Tuesday, March 31, 2015

ခြံဝန်းအတွင်းမြေတူးစဉ်ရှေးဟောင်းစေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိ




'ခြံဝန်းအတွင်းမြေတူးစဉ်ရှေးဟောင်းစေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိ
==========================================

နတ်တလင်း မတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သရက်တစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးသည် ခုံးတံတားဆောက် လုပ်ရေးအတွက် အုတ်ဖုတ်ရန် ၎င်း၏ ခြံဝန်းအတွင်း မြေတူးစဉ် ရှေးဟောင်း
စေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိသဖြင့် သက်ဆိုင်ရာများကို အသိပေးအကြောင်းကြား တင်ပြခဲ့သည်။

ယင်း၏ တင်ပြချက်အား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပြည်မြို့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်၊ ရှေးဟောင်းသုတေသန သင်တန်းကျောင်း ဦးစီးအရာရှိ ဦးထွန်းထွန်းအေး၊ နည်းပြ ဦးမာန်သစ်ငြိမ်းတို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စေတီမှာ ၁၉ ရာစု ကိုလိုနီခေတ်က ဖြစ်ပြီးနှစ် ပေါင်း ၂ဝဝ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်းသိရပြီး ယင်းစေတီမှာကိုးတောင်းပြည့်စေတီဖြစ်၍ နဂါး
ရုပ်ထုမှာ အုတ်အလွှာ ၁၆ လွှာနှင့်အုတ်တစ်တန်းအထူ မှာ (ဝ ဒသမ ၈ဝ မီလီမီတာ) ရှိပြီး အုတ်ပေါက်တြိဂံပုံ မှာ (ဝ ဒသမ ၅ဝ မီလီမီတာ)ရှိသည်။

မြေပြင်မှစေတီပစ္စယံမှာ (၁ ဒသမ၂ မီလီမီတာ) နဂါးကိုယ်ထည်မှ မြေပြင်အထိ (၁ ဒသမ ၇ မီလီမီတာ)ကွာပြီး အုတ်ချပ်မှာ အလျား ၁၁ လက်မ၊ အနံ ၅ ဒသမ ၂ လက်မ၊ ထု ၁ ဒသမ ၇ လက်မ ရှိသည်။

မတ်၂၈ ရက်တွင် ၎င်းစေတီ ပတ်လည်ကို ဆက်လက်တူး ဖော်ရာငွေဖြင့် သွန်းလောင်းပြုလုပ်ထားသော ဘုရားဆင်းတုတော်နှစ်ဆူ၊ ခေါင်းလောင်း တစ်ခု၊ သစ်မြစ်မှ လက်ဝါးပုံသဏ္ဌာန်ဖြစ်ပေါ်နေသော ပစ္စည်းတစ်ခု ခြသေ့င်္ရုပ်တစ်ခု၊ နဂါးအုတ်ရိုးနှစ်ခုတို့အား ထပ်မံတွေ့ရှိရ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ၊ လေ့လာသူများဖြင့် စည်ကားနေကြောင်း သိရသည်။

ဝ၇၁'

နတ်တလင်း မတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သရက်တစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးသည် ခုံးတံတားဆောက် လုပ်ရေးအတွက် အုတ်ဖုတ်ရန် ၎င်း၏ ခြံဝန်းအတွင်း မြေတူးစဉ် ရှေးဟောင်း စေတီတစ်ဆူနှင့် နဂါးရုပ်တွေ့ရှိသဖြင့် သက်ဆိုင်ရာများကို အသိပေးအကြောင်းကြား တင်ပြခဲ့သည်။

ယင်း၏ တင်ပြချက်အား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပြည်မြို့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်၊ ရှေးဟောင်းသုတေသန သင်တန်းကျောင်း ဦးစီးအရာရှိ ဦးထွန်းထွန်းအေး၊ နည်းပြ ဦးမာန်သစ်ငြိမ်းတို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စေတီမှာ ၁၉ ရာစု ကိုလိုနီခေတ်က ဖြစ်ပြီးနှစ် ပေါင်း ၂ဝဝ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်းသိရပြီး ယင်းစေတီမှာကိုးတောင်းပြည့်စေတီဖြစ်၍ နဂါး ရုပ်ထုမှာ အုတ်အလွှာ ၁၆ လွှာနှင့်အုတ်တစ်တန်းအထူ မှာ (ဝ ဒသမ ၈ဝ မီလီမီတာ) ရှိပြီး အုတ်ပေါက်တြိဂံပုံ မှာ (ဝ ဒသမ ၅ဝ မီလီမီတာ)ရှိသည်။

မြေပြင်မှစေတီပစ္စယံမှာ (၁ ဒသမ၂ မီလီမီတာ) နဂါးကိုယ်ထည်မှ မြေပြင်အထိ (၁ ဒသမ ၇ မီလီမီတာ)ကွာပြီး အုတ်ချပ်မှာ အလျား ၁၁ လက်မ၊ အနံ ၅ ဒသမ ၂ လက်မ၊ ထု ၁ ဒသမ ၇ လက်မ ရှိသည်။

မတ်၂၈ ရက်တွင် ၎င်းစေတီ ပတ်လည်ကို ဆက်လက်တူး ဖော်ရာငွေဖြင့် သွန်းလောင်းပြုလုပ်ထားသော ဘုရားဆင်းတုတော်နှစ်ဆူ၊ ခေါင်းလောင်း တစ်ခု၊ သစ်မြစ်မှ လက်ဝါးပုံသဏ္ဌာန်ဖြစ်ပေါ်နေသော ပစ္စည်းတစ်ခု ခြသေ့င်္ရုပ်တစ်ခု၊ နဂါးအုတ်ရိုးနှစ်ခုတို့အား ထပ်မံတွေ့ရှိရ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ၊ လေ့လာသူများဖြင့် စည်ကားနေကြောင်း သိရသည်။
ဝ၇၁

No comments:

Post a Comment