ရန်ကုန် မတ် ၃ဝ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း
ခိုးမှုကျူးလွန်သူများဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ခိုးမှုများ
ကျူးလွန်ထားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်နေ ချစ်စမ်းမောင်(၂၆)နှစ်၊
ဘိုဘိုထွန်း(၂၈)နှစ်၊ စောဘွဲ့ ထူး(၃၈)နှစ်၊ သန်းဝင်း(၃၄)နှစ်တို့
လေးဦးအား မတ် ၁၁ ရက်က လှိုင်သာယာ မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့လေးဦးအား စစ်ဆေးရာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်လအတွင်းက လှိုင်သာယာ မြို့နယ်အတွင်းမှ ဆိုင်ကယ်ခုနစ်စီးနှင့် လှည်းကူးမြို့နယ်အတွင်းမှ ဆိုင်ကယ် သုံးစီးတို့အား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်။
ထို့ပြင် မတ် ၁၆ ရက်က ခိုးမှု ကျူးလွန်ထားကြောင်း သတင်းရရှိသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မြင့် နိုင်(၁၉)နှစ်အား မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့၍ ၎င်းအား စစ်ဆေးရာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ညအိပ်ရပ်နားထားသော မော်တော်ယာဉ်များပေါ်တွင် အိပ်ပျော်နေသူ အမျိုးသားများထံမှ လက်ကိုင်ဖုန်း လေးလုံးကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံလက်ကိုင်ဖုန်းများ ပြန်လည်သိမ်းဆည်းကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ (ကြေးမုံ)

No comments:
Post a Comment