇော်ဦးက နှစ်အလိုက် ကုန်သွယ်မှုအခြေအနေ၊ ပို့ကုန်အမယ်သစ်များ ပို့ဆောင်နေမှု၊ ကုန်သွယ်မှုလျင်မြန်စေရန် ဆောင်ရွက် နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်းပြီး ဒုတိယသမ္မတက တမူးကုန်သွယ်ရေး စခန်းနှင့် ဆက်စပ်လျက်ရှိသည့် တစ်ဖက် နိုင်ငံ မဏိပူရ်ပြည်နယ်ရှိ လူဦးရေ ၂ ဒသမ ၅ သန်းကျော်သည် ¤င်းတို့ အတွက် လိုအပ်သော ကုန်စည်များကို အိန္ဒိယပြည်မကြီးနှင့် မိမိတို့နိုင်ငံဘက်မှ ပို့ကုန်များအပေါ် မှီတည်လျက်ရှိကြောင်း သိရှိရပါသဖြင့် မိမိတို့အနေဖြင့် ပို့ကုန် တိုးမြှင့်တင်ပို့နိုင်သည့် အခွင့်အလမ်းရှိနေ ပါကြောင်း၊ ထို့ကြောင့် ပို့ကုန်အမယ်သစ် များ တိုးချဲ့တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံ၏ ဈေးကွက်နှင့် ဝယ်လို အားကို စဉ်ဆက်မပြတ်လေ့လာနေရန် လိုကြောင်း၊ ကုန်သွယ်ရေးအပြင် ခရီးသွားလုပ်ငန်းအတွက်ပါ ထည့်သွင်း စဉ်းစားပြီး ပြင်ဆင်ထားရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား ဗီဇာအပြန်အလှန် လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် တမူးနယ်စပ်ဖြတ်ကျော်ဂိတ် အဆောက် အအုံ တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေး ရုံးသို့ ရောက်ရှိကြရာ ဒေသခံများက ရိုးရာယဉ်ကျေးမှုအကများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဒေသခံများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အတူ စုပေါင်းမှတ်တမ်းတင်” ဓာတ်ပုံ ရိုက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၌ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ သည်။
နယ်စပ် ဝင်ထွက်ပေါက်
ခြောက်ခု ရှိလာ
တွေ့ဆုံစဉ် ဒုတိယသမ္မတက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂ဝ၁၈ ခုနှစ် မေ ၁၁ ရက်တွင် ချုပ်ဆို ခဲ့ပြီး တမူးနှင့် ရိဒ်ခေါဒါရ် နယ်စပ် ဝင် ထွက် ပေါက်များကို ၂ဝ၁၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခင်က ကော့သောင်း၊ မြဝတီ၊ တာချီ လိတ်၊ ထီးခီး စသည့် နိုင်ငံတကာ နယ်စပ် ဝင်ထွက်ပေါက် လေးခုသာရှိခဲ့ပါ ကြောင်း၊ ယခုအခါ ရိဒ်ခေါဒါရ်နှင့် တမူး နိုင်ငံတကာနယ်စပ်ဝင်ထွက်ပေါက်များ ထပ်မံဖွင့်လှစ်နိုင်သည့်အတွက် ခြောက်ခု ရှိလာပြီဖြစ်ပါကြောင်း။
ဝင်ငွေအများဆုံးရနိုင်
နယ်စပ်ဝင်ထွက်ပေါက်များသည် ကုန်သွယ်ရေးအတွက်သာမက ခရီးသွား လုပ်ငန်းအတွက်ပါ များစွာအထောက် အကူပြုပါကြောင်း၊ လာမည့် အောက်တို ဘာ ၁ ရက်မှ စ၍ မကာအို၊ ဟောင်ကောင် နှင့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့် ပြုထားသဖြင့် နိုင်ငံ တကာခရီးသွားများ ပိုမိုဝင်ရောက် လာမည်ဟု မျှော်မှန်းထားပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် အရင်းအနှီး အနည်းဆုံးဖြင့် ဝင်ငွေအများဆုံးရနိုင် သည့် လုပ်ငန်းဖြစ်သည့်အတွက် ယင်း လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံ တကာ နယ်စပ်ဝင်ထွက်ပေါက်ရှိလာ သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူများ အကျိုးစီးပွားသာမက နိုင်ငံတော် အတွက်ပါ အကျိုးရှိနိုင်မည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် တမူးကုန်သွယ်ရေးစခန်း နှင့် ဆက်စပ်နေသည့် လမ်း၊ တံတားများ ကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်ဖြင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလာမှုလုပ်ငန်း များ ယခုထက် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ရာ ရရှိလာသည့်အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်၍ အကျိုးရှိရှိ အသုံးချစေလို ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတ သည် ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြား

Image may contain: one or more people

မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း၍ သဟဇာတရှိသော
လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ
ပြန်လည်လက်ခံရေးအပါအဝင် ရေရှည်အဖြေကိုရှာနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို အလေးထားပြောကြားခဲ့

(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ၏ စတုတ္ထနေ့အစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်တွင် အမေရိကန်၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ၌ ကျင်းပရာ ဒေသစံတော်ချိန် ည ၈ နာရီတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ သည်။

ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် နိုင်ငံ အားလုံးအတွက် ဆီလျော်မှုရှိသည့် ပိုမိုကောင်းမွန်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရေးအတွက် အပြုသဘော ဆောင်ပြီး၊ ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ချဉ်းကပ်ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ အစိုးရ၏ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း၍ သဟဇာတရှိသော လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင် ရေးအတွက် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးအပါအဝင် ရေရှည်အဖြေကိုရှာနိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှုအခြေအနေများကို အလေးထားပြောကြားသည်။

သန္နိဋ္ဌာန်ချထားမှု

ထို့ပြင် လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေ ရေးအဖွဲ့မှ မကြာမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံးမှ ချမှတ်ခဲ့သော ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် တို့အပေါ် မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့် တာဝန်ခံမှုဆိုင် ရာ ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်း ခဲ့သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖြင့် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချထားမှုတို့ကို ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်းပြောကြားသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြား ခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ် သည်-

သဘာပတိကြီးခင်ဗျား၊

ကျွန်တော်တို့ဟာ စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေတဲ့ အချိန်ကာလများမှာ အသက်ရှင်နေထိုင်ကြတာ ဖြစ်ပါ တယ်။ ဒါ့ကြောင့် ယခုနှစ်အထွေထွေညီလာခံရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ ''ပြည်သူအားလုံးနဲ့ဆီလျော်တဲ့ ကုလသမဂ္ဂဖြစ်စေ ရေး-ငြိမ်းချမ်းမျှတပြီး ရေရှည်တည်တံ့တဲ့ လူမှုအဖွဲ့အစည်း များဖြစ်ပေါ်စေရေးအတွက် ကမ္ဘာကို ဦးဆောင်ပေးနိုင်မှုနဲ့ တာဝန်များ မျှဝေယူမှု''ဟာ အင်မတန်မှ ကောင်းမွန် ဆီလျော်လှပါတယ်။ ဒီဆောင်ပုဒ်ဟာ ယနေ့ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ကြဖို့အတွက် အရေးပါတဲ့ ဒီအဖွဲ့အစည်းကြီးရဲ့ ကဏ္ဍကို မြှင့်တင်ပေးဖို့ လိုအပ်ချက်ကိုလည်း သတိပေးရာ ရောက်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ အချုပ် အခြာအာဏာ တန်းတူညီတူရှိမှုဆိုတဲ့မူ အပါအဝင် ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းကြီးရဲ့ အခြေခံမူတွေကိုလည်း မေ့လျော့ထားလို့မဖြစ်ပါဘူး။ ဒါ့အပြင် စီးပွားရေး၊ လူမှု ရေး၊ ယဉ်ကျေးမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးစီးပွား နဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ရာမှာ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများမှတစ်ဆင့် ဆောင်ရွက်မှ ရရှိနိုင်မယ်ဆိုတာကိုလည်း သတိရကြဖို့ လိုအပ်ပါတယ်။ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ပါဝင် နေတဲ့ ဝိသေသလက္ခဏာကိုလည်း မမေ့လျော့သင့်ပါဘူး။

အပြုသဘောဆောင်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်မှသာ ကျွန်တော်တို့အနေနဲ့ နိုင်ငံအားလုံးနဲ့ ဆီလျော်တဲ့ ပိုမိုကောင်းမွန်သော ကုလသမဂ္ဂကြီးကို ဖန်တီး နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ မျှော်လင့် တောင့်တတဲ့ တာဝန်မျှဝေယူမှုများနဲ့အညီ ကမ္ဘာကို ဦးဆောင်ပေးနိုင်မှုကို အမှန်တကယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။

သဘောထားပြောင်းလဲသွားခြင်းမရှိ

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းကြီးရဲ့ အခန်းကဏ္ဍအပေါ် မြန်မာနိုင်ငံရဲ့ သဘော ထား ပြောင်းလဲသွားခြင်းမရှိဘူးဆိုတာကိုလည်း အလေး ထားပြောကြားလိုပါတယ်။ ကမ္ဘာ့ရေးရာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေ အတူတကွ ပူးပေါင်းပြီး အဖြေရှာဖွေကြဖို့ ကုလသမဂ္ဂအဖွဲ့ကြီးထက် ပိုပြီးသင့်လျော်သော နိုင်ငံအပေါင်း ဆုံစည်းနိုင်တဲ့နေရာ မျိုးမရှိပါဘူး။

သဘာပတိကြီးခင်ဗျား၊

မြန်မာနိုင်ငံကို အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်း၍ သဟဇာတရှိသော လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် ကျွန်တော် တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ဒီအထွေထွေ ညီလာခံကြီးမှာ အသိပေးတင်ပြလိုပါတယ်။

အေးချမ်းမှု၊ တည်ငြိမ်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရရှိနိုင်ပါဘူး။ ဒါဟာကျွန်တော် တို့ရဲ့ ခံယူချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်း ခံထားရတဲ့ ကျွန်တော်တို့အစိုးရဟာ တာဝန်စတင်ထမ်းဆောင်ချိန် ကစပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။

သဘာပတိကြီးခင်ဗျား၊

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားများ အကြား ဝိဝါဒကွဲပြားမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဆုံးသတ်နိုင်မယ်လို့ ခံယူ ထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူများ မျှော်လင့်တောင့် တတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင် မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆိုတာ အမှန် တကယ် အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်။

အခြေခံမူ(၅၁)ချက်

ဒါ့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အတွက် အခြေခံမူတွေချမှတ်ရာမှာ သဘောတူညီမှုရရှိ နိုင်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ညီလာခံ(၃)ကြိမ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ဖြစ်လာ မယ့် အခြေခံမူ(၅၁)ချက်ကို ချမှတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်စေဖို့ အတွက် ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေး ထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နဲ့ သာမက လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။

ပါဝင်လက်မှတ်ရေးထိုးခဲ့

ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ နောက်ထပ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်အောက်သို့ ရောက်ရှိလာပြီး၊ ညီလာခံရဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ကို ကျွန်တော် တို့အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊

တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောစေဖို့ ဆောင်ရွက် ရာမှာ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွေမှာ မျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိမဖြစ် လိုအပ်ပါ တယ်။ ဒီ့အတွက် ကုလသမဂ္ဂ ၂ဝ၃ဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ကိုက်ညီတဲ့ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂ဝ၁၈-၂ဝ၃ဝ)(MSDP)ကို မြန်မာအစိုးရအနေနဲ့ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒီစီမံ ကိန်းရဲ့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ သာယာဝပြောရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူများနှင့် ကမ္ဘာမြေ ဆိုတဲ့ မဏ္ဍိုင်(၃)ရပ် ပါဝင်ပါတယ်။ ဒီစီမံကိန်းရဲ့ ရည်မှန်း ချက်များထဲမှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေး၊ လုံခြုံရေးနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ပါဝင် ပါတယ်။ ဒီစီမံကိန်းရဲ့နေရာအားလုံးမှာ စဉ်ဆက်မပြတ် တိုးတက်ရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရမှာဖြစ်ပြီး၊ စီမံကိန်းအကောင်အထည်ဖော်ရေး ရှုထောင့်အားလုံးမှာ အဓိကထားရမှာ ဖြစ်ပါတယ်။MSDP အောင်မြင်မှုအတွက် အမျိုးသားကြိုးပမ်းအားထုတ်မှုများသာမက ဖွံ့ဖြိုးမှုမိတ် ဖက်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ ပါဝင် ဆောင်ရွက်မှုများလည်း လိုအပ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊

မြန်မာနိုင်ငံကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် အောင်အောင်မြင်မြင် အသွင်ကူးပြောင်း ရေးမှာ လူ့အခွင့်အရေးနဲ့ အားလုံးပါဝင်ရေးဟာ အခြေခံ ကျပါတယ်။ ပြည်သူတွေအကြားမှာ ဒီမိုကရေစီစံနှုန်းနဲ့ အလေ့အထတွေ လေ့ကျင့်မွေးမြူနိုင်ကြဖို့အတွက် အစိုးရ အနေနဲ့ အားထုတ်ကြိုးပမ်းလျက်ရှိပါတယ်။ ဒီလိုကြိုးပမ်းရာ မှာ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု တိုးတက်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နဲ့ အားမာန်ရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာ စေရေးတို့ ပါဝင်ပါတယ်။ ဒီအချက်တွေ အားလုံးဟာ ပြည်သူအားလုံးကို လုံခြုံမှုနဲ့ သာယာဝပြောမှု ပေးစွမ်းနိုင် မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက် ရေးအတွက် မဖြစ်မနေလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးစ နိုင်ငံတစ်နိုင်ငံ အတွက် ဒါဟာစိန်ခေါ်မှု အလွန်ကြီးမားတဲ့ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ပြည်သူ များ လိုလားတောင့်တကြတဲ့ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့ အစည်းကို တည်ဆောက်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ခိုင်မာသော သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊

ရခိုင်ပြည်နယ်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရေး ဟာ ကျွန်တော်တို့ ဒီမိုကရေစီလုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ငြိမ်းချမ်း ပြီး ဖွံ့ဖြိုးစေဖို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ အစဉ် တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော် တာဝန်ကို စတင်တာဝန်ယူပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း ၂ဝ၁၆ ခုနှစ်၊ မေလမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို အစိုးရက ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီနောက် ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များ တင်ပြနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ဆက်လက်ဖွဲ့စည်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်နိုင်စေဖို့ ဆန္ဒနဲ့ ဥာဏ်ပညာအမြော်အမြင် ကြီးမားစွာဖြင့် အကြံပြုချက်များ ပေးအပ်ခဲ့တဲ့ ဒေါက်တာ ကိုဖီအာနန်ကို ဒီနေရာကနေ ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

ကြိုတင်အကွက်ချစီစဉ်ခဲ့

ကော်မရှင်ဖွဲ့စည်းပြီး တစ်လခန့်အကြာမှာ နောင် အာဆာအဖွဲ့ဖြစ်လာမယ့် ''အာကွာမူ မူဂျာဟီဒင်'' ဘာသာ ရေးအစွန်းရောက် အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်လုံခြုံရေး ရဲကင်း(၃)ခုကို တိုက်ခိုက်ခဲ့ ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အဲဒီဒေသမှာ နေထိုင်သူ များအကြား စိုးရိမ်ကြောက်ရွံ့မှုတွေဖြစ်လာစေဖို့၊ အကြမ်း ဖက်မှုတွေကို လှုံ့ဆော်ပေးဖို့နဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ရဖို့အတွက် ကြိုတင်အကွက်ချစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် ရခိုင်ပြည်နယ် အတွက် ရေရှည်အဖြေကို ရှာနိုင်ဖို့အတွက် အစိုးရအနေနဲ့ ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာကို မြန်မာအစိုးရ ထံ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လမှာ တင်သွင်းခဲ့ပါတယ်။ အစီ ရင်ခံစာမှာ ရခိုင်ပြည်နယ် ရေရှည်ငြိမ်းချမ်းတည်ငြိမ်ဖို့ အတွက် အကြံပြုချက်(၈၈)ချက် ပါဝင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်း ခဲ့ပြီးနောက်၊ ယခုအချိန်မှာ အကြံပြုချက် (၈၈) အနက် (၈၁) ချက်ကို အကောင်အထည်ဖော်နေပြီဖြစ်တယ်ဆိုတာ ကို ဝမ်းမြောက်စွာ တင်ပြလိုပါတယ်။

ဒေါက်တာ ကိုဖီအာနန်က ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကိုပေးအပ်ပြီး နာရီအနည်းငယ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း(၃ဝ)နဲ့ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ် အာဆာရဲ့ အကြမ်းဖက်မှုတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေ သာမက ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ မတူညီတဲ့ လူမှုအသိုက်အဝန်းများကိုပါ ဦးတည်ခဲ့တယ်ဆိုတာ ဒီနေရာမှာ အလေးထားပြောကြားလိုပါတယ်။ ယင်းသို့ တိုက်ခိုက်မှုများကြောင့် စိုးရိမ်ကြောက်ရွံ့မှု၊ မတည်ငြိမ်မှုတို့ ဖြစ်ပေါ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည် အမြောက်အမြား ထွက်ပြေးခဲ့ကြပါတယ်။

လျစ်လျူရှုခဲ့ကြ

ဒီလိုထွက်ပြေးမှုကိုသာ နိုင်ငံတကာက အာရုံစိုက်ပြီး၊ ထွက်ပြေးရတဲ့ လတ်တလောနဲ့ ယခင်ကတည်းကရှိနေ ခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ အကြောင်းရင်းတွေကိုတော့ လျစ်လျူ ရှုခဲ့ကြပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းအားလုံးအတွက် လိုအပ်တဲ့ တည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက် မှုတို့အတွက် စေတနာမှန်ကန်စွာဖြင့် တစ်ပေါင်းတစ်စည်း တည်း ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-

ကျွန်တော်တို့အနေနဲ့ နေရပ်စွန့်ခွာသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ဒုက္ခတွေအပေါ် လွန်စွာစာနာထောက်ထားမိပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြောင်း စိစစ်ပြီးတဲ့ နေရပ် စွန့်ခွာသူအားလုံးကို ဆောလျင်စွာ ပြန်လည်လက်ခံနိုင်ဖို့ အတွက် အစီအမံတွေ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

ဒီ့အတွက် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအစီအစဉ်၊ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များ နှင့် ပြန်လည်လက်ခံရေးဆိုင်ရာ လက်တွေ့အစီအစဉ်စတဲ့ နှစ်နိုင်ငံသဘောတူညီချက် (၃)ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

တိုက်တွန်း

ကျွန်တော်တို့အနေနဲ့ အဲဒီနှစ်နိုင်ငံသဘောတူညီချက် တွေနဲ့အညီ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထား ပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည် ဝင်ရောက်လာကြမယ့် စိစစ်ပြီးသူများကို ပြန်လည်လက်ခံဖို့ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကတည်းက မိမိတို့ဘက် မှာ အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံသဘော တူညီချက်များအတိုင်း ကတိကဝတ်များလိုက်နာဖို့နဲ့ စိစစ်ပြီးသူများကို ဆန္ဒအလျောက် လုံခြုံသိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အချိန်မဆွဲဘဲ ခွင့်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းလိုပါတယ်။

နေရပ်စွန့်ခွာသူအချို့ဟာ မိမိတို့ သဘောဆန္ဒ အလျောက် ¤င်းတို့အစီအစဉ်နဲ့ ပြန်လည်ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျ စိစစ်မှတ်ပုံတင်မှုများ ပြုလုပ်ပေးခဲ့ပြီး၊ ယခု အခါမှာ ၄င်းတို့ရဲ့ နေအိမ်အသီးသီးမှာ မိသားစုများ၊ ဆွေမျိုးများနဲ့အတူ ပြန်လည်နေထိုင်နေကြပြီဖြစ်ပါတယ်။ သို့သော် နှစ်နိုင်ငံသဘောတူညီချက်ကို အကောင်အထည် ဖော်မှု အစီအစဉ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ် စွန့်ခွာသူ တစ်ဦးတစ်ယောက်မျှ ပြန်လည်ပေးပို့လာခြင်း မရှိသေးပါဘူး။

သဘာပတိကြီးခင်ဗျား-

နှစ်နိုင်ငံသဘောတူညီချက်တွေကို အကောင်အထည် ဖော်ခြင်း၊ အိမ်နီးချင်းကောင်းစိတ်ဓာတ်နဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ မြန်မာနိုင်ငံ သို့မဟုတ် ဘင်္ဂလားဒေ့ရှ့် နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ရပ် တွေကို ရှောင်ရှားခြင်းဖြင့်သာ ပြဿနာကို လျင်လျင်မြန်မြန် အေးအေးချမ်းချမ်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးခဲ့

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ အထူးသဖြင့် လက်ရှိ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ ကုလသမဂ္ဂရဲ့ အရေးပါတဲ့ကဏ္ဍကို ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ ပြန်လည် ဝင်ရောက်မယ့်သူများကို ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်မြန်ဆန် စွာ ဆောင်ရွက်နိုင်ရေးအတွက် အကူအညီရယူဖို့ မြန်မာ အစိုးရအနေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နဲ့ နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ နားလည်မှုစာချွန်လွှာအရ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ အနေနဲ့ လုပ်ငန်းစတင်နိုင်မယ့်နေရာတွေမှာ ကွင်းဆင်း ဆန်းစစ်လေ့လာရေးအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကို စတင်ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အနေနဲ့ ဒီလုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ¤င်းတို့ထံမှ ဆန်းစစ်တွေ့ရှိချက်များ ပြန်ကြားလာတာကို စောင့်ဆိုင်း နေပါတယ်။

သဘာပတိကြီးခင်ဗျား-

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေး အဖွဲ့က ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအပေါ် မြန်မာအစိုးရအနေနဲ့ အလွန်စိုးရိမ် ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

အဟန့်အတားဖြစ်စေ

အချက်အလက်ရှာဖွေရေးအဖွဲ့၏ လိုအပ်မှု၊ ဖွဲ့စည်း မှုနဲ့ လုပ်ပိုင်ခွင့်တို့အပေါ် မြန်မာအစိုးရက စစ်မှန်တဲ့ စိုးရိမ်မှုတွေရှိခဲ့တဲ့အတွက် အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၂ဝ၁၇ ခုနှစ်၊ မတ်လမှာကတည်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေမှာ လူမှုအသိုက်အဝန်းများ အကြား သဟဇာတရှိစေဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းနေကြတဲ့ အချိန်မှာပဲ ခိုင်ခိုင်မာမာ သက်သေ မပြနိုင်တဲ့ ဖြစ်ရပ်ဇာတ်ကြောင်းတွေကို အခြေခံထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဟာ တင်းမာမှုတွေကို ဆက်လက်ဖြစ်ပေါ်စေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှု အသိုက်အဝန်းများအကြား အလွန်လိုအပ်လျက်ရှိနေတဲ့ လူမှုပေါင်းစည်းနေထိုင်မှု တည်ဆောက်ရေးအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေ မှာကို စိုးရိမ်မိပါတယ်။

ဒီနေရာမှာ တာဝန်ခံမှုဆိုတာ ကျွန်တော်တို့အားလုံး အတွက် ဘယ်လိုဖြစ်သင့်တယ်ဆိုတာ အလေးအနက် ပြောကြားလိုပါတယ်။ တာဝန်ခံမှုဆိုတာ မိမိရဲ့ လုပ်ရပ်တွေ အပေါ် တာဝန်ယူခြင်းပဲဖြစ်ပါတယ်။ တာဝန်ခံမှုဟာ အားလုံးအပေါ် မျှမျှတတ သက်ရောက်မှုရှိရမှာ ဖြစ်ပါ တယ်။ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းများ၊ အစိုးရများနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဟာ ¤င်းတို့ရဲ့ စကားလုံးများနဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်အတွက် တာဝန်ခံမှုရှိရမှာ ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံးရဲ့ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှာ ချမှတ်ခဲ့တဲ့ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ က ပြတ်သားစွာ ပယ်ချခဲ့ပြီးဖြစ်တာကို အဆွေတော်တို့ သိရှိပြီးဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ မြန်မာနိုင်ငံဟာ ရောမ သဘောတူစာချုပ်(ျွသာနှအအေကအန)မှာ ပါဝင်လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ယင်းတရားရုံး အနေနဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လိုမှ တရားစီရင်ပိုင်ခွင့် မရှိပါဘူး။ ယင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သံသယ ဖြစ်ဖွယ် ဥပဒေအကြောင်းပြချက်တွေအပေါ်မှာ ချမှတ် ထားခဲ့တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံအစိုးရအနေနဲ့ ပြည်တွင်း၌ မိမိအစီအစဉ်နဲ့ ဖြေရှင်းဆောင်ရွက်နေမှုတွေ မပြီးဆုံးသေးတဲ့အခြေအနေမှာ ယခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စိုးရိမ်ပူပန်သင့်

မကြာသေးမီကချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဆုံးဖြတ်ချက် ချမှတ်ခဲ့ပုံ နည်းလမ်းတို့ဟာ တရားရုံးအနေနဲ့ အန္တရာယ် ရှိတဲ့ အစဉ်အလာကျင့်ထုံးတစ်ရပ် ဖြစ်သွားနိုင်တဲ့အပေါ်မှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အဖွဲ့ဝင်တွေအနေနဲ့ လေးလေးနက်နက် စိုးရိမ်ပူပန်သင့်တယ်ဆိုတာကို ယနေ့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်အားလုံးကို ပြောကြားလိုပါတယ်။ ယခုဆုံးဖြတ်ချက်ဟာ တရားရုံးရဲ့ လူမှုကျင့်ဝတ်နဲ့ ဥပဒေဆိုင်ရာ အခွင့်အာဏာကို ယိုယွင်း ပျက်စီးစေရာရောက်ပါတယ်။ ဒီအပြည်ပြည်ဆိုင်ရာ တရားရုံးအပေါ် ယုံကြည်စိတ်ချမှုကင်းမဲ့တာ မိမိတို့ တစ်နိုင်ငံတည်းမဟုတ်ကြောင်းသိရလို့ အားတက်မိ ပါတယ်။

သို့သော်လည်း ကျွန်တော်ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောကြားလိုတာကတော့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံးရဲ့ ယခုလို ဥပဒေကြောင်းအရ သံသယဖြစ်ဖွယ် ဝင်ရောက်စွက်ဖက်မှုကို မြန်မာအစိုးရက လက်ခံနိုင်မှာ မဟုတ်သော်လည်း၊ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လုံလောက်တဲ့ အထောက်အထားရှိမယ်ဆိုရင် တာဝန်ခံမှုရှိစေဖို့အတွက် ကျွန်တော်တို့ အပြည့်အဝ ကတိကဝတ်ပြုပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို မကြာမီက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်

မြန်မာနိုင်ငံမှာ တာဝန်ခံမှုရှိစေရေး၊ ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်နေမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရခိုင် ပြည်နယ်မှာ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒီကော်မရှင်က စုံစမ်းစစ်ဆေး မှာဖြစ်ပါတယ်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဟောင်း မစ္စ ရိုဆာရီယို မာနာလိုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စား လှယ်ဟောင်းနဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး ချုပ်ဟောင်း သံအမတ်ကြီး ကင်ဇို အိုရှီးမား၊ မြန်မာနိုင်ငံ သားနှစ်ဦးဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်းနဲ့ ယူနီဆက်အဆင့်မြင့်အရာရှိကြီး ဟောင်းတို့ ပါဝင်ကြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အတူ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်ဟာလည်း ရခိုင်ပြည်နယ်ရဲ့ ကာလရှည်ကြာစွာ တည်ရှိခဲ့တဲ့ ပြဿနာ များကို ဖြေရှင်းဆောင်ရွက်ရာမှာ အရေးပါတဲ့ လမ်းပြ အလင်းရောင်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ဟာ ရှုပ်ထွေးနက်နဲပြီး၊ ဘက်ပေါင်းစုံ ဖြစ်ပါတယ်။ သို့သော် လည်း မြန်မာပြည်သူတွေဟာ ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ပဋိပက္ခ၊ ဖွံ့ဖြိုးမှုနောက်ကျမှုနဲ့ သဟဇာတမရှိမှုတွေကို ဆယ်စုနှစ်များစွာခံစားခဲ့ရတဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တစ်မျိုးသားလုံး သဟဇာတဖြစ်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ ကြိုးပမ်းကြရာမှာ အခက်အခဲ အားလုံး၊ စိန်ခေါ်မှုများအားလုံးကို ရင်ဆိုင်ဖြေရှင်းကြဖို့ ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

ကောင်းမွန်သောဝန်းကျင်သစ်ကို ဖန်တီး

Image may contain: text

ပတ်ဝန်းကျင်သည် လူသားများအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိသည်။ ပတ်ဝန်းကျင်ဟုဆိုရာ၌ လူတို့နှင့် အနီးကပ်ရှိနေသော လူမှုဘဝ ပတ်ဝန်းကျင်နှင့် တစ်ကမ္ဘာလုံးအပေါ်လွှမ်းခြုံထားသော သဘာဝပတ်ဝန်းကျင် တို့ကို ဆိုလိုသည်။ ထိုပတ်ဝန်းကျင်များသည် လူသားများအပေါ် ကောင်းမွေ၊ ဆိုးမွေတို့ကို ဖြစ်ပေါ်စေနိုင်သည်။ အမှန်တကယ်တွင် ပတ်ဝန်းကျင်သည် လူသားများအား ကောင်းကျိုးပြုခဲ့သည်။ လူသား များကသာ ပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
သာဓကအားဖြင့် ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် စတင် ဖြစ်ပေါ်ခဲ့သည့် ရန်ကုန်မြို့ရှိ မြို့နေလူထုများ၏ စွန့်ပစ်အမှိုက်ပုံကြီး မီးလောင်မှုကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဖြစ်ခဲ့သည့်အပြင် ရပ်ကွက်နေပြည်သူများ ကျန်းမာရေးထိခိုက်မှုဖြစ်ခဲ့ရခြင်းသည် လူတို့ စွန့်ပစ်သောအမှိုက်ကြောင့် ပတ်ဝန်းကျင်ပျက်စီးရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အလားတူပင် လူသားများအကျိုးအတွက် သဘာဝပတ်ဝန်းကျင် မှ သစ်တောသယံဇာတ၊ ရေမြေသယံဇာတများကို အလွန်အကျွံထုတ်ယူ သုံးစွဲခြင်းတို့ကြောင့် ရာသီဥတုဖောက်ပြန်ပြီး သဘာဝဘေးအန္တရာယ်များကို လူသားများ ရင်ဆိုင်ကြုံတွေ့နေရသည်။
ထိုသို့ ရင်ဆိုင်ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်ပြဿနာ များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြံဆအဖြေရှာနေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍစုံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံ များကို ထိရောက်စွာ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရန် ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီ ခြောက်ခုနှင့် ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းပြီးနောက် ညှိနှိုင်းအစည်းအဝေးများကို ၂ဝ၁၆ ခုနှစ်မှ စတင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ် ၇၇ ခု ချမှတ်နိုင်ခဲ့သည်။ လတ်တလောတွင် လုပ်ငန်းစဉ် ၃၆ ခု ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် အခြေခံအကျဆုံး၊ အရေးအကြီးဆုံး ကဏ္ဍဖြစ်သည့် သတ္တု၊ သစ်တောနှင့် သား၊ ငါးစသည့် သယံဇာတအရင်း အမြစ်များကို အလွန်အကျွံထုတ်ယူမှုနှင့် တရားမဝင်ထုတ်လုပ်မှုများကို တားဆီးကာကွယ်ကြရမည်ဖြစ်သည်။ အထူးသဖြင့် သယံဇာတ တရားမဝင် ထုတ်လုပ်မှု၊ ပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းတားဆီး ကာကွယ်နှိမ်နင်းရေးတို့ကို တွန်းအားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ ကော်မတီများဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များလည်း ရှိပြီးဖြစ်သည့်အပြင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများလည်းရှိပြီးဖြစ်၍ ယင်းကို ထိရောက်စွာဖြင့် လက်တွေ့ကျကျ ဝိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် မျိုးဆက်သစ်များအား ပိုမိုကောင်းမွန်သော၊ ပိုမိုသန့်ရှင်းသော သဘာဝ ပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးဝေနိုင်ရန် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ နိုင်ငံတော် အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မျှော်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်ဖော်ဆောင်ရာ၌ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်ကာ တာဝန်ရှိရှိ၊ တာဝန်သိသိ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများသာမက ပြည်သူလူထုတစ်ရပ်လုံးကလည်း အသိ စိတ်ဓာတ်ရှိစွာဖြင့် ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်သည်။ ကြီးမားကျယ်ပြန့် သောလုပ်ငန်းများတွင် နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်ပြီး ဒေသတစ်ခုချင်းအလိုက်အတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူ များ အတူလက်တွဲဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။

Saturday, September 29, 2018

နိုင်ငံ့စီးပွားခရီးသွားဖြင့် ကြိုးပမ်းမြှင့်တင်

Image may contain: text

ခရီးသွားခြင်းကို လူသားအားလုံး နှစ်သက်ကြသည်။ ခရီးသွားခြင်းဖြင့် ပျော်ရွှင်ခြင်း၊ စိတ်အပန်းပြေခြင်း၊ စိတ်နှလုံးချမ်းမြေ့လန်းဆန်းသဖြင့် ကျန်းမာရွှင်လန်းခြင်း စသည့်ကောင်းကျိုးများအပြင် အသိအမြင် ဗဟုသုတများခြင်း၊ ခံစားမှုအသစ်၊ အတွေ့အကြုံအသစ်၊ ပညာ အသစ်များရရှိခြင်း စသည့်အကျိုးများရှိပါသည်။ ခရီးသွားခြင်းသည် ငွေကုန်ကြေးကျများသည်ဆိုသော်လည်း လူတစ်ဦးချင်းအလိုက် နှစ်သက် ဖွယ်ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိပြည်သူများ စဉ်ဆက်မပြတ် ခရီးထွက် ကြပါသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးအနေဖြင့် ခရီးသွား လုပ်ငန်းကို အလေးထားဦးစားပေးဆောင်ရွက်ကြသည်မှာ ခရီးသွား လုပ်ငန်းမှ အကျိုးအမြတ်များ ပေါ့ပေါ့ပါးပါး ရနေသောကြောင့်ဖြစ်သည်။ ခရီးသွားလုပ်ငန်းမှ နိုင်ငံ့စီးပွားမြင့်မားအောင် ဆောင်ရွက်နိုင်သလို ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူများကဏ္ဍမှလည်း အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း၌ ခရီးသွားလုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံးသို့ သွားလာကြသော ခရီးသွား အရေအတွက်မှာ ၁၃၂၃ သန်းခန့်ရှိပြီး ယခင်နှစ်များထက် တိုးတက် လာသည်ဟု သိရသည်။ ဥရောပနှင့် အာဖရိကတိုက်သို့ ကမ္ဘာလှည့်ခရီး သည် အများဆုံးသွားရောက်သည်။ ယမန်နှစ် ခရီးသွားလုပ်ငန်းမှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလီယံ ရှိပြီး ကမ္ဘာ့ပို့ကုန်ကဏ္ဍ၏ ခုနစ်ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမှာ ၂ဝ၁၇ ခုနှစ်တွင် ၃ ဒသမ ၄ သန်းရှိပြီး မျှော်မှန်းထားသည့် ဦးရေ ငါးသန်းသို့ ရောက်ရှိရန် လိုအပ်ချက်များစွာရှိနေသည်ဟု သိရသည်။
ထို့ကြောင့် ခရီးသွားကဏ္ဍမြင့်မားတိုးတက်ရေးအတွက် လတ်တလောတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ခရီးသွား ကဏ္ဍမှ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများက နိုင်ငံစီးပွား ခရီးသွား ဖြင့် ကြိုးပမ်းတိုးမြှင့်ကမ္ဘာအဆင့် ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်း ကျင်းပကာ အဖြေရှာလျက်ရှိသည်။ ထိုအချိန်တွင် ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကျင်းပခဲ့ရာ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲစို့ ဆောင်ပုဒ်နှင့်အညီ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့ကြ သည်။
မျက်မှောက်ကာလ ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးတွင် ဒစ်ဂျစ်တယ် နည်းပညာသည် အထူးအရေးပါ အရာရောက်သော ပညာရပ်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် တိုးတက်ဖော် ဆောင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းများ တိုးတက်မြင့်မား လာသည်။ ခရီးသွားလုပ်ငန်း မြင့်မားအောင် ဒီဂျစ်တယ်နည်းပညာဖြင့် ဆောင်ရွက်သဖြင့် ခရီးသွားလုပ်ငန်းအပေါ် စိတ်ဝင်စားမှုမြင့်မား လာအောင် ဆွဲဆောင်နိုင်သည့်အပြင် ခရီးသွားဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အဆင့်မြှင့်တင် ဖန်တီးဖော်ဆောင်ကြသည်။ ခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှုနည်းပညာမှာ အထူးအရေးပါပြီး မြန်မာနိုင်ငံအတွက် ထိုနည်းပညာတိုးတက်လာအောင် ကြိုးပမ်း အားထုတ်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဆိုသည်နှင့် ခရီးသွား များ စိတ်ဝင်စားမှုမြင့်တက်လာစေရန် ဝန်ဆောင်မှုအပိုင်းတွင်သာမက သတင်းအချက်အလက်အပိုင်းမှ ထုတ်ပြန်အသိပေးမှုများသည် အထူး အရေးပါပြီး အကျိုးသက်ရောက်မှုရှိပေသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် တည်ငြိမ်အေးချမ်းမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လာရောက်လည်ပတ်နိုင်ကြောင်း သတင်းကောင်းများကိုဖော်ထုတ်ရေး တွင် မကောင်းသတင်းများမှာ လိုသည်ထက်ပို၍ ပျံ့နှံ့နေခြင်းကြောင့် ခရီးသွားပုံရိပ်ကို ထိခိုက်ကျဆင်းစေနိုင်သည်။
သို့ဖြစ်ရာ ခရီးသွားလုပ်ငန်း မြင့်မားတိုးတက်လာရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲနိုင်ရန် ကြိုးပမ်းဖော်ဆောင်ရာ၌ နည်းပညာဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ပေးရန်လိုအပ်သကဲ့သို့ ကောင်းသတင်းများကိုဆောင်ကြဉ်း၍ မြန်မာနိုင်ငံ၏အခင်းအကျင်းကို မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။

နည်းပညာ၊ တောင်သူပညာပေးနှင့် ဈေးကွက်ဖွံ့ဖြိုးမှု

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ပြည်တွင်းဈေးကွက်သို့    တရုတ်နိုင်ငံနှင့်   ထိုင်းနိုင်ငံတို့မှ   ပန်းများ ဝင်ရောက်နေခြင်းကြောင့်    ပြည်တွင်းပန်းစိုက်ပျိုးသူ   တောင်သူများ   ထိခိုက်နစ်နာနေသည် ဟူသောသတင်းတို့ကို ဖတ်ရှုရပါသည်။ ဤကဲ့သို့ ထိခိုက်နစ်နာကြခြင်းမှာလည်း ပြည်တွင်းပန်းစိုက်ပျိုးသူ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့်  ပန်းတို့သည်  တရုတ်နိုင်ငံနှင့်  ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသည့်ပန်းတို့ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိသောကြောင့် ဖြစ်ပါ သည်။ တရုတ်နိုင်ငံနှင့်  ထိုင်းနိုင်ငံတို့မှ  ဝင်ရောက်လာသောပန်းတို့သည် ပြည်တွင်းပန်းတို့နှင့်  နှိုင်းယှဉ်ပါက ဒီဇိုင်းပိုစုံ၍  အရောင်ပိုဆန်းခြင်းတို့ သည် မြန်မာပန်းစိုက်တောင်သူတို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိရခြင်း၏ အခြေခံ အကြောင်းရင်း  ဖြစ်ပါသည်။  အဆိုပါ   အခြေခံအကြောင်းရင်း၏   ပင်ကို ပကတိသဘောသည် နည်းပညာချို့တဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ တောင်သူတို့သည် လက်မနှင့် လက်ညှိုးအသာဖိရုံမျှဖြင့် အခွံလွှာအလွယ်တကူ ခွာယူဖယ်ရှား နိုင်သော စပျစ်သီးတို့ကိုစိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့ကြ ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သော စပျစ်သီးတို့သည် တရုတ် နိုင်ငံ၌  အိမ်ရှင်ဂုဏ်ဆောင်   ဧည့်ခံသီးနှံများ ဖြစ်သောကြောင့် ဖြစ်ပါ သည်။ အထက်၌ တင်ပြထားသည့် ကိစ္စနှစ်ရပ်စလုံး၌ နည်းပညာသည်အခရာ ဖြစ်ပါသည်။ သို့သော်  မည်သည့်ဈေးကွက်၌   မည်သို့သော  သီးနှံမျိုး လိုအပ်သည်ဟူသော ဈေးကွက်လိုအပ်ချက်ကို ဦးစွာသိရှိရန်  လိုအပ်ပါ သည်။ အဆိုပါ  ဈေးကွက်လိုအပ်ချက်ကို သိရှိမှသာ မည်သို့သော  နည်း ပညာကို  အသုံးပြုမည်၊   ဤနည်းပညာရရှိရေးအတွက်  မည်သို့မည်ပုံ ရယူမည်ဆိုသည်တို့ကို ဆုံးဖြတ်နိုင်မည်  ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားတို့အတွက် မည်သို့ သောနည်းပညာတို့ကို  မည်သို့မည်ပုံ  ရယူရမည်ဆိုသည်မှာ အရေးကြီး ဆုံးသောဆုံးဖြတ်ချက် ဖြစ်လာပါသည်။ အဆိုပါ ဆုံးဖြတ်ချက် ချမှတ်နိုင် ရေးအတွက်   မြန်မာတောင်သူလယ်သမားတို့၏   လိုအပ်ချက်များနှင့် ဈေးကွက် ပကတိအခြေအနေတို့ကို  မှန်မှန်ကန်ကန် သိရှိနားလည်ရန်လိုအပ် ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ သုတေသနပြုလုပ်မှုတို့ကို ပစ္စုပ္ပန်အနေအထားထက်  ပိုမို  ကျယ်ကျယ်  ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ပါသည်။

မြန်မာ့တောင်သူလယ်သမားတို့ လိုအပ်လျက်ရှိသော နည်းပညာတို့ ရရှိပြီဆိုပါကလည်း တောင်သူလယ်သမားတို့ထံ ထိထိရောက်ရောက် အသိ ပညာပေးရန် လိုအပ်ပါသည်။ ကျွမ်းကျင်သူပညာရှင်တို့၏ သုတေသန ပြုလုပ်ချက်အရ မြန်မာနိုင်ငံ၏  လက်ရှိအနေအထားသည် စိုက်ပျိုးရေး ပညာရှင်တစ်ဦးလျှင် စိုက်ပျိုးရေး ဧက ၂ဝဝဝ မှ ၃ဝဝဝ အထိ ကိုင်တွယ် အသိပညာပေးနေရသော အနေအထားမျိုး ဖြစ်ပါသည်။ ပစ္စုပ္ပန်အနေ အထား၌ စိုက်ပျိုးစီးပွားရေးဆိုင်ရာ အသိပညာပေး စင်တာတို့ကို လက်ရှိ ရှိနေသောပညာရှင်များဖြင့် မည်သို့မည်ပုံ အကောင်းဆုံးဆောင်ရွက်မည်ကို   သုံးသပ်လေ့လာ   ဆောင်ရွက်ကြရမည်  ဖြစ်ပါသည်။    နိဂုံးချုပ်အားဖြင့်   နည်းပညာ၊  တောင်သူပညာပေးနှင့်  ဈေးကွက်ဖွံ့ဖြိုးမှုတို့သည်  ဆက်စပ် နေသည်ဖြစ်၍  ဤအချိတ်အဆက်  အားကောင်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပညာရှင်တို့က ဝိုင်းဝန်းဆောင်ရွက်ကြပါရန် လေးစား စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။    ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို ထိရောက်စွာပေါင်းစပ် အကောင်အထည်ဖော်နိုင်ရန် ကော်မတီများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

Image may contain: one or more people, wedding and indoor
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ  ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် ညှိနှိုင်းစည်းဝေး


နေပြည်တော်    စက်တင်ဘာ    ၂၈

အမျိုးသားအဆင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ  ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်  ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ  ဦးမြင့်ဆွေ  တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယရှေ့နေချုပ်  ဦးဝင်းမြင့်နှင့်  ဗဟိုကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ ဖြစ်သည့်    နေပြည်တော်ကောင်စီဝင်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်   ဝန်ကြီးများ၊  လုပ်ငန်းကော်မတီ               (၆)ခုမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ òန်ကြား ရေးမှူးချုပ်များ၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ   ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
အစည်းအဝေးတွင် ဒုတိယသမ္မတက  နိုင်ငံတော်၏  လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို  ဟန်ချက်ညီညီ ချိန်ညှိပြီး  မိမိ တို့၏  ဘုံရည်မှန်းချက်ဖြစ်သည့် ''ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကဏ္ဍအသီးသီးတွင်  ပေါင်းစပ်ဆောင်ရွက်နိုင်ရန်''  အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိအောင်
မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပ  ရင်းနှီးမြှုပ်နှံမှုများ များပြားလာမှုနှင့်အတူ   သဘာဝသယံဇာတ  အရင်းအနှီးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝဂေဟ စနစ်နှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ မဖြစ်စေရန်၊ စက်မှု လုပ်ငန်းများနှင့်  မြို့ပြတိုးချဲ့မှုများကြောင့်  မြေ၊ ရေ၊ လေ      စသည့် ပတ်ဝန်းကျင်အရည်အသွေးကျဆင်းမှုနှင့်   ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထား ဖြေရှင်းဆောင်ရွက်     ရန် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ခံစား နေရသည့် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများသည်လည်း နိုင်ငံ့ စီးပွားရေးနှင့် လူမှုဘဝ¶ဖြိုးတိုးတက်မှုအတွက် အဓိကစိန်ခေါ် မှုကြီးတစ်ခုဖြစ်သည့်အတွက် ယင်းကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့ အစဉ်တစိုက်အလေးထား ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသား များ၏အကျိုးအတွက် ''ရေရှည်ဖွံ့ဖိုးတိုးတက်ရေး လုပ်ငန်း များတွင် ပေါင်းစပ်ဆောင်ရွက်မည့် ခိုင်မာအားကောင်းသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို ''တည်ထောင် ရန် လိုအပ်ပါကြောင်း။
အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်
 နိုင်ငံတော်အစိုးရအနေဖြင့် ရေးဆွဲထားသည့်  ''မြန်မာ နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး     ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ( ၂ဝ၁၈ - ၂ဝ၃ဝ ) ''(Myanmar Sustainable Development Plan) ၏ မဟာဗျူဟာရည်မှန်းချက် ( ၅ ) ရပ်တွင်  အမျိုးသားချမ်းသာကြွယ်ဝမှုအတွက်  သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို  ဦးစားပေး မဟာဗျူဟာတစ်ရပ်အနေနှင့်  ထည့်သွင်းရေးဆွဲထားသည့် အတွက်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည်  နိုင်ငံတော်၏ အရေးပေးဆောင်ရွက်ရမည့် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည် ကို အခိုင်အမာပြောကြားလိုပါကြောင်း။
ယင်းဦးတည်ချက်အပေါ်တွင်အခြေခံပြီး လက်ရှိနိုင်ငံတော် အစိုးရသည်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကဏ္ဍ အသီးသီးပေါင်းစပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ ဥပဒေ၊  လုပ်ထုံးလုပ်နည်းများ  ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ကဏ္ဍစုံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ထိရောက်စွာ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရန် ကော်မတီ များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်နေရာတွင် ရှိနေ သည်ကို အလေးထား ပြောလိုပါကြောင်း။
အားလုံး၏ စုပေါင်းကြိုးပမ်းမှုရလဒ်များဖြစ်
ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ(၆)ခုနှင့် ကြီးကြပ်မှု ကော်မတီများကို ဖွဲ့စည်းခဲ့ပြီးနောက် ညှိနှိုင်းအစည်းအဝေးများ ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှ စတင်၍ ကျင်းပခဲ့ရာ ယခုဆိုလျှင် ဆဋ္ဌမအကြိမ် ရှိလာပြီဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ဗဟို ကော်မတီ ညှိနှိုင်းအစည်းအဝေး ငါးကြိမ်တွင် ရှေ့လုပ်ငန်းစဉ် စုစုပေါင်း(၇၇) ခု ချမှတ်နိုင်ခဲ့ပြီး လတ်တလောဆောင်ရွက်ပြီး မှုမှာ (၃၆)ချက်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆောင်ရွက်ဆဲ (၄၁)ချက် ချမှတ်ဆောင်ရွက်နိုင်ခြင်းသည်  ကော်မတီဝင်များ အားလုံး၏ စုပေါင်းကြိုးပမ်းမှုရလဒ်များဖြစ်သဖြင့် မှတ်တမ်း တင်အပ်ပါကြောင်း။
ရေရှည်ရည်မှန်းချက်များ  ချမှတ်နိုင်
ယခုဆိုလျှင် ပတ်ဝန်းကျင်ကဏ္ဍနှင့် စပ်လျဉ်း၍ ရေရှည် ရည်မှန်းချက်များကို  ချမှတ်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့    တင်ပြပြီးဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်း နိုင်ရန် ရည်မှန်းထားပြီး ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ၂ဝ၃ဝ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး  ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသောဖွံ့ဖြိုး တိုးတက်မှု   ရရှိနိုင်ရန်အတွက်   ရေရှည်ရည်မှန်းချက်များကို   ချမှတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါ ရေရှည်မူဝါဒရည်မှန်းချက်များကို ထိထိရောက် ရောက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လိုအပ်သည့်  ပေါင်းစပ်ညှိနှိုင်းမှုများ၊  လက်တွေ့ကျသည့်         ဦးစားပေးအစီအမံများ  ထည့်သွင်းချမှတ်ပြီး  အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
အသိပညာပြန့်ပွားရေး ဆောင်ရွက်
ပြီးခဲ့သည့်  အစည်းအဝေးများတွင်   ဆုံးဖြတ်ခဲ့သည့် အချက်များထဲတွင် ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်း များဖြစ်သည့်   ပညာပေးရေး၊   အသိပညာပြန့်ပွားရေးနှင့်           စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း စက်မှုလုပ်ငန်းများအပါအဝင်ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအစီအမံများ ပေါင်းစပ်ဆောင်ရွက်မှု ရှိ၊ မရှိ၊ ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်မှုများကို အရှိန်အဟုန်မြှင့်ပြီး နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။
 ထို့အပြင် သဘာဝသယံဇာတအရင်းအမြစ်များ၊ ဂေဟ စနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို  ထိန်းသိမ်းသွားရန်နှင့် ¤င်းတို့ကို အကျိုးရှိစွာ  စဉ်ဆက်မပြတ် အသုံးပြုနိုင်အောင် စီမံခန့်ခွဲရန်  မြို့ပြဒေသ  ပတ်ဝန်းကျင် စီမံခန့်ခွဲမှုများတွင်        လည်း  လိုအပ်သည့် နည်းပညာအဆင့်မြှင့်တင်နိုင်ရန် စသည့် ဦးစားပေးလုပ်ငန်းများကို  ရေးဆွဲချမှတ်နိုင်ရန်အတွက် ဗဟို ကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ချိတ်ဆက်ပြီး ခရိုင်နှင့်မြို့နယ် အောက်ခြေ အဆင့်အထိ ထိထိရောက်ရောက်အကောင်အထည်ဖော် သွား နိုင်ရန် ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ NGO  များ၊ CSO  များနှင့် ပုဂ္ဂလိကများ ပူးပေါင်း၍ ရေရှည်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စနစ်တကျ စီမံခန့်ခွဲ
