Tuesday, March 31, 2015

မိုးလုံလေလုံအားကစားရုံနှင့် မိုးလုံလေလုံ ရေကူးကန် အဆောက်အအုံ တည်ဆောက်မှုပြီးစီး

'မိုးလုံလေလုံအားကစားရုံနှင့်  မိုးလုံလေလုံ ရေကူးကန် အဆောက်အအုံ တည်ဆောက်မှုပြီးစီး
===========================================

ရန်ကုန် မတ် ၃ဝ

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ သီဟဒီပအားကစားကွင်း၌ မိုးလုံလေလုံ အားကစားရုံအဆောက်အအုံ တည်ဆောက်မှုပြီးစီးနေပြီဖြစ်ပြီး အတွင်းပိုင်း လျှပ်စစ်မီးနှင့် ရေပိုင်းဆိုင်ရာများပြီးစီးပါက ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ သီဟဒီပအားကစားကွင်း၌ တော်ဝင်ကမ္ဘာဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော အလျား ၁၂ဝ ပေ၊ အနံ ၆၆ ပေရှိ မိုးလုံလေလုံ အားကစားရုံနှင့် အလျား ၁၉ဝ ပေ၊ အနံ ၆၁ ပေရှိ မိုးလုံလေလုံ ရေကူးကန်တို့အား ၂ဝ၁၃ ခုနှစ် အောက်တိုဘာတွင် စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ၌ အဆောက်အအုံဆောက်လုပ်မှုပြီးစီးခဲ့ကြောင်း သိရသည်။ 

သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်းသည် ယခင် မိုးလုံလေလုံ အားကစားရုံတစ်ရုံသာရှိခဲ့ပြီး ယခု မိုးလုံလေလုံ အားကစားရုံနှင့် မိုးလုံလေလုံ ရေကူးကန်အသစ် ထပ်မံတိုးချဲ့ တည်ဆောက်ပေးခဲ့ခြင်းကြောင့် မိုးလုံလေလုံ အားကစားရုံနှစ်ရုံ၊ မိုးလုံလေလုံ ရေကူးကန်တစ်ရုံ စုစုပေါင်း သုံးရုံရှိပြီဖြစ်ကြောင်း သိရသည်။

သက်ခိုင်(သန်လျင်)'

သက်ခိုင်(သန်လျင်)

No comments:

Post a Comment