Sunday, September 30, 2018

ဆည်၊ တမံများ ကြံ့ခိုင်မှုကို အထူးဂရုစိုက်ကြရန် မှာကြား

Image may contain: 2 people, people standing, sky, shoes, child, outdoor and nature
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကလေး စက်တင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်းတို့နှင့်အတူ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မုံရွာမြို့ ချင်းတွင်းရိပ်သာ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လမ်း၊ တံတားဆိုင်ရာ လုပ်ငန်း များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်း တင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လုပ်ငန်းဆောင်ရွက်ရမည့် အခြေ အနေများကို ဖြည့်စွက်တင်ပြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန် လည်သုံးသပ်ဆွေးနွေးပြီး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
မုံရွာမြို့သို့ ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီးများနှင့် အတူ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်း တွင် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ ရေဦးမြို့သို့ ရောက်ရှိကြပြီး မူးမြစ်ကူးတံတား (ရေဦး) တည်ဆောက် မည့် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးသည်။
ပွင့်လင်းမြင်သာ ဆောင်ရွက်
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးကျော် လင်းက မူးမြစ်ကူးတံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက် မည့် အစီအစဉ်နှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ ရေးနှစ်တွင် ရရှိသည့်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက ယခုစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ သိရှိနားလည်အောင် အသိပညာပေးရန် နှင့် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မှာကြားသည်။
ရေဦး - ကလေးဝလမ်း စစ်ဆေး
ယင်းနောက် ဒုတိယသမ္မတနှင့်အ¸ သည် ရေဦး - ကလေးဝလမ်း အဆင့် မြှင့်တင်ရန်လုပ်ငန်းများ စတင် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ရေဦး - ကလေးဝလမ်း မိုင်တိုင်အမှတ် ၅၃/ဝ နှင့် ၅၃/၆ အကြားရှိ ကျောက်စီ မြေကာနံရံ ဆောင်ရွက်ပြီးစီးမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို မှာကြားသည်။
တံတား ၆၉ စင်း အဆင့်မြှင့်တင်
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် ကလေးဝမြို့နယ် လမ်းအထူး(၇) ရိပ်သာသို့ရောက်ရှိကြရာ အိန္ဒိယနိုင်ငံ Punj Llyod-Varaha Infra Ltd (JV) ကုမ္ပဏီနှင့် NCSL-MTDCL JVကုမ္ပဏီတို့မှ တာဝန်ရှိသူများက အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်မည့် ယာကြီး - ကလေးဝလမ်း ၇၅ မိုင် ၅ ဖာလုံ လမ်းအပိုင်းအား နိုင်လွန် ကတ္တရာ ၂ လမ်းသွား အကျယ် ၂၄ ပေ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကလေးဝ - တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင် အကောင်အထည်ဖော်မည့် အချိန်၊ ပြီးစီးမည့်အချိန်နှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးကျော်လင်း က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
မုံရွာ - ယာကြီး - ကလေးဝလမ်းသည် ၁၁၅ မိုင် ၅ ဖာလုံ ရှည်လျားသည်။ အဆိုပါ လမ်းအဆင့်မြှင့်တင်ရာတွင် မုံရွာမြို့မှ စတင်၍ မိုင် ၄ဝ အထိ လမ်းပိုင်းကို မြန်မာ နိုင်ငံအစိုးရကBOTစနစ်ဖြင့် အဆင့် မြှင့်တင်သွားမည်ဖြစ်ပြီး ကျန် ၇၅ မိုင် ၅ ဖာလုံကို အိန္ဒိယအစိုးရ၏ အထောက် အပံ့ငွေ အမေရိကန်ဒေါ်လာ ၁၈၁ သန်း ဖြင့် လည်းကောင်း၊ ကလေးဝ - တမူး လမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို အိန္ဒိယ အစိုးရ၏ အထောက်အပံ့ငွေ အမေရိကန် ဒေါ်လာ ၅၄ သန်းဖြင့် လည်းကောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၅ သန်း ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများကို ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့် နှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
များစွာအကျိုးပြုနိုင်
အဆိုပါ တမူး - ကလေးဝ - မုံရွာ လမ်းပိုင်းသည် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ဆက်သွယ်သည့် လမ်းမကြီး ပေါ်တွင်ရှိပြီး ဒေသတွင်း ကုန်စည်စီးဆင်း မှုကို များစွာအကျိုးပြုနိုင်မည့် လမ်းပိုင်း တစ်ခုဖြစ်သည်။
ထို့နောက် ဒုတိယသမ္မတသည် ကလေးဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေ$ကျပ်သိန်း ၁ဝဝ ကိုပေးအပ်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က လက်ခံ ရယူသည်။
ကလေးဝ-တမူးလမ်း ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မော်တော်ယာဉ်များဖြင့် ကလေးဝ-တမူး လမ်းပေါ်ရှိ အဆင့်မြှင့်တင်မည့် တံတားများအား ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု၊ ဆည်ရေပေးဝေနိုင်မှု၊ ဆည်အတွင်း နုန်းဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ၊ ရေပိုမို သိုလှောင်နိုင်ရန် ဆောင်ရွက်ရမည့် အခြေအနေနှင့် ဆည်ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
လေ့လာဆန်းစစ်မှု ပြုလုပ်
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ဆည်ရေသိုလှောင် နိုင်သည့် ပမာဏပြည့်မီအောင်သိုလှောင် နိုင်ရန် နုန်းများဆယ်ယူရန်လိုကြောင်း၊ နုန်းဆယ်ယူခြင်းလုပ်ငန်း မဆောင်ရွက်မီ စနစ်တကျလေ့လာဆန်းစစ်မှုများ ပြုလုပ် ၍ အထိရောက်ဆုံးနည်းလမ်းကို အသုံးပြု ရန်လိုကြောင်း၊ နုန်းများကို စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိရှိ ပြန်လည် အသုံးချနိုင်ရန် ဆက်စပ်ဆောင်ရွက်စေ လိုကြောင်း၊ စိုက်ပျိုးရေ တိုးချဲ့ ပေးဝေနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း၊ ရာသီဥတုဖောက်ပြန်မှုများ သည် နှစ်စဉ် ပုံမှန်ဖြစ်ပေါ်နေသည့်အတွက် ဆည်၊ တမံများကြံ့ခိုင်ရေးကို အထူး ဂရုစိုက်ကြရန်မှာကြားပြီး ရာဇဂြိုဟ် ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဒေသခံများနှင့် တွေ့ဆုံ
ယင်းနောက် ဒုတိယသမ္မတသည် စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပါတ်မြို့သို့ ရောက်ရှိပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသခံများက ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ် များကို တင်ပြကြရာ ဒုတိယသမ္မတက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
တမူး - မိုရေးနယ်စပ်ကုန်သွယ်ရေးစခန်း
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် အိန္ဒိယ - မြန်မာနယ်စပ်ရှိ တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိကြရာ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယòန်ကြားရေးမှူး ဦးမိုးဇော်ဦးက နှစ်အလိုက် ကုန်သွယ်မှုအခြေအနေ၊ ပို့ကုန်အမယ်သစ်များ ပို့ဆောင်နေမှု၊ ကုန်သွယ်မှုလျင်မြန်စေရန် ဆောင်ရွက် နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်းပြီး ဒုတိယသမ္မတက တမူးကုန်သွယ်ရေး စခန်းနှင့် ဆက်စပ်လျက်ရှိသည့် တစ်ဖက် နိုင်ငံ မဏိပူရ်ပြည်နယ်ရှိ လူဦးရေ ၂ ဒသမ ၅ သန်းကျော်သည် ¤င်းတို့ အတွက် လိုအပ်သော ကုန်စည်များကို အိန္ဒိယပြည်မကြီးနှင့် မိမိတို့နိုင်ငံဘက်မှ ပို့ကုန်များအပေါ် မှီတည်လျက်ရှိကြောင်း သိရှိရပါသဖြင့် မိမိတို့အနေဖြင့် ပို့ကုန် တိုးမြှင့်တင်ပို့နိုင်သည့် အခွင့်အလမ်းရှိနေ ပါကြောင်း၊ ထို့ကြောင့် ပို့ကုန်အမယ်သစ် များ တိုးချဲ့တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံ၏ ဈေးကွက်နှင့် ဝယ်လို အားကို စဉ်ဆက်မပြတ်လေ့လာနေရန် လိုကြောင်း၊ ကုန်သွယ်ရေးအပြင် ခရီးသွားလုပ်ငန်းအတွက်ပါ ထည့်သွင်း စဉ်းစားပြီး ပြင်ဆင်ထားရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား ဗီဇာအပြန်အလှန် လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် တမူးနယ်စပ်ဖြတ်ကျော်ဂိတ် အဆောက် အအုံ တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေး ရုံးသို့ ရောက်ရှိကြရာ ဒေသခံများက ရိုးရာယဉ်ကျေးမှုအကများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဒေသခံများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အတူ စုပေါင်းမှတ်တမ်းတင်” ဓာတ်ပုံ ရိုက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၌ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ သည်။
နယ်စပ် ဝင်ထွက်ပေါက်
ခြောက်ခု ရှိလာ
တွေ့ဆုံစဉ် ဒုတိယသမ္မတက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂ဝ၁၈ ခုနှစ် မေ ၁၁ ရက်တွင် ချုပ်ဆို ခဲ့ပြီး တမူးနှင့် ရိဒ်ခေါဒါရ် နယ်စပ် ဝင် ထွက် ပေါက်များကို ၂ဝ၁၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခင်က ကော့သောင်း၊ မြဝတီ၊ တာချီ လိတ်၊ ထီးခီး စသည့် နိုင်ငံတကာ နယ်စပ် ဝင်ထွက်ပေါက် လေးခုသာရှိခဲ့ပါ ကြောင်း၊ ယခုအခါ ရိဒ်ခေါဒါရ်နှင့် တမူး နိုင်ငံတကာနယ်စပ်ဝင်ထွက်ပေါက်များ ထပ်မံဖွင့်လှစ်နိုင်သည့်အတွက် ခြောက်ခု ရှိလာပြီဖြစ်ပါကြောင်း။
ဝင်ငွေအများဆုံးရနိုင်
နယ်စပ်ဝင်ထွက်ပေါက်များသည် ကုန်သွယ်ရေးအတွက်သာမက ခရီးသွား လုပ်ငန်းအတွက်ပါ များစွာအထောက် အကူပြုပါကြောင်း၊ လာမည့် အောက်တို ဘာ ၁ ရက်မှ စ၍ မကာအို၊ ဟောင်ကောင် နှင့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့် ပြုထားသဖြင့် နိုင်ငံ တကာခရီးသွားများ ပိုမိုဝင်ရောက် လာမည်ဟု မျှော်မှန်းထားပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် အရင်းအနှီး အနည်းဆုံးဖြင့် ဝင်ငွေအများဆုံးရနိုင် သည့် လုပ်ငန်းဖြစ်သည့်အတွက် ယင်း လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံ တကာ နယ်စပ်ဝင်ထွက်ပေါက်ရှိလာ သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူများ အကျိုးစီးပွားသာမက နိုင်ငံတော် အတွက်ပါ အကျိုးရှိနိုင်မည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် တမူးကုန်သွယ်ရေးစခန်း နှင့် ဆက်စပ်နေသည့် လမ်း၊ တံတားများ ကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်ဖြင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလာမှုလုပ်ငန်း များ ယခုထက် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ရာ ရရှိလာသည့်အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်၍ အကျိုးရှိရှိ အသုံးချစေလို ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတ သည် ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

သတင်းစဉ်

No comments:

Post a Comment