၂ဝ၁၈ ခုနှစ် ဧပြီလ  ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရန်ကုန် မြို့ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုသည်  လေထုညစ်ညမ်းမှု အပြင်  အနီးပတ်ဝန်းကျင် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာ ရေး ထိခိုက်မှုခံစားခဲ့ရသည့်  သာဓကသည် စွန့်ပစ်အမှိုက်များ ကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့်   စနစ်တကျ စီမံခန့်ခွဲပြီး အလျင်အမြန် ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေပြီဆိုသည် ကို သတိပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်၊ ရန်ကုန်နှင့်  မ္တလေးမြို့ကြီးများသာမက  တစ်နိုင်ငံလုံးအနှံ့ မြို့များတွင် စွန့်ပစ်အမှိုက်များကို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းအစီအမံတွင် ပါဝင်သည့် ရည်မှန်း ချက်များကို အခြေခံပြီး ပလတ်စတစ်အပါအဝင် အမှိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းဆိုင်ရာ လမ်းòန်ချက်တစ်ရပ် ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်မှုကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး တို့အနေဖြင့် ပြီးခဲ့သည့်အစည်းအဝေး(၅)ကြိမ်၏  အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ယနေ့ အစည်းအဝေးတွင် ချမှတ်မည့် လုပ်ငန်းစဉ်များ ထဲမှ မိမိတို့ဒေသနှင့် သင့်လျော်မည့် ဦးစားပေးလုပ်ငန်းများနှင့်   ရေတို၊  ရေရှည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ် များ ရေးဆွဲချမှတ် ဆောင်ရွက်သွားရန်အတွက် ဆွေးနွေးကြ ရန် တိုက်တွန်းလိုပါကြောင်း။
အခက်အခဲများ၊ စိန်ခေါ်မှုများ ဖြေရှင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များသည်  နိုင်ငံတော်နှင့်ပြည်သူများ၏  လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏  စီးပွားရေး မူဝါဒအပေါ် အထောက်အကူပြုနိုင်ရန် လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် လူ့စွမ်းအားအရင်း အမြစ်များ၊ နည်းပညာလိုအပ်ချက်များ၊ ဘဏ္ဍာငွေ အကန့် အသတ်များစသည့် အခက်အခဲများ ရှိနေသေးသော်လည်း တစ်ဆင့်ပြီးတစ်ဆင့် ပါဝင်ပတ်သက်သူ အားလုံး၏ ပူးပေါင်း    မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုလျှင် တွေ့ကြုံရမည့်  အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်း ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
နည်းပညာလိုအပ်ချက်များ၊ စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှု၊ အကန့်အသတ်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများ          နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရရှိရေးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွား ရန် တိုက်တွန်းလိုပါကြောင်း။
အားသာချက်၊ အားနည်းချက်များ ဆွေးနွေး
ဗဟိုကော်မတီ၊  လုပ်ငန်းကော်မတီများ၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်မှုကော်မတီ များမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပြီးခဲ့သော (၂)နှစ်ကျော်ကာလအတွင်း ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များကို အခြေခံ       ပြီး အကြံပြုဆွေးနွေးပေးကြရန် ထပ်မံတိုက်တွန်း ပြောကြားလို ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုနှင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို တည်ဆောက်ရာတွင် သဘာဝပတ်ဝန်း ကျင်သည်  အခြေခံအုတ်မြစ်ဖြစ်သည့်အတွက်  စီးပွားရေး၊ လူမှုရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဘက်ညီမျှတ စေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
တရားမဝင် သယံဇာတထုတ်လုပ်မှုများတားဆီး
နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေရှည်တည်တံ့  ကောင်းမွန်စေရေးအတွက် အခြေခံအားဖြင့် အရေးကြီးဆုံးကဏ္ဍဖြစ်သည့် သတ္တု၊ သစ်တော နှင့် သားငါးစသည့် သယံဇာတအရင်းအမြစ်များအပေါ်တွင် အလွန်အကျွံထုတ်လုပ်မှု၊ အထူးသဖြင့် တရားမဝင်ထုတ်လုပ် မှုများကြောင့် သဘာဝသယံဇာတများ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရသည်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တရားမဝင် သယံဇာတထုတ်လုပ်မှုများကို အားလုံးဝိုင်းဝန်း    ပြီး  တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက်  တွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
အခြေခံကောင်းများ ရှိနေပြီးဖြစ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍   နိုင်ငံတော် အဆင့်၊ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်၊ ခရိုင်နှင့်မြို့နယ်အထိ ပေါင်းစပ်ညှိနှိုင်းပေးမည့် အဖွဲ့ အစည်းများရှိပြီး လမ်းပြမြေပုံဖြစ်သည့် ရေရှည်မျှော်မှန်းချက်၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များအပြင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြီးဖြစ်သည့်အတွက်  အခြေခံကောင်း    များ ရှိနေပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် မျိုးဆက်သစ်များကို ပိုမိုကောင်းမွန်၊ သန့်ရှင်းသည့် သဘာဝ ပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင် ရန်အတွက်  မိမိတို့အားလုံး တက်ညီလက်ညီဖြင့် အားထုတ် ကြိုးပမ်းဆောင်ရွက်ကြရန်၊ လုပ်ငန်းများကို ဆောင်ရွက်သည့် နေရာတွင် ဘဏ္ဍာငွေ၊ လူသားအရင်းအမြစ်၊ စွမ်းဆောင်ရည် နှင့်  နည်းပညာအကန့်အသတ်များ  ရှိနေသော်လည်း ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီ၊  တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်ဆင့် ပေါင်းစပ်ညှိနှိုင်းပံ့ပိုးပေးရမည့်ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပေးကြရန်  ပြောကြားသည်။
ရှေ့လုပ်ငန်းစဉ်များ တင်ပြ
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးလှမောင်     သိန်းက ဗဟိုကော်မတီ  ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး           မှ   ဆွေးနွေးဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှု        အခြေအနေများ၊ လုပ်ငန်းကော်မတီ (၆)ခု၏  အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်  လုပ်ငန်းကော်မတီ များ၏ ဆက်လက်ဆောင်ရွက်မည့်  ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း
ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒုတိယ ဝန်ကြီး ဦးလှကျော်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန်များဖြစ်ကြသည့် ဦးမြင့်သူ၊ ဦးထွန်းအုံ၊ ဦးကိုကိုလွင်၊ ဦးတင်မောင်ဦး၊ ဦးရန်နိုင်ထွန်း၊ ဦးဝင်းတင့်၊ ဒေါက်တာသက်ခိုင် ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ဒေါက်တာ ကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီ(၆)ရပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ၊  တိုင်းဒေသ ကြီးနှင့် ပြည်နယ်ကြီးကြပ်မှု  ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြ           သည့် ဦးတင်ထွန်း၊ ဦးH လအောင်၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်းဟင်းဒါးလ်၊ ဦးကမ်ဇာမုံ၊ ဦးမျိုးသစ်၊ ဒေါက်တာမင်းကြည် ဝင်း၊ ဦးကျော်လွင်၊  ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲတင်ပြနိုင်ရေးကိစ္စ ရပ်များ၊  ဥပဒေ၊ နည်းဥပဒေထုတ်ပြန်ရေးအတွက် စဉ်ဆက် မပြတ်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပင်လယ်ကမ်းစပ်များ တွင် ဒီရေတောများစိုက်ပျိုးရေးကိစ္စရပ်များ၊  ယဉ်ကျေးမှု        အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်  ဆောင်ရွက်နေသည့်  ကိစ္စရပ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက်(၇)ရပ် ချမှတ်ခဲ့ သည်။ ¤င်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။  

သတင်းစဉ်