ဘဝရှင်မင်းတုန်းမင်းတရားကြီး နှင့် မြောက်နန်းစံမိဖုရားကြီးတို့ ၁၂၂၁
ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်တွင် တည်ဆောက်လှူဒါန်းခဲ့ သည့်
မန္တလေးမြို့တည်နန်းတည် သတ္တဌာန(၇)ဌာနဖြစ်သော (၁)မဟာ
လောကမာရဇိန်ကုသိုလ်တော်ဘုရားကြီး၊ (၂)မဟာအတုလဝေယံ အတုမရှိ ကျောင်းတော်ကြီး၊
(၃)မဟာပဋ္ဌာန်း ဟောရွှေသိမ်တော်ကြီး၊ (၄)သုဓမ္မာ ရွှေဇရပ်တော်ကြီး၊
(၅)ပိဋကတ်တိုက် တော်ကြီး၊ (၆)ရွှေမြို့ရိုးတော်ကြီး
(မြို့ရိုးနှင့်ပြာသာဒ်များ)၊ (၇)ကျုံးတော် ကြီး(မြို့ရိုးတော်ကြီး
လေးဖက်လုံး)
တို့အား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပန္နက်တင်အုတ်မြစ်စီ
မဟာမင်္ဂလာ အခမ်းအနားပြုလုပ်ပြီး ၁၂၂၁ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၃ ရက်နေ့တွင်
တည်ဆောက်လှူဒါန်းခဲ့ပါသည်။
သို့သော် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဗုံးဒဏ်များကြောင့် အတုမရှိကျောင်းတော်ကြီး၊
ပိဋကတ်တိုက်တော်ကြီး၊ မဟာ ပဋ္ဌာန်းဟောရွှေသိမ်တော်ကြီး၊
သုဓမ္မာရွှေဇရပ်တော်ကြီးတို့သည် မီးလောင် ပျက်စီးခဲ့သည်။ အတုမရှိ
ရွှေကျောင်းတော်ကြီးအား ၁၃၅၈ ခု နတ်တော်လဆန်း ၅ ရက် (၁၅-၁၂-၁၉၉၆
တနင်္ဂနွေနေ့)တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့မှ
အသစ်ပြုပြင်ပြန်လည်တည်ဆောက်ပြီးသော်လည်း သတ္တဌာန သုံးဌာနမှာ
ပြန်လည်တည်ဆောက်ရန် ကျန်ရှိနေခဲ့သည်။
မန္တလေးရွှေမြို့တော်ကြီးသည်
ဘဝရှင်မင်းတရားကြီးနှင့် ရတနာပုံ ဘိုးဘေး၊ မြို့တော်သူ၊
မြို့တော်သားအပေါင်းတို့ တည်ထောင်ခဲ့သော မြို့တော်ကြီးဖြစ်ပြီး
''ကုန်းဘောင်ကို ဆုံးအောင်လျှောက်ပါ''ဟု တဘောင်စာသား လည်း
ရှိခဲ့သောကြောင့် ပျောက်ကွယ်သွားသည့် သုဓမ္မာရွှေဇရပ်တော်ကြီး၊
ပိဋကတ်တိုက်တော်ကြီးနှင့် မဟာပဋ္ဌာန်းဟောရွှေသိမ်တော်ကြီးနှင့် သာသနာပိုင်
ဆရာတော်ကြီးများ အဆက်ဆက်သီတင်းသုံးတော်မူသော သုဓမ္မာရွှေကျောင်း
တော်ကြီးပေါင်း လေးဌာနတို့ကို ၂၄-၆-၂ဝ၁၃ ရက် (တနင်္လာနေ့)တွင် တစ်ချိန်တည်း၊
တစ်ပြိုင်တည်း ဥရုတိုင်များ စိုက်ထူကာ စတင်ဆောက်လုပ်ခဲ့ပြီး
ဆက်လက်လှူဒါန်းမှုများအနေဖြင့် ရတနာပုံမြို့တည်နန်းတည် ကုသိုလ်ရှင်
မင်းတုန်းမင်းတရားကြီးနှင့် မြောက်နန်းစံမိဖုရားကြီး စင်္ကြာဒေဝီတို့၏ ဗိမာန်
တော်ကြီးနှင့် အဝင်မုခ်ဦး၊ မန္တလေးမြို့တည် နန်းတည်အထိမ်းအမှတ် ရတနာပုံ
မုခ်ဦးကြီး၊ မန္တလေးမြို့တည်နန်းတည်ရတနာပုံကျောက်စာတိုင်နှင့် အဝင်မုခ်ဦး၊
ကျောက်တော်ကြီးဘုရား၏ ထောင့်သုံးထောင့်ရှိ ဗောဓိပင်နှင့် ရွှေပလ္လင်များ၊
မြို့တည်နန်းတည် အဆောက်အအုံများကို မုခ်ဦး၊ မုခ်တိုင်များ၊ သံပန်း သံတံခါး
များ နှစ်ထပ်ကာရံလှူဒါန်းခြင်း၊ လျှပ်စစ်မီးတိုင်များ
စိုက်ထူခြင်းနှင့်လျှပ်စစ်မီး များ အလှဆင်ခြင်း၊
မြို့တည်နန်းတည်အဆောက်အအုံအားလုံးကို ပန်းဥယျာဉ် များ
စိုက်ပျိုးလှူဒါန်းခြင်း၊ မြို့တည်နန်းတည် အဆောက်အအုံများတွင်
သာသနာတော်စောင့်နတ်မင်းကြီးများနှင့် ဂုမ္ဘဏ်၊ ယက္ခတို့ဖြင့် ထားရှိ
ပူဇော်ခြင်းများအတွက် လှူဒါန်းမှုအစုစုတို့ကို မတ် ၂၉ ရက်တွင် သမိုင်းဝင်
သတ္တဌာန အဆောင်တော်များတည်ရှိရာ ရတနာပုံမုခ်ဦးကြီးနှင့် သာသနိက
အဆောက်အအုံများ ဖွင့်ပွဲနှင့် ရေစက်ချလှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား ကို
ကျင်းပခဲ့ရာ အလှူရှင်နှင့်တကွ မန္တလေးပြည်သူများ၏ ဂုဏ်ယူဝမ်းမြောက်
ကြည်နူးမှုစကားသံများကို စုစည်းတင်ပြလိုက်ပါသည်။
''မြန်မာ့ထီးမွေ
နန်းမွေပြန်လည်တည်ဆောက်ပြီးဖြစ်တဲ့အတွက် မြန်မာ
တိုင်းရင်းသားအားလုံးတို့ရဲ့ ဒုတိယသမိုင်းစာမျက်နှာအသစ်ဖြစ်သလို မန္တလေး
ရွှေမြို့တော်ကြီးရဲ့ ဒုတိယသမိုင်းစာမျက်နှာသစ်အဖြစ် အောင်မြင်စွာ
ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ်''ဟု အလှူရှင်
သုဓမ္မာ ဦးကျော်ဝင်းက ပြောကြားသည်။
သီတဂူဆရာတော်
ဒေါက်တာအရှင်ဥာဏိဿရက ''ဒီသုဓမ္မာကျောင်း တော်ကြီးများ၊ သုဓမ္မာဇရပ်ကြီး၊
ပဋ္ဌာန်းဟောသိမ်တော်ကြီး၊ ပိဋကတ်တိုက် တော်ကြီး၊ မန္တလေးမြို့ကြီးကို
တည်ထောင်သူ မင်းတုန်းမင်းကြီးက ပေးထား ခဲ့တဲ့ အမွေခံကောင်းပီပီ ဒီကနေ့
ဒို့တစ်တွေ အလှူရှင်နဲ့တကွ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့်တကွ
ဝိုင်းဝန်းလုပ်ကြတယ်။ နိုင်ငံတော်အတွက်ရော၊ သာသနာအတွက်ပါ
အားလုံးတာဝန်ကျေတယ်လို့ ယူဆတယ်။ ဗမာလူမျိုး ဆိုတာ ဘာလဲဆိုတာ
ဒီလိုယဉ်ကျေးမှုအမွေအနှစ်တွေကို ပြတာ။ ဗမာ့ ဂုဏ်သိက္ခာဟာ ဘာလဲဆိုတာ
ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ပြတာ။ ဒီလို ယဉ်ကျေးမှု အမွေအနှစ်တွေကို
ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ နိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့
ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက် တယ်''ဟု မိန့်ကြားခဲ့သည်။
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များ ထွန်းကား ရာ
မြို့ဖြစ်သည်နှင့်အညီ ယခုကဲ့သို့ ကွယ်ပျောက်သွားသည့် သတ္တဌာန အလုံးစုံကို
ပြည့်စုံအောင် ပြန်လည်ဖော်ထုတ်ပြသနိုင်ခဲ့ခြင်းသည် မန္တလေးမြို့ ကြီး၏
ဒုတိယသမိုင်းစာမျက်နှာအသစ်အဖြစ် မန္တလေးမြို့တော်သူ မြို့တော် သားများအတွက်
ဂုဏ်ယူစရာနေ့တစ်နေ့အဖြစ် ထင်ကျန်ရစ်နေပေတော့ မည်။ ။
မင်းထက်အောင်(မန်းကိုယ်ပွား)