နေပြည်တော် မတ် ၃ဝ
ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် မအူပင်မြို့နယ် ခနောင်ထော်
ကျေးရွာအုပ်စုနှင့် ထန်းပင်ကွေ့အရှေ့ ကျေးရွာအုပ်စုများရှိ ခနောင်ထော်
ကျေးရွာ၊ ပံတပွတ်အရှေ့ကျေးရွာ၊ မရမ်းအရှေ့ကျေးရွာ၊ ထန်းပင်ကွေ့
အရှေ့ကျေးရွာနှင့် သံဖြူစုကျေးရွာ များ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်
မီးလင်းရေးဖွင့်ပွဲ အခမ်းအနားများကို မတ် ၂၈ ရက် နံနက်ပိုင်းတွင် ကျင်းပ
သည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ၁၆ဝ ကေဗွီအေ ထရန်စဖော်မာမှ ခနောင်ထော်ကျေးရွာ၊ ပံတပွတ် အရှေ့ကျေးရွာ၊ မရမ်းအရှေ့ကျေးရွာ၊ ထန်းပင်ကွေ့ အရှေ့ကျေးရွာနှင့် သံဖြူစုကျေးရွာများအတွင်း နေအိမ် များသို့ သွယ်တန်းထားသည့် လျှပ်စစ် ဓာတ်အား လိုင်းများအား စက်ခလုတ် နှိပ်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ဧည့်သည်တော်များသည် ထန်းပင် ကွေ့အရှေ့ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းအတွင်း၌ ပြုလုပ်သော ခနောင်ထော်ကျေးရွာ၊ ပံတပွတ်အရှေ့ ကျေးရွာ၊ မရမ်းအရှေ့ကျေးရွာ၊ ထန်းပင်ကွေ့အရှေ့ကျေးရွာနှင့် သံဖြူစု ကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့ သည့် လျှပ်စစ်မီးလင်းရေးဆိုင်ရာ စာရွက်စာတမ်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ယနေ့လျှပ်စစ်မီး ဖွင့်လှစ်ပေးခဲ့သည့် ကျေးရွာအုပ်စုများမှ ပြည်သူများအနေဖြင့် လျှပ်စစ်မီးရရှိ ရေးကို နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရ ကြောင်း၊ ယနေ့မှစ၍ လျှပ်စစ်မီးကို အသုံးပြုနိုင်ပြီဖြစ်၍ ယခုရရှိသည့် လျှပ်စစ်မီးကို အကျိုးရှိစွာအသုံးပြု၍ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်သွားကြရန်၊ တစ်ဦးချင်းစီးပွားရေး တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်သွားကြရန်၊ ဒေသနေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ညွှန်ကြားချက် များကို လိုက်နာကြရန်နှင့် သုံးခွကျွန်း ဒေသ လျှပ်စစ်မီးလင်းရေး ဆောင်ရွက် ခဲ့မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီး ယခုဆောက်လုပ်လျက် ရှိသည့် ပံတပွတ်တံတားကြီး ပြီးစီး သွားပါက သုံးခွကျွန်းဒေသကြီးတစ်ခု လုံး မြို့နှင့်မခြား ဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်ကြောင်းနှင့် ဆောင်ရွက် ပေးထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ရေရှည်တည်တံ့ကောင်းမွန် အောင် ထိန်းသိမ်းစောင့်ရှောက် သွားကြရန် ရှင်းလင်းမှာကြားသည်။
ယနေ့ဖွင့်လှစ်သည့် ခနောင်ထော် ကျေးရွာ၊ ပံတပွတ်အရှေ့ကျေးရွာ၊ မရမ်းအရှေ့ကျေးရွာ၊ ထန်းပင်ကွေ့ အရှေ့ကျေးရွာနှင့် သံဖြူစုကျေးရွာများ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးလင်းရေး အတွက် ၁၁ ကေဗွီအေလိုင်း( ၄ ဒသမ ၆ မိုင်)၊ သုည ဒသမ ၄ ကေဗွီလိုင်း(၈ ဒသမ ၆၃ မိုင်)၊ ၁၆ဝ ကေဗွီအေထရန် စဖော်မာ ငါးလုံးတို့တည်ဆောက်ခဲ့ပြီး စုစုပေါင်းအိမ်ခြေ ၅ဝဝ ခန့်အား လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း၊ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိပြီး ဖြစ်သည့် အိမ်ထောင်စုများကဲ့သို့ ကျန်ရှိနေသေးသည့် အိမ်ထောင်စုများ ကလည်း လျှပ်စစ်မီးသွယ်တန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(၁ဝ၇)

No comments:
Post a Comment