Wednesday, September 18, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




Image may contain: 6 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၁၇ 



 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စ၊ အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့တွင်Asia-Pacific Center for Security Studies (APCSS) မှ ကြီးမှူးဖွင့်လှစ်သည့် သင်တန်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ခြင်းဖြင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊ ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment