Wednesday, September 18, 2019

အီးယူ-မြန်မာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များဆိုင်ရာ ဆွေးနွေးပွဲကျင်းပ




Image may contain: 4 people, people sitting
နေပြည်တော် စက်တင်ဘာ ၁၇ 




အီးယူ-မြန်မာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းနှင့် အီးယူသံအမတ်ကြီး မစ္စတာ ခရာ့ရှ်ယန် စမစ်ခ်ျ တို့က ဦးဆောင်ကျင်းပ ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ အီးယူ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာဌာနများမှ အဆင့် မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းနှင့် စီမံကိန်းဘဏ်၊ မြေယာဘဏ်တို့နှင့်စပ်လျဉ်း၍ အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေ များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အီးယူ၏ အထောက်အပံ့ ရယူ၍ ဆောင်ရွက်လျက်ရှိသော(Mul-tiannual Indicative Programme 2014-2020)ဆိုင်ရာ အကောင်အထည် ဖော် ဆောင်ရွက်နေမှုများနှင့် ၂၀၂၁ ခုနှစ် မှ ၂၀၂၇ ခုနှစ်အတွင်း အီးယူက မြန်မာ နိုင်ငံအတွက် ကူညီထောက်ပံ့မည့် အစီ အစဉ်အသစ်အတွက် လုပ်ငန်းစဉ်၊နယ်ပယ် များနှင့်စပ်လျဉ်း၍ နှစ်ဖက်ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment