Sunday, September 30, 2018

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်

Image may contain: one or more people, people standing, wedding and outdoor

မော်လမြိုင် စက်တင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မော်လမြိုင်ခရိုင်ရုံး စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာန(Community Centre ) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း နှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ရှိ အဆိုပါရုံးနေရာ၌ ကျင်းပသည်။

လူထုအခြေပြုဗဟိုဌာနဖွင့်
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ဦးထွန်းလှစိုးတို့က လူထုအခြေပြုဗဟို ဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က လူထုအခြေပြုဗဟိုဌာနဆိုင်းဘုတ် နှင့်Mobile Library မော်တော်ယာဉ် တို့ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေး ကြပြီး လူထုအခြေပြု ဗဟိုဌာနအတွင်းရှိ စာကြည့်တိုက်တွင် ပြတိုက်ငယ်ခင်းကျင်း ပြသထားရှိမှုနှင့် စာပေဖတ်ရှုနေကြသည့် ကျောင်းသား ကျောင်းသူများကို ကြည့်ရှု အားပေးကာ စာရေးကိရိယာများ ပေးအပ်သည်။
ယင်းနောက် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲဝင်နေကြသည့် ကလေးများကို ကြည့်ရှုအားပေး၍ ကလေး ငယ်များကို ကစားစရာအရုပ်များ ပေး အပ်ကာလူထုအခြေပြုဗဟို ဌာန၌ ကွန်ပျူတာသင်တန်း ဖွင့်လှစ်လေ့ ကျင့်မှုများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန ရှေ့မျက်နှာစာရှိ ယာယီမဏ္ဍပ်၌ ဖွင့်ပွဲ အခမ်းအနားဒုတိယပိုင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာ၌ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နှင့် စာကြည့်တိုက်များတွင် အများပြည်သူ ဆုံတွေ့ပြီး သတင်းအချက်အလက်ဖလှယ် ရာ၊ ရပ်ရွာလူမှုရေး၊ ကျန်းမာရေး အသိ ပညာပေးလုပ်ငန်းများ စုပေါင်းဆွေးနွေး ရာ အသင်းအဖွဲ့ အမျိုးမျိုးတို့ ဆုံစည်းပြီး ဆွေးနွေးတိုင်ပင်ရာ၊ လူငယ်များအတွက် အသိပညာ၊ အတတ်ပညာဆိုင်ရာ သင်တန်းများပို့ချပေးရာ စသည့် ဘက်စုံ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် နေရာ ထိုင်ခင်းနှင့် လိုအပ်သည်များ စီစဉ်ထား ရှိပေးထားသည့် လူထုအခြေပြုဗဟိုဌာန အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မြစ်ကြီးနားမြို့၌ အဆောက်အအုံမှစ၍ ပြန်လည်ဆောက်လုပ်ခဲ့ပြီး ကျန်မြို့ကြီး များတွင်လည်း အလားတူ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဆောက် လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နှင့် ပူးပေါင်း၍ မော်လမြိုင်ခရိုင်ရုံးကဲ့သို့ ရွေ့လျားစာကြည့်တိုက်နှင့် ကွန်ပျူတာ သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ ပြတိုက် စသည်တို့ပါဝင်သည့် လူထု အခြေပြုဗဟိုဌာနအဖြစ်လည်း အဆင့်မြှင့် တင် ဖွင့်လှစ်လျက်ရှိပါကြောင်း။
ပြည်သူ့အတွက် အကျိုးရှိလုပ်ငန်း
လူထုအခြေပြု ဗဟိုဌာနများကို ပြည်သူ့အတွက် အကျိုးရှိသည့်လုပ်ငန်း များ ဖော်ဆောင်သည့်နေရာအဖြစ် ရည်မှန်းဆောင်ရွက်လျက်ရှိရာ လိုအပ် သည်များ ပူးပေါင်းပါဝင်ကူညီကြရန်နှင့် ထိရောက်အောင် အသုံးပြုကြစေလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ် အတွင်း ပထမဆုံးဖွင့်လှစ်သည့် လူထု အခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့် တိုက်ကို ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးတိုင်ပင်ရာနေရာတစ်ခု အဖြစ် သတ်မှတ်ကာ စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ရေးနှင့် အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်းမှ ဦးထွန်းလှစိုးက ဖောင်ဒေးရှင်း ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်နေမှုများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးမှု၊ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြော ကြားကာ ဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသောင်းထိုက် က လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျား စာကြည့်တိုက် ဆောင်ရွက်နိုင်မှုအတွက် ကျေးဇူးတင်ရှိပြီး တက်ြ<ွကစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ခရိုင်နှင့် မြို့နယ်စာကြည့်တိုက် များကို လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်လျက်ရှိရာ ယခု အခါ မြို့ကြီး ၁၂ မြို့တွင် ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment